ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲကို လာမည့် ၂၀၁၉ ခုနှစ် ၊ မတ်လ (၃၀) နှင့် (၃၁) ရက်နေ့များတွင် iMyanmarHouse.com ရုံးချုပ်တည်ရှိရာ MAC Tower ၁၁ လွှာ ၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ကုန်သည်လမ်းထောင့် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန် ၌ မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Pavilion Damansara Heights Development ကို ကွာလာလမ်ပူမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာတစ်ခုဖြစ်သော Pavilion Kuala Lumpur ကို တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီမှ (၁၆ ဧက) အကျယ်အ၀န်းရှိ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။ Canada နိုင်ငံအခြေစိုက် CPPIB နှင့် Pavilion အုပ်စုတို့ ပူးပေါင်းတည်ဆောက်နေသော ကြယ်ငါးပွင့်အဆင့်ရှိ Damansara Heights Development သည် ဈေးဝယ်စင်တာ ၊ ရုံးခန်းများ ၊ ကွန်ဒိုများပါဝင်သည့် Mixed-use စီမံကိန်းဖြစ်သည်။
Damansara Heights ကွန်ဒိုတွင် အထပ်ပေါင်း ၅၇ ထပ် ၊ အခန်းပေါင်း ၇၄၆ ခန်းပါဝင်မည်ဖြစ်ပြီး အခန်းအကျယ်အ၀န်း 614 sqft မှ 1831 sqft အထိရွေးချယ်နိုင်မည်ဖြစ်သည်။ ရေကူးကန် ၊ အားကစားခန်းမ ၊ ပန်းခြံ ၊ ကစားကွင်း ၊ စာကြည့်တိုက် နှင့် Sky Facilities စသဖြင့် Facility ပေါင်းများစွာပါဝင်သည်။
“ ဒီအရောင်းပြပွဲမှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုက အခန်းတွေကို ရောင်းချပေးမှာဖြစ်ပါတယ်။ တည်နေရာအတိအကျအနေနဲ့ဆိုရင်တော့ Jalan Damanlela , KL, Malaysia မှာရှိတာပါ ။ ဒီကွန်ဒိုဟာဆိုရင် ကွာလာလမ်ပူမြို့ လူကုံထံရပ်ကွက်တွင် တည်ဆောက်နေသည့် အထင်ကရစီမံကိန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ပြပွဲအတွင်း ဝယ်ယူသူများအတွက် မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိအောင် (အခမဲ့) ဝန်ဆောင်မှုပေးမှာပါ။ အမြဲတမ်းနေထိုင်ခွင့်ကို အိမ်ထောင်ဦးစီးတစ်ယောက်ရရှိပါက ကျန်မိသားစုဝင်များပါ အလိုအလျောက်နေထိုင်ခွင့်ရရှိမှာပါ။ ဒါ့အပြင် အများဆုံးသိန်း (၈၀၀) ကျပ်အထိ သက်သာခွင့် ၊ Lawyer Fee (၃၈ သိန်း) ကျပ် သက်သာခွင့် တွေ ပေးသွားမှာပါ။ တကယ်လို့ မိမိသားသမီးကို Cempaka School မှာထားမယ်ဆိုရင် ကျောင်းဝင်ကြေး (သိန်း ၅၀) ကျပ် သက်သာခွင့် ပါ ထပ်မံရရှိမှာဖြစ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
♦♦♦ အရောင်းပြပွဲ အသေးစိတ်အစီအစဉ်
ကျင်းပမည့်ရက် : 30 & 31 March 2019 (စနေ ၊ တနင်္ဂနွေ)
ကျင်းပမည့်အချိန်: မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ
ကျင်းပမည့်နေရာ: iMyanmarHouse.com ရုံးခန်း ၊ MAC Tower ၁၁ လွှာ
မဟာဗန္ဓုလပန်းခြံလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်။
အသေးစိတ် သိရှိလိုပါက
www.imyanmarhouse.com/promo/damansara တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး
iMyanmarHouse.com ၏ Hot Line Number : 09 – 252605671~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)