ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မြောက်ဒဂုံမြို့နယ်အတွင်းရှိ လမ်းမတန်းဆိုင်ခန်းမြေနေရာများမှာအငှားဈေးကွက်တွင် ဈေးနှုန်းလျော့ကျသွားကြောင်းအခြေစိုက်အကျိုးဆောင်များထံမှ သိရသည်။
လက်ရှိရန်ကုန်တိုင်း မြို့နယ်များအတွင်း အငှါးဈေးကွက်တွင် လမ်းမတန်းမြေနေရာများနှင့် ဆိုင်ခန်းများမှာ မြို့နယ်အသီးသီးတွင်အားကောင်းလျက်ရှိပြီး ယခုလအတွင်းတာမွေမြို့နယ်တွင် လူနေထိုင်ရန်အငှါးနှင့် ဆိုင်ခန်းအငှါးတို့်မှာအားကောင်းနေကာ မြောက်ဒဂုံမြို့နယ်မှာ ဒုတိအားကောင်းဆုံးဖြစ်ခဲ့သည်။သိုသော့် နေထိုင်ရန်အတွက်လာရောက်ငှားရမ်းမှုများတွင်မူ ဈေးနှုန်ကျဆင်းမှုမရှိကြောင်းလည်း သိရသည်။ဒဂုံမြို့သစ်မြောက်ပိုင်းအတွင်းရှိ အိမ် ခြံ မြေ အရောင်းဈေးကွက်သည်လည်း အတန်ငယ်အလုပ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ""အရောင်းလည်း ဖြစ်တာပါပဲ။အောက်ဈေးတွေဖြစ်တာပေါ့။နေမယ့်သူတွေသာဝယ်တာများတယ်။သိန်းတစ်ထောင်အောက်အကွက်တွေဖြစ်တယ်။""ဟု အောင်စည်ဟိန်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူကပြောပြသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com