ေနာက္ေၾကာင္းမေအးတဲ့ ေျမခ်ပါမစ္ ၀ယ္ခဲ့မိသူ

ေနာက္ေၾကာင္းမေအးတဲ့ ေျမခ်ပါမစ္ ၀ယ္ခဲ့မိသူ - Property Knowledge in Myanmar from iMyanmarHouse.com
25 Mar 2019 12:56 pm တွင် တင်ခဲ့သည်
9605 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Zawgyi]

အိမ္ၿခံေျမ အေရာင္းအ၀ယ္ေလာကဆိုတာ စာရြက္ စာတမ္းေတြ မွန္ကန္ျပည့္စံုရင္ အေရာင္း အ၀ယ္ျဖစ္သြားၾကတာပဲလို႔ သာမန္အားျဖင့္ေျပာႏိုင္ပါတယ္။ ဒါေပမယ့္လည္း တစ္ခါတစ္ရံၾကေတာ့ ထူးထူးဆန္းဆန္း စာ ရြက္စာတမ္းေတြေတြ႕ရင္ အံ့ၾသမိတယ္။ ဘယ္လိုဘယ္ပံု ေျပာင္း လဲလိုက္တယ္ဆိုတာ စဥ္းစားလို႔ မတတ္ေအာင္ျဖစ္မိတယ္။

ေျမခ်ပါမစ္အေၾကာင္း တစ္ေစ့တစ္ေစာင္းေလးက ဂရန္ေတြကို ေျပာလိုျခင္းမဟုတ္ပါဘူး။ ဂရန္ဆိုတာ ကေတာ့ အိုးအိမ္ဂရန္ရွိမယ္။ စည္ပင္ဂရန္ရွိမယ္။ အဲဒီ ဂရန္ (၂)မ်ဳိးကိုပဲ အမ်ဳိးမ်ဳိးတုပၿပီး လိမ္လည္ေရာင္းၾကတာေတြ ေတြ႕ရဖူးပါတယ္။ အခုေျပာျပခ်င္တဲ့ စာရြက္စာတမ္းေတြက ေတာ့ ေျမခ်ပါမစ္ကို ေျပာျပခ်င္ပါတာပါ။ ေျမခ်ပါမစ္လို႔ ေျပာလိုက္ကတည္းက ပါမစ္အေဟာင္း နဲ႔ အသစ္ကို ေျပးျမင္မိၾကပါလိမ့္မယ္။ ပါမစ္အေဟာင္းကို ၀ယ္ရင္ စိတ္ခ်ရတယ္။ ေျမခ်ပါမစ္အသစ္ကို၀ယ္ရင္ စိတ္ညစ္ ရတတ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၿမိဳ႕ကြက္သစ္ေတြေဖာ္ ေပးခဲ့တာက ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာ ဖြံ႕ၿဖိဳးေရးဦးစီးဌာနေလ။

VIP ကြက္နဲ႔ ခ်န္လွန္ကြက္ (၂)မ်ဳိး၊ ရပ္ကြက္ထဲမွာရွိ

ၿမိဳ႕ကြက္သစ္ေတြ ေဖာ္ေပးၿပီးတဲ့အခါ ၁၉၉၂ ခုႏွစ္ ေလာက္က စၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနကို လႊဲေပးေနတာ ဒီကေန႔ အထိပဲလို႔ သိရပါတယ္။ စည္ကားၿပီးတဲ့ ရပ္ကြက္ေတာ္ေတာ္ မ်ားမ်ားကေတာ့ အိုးအိမ္ကေန စည္ပင္ကိုလႊဲထားၿပီးျဖစ္တာ ကို ေတြ႕ရတယ္။ အဲဒီထိုလႊဲစဥ္ကေတာ့ ၿမိဳ႕သစ္ေတာ္ေတာ္ မ်ားမ်ားရဲ႕ ရပ္ကြက္အတြင္းမွာ လိုက္ၾကည့္ရင္ VIP ဆိုၿပီး ေထာင့္ကြက္ေတြကို ခ်န္လွပ္ထားခဲ့တာကိုေတြ႕ရပါတယ္။ ၿပီး ေတာ့ ရပ္ကြက္အတြင္းမွာ ေျမကြက္ခ်ေပးလို႔မရဘဲ ခ်န္လွပ္ ထားခဲ့တဲ့ ေရကန္ေဟာင္းေနရာေတြကိုလည္း ေတြ႕ရပါတယ္။

