ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မန်းအိမ်ခြံမြေဈေးကွက်မှာ လတ်တလောအရောင်းထက် အငှားဈေးကွက်က ပိုသွက်နေတယ်လို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းက သိရပါတယ်။
“ အခုလတ်တလောကတော့ အရောင်းက ပုံမှန်တော့ ရှိတယ်၊ အငှားကတော့ ပိုဖြစ်တာပေါ့၊ ဈေးနှုန်းကြီးမြင့်တဲ့အခြေအနေမှာ ဝယ်ပြီးမလုပ်နိုင်တော့ ငှားပြီး လုပ်ကြတာပေါ့ ” လို့ ဖိုးလမင်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးက ပြောပါတယ်။
အငှားဈေးကွက်က နေရာအနှံ့မှာရှိနေတာဖြစ်ပြီး လုပ်ငန်းလုပ်ချင်တဲ့သူတွေဟာ လုပ်ငန်းအခြေအနေအလိုက် မြေနေရာငှားရမ်းမှုတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ် ။
အငှားဈေးကွက်ဖြစ်ထွန်းနေ တဲ့နေရာတွေကတော့ လမ်း ၃၀ ၊ ၃၅လမ်းမပေါ် တွေမှာ ဖုန်းဆိုင်ဖွင့် ဖို့၊ စီစီတီဗီအရောင်းခန်းမဖွင့်ဖို့ စတဲ့ငှားရမ်းတာမျိုး၊ မြို့သစ်ပိုင်းမှာဆိုရင် မနော်ဟရီလမ်းမပေါ်နဲ့ ကျွဲဆည်ကန်နဲ့ စက်မှုထဲမှာဆိုရင် ဂိုဒေါင်တွေကို ငှားရမ်းမှုရှိနေတယ်လို့ သိရပါတယ်။
“ ဈေးနှုန်းတွေကတော့ လုပ်ငန်းအတိုင်းအထွာအလိုက် လူနေဖို့ဆိုလဲ ၅၀,ဝဝဝ၊ တစ်သိန်း တန်ကလဲ ၅၀,ဝဝဝ၊ တစ်သိန်းအလျောက် ငါးသိန်း၊ ၁၀ သိန်းတန် တွေလဲ ငှားကြတယ်၊ တချို့ကလဲ ၁၅ သိန်း၊ သိန်း ၂၀ ၊ဂိုဒေါင်တွေ ဆိုလဲ သိန်း ၃၀ တန်တွေ ငှားကြတယ်၊ လုပ်ငန်းအတိုင်းအထွာအလျောက်ရှိကြတာပေါ့ " လို့ ကိုဝဏ္ဏစိုးက ပြောပါတယ်။
အရောင်းကတော့ ပုံမှန်အနေ အထားမှာရှိနေပေမဲ့ အရမ်းကြီး ဖြစ်ထွန်းတဲ့အနေအထားမှာ ရှိမနေဘူးလို့ သိရပါတယ်။
Credit: The Kumudra