ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မြို့တွင်းနှင့်ဆက်စပ်နေသည့်မြို့နယ်များ၏ တန်ဖိုးမြင့်လုံးချင်းများနှင့်တိုက်ခန်း အများစုကိုနိုင်ငံခြားသားများငှါးရမ်းမှုများပြားလျက်ရှိကြောင်းအကျိုးဆောင်တချို့ထံမှ သိရသည်။
ရပ်ကွက်အတွင်းရှိ တိုက်ခန်း နှင့် လုံးချင်းများကို အာရှဘက်မှနိုင်ငံခြားသားများအဓိကစိတ်ဝင်စားမှုများပြီးမြန်မာပြည်တွင်းအလုပ်အကိုင်လာရောက်လုပ်ကိုင်သူအများစုနေထိုင်ကြခြင်းဖြစ်သည် ယခင်ကကွန်ဒိုတိုက်ခန်းနှင့်မြို့ထဲပိုင်းအဆင့်မြင့်တိုက်ခန်းများ၌သာနေထိုင်ကြသော်လည်း၊ နောက်ပိုင်းတွင်ရပ်ကွက်အတွင်းအခန်းကျယ်တိုက်ခန်းများနှင့်လုံးချင်းအိမ်များပါငှါးရမ်းမှုရှိကြောင်း သိရသည်။
" နိုင်ငံခြားသားငှါးရမ်းမယ် ကိုယ့်ဘက်က အိမ်အသုံးဆောင်ပစ္စည်းပရိဘောဂတွေ ၊ ရေဖိုးမီးဖိုးတွေဆောင်ပေးနိုင်ရင်ဈေးပိုရသလို ပိုလဲကြိုက်ကြတယ်အရင်ကမြို့ထဲပိုင်းတွေမှာလောက်ပဲနေကြပေမဲ့အခုရပ်ကွက်သန့်တဲ့နေရာတွေမှာပါလာနေနေကြပြီ " လို့ သုခစံရာအကျိုးဆောင်လုပ်ငန်းမှ မဝါကပြောသည်။
နိုင်ငံခြားသားငှါးရမ်းသူအများစုသည် အိမ်ခန်းများသာမကပရိဘောဂများနှင့် တခြားရေဖိုး ၊ မီးဖိုးများကိုပါဝန်ဆောင်မှုပေးပြီးပုံမှန်ထက်ဈေးနှုန်းအမြင့်ပိုင်းဖြင့်ငှါးရမ်းကြခြင်း ဖြစ်သည်။အိမ်ခန်းဈေးနှုန်းများမှာ လုံးချင်းတိုက်များကို ကျပ်ငါးသိန်းဝန်းကျင် မှ ကျပ်ဆယ်သိန်းဝန်းကျင်အထိဈေးကွက်ရှိပြီး တိုက်ခန်းများမှာ ကျပ်သုံးသိန်း မှ ဆယ့်ငါးသိန်းဝန်းကျင်အထိဈေးနှုန်းမှာနေရာပေါ်မူတည်ပြောင်းလဲကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com