ေရကန္အသင့္ ၾကာအသင့္ ေစ်းကလည္း အသင့္အတင့္

အဲဒီလို ခ်န္လွပ္အကြက္ေတြကိုလည္း အိုးအိမ္ဦးစီး ဌာနက စည္ပင္ကိုလႊဲၿပီးျဖစ္ပါလ်က္ ၂၀၁၃ ခုႏွစ္ ေနာက္ပိုင္း မွာ ေျမခ်ပါမစ္အသစ္ေတြ အိုးအိမ္ဦးစီးဌာနက ထပ္မံထြက္ လာတာကိုေတြ႕ရတယ္။ အဲဒီေျမခ်ပါမစ္ေတြကေတာ့ VIP ကြက္နဲ႔ ရပ္ကြက္ေဟာင္းက ခ်န္လွပ္ကြက္ ေျမခ်ပါမစ္ေတြ ျဖစ္ေနပါတယ္။ ေစ်းကလည္း (ေပ ၄၀ x ေပ ၆၀)တစ္ကြက္ သိန္း(၃၀၀) ေပါက္ေနတဲ့အခ်ိန္မွာ အသစ္ထြက္လာတဲ့ ေျမခ် ပါမစ္က (ေပ၄၀x ေပ၆၀) တစ္ကြက္ကို သိန္း (၂၀၀) ေလာက္ နဲ႔ေရာင္းေနတာေတြ႕ဖူးတယ္။ ၀ယ္သူေတြအႀကိဳက္ေပါ့။ ေနရာ ၾကည့္လိုက္ျပန္ေတာ့လည္း ရပ္ကြက္အတြင္းကေျမကြက္ေတြ ၀ယ္လိုက္ရင္ အိမ္ေဆာက္ၿပီးအဆင္သင့္တက္ေန႐ံုပဲ ဘယ္ေတာ့စည္ကားလာမလဲလို႔ ေတြးေနစရာမလိုေတာ့ဘူးေလ။

အဲဒီလို ေနာက္ေပၚ ေျမခ်ပါမစ္အသစ္ေတြ ၀ယ္ ထားသူေတြအေနနဲ႔ ၿမိဳ႕ေတာ္စည္ပင္ေျမစီမံဌာနမွာ အမွန္ တကယ္ ဂရန္အသစ္ေလွ်ာက္ၾကည့္တဲ့အခါ ေလာေလာဆယ္ ဂရန္ထုတ္မေပးဘဲ ဆိုင္းငံ့ထားခဲ့တာ (၃)ႏွစ္ေလာက္ေတာင္ ရွိပါၿပီ ဂရန္မရၾကေသးပါဘူး။ ဒါလည္း အခက္အခဲတစ္ခုပဲ ေလ။ ဒါက ေျမခ်ပါမစ္အသစ္ေတြကို ၀ယ္မိတဲ့ဒုက္ၡပါ။

အခုေျပာျပတာက ပါမမ္အသစ္နဲ႔ အေဟာင္းေတြ ၀ယ္ရင္း ကြဲျပားျခားနားပံုကို သိေစခ်င္လို႔ ေျပာျပလိုက္တာပါ။ နိဒါန္းအစမွာေျပာခဲ့သလို ပါမစ္အေဟာင္းက စိတ္ခ်ရတယ္ လို႔ ေျပာခဲ့ေပမယ့္ အားလံုးအခက္အခဲမရွိဘဲ အဆင္ေျပတယ္ လို႔ေတာ့ မထင္ပါနဲ႔ ပါမစ္အေဟာင္းမွာလည္း ထူးဆန္းတဲ့ အခ်က္ေတြရွိတယ္ဆိုတာကို ေျပာျပခ်င္တာပါ။

