ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မြန်မာနိုင်ငံမှ ကွန်ဒိုမီနီယံတိုက်ခန်းများ ရောင်းချရန် ပြင်ဆင်သည့်အနေဖြင့် အာဆီယံခြောက်နိုင်ငံရှိ အိမ်ခြံမြေ အသင်းအဖွဲ့များနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) နှင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MRESA) တို့သည် အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံတို့မှ အိမ်ခြံမြေအသင်းအဖွဲ့ တို့နှင့် နားလည်မှုစာချွန်လွှာကို မတ် ၂၃ ရက်၊ UMFCCI ၌ ပြု လုပ်သည့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(MRESA)သတ္တမအကြိမ်နှစ်ပတ်လည်အသင်း သားစုံညီ သင်းလုံးကျွတ်အစည်း အဝေးတွင် လက်မှတ်ရေးထိုးခဲ့ကြ ခြင်းဖြစ်သည်။
ယခုကဲ့သို့ နားလည်မှုစာချွန် လွှာလက်မှတ် ရေးထိုးလိုက်ခြင်း ဖြင့် ခုနစ်နိုင်ငံအကြား အိမ်ခြံမြေအရောင်းအဝယ်ဆောင်ရွက်မှု ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မီဒီယာများကိုပြောသည်။ ''လက်မှတ်ထိုးရုံတစ်ခုလောက် နဲ့တော့ ထူးခြားတာမဟုတ်ဘူး။ ကွန်ဒိုမီနီယံတွေကို ရောင်းချဖို့အတွက်က ပြင်ဆင်တာဖြစ်တဲ့အတွက် မိတ်ဆွေဖြစ်နေရင် ဒီမိတ်ဆွေ တွေကို ခေါ်ရောင်းရတာ ပိုလွယ်တယ်။ သက်ဆိုင်ရာအာဆီယံနိုင်ငံ Net work တွေနဲ့ မိတ်ဆွေဖြစ် သွားတော့ ကွန်ဒိုဝယ်မယ်ဆိုရင် ကိုယ့်အချင်းချင်းပဲ ဝယ်မယ်။ ဒါ ဆိုရင် များများရောင်းရမယ်'' ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ နားလည်မှုစာချွန် လွှာ ရေးထိုးလိုက်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ အိမ်ခြံမြေအခန်းကဏ္ဍ ဆိုင်ရာ ဆက်သွယ်ရင်းနှီးမှုသည် အာဆီယံထိ လက်လှမ်းမီသည်ကို တရားဝင်ပေါ်လွင်စေမည်ဟုလည်း သိရသည်။ လက်မှတ်မရေးထိုးမီကာလ က အာဆီယံနိုင်ငံများတွင် အိမ်ခြံ မြေဝယ်ယူလိုပါက အဆက်အသွယ် မရှိ၊ သတင်းအချက်အလက် မသိသော အခက်အခဲများဖြစ်ပေါ်ပြီး ယခုလက်မှတ်ရေးထိုးလိုက်သည့် အတွက် ယင်းအခက်အခဲများအ ဆင်ပြေသွားမည်ဖြစ်ကြောင်း MRESA ဒုတိယဥက္ကဋ္ဌ (၁)ဦးသန်းဦးက ပြောသည်။
'' အန်ကယ်ကကမ္ဘောဒီးယား မှာ ကွန်ဒိုဝယ်ချင်တယ်။ မြေဝယ်ချင်တယ်ဆိုရင် ကမ္ဘောဒီးယားကို လှမ်းဆက်သွယ်လိုက်ရုံပဲ။ သူ့ဆီ က သတင်းအချက်အလက်ရရင် သူနဲ့အလုပ်လုပ်လိုက်ရုံပဲ။ ကိုယ်တိုင် သွားလိုက်ကြည့်ပြီး နားမလည် မရေရာတဲ့နေရာမျိုးမှာ စမ်းတဝါးဝါး လုပ်နေစရာမလိုတော့ဘူး။အမှားနည်းမယ်။ သူတို့လည်းအကျိုးရှိမယ်။ ကိုယ်လည်းအကျိုးရှိ မယ်။ MRESA သည် မြန်မာတစ်နိုင်ငံလုံးလက်လှမ်းမီသွားတဲ့အပြင် နိုင်ငံပြင်ပ အာဆီယံနယ်ပယ်အထိ လှမ်းနိုင်နေပြီ ''ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ ကွန်ဒို တိုက်ခန်းများနှင့် ကွန်ဒိုအဆင့်မဟုတ်သည့်တိုက်ခန်းများကို ပြည်ပ နိုင်ငံများမှ ဝယ်သူများရှိပါက မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များအသင်းချုပ် (MLCA)၊ မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)တို့နှင့် ပူးပေါင်းချိတ်ဆက်ဝယ်ယူနိုင်ရန်နှင့် ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုးတိုးတက် စေရန်နှင့် နည်းပညာများပူးပေါင်း လုပ်ဆောင်ရန်အတွက် နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြ ခြင်းဖြစ်သည်ဟု MLCA အထွေ ထွေအတွင်းရေးမှူးဦးလားဇယ်က ပြောသည်။ မြန်မာနိုင်ငံတွင် မြေပိုင်ဆိုင်မှု အခက်အခဲကြောင့် ကွန်ဒိုမီနီ ယံဥပဒေနှင့် ကိုက်ညီသည့်ကွန်ဒို ရှားပါးနေကြောင်း တိုက်ခန်း တစ် သောင်းတွင် ကွန်ဒိုတိုက်ခန်းမှာ ၁ဝ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။
Credit: Yangon Media Group