Speed ဇာတ်ကားတွင် ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ကာ ကမ္ဘာကျော်ခဲ့သော ဟောလိဝုဒ်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဂျော်ဂျီယာပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ရောင်းချရန်စီစဉ်

Speed ဇာတ်ကားတွင် ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ကာ ကမ္ဘာကျော်ခဲ့သော ဟောလိဝုဒ်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဂျော်ဂျီယာပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ရောင်းချရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
28 Mar 2019 11:42 am တွင် တင်ခဲ့သည်
672 ကြိမ် ကြည့်ရှု့ပြီး

ဆန်ဒြာဘူးလော့၏ အမည်ရင်းမှာ ဆန်ဒြာအန်းနက် ဘူးလော့ခ်ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် အမေရိကန်ပြည်၊ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့တွင် မွေးဖွားကာ ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ပရဟိတသမားဘဝများဖြင့် ကျင်လည်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သော Demolition Man ဖြင့် အောင်မြင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကီနူးရိဗ်နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သော Speed (၁၉၉၄) အက်ရှင်ဇာတ်ကားတွင်ကား အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

စီးပွားရေးအရ အောင်မြင်မှုအရခဲ့ဆုံးမှာ ဟာသဇာတ်မြူးတစ်ခုဖြစ်သော Minions (၂၀၁၅) ဇာတ်ကားတွင် ဖြစ်သည်။ အဆိုပါဇာတ်ကား သည် box office တွင် ဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံအထိ ရရှိခဲ့သည်အထိ အောင်မြင်ခဲ့သည်။

၂၀၀၇ နှင့် ၂၀၁၀ ခုနှစ်များအတွင်း ဟောလိဝုဒ်၏ သရုပ်ဆောင်ကြေးအမြင့်မားဆုံး ရုပ်ရှင်မင်းသမီးအဖြစ် ရပ်တည်ခဲ့သည်။ ၂၀၁၅ ခုနှစ် အတွင်း People မဂ္ဂဇင်းကြီးကလည်း ဆန်ဒြာဘူးလော့ခ်ကို အချောလှဆုံး အမျိုးသမီးအဖြစ် ဖော်ပြခဲ့သည်။

Speed ဇာတ်ကားတွင် ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ကာ ကမ္ဘာကျော်ခဲ့သော ဟောလိဝုဒ်မင်းသမီး ဆန်ဒြာဘူးလော့ခ်သည် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ရောင်းချရန်စီစဉ်လာသည်။

အော်စကာဆုရှင် မင်းသမီး ဆန်ဒြာဘူးလော့ခ်သည် ဂျော်ဂျီယာပြည်နယ်၊ တိုင်ဘီးကျွန်းရှိ ကာလကြာရှည်နေထိုင်ခဲ့သော ကမ်းခြေစံအိမ်ကြီးနှင့် လမ်းခွဲရန် အသင့်ဖြစ်နေပြီဖြစ်ပြီး နေအိမ်နှင့် နေအိမ်အတွင်းရှိ အရာအားလုံးကို ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ရောင်းချမည်ဟု ဆိုသည်။

ဂျော်ဂျီယာပြည်နယ်၏ သက်တမ်းအရင့်ဆုံး ရှေးဟောင်းမြို့တစ်ခုဖြစ်သော ဆဗားနားမြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်တွင် တည်ရှိသည့် အဆိုပါနေအိမ်၏ ခေါ်ဈေးမှာ ဒေသတွင်းတွင် ဈေးအကြီးဆုံးဖြစ်လာပြီး လွန်ခဲ့သော မတ်လ ၁၈ ရက်က အရောင်းဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

တိုင်ဘီးကျွန်း၏ မြောက်ဘက်စွန်းတွင် တည်ရှိပြီး ခြံဝန်းအကျယ်မှာ ၃ ဧကနီးပါးရှိသည်။

ယခုရောင်းချမှုတွင် နေအိမ်အတွင်းရှိ ပရိဘောဂအားလုံး ပါဝင်မည်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ အသုံးအဆောင်အချို့သာ ပါဝင်ခြင်းရှိမည် မဟုတ်ဟု Celia Dunn Sotheby's International Realty မှ အကျိုးဆောင်များဖြစ်သော ရူသီ လိုင်နာနှင့် ရေချယ် အမ်းဘရစ်တို့က ပြောကြားသည်။

ပင်မနေအိမ်မှာ စတုရန်းပေ ၃၃၆၀ အကျယ်အဝန်းရှိပြီး ကျယ်ဝန်းသည့် မီးဖိုဆောင်၊ မှန်များကာရံထားသည့် ဆင်ဝင်များ၊ အားကစားလေ့ကျင့်ခန်းမ၊ ဘတ်စကက်ဘောကွင်း၊ ရေကူးကန်နှင့် သီးသန့်ကမ်းခြေတစ်ခုတို့ ပါဝင်သည်။

ဧည့်ဂေဟာမှာမူ စတုရန်းပေ ၂၈၄၈ ကျယ်ဝန်းပြီး ဂိမ်းကစားခန်းတစ်ခု၊ ဟင်းလင်းပြင်အကင်နေရာ၊ မျှော်စင်တစ်ခုတို့ ပါဝင်သည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သော ဆန်ဒြာဘူးလော့ခ်သည် အဆိုပါနေအိမ်ကို ၂၀၀၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service