ဒီလိုပါ လိႈင္သာယာစက္မႈဇုန္အနားက ရပ္ကြက္ အတြင္းမွာ ေတြ႕ခဲ့ရတဲ့ ေျမခ်ပါမစ္အေၾကာင္းေလးပါ။ အဲဒီ ရပ္ကြက္က ယခင္ေက်းရြာတစ္ရြာျဖစ္ခဲ့ဖူးတယ္။ လိႈင္သာယာ ၿမိဳ႕ကြက္သစ္ေဖာ္ထုတ္တဲ့အခါမွာ ၿမိဳ႕ကြက္အတြင္းပါသြား တယ္။ အကြက္ေတြ ႐ိုက္လိုက္တဲ့အခါ မူလပိုင္ဆိုင္မႈေျမ အက်ယ္အ၀န္းအေနအထားေပၚမူတည္ၿပီး အခ်ဳိ႕က (ေပ ၂၀ x ေပ၆၀) တစ္ကြက္သာရေပမယ့္လို႔ တခ်ဳိ႕သူေတြက်ေတာ့ (ေပ၂၀ x ေပ၆၀) (၃)ကြက္၊ (၄)ကြက္ ရၾကသူေတြေတာင္ရွိ တယ္လို႔ သိရတယ္။

 

ေျမကြက္မ်ားမ်ားရတဲ့လူေတြက်ေတာ့ တစ္ကြက္ ႏွစ္ကြက္ျပန္ေရာင္းၾကတာေပါ့။ ၁၉၉၂-၉၃ ခုႏွစ္ေလာက္က ဆိုရင္ (ေပ၂၀ x ေပ၆၀) ေျမတစ္ကြက္ တစ္ေသာင္းခြဲ ႏွစ္ ေသာင္းက်ပ္အထိေလာက္ရွိတာေပါ့။ အဲဒီတုန္းကေတာ့ ေျမ ကြက္ခ်ေပးလို႔သာ ယူထားလိုက္ၾကတာ။ ပါမစ္၊ စလစ္၊ ဂရန္ ဆိုတာေတြဟာ ဘယ္လိုဘယ္ပံုအေရးႀကီးတယ္။ တန္ဖိုးရွိတယ္ ဆိုတာ မသိၾကေသးပါဘူး။ ဒီလိုပဲ ႏွစ္ဦးႏွစ္ဖက္ကတိစာခ်ဳပ္ေလးနဲ႔ ၀ယ္ထားလိုက္ၾကတာပဲ။

အဲဒီလို အေရာင္းအ၀ယ္လုပ္တဲ့အထဲမွာ ဦးက်င္၀ွက္ နဲ႔ ကိုေက်ာ္သက္တို႔လည္း အပါအ၀င္ေပါ့။ ဦးက်င္၀ွက္ရဲ႕ ရြာ ကေျမကြက္ႀကီးဖ်က္လိုက္ေတာ့ (ေပ၂၀ xေပ၆၀) ေျမ(၄)ကြက္ ရတယ္ေလ။ ဒီေတာ့ (၄)ကြက္စလံုး သူ႕နာမည္မလုပ္ ခ်င္ေတာ့ (၃)ကြက္ေလာက္ကို သားသမီးနာမည္ေတြနဲ႔ ေလွ်ာက္လိုက္တယ္။ အိုးအိမ္ဦးစီးဌာနက စလစ္ေတြရေတာ့ သားသမီး ေတြ နာမည္ေပါက္ေျမကြက္ေတြလည္း ပါလာတယ္။

ဦးက်င္၀ွက္လည္း ေျမ(၄)ကြက္ဖိုးေငြသြင္းဖို႔ အခက္ အခဲရွိတာနဲ႔ (ေပ၂၀ x ေပ၆၀)တစ္ကြက္ကို ပုသိမ္ကေျပာင္း လာတဲ့ ကိုေက်ာ္သက္ကို က်ပ္တစ္ေသာင္းခြဲနဲ႔ေရာင္းလိုက္တယ္။ ေျမကြက္ဖိုးေငြေတြသြင္းႏိုင္သြားတယ္။

ဒီလိုေငြသြင္းတဲ့အခါ ဓာတ္ပံုနဲ႔ေျမခ်ပါမစ္ေတြ ထုတ္ေပးမယ္။ အခုဓာတ္ပံု႐ိုက္ရ မယ္။ ေျမအမည္ေပါက္စလစ္ရသူေတြ ေခၚခဲ့ပါဆိုေတာ့ အဲဒီမွာ ကိုက်င္၀ွက္ အခက္အခဲေတြ႕တာတာပဲ။

