ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ဧပြီတွင် နောက်ဆုံးအကြိမ် သီးနှံနစ်နာကြေးပေးမည်

ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ဧပြီတွင် နောက်ဆုံးအကြိမ် သီးနှံနစ်နာကြေးပေးမည် - Property News in Myanmar from iMyanmarHouse.com
22 Mar 2019 1:11 pm တွင် တင်ခဲ့သည်
2191 ကြိမ် ကြည့်ရှု့ပြီး

ဟံသာဝတီလေဆိပ် တည်ဆောက်ရေး မြေပြင်ကွင်း ဆင်းတိုင်းတာရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကျူးကျော် စိုက်ပျိုးသူများကို နောက်ဆုံးအ ကြိမ် သီးနှံနစ်နာကြေးပေးမည် ဟု ပဲခူးတိုင်းအစိုးရက သတင်းထုတ်ပြန်သည်။

စီမံကိန်း ဘဏ္ဍာနှစ် ၂ နှစ်အတွင်း ကျပ်တစ်ဘီလီယံခန့် ပေးအပ်ထားပြီး ယခုကျပ်သိန်း ၂,၀၀၀ ကျော်ကို သီးနှံနစ်နာ ကြေးအဖြစ် လူ ၁၆ ဦးကို ဧပြီ ၃ ရက်တွင် ထပ်မံပေးအပ်ရန် တိုင်းအစိုးရက ဆုံးဖြတ်ခဲ့သည်။

အဆိုပါလေဆိပ်စီမံကိန်းကို ဂျပန်နိုင်ငံ၏ နှစ်ရှည်ချေးငွေရာ ခိုင်နှုန်းပြည့်ဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ထိုသို့တည်ဆောက်ရေးလုပ်ငန်းအတွက် ဂျပန်နိုင်ငံနှင့် လေးကြိမ်ဆွေးနွေးခဲ့ပြီးဖြစ်သည် ဟု လေကြောင်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောသည်။

ဧပြီအတွင်း မြေပြင်တိုင်းတာရေး လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ပြီး လေဆိပ်ခြံစည်းရိုးခတ်ရန် ဘတ်ဂျက်ငွေလည်းရထားပြီးဖြစ်သည်ဟု ဆိုသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်း သိန်းက ဟံသာဝတီလေဆိပ်စီမံ ကိန်းသည် နိုင်ငံတော်အနာဂတ် အတွက်အရေးကြီးသည့် လိုအပ်ချက်ဖြစ်ပြီး မိမိတို့အစိုးရလက်ထက်တွင် နိုင်ငံတော်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်မည်ဟု ဆိုသည်။

၁၉၉၄ နှင့် ၂၀၁၂ တွင် လေဆိပ်စီမံကိန်းအတွင်းရှိ နေထိုင်သူများကို မြေယာလျော်ကြေးပေးထားပြီးဖြစ်၍ ယခုနေထိုင်သူ များသည် ကျူးကျော်နေထိုင်သူများသာဖြစ်သည်ဟု ