ပြည်တော်သစ်အိမ်ယာစီမံကိန်းအတွက် ဒုတိယအကြိမ် အိမ်ငှားစရိတ်နှင့် ပြောင်းရွှေ့စရိတ်ထောက်ပံ့ပေးအပ်

ပြည်တော်သစ်အိမ်ယာစီမံကိန်းအတွက် ဒုတိယအကြိမ် အိမ်ငှားစရိတ်နှင့် ပြောင်းရွှေ့စရိတ်ထောက်ပံ့ပေးအပ် - Property News in Myanmar from iMyanmarHouse.com
25 Mar 2019 10:13 am တွင် တင်ခဲ့သည်
1343 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်တည်ဆောက်လျက်ရှိသော ပြည်တော်သစ်အိမ်ယာစီမံကိန်းအတွက် ယာယီရွှေ့ပြောင်းနေထိုင်ရမည့် မိသားစုများအတွက် ဒုတိယအကြိမ် အိမ်ငှားစရိတ်နှင့် ပြောင်းရွေ့စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲကို မတ်လ (၂၁)ရက်က ကျင်းပပြုလုပ်သည်။

ရွှေ့ပြောင်းစရိတ်အဖြစ် အခန်းတစ်ခန်းလျှင် အသွားအပြန် ကျပ် (၆)သိန်း၊ အိမ်ငှားစရိတ်အတွက် တလလျှင်ကျပ် (၃)သိန်း (၃)သောင်းဖြင့် (၁၄)လအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၅၂)သိန်း (၂)သောင်းကျပ်ကို အခန်းပေါင်း (၄၀)အတွက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်တော်သစ်အိမ်ရာစီမံကိန်းဖော်ဆောင်မည့်နေရာတွင် တိုက်တလုံးလျှင် အခန်းပေါင်း (၂၄)ခန်းခန့် ပါဝင်သည့် တိုက်(၆)လုံး၊ အခန်းပေါင်း (၁၄၂) ခန်းအတွက် အိမ်ငှားစရိတ်နှင့် ရွှေ့ပြောင်းစရိတ်များပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အရင်နှစ်တုန်းကတော့ တိုက် (၆)လုံးရှိတဲ့ထဲက တိုက် (၁) ကို (၂)နှစ်စာ ပေးအပ်ခဲ့တယ်။ သူတို့တွေကတော့ အငှားချထားတဲ့ စားရွက်စာတမ်းတွေ ပိုင်ဆိုင်မှုတွေတော့ ရှိရမယ်။ ကျန်တဲ့တိုက်တွေအကုန်လုံးကို ပေးသွားမှာ။ သူတို့ပိုင်ဆိုင်မှုအထောက် ထားတွေစုံရမယ်။ နောက်တချက်က စည်ပင်ခွန်၊ ရေခွန်၊ မီးခွန် အကျေဆောင်ပြီး ရှင်းလင်းပြီးတဲ့အခန်းပိုင်ရှင်တွေကိုပေးမှာ ဖြစ်တယ်။ မတ်လကုန်မှပြောင်းမယ့်သူတွေကို မတ်လကုန်မှ ပေးမှာ။ ကျန်တဲ့အခန်းတွေလည်းရှိသေးတယ် ” ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ဦးခင်မောင်ဝင်း ကပြောသည်။

အဆိုပါစီမံကိန်းတစ်ခုလုံး၏ ဧရိယာမှာ (၄ ဒသမ ၆ဧက)၊ စီမံကိန်းအမျိုးအစားမှာ အငှားအိမ်ရာ၊ တန်ဖိုးလတ်/တန်ဖိုးမြှင့် အရောင်းအိမ်ရာ၊ အဆင့်မြင့်အိမ်ရာနှင့် စီးပွားရေးအဆောက်အဦများ၊ ကွန်ဒို၊ တာဝါများပါဝင်သော စီမံကိန်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းပထမအဆင့်အဖြစ် ဈေးဝယ်စင်တာ၊ ကားပါကင်ပါနှင့် လူနေတိုက်ခန်းများပါဝင်သည့် အထပ် (၁၂)ထပ်မြင့် အဆောက်အဦးကို (၂)နှစ်အတွင်းအပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တော်သစ်အိမ်ရာသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Yangon Metropolitan Development Public Co,Ltd (YMDP)မှ ကြီးကြပ်အကောင်အထည်ဖော်မည်ဖြစ်သည်။

ပြည်တော်သစ်အိမ်ရာစခန်းကို ပါလီမန်ဒီမိုကရေစီ ပြည်တော်သာစီမံကိန်းနှင့်အညီ (၁၉၅၆)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ နှစ်ပေါင်း (၆၀)နီးပါးကြာမြင့်နေပြီဖြစ်၍ ပျက်စီးယိုယွင်းလာသည့်အတွက် အသစ်ပြန်လည်တည်ဆောက် ဖြင်းဖြစ်ကြောင်းသိရသည်။ 

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service