ေရာင္းလိုက္တဲ့ ေျမကြက္အမည္ေပါက္သားက စင္ကာ ပူမွာ အလုပ္သြားလုပ္ေနတယ္ေလ။ ခ်က္ခ်င္းျပန္လာလို႔မရဘူး ျဖစ္ေနတယ္။ ေနာက္ဆံုးႀကံရာမရျဖစ္ၿပီး သူ႕သားေနရာ မွာ ေက်ာ္သက္နဲ႔ လူစားထိုးၿပီး ဓာတ္ပံု႐ိုက္လိုက္တယ္။ ေျမခ် ပါမစ္ထြက္လာတယ္။ ဓာတ္ပံုက ေက်ာ္သက္ျဖစ္ေနတယ္။ အမည္ကေတာ့ ဦးက်င္၀ွက္ရဲ႕သားနာမည္။ ဦးက်င္၀ွက္ အသက္ ထင္ရွားရွိတုန္းကေတာ့ ဘာျပႆနာမွမရွိၾကေသးဘူး။ ေအးေအးေဆးေဆးပါပဲ။

မၾကာခင္က ဦးက်င္၀ွက္လည္း လူႀကီးေရာဂါနဲ႔ ေသသြားၿပီ။ အဲဒီေနာက္ပိုင္းမွာ တိုက္တိုက္ဆိုင္ဆိုင္ ဦးက်င္၀ွက္ ရဲ႕ ေျမအမည္ေပါက္သားက စင္ကာပူႏိုင္ငံက အၿပီးျပန္လာတဲ့ အခ်ိန္ ကိုေက်ာ္သက္ကလည္း စီးပြားေရးမေကာင္းလို႔ ေျမနဲ႔ အိမ္ကိုျပန္ေရာင္းေနတဲ့အခ်ိန္နဲ႔ သြားႀကံဳတယ္ေလ။

“ထန္းသီးေႂကြခိုက္၊ က်ီးနားခိုက္” လို႔ ဆိုရမလား။ ဦးက်င္၀ွက္သားက စင္ကာပူက ျပန္လာေပမယ့္လို႔ ေငြထုတ္ ပိုက္ၿပီး ျပန္လာတာမဟုတ္ဘူး။ သက္တမ္းေက်ာ္ေနလို႔ဆိုၿပီး ႀကိမ္ဒဏ္အ႐ိုက္ခံရၿပီး ျပန္လာတဲ့အခ်ိန္ဆိုေတာ့ ေငြလိုတာ ေပါ့။ အဲဒီမွာ ကိုေက်ာ္သက္ရဲ႕ေျမကြက္က သူ႕နာမည္နဲ႔ရထား တဲ့ ေျမကြက္ျဖစ္တယ္။ ဓာတ္ပံုပါမစ္က သူ႕ပံုမဟုတ္ဘူး။ ကို ေက်ာ္သက္က အတု၀င္႐ိုက္ထားတာ။ ဒါေၾကာင့္ ျပန္ေရာင္းရင္ သူ႕ကိုလည္း သိန္း(၃၀)ေပးရမယ္။ မေပးရင္ ကိုေက်ာ္ သက္ေရာင္းတိုင္း ျပႆနာရွာမယ္ဆိုၿပီး ေျပာလာေတာ့ ကိုေက်ာ္ သက္လည္း ၀ဋ္ေႂကြးရွိလို႔ခံရတာပဲလို႔ တရားႏွလံုးသြင္းလိုက္ရတယ္။

ေနာက္ဆံုး၀ယ္သူလာတဲ့အခါ ေရာင္းရေငြထဲက ေငြသိန္း(၃၀) ေပးလိုက္ေတာ့မွ ဘာကူညီရမလဲ လိုအပ္ရင္ေျပာပါ။ ကူညီပါ့မယ္ဆိုၿပီး ေငြထုတ္ပိုက္ၿပီး ျပန္သြားၾကေတာ့တယ္။ ဒီလိုရွင္းေပးလိုက္ေတာ့မွ ၀ယ္သူကလည္း စိတ္ရွင္းရွင္းထား ၿပီး အၿပီး၀ယ္ရဲေတာ့တယ္။ ရၿပီးျပန္ေတာ့လည္း ေနာက္ေၾကာင္း မေအးမွာစိုးတာနဲ႔ ပါမစ္ကေန အႏွစ္(၆၀)ဂရန္ေလွ်ာက္လိုက္ၿပီး ၀ယ္သူအမည္ေပါက္လုပ္လိုက္ရပါေတာ့တယ္။

