မန္တလေးတွင် မြို့နယ်သုံးခု၌ သဘာဝဘေးခံနိုင်ရည်မရှိသည့် အဆောက်အအုံများစာရင်း ကောက်ယူ

မန္တလေးတွင် မြို့နယ်သုံးခု၌ သဘာဝဘေးခံနိုင်ရည်မရှိသည့် အဆောက်အအုံများစာရင်း ကောက်ယူ - Property News in Myanmar from iMyanmarHouse.com
29 Mar 2019 10:43 am တွင် တင်ခဲ့သည်
580 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါန်းဇွန်မြို့နယ်၊ မိတ္တီလာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်မရှိသည့် အဆောက်အအုံများစာရင်းကို ကောက်ယူနေကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ထံမှ သိရသည်။

သဘာဝဘေးဖြစ်ပေါ်လာပါက ထိခိုက်မှုရှိနိုင်သည့် နေအိမ်များကိုကူညီပံ့ပိုးမှုများပေးနိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းများပူးပေါင်းကောက်ယူနေခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်က ပြောကြားသည်။

“ သဘာဝဘေးက အပိုင်း ၃ ပိုင်းရှိတယ်။ ကြိုတင်ပြင်ဆင်ကာလ။ ဖြစ်တဲ့ကာလ၊ ပြန်လည်ထူထောင်ရေးကာလ။အခုက ကြိုတင်ပြင်ဆင်ရေးကာလအနေနဲ့ပေါ့။ လေဒဏ်မိုးဒဏ်သင့်နိုင်တဲ့အိမ်တွေကို လိုက်ကြည့်တယ်။ လိုက်ကြည့်ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ အိမ်တွေကို ကူညီထောက်ပံ့တာတွေလုပ်မယ်ပေါ့” ဟု၎င်းက ဆိုသည်။

အဆိုပါစာရင်းကောက်ယူခြင်းကို ငါန်းဇွန်မြို့နယ်၊ မိတ္တီလာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များတွင်ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ငါန်းဇွန်မြို့နယ်တွင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိပြုလုပ်နေကြောင်း၊ ငါန်းဇွန်မြို့နယ်ပြီးပါက ကျန် ၂ မြို့နယ်တွင်ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service