ယခုရက်သတ္တပတ်အတွင်း ယွမ်ငွေ ၃ ဘီလီယံအကြွေးဆပ်ရန်ရှိသော တရုတ်ထိပ်တန်း developer ဖြစ်သည့် Tahoe က ဟန်ကျိုးရှိ အိမ်ခြံမြေစီမံကိန်းတစ်ခုကို အလျင်စလိုရောင်းချ

ယခုရက်သတ္တပတ်အတွင်း ယွမ်ငွေ ၃ ဘီလီယံအကြွေးဆပ်ရန်ရှိသော တရုတ်ထိပ်တန်း developer ဖြစ်သည့် Tahoe က ဟန်ကျိုးရှိ အိမ်ခြံမြေစီမံကိန်းတစ်ခုကို အလျင်စလိုရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Mar 2019 11:48 am တွင် တင်ခဲ့သည်
579 ကြိမ် ကြည့်ရှု့ပြီး

လာမည့် မတ်လ ၂၈ ရက်တွင် အရင်းနှင့် အတိုး ယွမ်ငွေ ၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၄၅၀) အကြွေးဆပ်ရန်ရှိသော တရုတ်ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သည့် Tahoe က ရှန်ကျန်းစတော့အိတ်ချိန်းသို့ ထုတ်ပြန်ချက်တစ်ရပ် ပေးပို့ခဲ့ရာတွင် မိမိတို့၏ ကြွေးမြီများကို ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဖူကျိုးအခြေစိုက် Tahoe ကုမ္ပဏီသည် ဟန်ကျိုးရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းတစ်ခု၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပြိုင်ဖက်ကုမ္ပဏီဖြစ်သော Shimao Property ထံ ယွမ်ငွေ ၃၇၈ သန်းဖြင့် ရောင်းချလိုက်ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

Tahoe ကုမ္ပဏီသည် ၎င်း၏ပိုင်ဆိုင်မှုပမာဏထက် ၄ ဆခန့် များပြားသော ကြွေးမြီပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ယွမ်ငွေ ၁၀ ဒသမ ၅ ဘီလီယံခန့် အကြွေးဆပ်ရန် ရှိနေသည်။

မတ်လ ၂၈ ရက်တွင် ပေးဆပ်ရမည့် ကြွေးမြီ ယွမ်ငွေ ၃ ဘီလီယံနှင့် အတိုး ယွမ်ငွေ ၂၁၉ သန်းကို ပေးဆပ်ရန် အခက်အခဲမရှိကြောင်း Tahoe က စတော့အိတ်ချိန်းတွင် ထုတ်ပြန်ကာ ရင်းနှီးမြှုပ်နှံသူများကို အသိပေးခဲ့ခြင်းဖြစ်သည်။

ဒေသတွင်းသတင်းမီဒီယာတို့၏ ဖော်ပြချက်အရ Tahoe သည် ယခုနှစ်အတွင်း ယွမ်ငွေ ၅၉ ဘီလီယံကြွေးမြီနှင့် စပ်လျဉ်းသော တာဝန်များ ရှိနေကြောင်း ဖော်ပြကြသည်။

Tahoe သည် မေလ ၂၅ ရက်တွင်လည်း အခြားကြွေးမြီတစ်ခုနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ရာ အခြားကြွေးရှင် ၂ ဦးထံ အတိုးအဖြစ် ယွမ်ငွေ ၂၈၈ သန်း ပေးဆောင်ရမည့်အကြောင်းရပ်လည်း ရှိနေသေးသည်။

ထို့အပြင် သြဂုတ်လအတွင်းတွင်လည်း ယွမ်ငွေ ၁ ဒသမ ၆ ဘီလီယံအကြွေးဆပ်ရမည့် ကာလကျရောက်မည်ဟု ဆိုသည်။

Tahoe သည် ရောင်းချရမှုဆိုင်ရာ အချက်အလက်များအရ တရုတ်ပြည်တွင် နံပါတ် ၂၀ နေရာတွင် ရပ်တည်နေသည့် အကြီးမားဆုံး အိမ်ခြံမြေ developer အဖြစ် ရပ်တည်နေပြီး ဖောက်သည်များက Tahoe ထံမှ အိမ်ခြံမြေ ယွမ်ငွေ ၁၃၀ ဘီလီယံဖိုး ဝယ်ယူထားသည်။

ဟန်ကျိုးစီမံကိန်းကို ဝယ်ယူခဲ့သော Shimao ကုမ္ပဏီမှာမူ ရောင်းချရမှု ယွမ်ငွေ ၁၇၆ ဘီလီယံဖိုးရှိပြီး နံပါတ် ၁၁ နေရာတွင် ရပ်တည်နေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service