အဲဒါေၾကာင့္ ေျပာတာေပါ့ အိမ္ၿခံေျမေလာကမွာ လည္း အဲဒီလိုထူးဆန္းတဲ့ အျဖစ္ပ်က္ေတြလည္းရွိတတ္လို႔ ပါမစ္ပဲ၀ယ္၀ယ္၊ ဂရန္ေျမပဲ၀ယ္၀ယ္ မ၀ယ္မိခင္ အစအဆံုး စံုစမ္းေလ့လာၿပီး စိတ္ခ်ရမွ ၀ယ္သင့္ပါေၾကာင္း အႀကံေပး လိုက္ရပါေတာ့တယ္။

ေရာင္းသူလည္း စိတ္ခ်မ္းသာ ၀ယ္သူလည္း ရႊင္ၿပံဳး ႏိုင္ၾကပါေစ။

 

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

 

[Unicode]

 

အိမ်ခြံမြေ အရောင်းအဝယ်လောကဆိုတာ စာရွက် စာတမ်းတွေ မှန်ကန်ပြည့်စုံရင် အရောင်း အဝယ်ဖြစ်သွားကြတာပဲလို့ သာမန်အားဖြင့်ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံကြတော့ ထူးထူးဆန်းဆန်း စာ ရွက်စာတမ်းတွေတွေ့ရင် အံ့သြမိတယ်။ ဘယ်လိုဘယ်ပုံ ပြောင်း လဲလိုက်တယ်ဆိုတာ စဉ်းစားလို့ မတတ်အောင်ဖြစ်မိတယ်။

မြေချပါမစ်အကြောင်း တစ်စေ့တစ်စောင်းလေးက

ဂရန်တွေကို ပြောလိုခြင်းမဟုတ်ပါဘူး။ ဂရန်ဆိုတာ ကတော့ အိုးအိမ်ဂရန်ရှိမယ်။ စည်ပင်ဂရန်ရှိမယ်။ အဲဒီ ဂရန် (၂)မျိုးကိုပဲ အမျိုးမျိုးတုပပြီး လိမ်လည်ရောင်းကြတာတွေ တွေ့ရဖူးပါတယ်။ အခုပြောပြချင်တဲ့ စာရွက်စာတမ်းတွေက တော့ မြေချပါမစ်ကို ပြောပြချင်ပါတာပါ။

မြေချပါမစ်လို့ ပြောလိုက်ကတည်းက ပါမစ်အဟောင်း နဲ့ အသစ်ကို ပြေးမြင်မိကြပါလိမ့်မယ်။ ပါမစ်အဟောင်းကို ဝယ်ရင် စိတ်ချရတယ်။ မြေချပါမစ်အသစ်ကိုဝယ်ရင် စိတ်ညစ် ရတတ်တယ်။ ဘာကြောင့်လဲဆိုတော့ မြို့ကွက်သစ်တွေဖော် ပေးခဲ့တာက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနလေ။

VIP ကွက်နဲ့ ချန်လှန်ကွက် (၂)မျိုး၊ ရပ်ကွက်ထဲမှာရှိ

 

မြို့ကွက်သစ်တွေ ဖော်ပေးပြီးတဲ့အခါ ၁၉၉၂ ခုနှစ် လောက်က စပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကို လွှဲပေးနေတာ ဒီကနေ့ အထိပဲလို့ သိရပါတယ်။ စည်ကားပြီးတဲ့ ရပ်ကွက်တော်တော် များများကတော့ အိုးအိမ်ကနေ စည်ပင်ကိုလွှဲထားပြီးဖြစ်တာ ကို တွေ့ရတယ်။ အဲဒီထိုလွှဲစဉ်ကတော့ မြို့သစ်တော်တော် များများရဲ့ ရပ်ကွက်အတွင်းမှာ လိုက်ကြည့်ရင် VIP ဆိုပြီး ထောင့်ကွက်တွေကို ချန်လှပ်ထားခဲ့တာကိုတွေ့ရပါတယ်။ ပြီး တော့ ရပ်ကွက်အတွင်းမှာ မြေကွက်ချပေးလို့မရဘဲ ချန်လှပ် ထားခဲ့တဲ့ ရေကန်ဟောင်းနေရာတွေကိုလည်း တွေ့ရပါတယ်။

