ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ Calvin Klein က နယူးယောက်ရှိ ကွန်ဒိုခန်းကို ရောင်းချရန် ဆုံးဖြတ်

ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ Calvin Klein က နယူးယောက်ရှိ ကွန်ဒိုခန်းကို ရောင်းချရန် ဆုံးဖြတ် - Property News in Myanmar from iMyanmarHouse.com
29 Mar 2019 10:23 am တွင် တင်ခဲ့သည်
589 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Calvin Klein Inc. သည် အမေရိကန်ဖက်ရှင်ကုမ္ပဏီဖြစ်ပြီး ၁၉၆၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

သားရေ၊ လူ့အသုံးအဆောင်များ၊ အိမ်ထောင်ပရိဘောဂများ၊ ရေမွှေး၊ လက်ဝတ်ရတနာ၊ နာရီများနှင့် အဝတ်အထည်လုပ်ငန်း ကဏ္ဍများတွင် အဓိကလုပ်ကိုင်သည်။

ဖက်ရှင်ဒီဇိုင်နာ Calvin Klein နှင့် သူ၏ ကလေးဘဝသူငယ်ချင်း ဘာရီ ကေ-ရှဝါ့ဇ်တို့ ပူးပေါင်းတည်ထောင်ခဲ့ကြခြင်းဖြစ်ပြီး နယူးယောက်မြို့လယ်၊ မန်ဟက်တန်အရပ်တွင် ရုံးစိုက်သည်။

Calvin Klein ၏ ရုံးခန်းကွန်ဒိုခန်းကို minimalist ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ကြီးမားသည့်လသာဆောင်တစ်ခုပါဝင်သည်။

မျက်နှာစာ ၃ ဘက်တွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းပေါက်များ တပ်ဆင်ပေးထားသောကြောင့် World Trade Center အဆောက်အအုံကြီးကို လှမ်းမျှော်တွေ့မြင်နေရသည်။

Calvin Klein ၏ အခန်းတည်ရှိသည့် ကွန်ဒိုမှာ အထပ် ၂၀ မြင့်မားသည့် Chelsea Arts တာဝါဖြစ်ပြီး ၎င်း၏အခန်းမှာ ၁၈ ထပ်မြောက်တွင် တည်ရှိသည်။

ရုံးခန်းအကျယ်အဝန်းမှာ ၃၈၉၈ စတုရန်းပေရှိပြီး လသာဆောင်မှာ ၃၈၂ စတုရန်းပေ အကျယ်အဝန်းရှိသည်။

Jack Guttman နှင့် Young Woo တို့က ၂၀၀၆ ခုနှစ်တွင် အဆိုပါအဆောက်အအုံကြီးကို ဆောက်လုပ်ပြီးချိန်ကတည်းကပင် Calvin Klein က ရုံးခန်းဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဈေးကွက်တင်ပေးသူမှာ CBRE မှ အကျိုးဆောင်တစ်ဦးဖြစ်သူ Stuart Siegel နှင့် Matt Bergey တို့ဖြစ်သည်။

Calvin Klein ၏ အခန်းမှာ အထပ်တစ်ထပ်လုံးဖြစ်ပြီး အခန်းဝယ်ယူသူအနေဖြင့် နှစ်စဉ် အထွေထွေစရိတ်များ၊ အကောက်ခွန်များအတွက် ကန်ဒေါ်လာ ၉၀၀၀၀ ခန့် ပေးဆောင်ရမည် ဖြစ်သည်။

“ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေလောကမှာ ၂၉ နှစ် ကျင်လည်ခဲ့တဲ့ သက်တမ်းအတွင်း ဒီအခန်းလောက် မြင်ကွင်းကျယ်ရှိပြီး အနုစိတ်မွမ်းမံထားတဲ့နေရာမျိုး မတွေ့ဖူးပါဘူး”ဟု Stuart Siegel က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service