အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ သုံးလအတွင်း ပြဋ္ဌာန်းနိုင်မည်

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ သုံးလအတွင်း ပြဋ္ဌာန်းနိုင်မည် - Property News in Myanmar from iMyanmarHouse.com
29 Mar 2019 9:31 am တွင် တင်ခဲ့သည်
926 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေအကျိုးဆောင်များ မျှော်လင့်နေသည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် သုံးလအတွင်း ပြဋ္ဌာန်းနိုင်မည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောသည်။

မတ် ၂၃ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီဥပဒေက နိုင်ငံတကာမှာလည်း ရှိနေတဲ့အတွက် ကျွန်တော့်အနေနဲ့ လိုအပ်တယ်လို့ ယူဆတယ်။ ဒီဥပဒေမှာ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံးရဲ့သဘောထားမှတ်ချက်တွေကို တောင်းခံပြီးတော့ ပြန်စိစစ်ပြီး တင်ထားတယ်။ သုံးလအတွင်း ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်တယ်"ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းသည် အာဆီယံနိုင်ငံများနှင့်လည်း ဈေးကွက်ချိတ်ဆက်နိုင်ရန် သဘောတူလက်မှတ်ရေးထိုး ထားသည်။ ထိုသို့ အာဆီယံနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ထား ခြင်းကြောင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများအကြား တိကျသည့်ဥပဒေ သတ်မှတ်ချက်များရှိရန် လိုအပ်ကြောင်း ဦးတင်မောင်ဝင်းက ဆိုသည်။

ဥပဒေထွက်ရှိပါက ရောင်းသူ၊ ဝယ်သူနှင့် အကျိုးဆောင်များအတွက် အကာအကွယ်ရှိလာမည်ဖြစ်ပြီး အိမ်ခြံမြေရောင်းဝယ်ရာတွင် အမှားအယွင်းများလည်း နည်းပါးလာမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများလည်း ဈေးကွက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။

"ဒီဥပဒေမှာ အကျိုးဆောင်လိုင်စင်ကိစ္စတွေလည်း ပါတဲ့အတွက် အိမ်ခြံမြေရောင်းဝယ်မှုတွေဟာ တိတိကျကျဖြစ်သွားပြီး နိုင်ငံတော်လည်း အခွန်ရစေမှာ ဖြစ်တယ်။ ဈေးနှုန်းကြီးမားမှုတွေကိုလည်း ထိန်းလာနိုင်မယ်"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းတွင် အိမ်ခြံမြေဝန်ဆောင်မှု ပေးသူနှင့် ရယူသူ နှစ်ဦးနှစ်ဖက်အကြား ဥပဒေနဲ့အညီ အကျိုးခံစားခွင့်များ ရရှိစေရန် အချက်များ ထည့်သွင်းထားပြီး ဝန်ဆောင်မှုလုပ်ကိုင်လိုသူများအတွက် မှတ်ပုံတင်ခြင်း၊ ယာယီလိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

"လက်ရှိသဘောတူညီချက်တွေအရ နိုင်ငံခြားကလူတွေ မြန်မာအိမ်ခြံမြေလောကကို ဝင်ရောက်လာမယ်။ အဲဒီလိုဝင်ရောက်လာတဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ အကျိုးဆောင်တွေက အရည်အသွေးအပိုင်းတွေ၊ ဝန်ဆောင်မှု အပိုင်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်"ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ကိုကိုဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် အခွင့်အလမ်းများစွာ ရှိနေပြီး ပြည်ပနိုင်ငံများမှ ဝင်ရောက်လုပ်ကိုင်လာနိုင်ရာ အကျိုးဆောင်များသည် နိုင်ငံခြား ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယင်းအတွက် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ ပြဋ္ဌာန်းနိုင်ရန်လိုကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင် ဦးကျော်တင်က ပြောသည်။ 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service