 

ရေကန်အသင့် ကြာအသင့် ဈေးကလည်း အသင့်အတင့်

 

အဲဒီလို ချန်လှပ်အကွက်တွေကိုလည်း အိုးအိမ်ဦးစီး ဌာနက စည်ပင်ကိုလွှဲပြီးဖြစ်ပါလျက် ၂၀၁၃ ခုနှစ် နောက်ပိုင်း မှာ မြေချပါမစ်အသစ်တွေ အိုးအိမ်ဦးစီးဌာနက ထပ်မံထွက် လာတာကိုတွေ့ရတယ်။ အဲဒီမြေချပါမစ်တွေကတော့ VIP ကွက်နဲ့ ရပ်ကွက်ဟောင်းက ချန်လှပ်ကွက် မြေချပါမစ်တွေ ဖြစ်နေပါတယ်။ ဈေးကလည်း (ပေ ၄၀ x ပေ ၆၀)တစ်ကွက် သိန်း(၃၀၀) ပေါက်နေတဲ့အချိန်မှာ အသစ်ထွက်လာတဲ့ မြေချ ပါမစ်က (ပေ၄၀x ပေ၆၀) တစ်ကွက်ကို သိန်း (၂၀၀) လောက် နဲ့ရောင်းနေတာတွေ့ဖူးတယ်။ ဝယ်သူတွေအကြိုက်ပေါ့။ နေရာ ကြည့်လိုက်ပြန်တော့လည်း ရပ်ကွက်အတွင်းကမြေကွက်တွေ ဝယ်လိုက်ရင် အိမ်ဆောက်ပြီးအဆင်သင့်တက်နေရုံပဲ ဘယ်တော့စည်ကားလာမလဲလို့ တွေးနေစရာမလိုတော့ဘူးလေ။

အဲဒီလို နောက်ပေါ် မြေချပါမစ်အသစ်တွေ ဝယ် ထားသူတွေအနေနဲ့ မြို့တော်စည်ပင်မြေစီမံဌာနမှာ အမှန် တကယ် ဂရန်အသစ်လျှောက်ကြည့်တဲ့အခါ လောလောဆယ် ဂရန်ထုတ်မပေးဘဲ ဆိုင်းငံ့ထားခဲ့တာ (၃)နှစ်လောက်တောင် ရှိပါပြီ ဂရန်မရကြသေးပါဘူး။ ဒါလည်း အခက်အခဲတစ်ခုပဲ လေ။ ဒါက မြေချပါမစ်အသစ်တွေကို ဝယ်မိတဲ့ဒုက်္ခပါ။

အခုပြောပြတာက ပါမမ်အသစ်နဲ့ အဟောင်းတွေ ဝယ်ရင်း ကွဲပြားခြားနားပုံကို သိစေချင်လို့ ပြောပြလိုက်တာပါ။ နိဒါန်းအစမှာပြောခဲ့သလို ပါမစ်အဟောင်းက စိတ်ချရတယ် လို့ ပြောခဲ့ပေမယ့် အားလုံးအခက်အခဲမရှိဘဲ အဆင်ပြေတယ် လို့တော့ မထင်ပါနဲ့ ပါမစ်အဟောင်းမှာလည်း ထူးဆန်းတဲ့ အချက်တွေရှိတယ်ဆိုတာကို ပြောပြချင်တာပါ။

