အိမ်ပိုင်ရှင်များအနေဖြင့် အိမ်အပြင်အဆင်နှင့် ပက်သက်ပြီးသတိထားသင့်သည့် အချက်များ

အိမ်ပိုင်ရှင်များအနေဖြင့် အိမ်အပြင်အဆင်နှင့် ပက်သက်ပြီးသတိထားသင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
26 Mar 2019 1:02 pm တွင် တင်ခဲ့သည်
2098 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိမ်ပိုင်ရှင်တွေအနေနဲ့ အိမ်အပြင်အဆင်တွေနဲ့ ပက်သက်ပြီးတော့ ပြုပြင်သင့်၊ မပြုသင့်အချက်တွေကိုသိထားသင့်တဲ့ အချက်တွေရှိကြောင်း သိရပါတယ်။ အိမ်ပိုင်ရှင်အများစုက မိမိနေအိမ်ကို ကိုယ်ပိုင်ခံစားချက်တွေနဲ့ ကိုက်ညီအောင် အချိန်ပေးပြီး တီထွင်မှုဆန်းသစ်တဲ့ ဒီဇိုင်းတွေ ပြင်ဆင်ကြပါတယ်။

ပြန်ရောင်းချမယ့် အိမ်တွေကို စိတ်တိုင်းကျပြင်ဆင်တာက ကုန်ကျစရိတ်ပါများသွားပြီးတော့ ပြန်ဝယ်မယ့်သူအတွက်လည်း အကြိုက်မတွေ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝယ်သူတွေအတွက်လည်း သူတို့နေထိုင်တဲ့အခါ သဟဇာတဖြစ်စေမယ့် အိမ်ပုံစံတွေကို ပြောင်းလဲချင်မှာဖြစ်ပြီး ပြုပြင်ရာမှာ သတိထားသင့်ပါတယ်လို့ ဆိုင်ရာလုပ်ငန်းရှင်က သိရပါတယ်။

အလွန်အကြူးမပြင်ပါနဲ့

အိမ်ခန်းကို ဈေးတင်ရောင်းလိုတဲ့အခါ အိမ်တွေကို အလွန်အကြူး ပြင်ဆင်ကြတာ ရှိတယ်။ ဒါပေမဲ့ ဝယ်သူတွေအနေနဲ့လည်း အိမ်သစ်ဝယ်ရင် စိတ်တိုင်းကျ ပြုပြင်လိုတဲ့ ခံစားချက်တွေ ရှိပါတယ်။ ဒါ့အပြင် ပြန်ရောင်းမယ်ဆိုတဲ့အခါ နံရံကပ်ပိုစတာတွေ၊ အလွန်အမင်းခြယ်မှုန်းထားတဲ့ ရေချိုးခန်းနံရံကြွေပြားတွေနဲ့ ပုံမှန်မဟုတ်တဲ့အိမ်တွင်း အပြင်အဆင်တွေကို ဖြုတ်သိမ်းသင့်ပါတယ်။

ခြံဝင်းတွေကို မမေ့ပါနဲ့

အိမ်ရှင်တွေဟာ အိမ်ခြံဝင်းကို ပြုပြင်ထိန်းသိမ်းဖို့ မေ့လျော့တတ်ပါတယ်။ ဒါကြောင့် ခြံဝင်းတွေဟာ ခြောက်ကပ်နေပြီဆိုရင် သာယာအောင်လုပ်ပေးသင့်ပါတယ်။

ဝယ်သူတွေနေရာက တွေးပါ

နှစ်ကာလရှည် အိမ်မှာနေထိုင်ပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မပြုလုပ်ခြင်းဟာ ရောင်းဖို့ပြင်ဆင်တဲ့အခါ ကုန်ကျစရိတ်များပါတယ်။ ဒါကြောင့် အိမ်တွေကို အိမ်တွင်း လေအေး၊ လေသန့်စနစ်၊ ရေပိုက်စနစ်နဲ့ အမိုးနဲ့ ရေတံလျောက် သန့်ရှင်းရေးတွေကို ပြုလုပ်ပေးဖို့ လိုပါတယ်။ အခန်းတွေရဲ့ မီးအလင်းစနစ်တွေကို အခန်းနဲ့ကိုက်ညီအောင် တပ်ဆင်ထားဖို့ လိုပါတယ်။

အိမ်တွင်း Facilities များ

ဝယ်သူတွေဟာ အိမ်ဝယ်မယ်ဆိုရင် အိမ်ရဲ့ ရေပိုက်၊ အခန်းဖွဲ့စည်းမှု၊ အမိုးတွေရဲ့အပြင်အဆင်ကို အဓိကထားကြည့်ကြပါတယ်။ ဒါကြောင့် ရောင်းချသူတွေအနေနဲ့ အိမ်ရဲ့ ပင်မအချက်တွေကို ကြည့်ပြီး ဝယ်ယူတာကြောင့် တခြားအလှအပဆိုင်ရာတွေထက် ဦးစားပေးပြင်ဆင်သင့်ပါတယ်။ ဒါ့အပြင် အိမ်အတွက် လိုအပ်တဲ့ ဒီဇိုင်းတွေကို ပြန်ပေါင်းစပ်သင့်ပြီး ခေတ်စားနေတဲ့ စနစ်တွေထက် ရိုးရှင်းတဲ့ ဒီဇိုင်းတွေကသာ အရောင်းတည့်စေပါတယ်။

ဒါကြောင့် ရောင်းချဖို့ စဉ်းစားတဲ့အခါ ဒီဇိုင်းတွေ အနေအထားတွေ ထည့်သွင်းစဉ်းစားပြီးမှ အပြင်အဆင်တွေကို ရွေးချယ်သင့်ပါတယ်။အိမ်ကို အဆင့်မြှင့်တင်မှုတွေ၊ အဆောင်တိုးတွေ ဆောက်လုပ်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ သိပ်ပြီးကွဲပြားမထွက်နိုင်ဖို့ အရေးကြီးပါတယ်။ ပတ်ဝန်းကျင်နဲ့ တစ်သီးတခြားဖြစ်နေရင် ဝယ်သူတွေအနေနဲ့ အိမ်ကိုလာကြည့်တဲ့ခါ အမြင်တစ်မျိုး ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့အပြင် ခြံဝင်းအတွင်းမှာ ခြံဥယျာဉ်နဲ့ဆေးရောင်အသွင်အပြင်၊ ဒီဇိုင်းမျိုးစုံ ပြင်ဆင်ထားမှုက ပတ်ဝန်းကျင်နဲ့ အချိုးမကျဖြစ်နေရင် ရောင်းချတဲ့ ဈေးနှုန်းကို ထိခိုက်စေတတ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service