ဗြိတိသျှကောင်စစ်ဝန်က နယူးယောက်မြို့ ၊ ကုလသမဂ္ဂပလာဇာရှိ penthouse ခန်းကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ

ဗြိတိသျှကောင်စစ်ဝန်က နယူးယောက်မြို့ ၊ ကုလသမဂ္ဂပလာဇာရှိ penthouse ခန်းကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
28 Mar 2019 11:22 am တွင် တင်ခဲ့သည်
551 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဗြိတိသျှကောင်စစ်ဝန်သည် နယူးယောက်မြို့ ၊ မန်ဟက်တန်ရပ်ရှိ ကုလသမဂ္ဂပလာဇာ (50 United Nations Plaza )ရှိ penthouse ခန်းကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူလိုက်သည်ဟု ဆိုသည်။

အဆိုပါ penthouse ခန်းသည် ၂၀၁၆ ခုနှစ်ကတည်းက အရောင်းဈေးကွက်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခင်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၈ ဒသမ ၉၅ သန်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

အရောင်းအဝယ်တွင် ဝယ်လက်မှာ ဗြိတိသျှကောင်စစ်ဝန်ဖြစ်သည်ဟု ဖော်ပြထားပြီး လစ်သူယေးနီးယားနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးအဖြစ် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဒေးဗစ် ဟန့်ထ်က လက်မှတ်ရေးထိုးပေးထားသည်။

အမေရိကန်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မိုက်ကယ်သာတမ်ကိုလည်း ရှေ့နေရှေ့ရပ်အာဏာပေးအပ်ထားကြောင်း ၂၀၁၈ ခုနှစ်၊ မတ်လ မှတ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။

Penthouse ခန်းသည် မန်ဟက်တန်၏ East Side အရပ်ရှိ 50 United Nations Plaza အဆောက်အအုံကြီးတွင် တည်ရှိသည်။

စတုရန်းပေ ၅၈၉၃ အကျယ်အဝန်းရှိကာ တစ်လွှာလုံးအပြည့်ဖြစ်ပြီး မတ်လ ၁၅ ရက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်တင်မှတ်တမ်းအရ အိပ်ခန်း ၅ ခန်း၊ ဝန်ထမ်းများအတွက် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်သည်ဟု ဖော်ပြထားသည်။

၇၃ ပေ ကျယ်ဝန်းသော ဧည့်ခန်းမှတစ်ဆင့် East River မြစ်နှင့် ကုလသမဂ္ဂအတွင်းဝန်ရုံးအဆောက်အအုံများကို တွေ့မြင်နေရသည်။

အဆိုပါအဆောက်အအုံကြီးတွင် တည်းခိုနေထိုင်သည်မှာ ဗြိတိသျှသံတမန်တို့မှာ ပထမဆုံးကား မဟုတ်ချေ။

အမေရိကန်အစိုးရက အဆိုပါအဆောက်အအုံကြီး၏ penthouse တစ်ခန်းကို ကုလသမဂ္ဂသံတမန်တစ်ဦးအား ငှားရမ်းပေးခဲ့ဖူးသည်။

ထို့အပြင် ကာတာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့မှာလည်း 50 United Nations Plaza အဆောက်အအုံကြီးတွင် penthouse ခန်း တစ်ခန်း အပါအဝင် အခန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည်။

50 United Nations Plaza အဆောက်အအုံကြီးသည် ၄၃ ထပ်မြင့်မားသည့် မိုးမျှော်တိုက်ကြီးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဇက်ကင်ဒေါ့ဖ်မိသားစုက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမိသားစုသည် အမှတ် ၁၅၊ Central Park West နှင့် အမှတ် ၅၂၀၊ ပန်းခြံရိပ်သာလမ်း အဆောက်အအုံများကဲ့သို့ ထင်ရှားသည့်အဆောက်အအုံကြီးများလည်း ဆောက်လုပ်ထားသည်။

ဇက်ကင်ဒေါ့ဖ်မှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားရာတွင် ယခုအရောင်းအဝယ်ဖြစ်မှုအပေါ် များစွာဝမ်းမြောက်မိကြောင်း၊ လက်ရှိအချိန်တွင် 50 United Nations Plaza အဆောက်အအုံကြီး၏ အခန်း ၈၃ ရာခိုင်နှုန်းကို ရောင်းချထားရပြီးဖြစ်ကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service