ဒီလိုပါ လှိုင်သာယာစက်မှုဇုန်အနားက ရပ်ကွက် အတွင်းမှာ တွေ့ခဲ့ရတဲ့ မြေချပါမစ်အကြောင်းလေးပါ။ အဲဒီ ရပ်ကွက်က ယခင်ကျေးရွာတစ်ရွာဖြစ်ခဲ့ဖူးတယ်။ လှိုင်သာယာ မြို့ကွက်သစ်ဖော်ထုတ်တဲ့အခါမှာ မြို့ကွက်အတွင်းပါသွား တယ်။ အကွက်တွေ ရိုက်လိုက်တဲ့အခါ မူလပိုင်ဆိုင်မှုမြေ အကျယ်အဝန်းအနေအထားပေါ်မူတည်ပြီး အချို့က (ပေ ၂၀ x ပေ၆၀) တစ်ကွက်သာရပေမယ့်လို့ တချို့သူတွေကျတော့ (ပေ၂၀ x ပေ၆၀) (၃)ကွက်၊ (၄)ကွက် ရကြသူတွေတောင်ရှိ တယ်လို့ သိရတယ်။

 

မြေကွက်များများရတဲ့လူတွေကျတော့ တစ်ကွက် နှစ်ကွက်ပြန်ရောင်းကြတာပေါ့။ ၁၉၉၂-၉၃ ခုနှစ်လောက်က ဆိုရင် (ပေ၂၀ x ပေ၆၀) မြေတစ်ကွက် တစ်သောင်းခွဲ နှစ် သောင်းကျပ်အထိလောက်ရှိတာပေါ့။ အဲဒီတုန်းကတော့ မြေ ကွက်ချပေးလို့သာ ယူထားလိုက်ကြတာ။ ပါမစ်၊ စလစ်၊ ဂရန် ဆိုတာတွေဟာ ဘယ်လိုဘယ်ပုံအရေးကြီးတယ်။ တန်ဖိုးရှိတယ် ဆိုတာ မသိကြသေးပါဘူး။ ဒီလိုပဲ နှစ်ဦးနှစ်ဖက်ကတိစာချုပ်လေးနဲ့ ဝယ်ထားလိုက်ကြတာပဲ။

အဲဒီလို အရောင်းအဝယ်လုပ်တဲ့အထဲမှာ ဦးကျင်ဝှက် နဲ့ ကိုကျော်သက်တို့လည်း အပါအဝင်ပေါ့။ ဦးကျင်ဝှက်ရဲ့ ရွာ ကမြေကွက်ကြီးဖျက်လိုက်တော့ (ပေ၂၀ xပေ၆၀) မြေ(၄)ကွက် ရတယ်လေ။ ဒီတော့ (၄)ကွက်စလုံး သူ့နာမည်မလုပ် ချင်တော့ (၃)ကွက်လောက်ကို သားသမီးနာမည်တွေနဲ့ လျှောက်လိုက်တယ်။ အိုးအိမ်ဦးစီးဌာနက စလစ်တွေရတော့ သားသမီး တွေ နာမည်ပေါက်မြေကွက်တွေလည်း ပါလာတယ်။

 

ဦးကျင်ဝှက်လည်း မြေ(၄)ကွက်ဖိုးငွေသွင်းဖို့ အခက် အခဲရှိတာနဲ့ (ပေ၂၀ x ပေ၆၀)တစ်ကွက်ကို ပုသိမ်ကပြောင်း လာတဲ့ ကိုကျော်သက်ကို ကျပ်တစ်သောင်းခွဲနဲ့ရောင်းလိုက်တယ်။ မြေကွက်ဖိုးငွေတွေသွင်းနိုင်သွားတယ်။ ဒီလိုငွေသွင်းတဲ့အခါ ဓာတ်ပုံနဲ့မြေချပါမစ်တွေ ထုတ်ပေးမယ်။ အခုဓာတ်ပုံရိုက်ရ မယ်။ မြေအမည်ပေါက်စလစ်ရသူတွေ ခေါ်ခဲ့ပါဆိုတော့ အဲဒီမှာ ကိုကျင်ဝှက် အခက်အခဲတွေ့တာတာပဲ။

ရောင်းလိုက်တဲ့ မြေကွက်အမည်ပေါက်သားက စင်ကာ ပူမှာ အလုပ်သွားလုပ်နေတယ်လေ။ ချက်ချင်းပြန်လာလို့မရဘူး ဖြစ်နေတယ်။ နောက်ဆုံးကြံရာမရဖြစ်ပြီး သူ့သားနေရာ မှာ ကျော်သက်နဲ့ လူစားထိုးပြီး ဓာတ်ပုံရိုက်လိုက်တယ်။ မြေချ ပါမစ်ထွက်လာတယ်။ ဓာတ်ပုံက ကျော်သက်ဖြစ်နေတယ်။ အမည်ကတော့ ဦးကျင်ဝှက်ရဲ့သားနာမည်။ ဦးကျင်ဝှက် အသက် ထင်ရှားရှိတုန်းကတော့ ဘာပြဿနာမှမရှိကြသေးဘူး။ အေးအေးဆေးဆေးပါပဲ။

မကြာခင်က ဦးကျင်ဝှက်လည်း လူကြီးရောဂါနဲ့ သေသွားပြီ။ အဲဒီနောက်ပိုင်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဦးကျင်ဝှက် ရဲ့ မြေအမည်ပေါက်သားက စင်ကာပူနိုင်ငံက အပြီးပြန်လာတဲ့ အချိန် ကိုကျော်သက်ကလည်း စီးပွားရေးမကောင်းလို့ မြေနဲ့ အိမ်ကိုပြန်ရောင်းနေတဲ့အချိန်နဲ့ သွားကြုံတယ်လေ။

“ထန်းသီးကြွေခိုက်၊ ကျီးနားခိုက်” လို့ ဆိုရမလား။ ဦးကျင်ဝှက်သားက စင်ကာပူက ပြန်လာပေမယ့်လို့ ငွေထုတ် ပိုက်ပြီး ပြန်လာတာမဟုတ်ဘူး။ သက်တမ်းကျော်နေလို့ဆိုပြီး ကြိမ်ဒဏ်အရိုက်ခံရပြီး ပြန်လာတဲ့အချိန်ဆိုတော့ ငွေလိုတာ ပေါ့။ အဲဒီမှာ ကိုကျော်သက်ရဲ့မြေကွက်က သူ့နာမည်နဲ့ရထား တဲ့ မြေကွက်ဖြစ်တယ်။ ဓာတ်ပုံပါမစ်က သူ့ပုံမဟုတ်ဘူး။ ကို ကျော်သက်က အတုဝင်ရိုက်ထားတာ။ ဒါကြောင့် ပြန်ရောင်းရင် သူ့ကိုလည်း သိန်း(၃၀)ပေးရမယ်။ မပေးရင် ကိုကျော် သက်ရောင်းတိုင်း ပြဿနာရှာမယ်ဆိုပြီး ပြောလာတော့ ကိုကျော် သက်လည်း ဝဋ်ကြွေးရှိလို့ခံရတာပဲလို့ တရားနှလုံးသွင်းလိုက်ရတယ်။

 

နောက်ဆုံးဝယ်သူလာတဲ့အခါ ရောင်းရငွေထဲက ငွေသိန်း(၃၀) ပေးလိုက်တော့မှ ဘာကူညီရမလဲ လိုအပ်ရင်ပြောပါ။ ကူညီပါ့မယ်ဆိုပြီး ငွေထုတ်ပိုက်ပြီး ပြန်သွားကြတော့တယ်။ ဒီလိုရှင်းပေးလိုက်တော့မှ ဝယ်သူကလည်း စိတ်ရှင်းရှင်းထား ပြီး အပြီးဝယ်ရဲတော့တယ်။ ရပြီးပြန်တော့လည်း နောက်ကြောင်း မအေးမှာစိုးတာနဲ့ ပါမစ်ကနေ အနှစ်(၆၀)ဂရန်လျှောက်လိုက်ပြီး ဝယ်သူအမည်ပေါက်လုပ်လိုက်ရပါတော့တယ်။

အဲဒါကြောင့် ပြောတာပေါ့ အိမ်ခြံမြေလောကမှာ လည်း အဲဒီလိုထူးဆန်းတဲ့ အဖြစ်ပျက်တွေလည်းရှိတတ်လို့ ပါမစ်ပဲဝယ်ဝယ်၊ ဂရန်မြေပဲဝယ်ဝယ် မဝယ်မိခင် အစအဆုံး စုံစမ်းလေ့လာပြီး စိတ်ချရမှ ဝယ်သင့်ပါကြောင်း အကြံပေး လိုက်ရပါတော့တယ်။

ရောင်းသူလည်း စိတ်ချမ်းသာ ဝယ်သူလည်း ရွှင်ပြုံး နိုင်ကြပါစေ။

 

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service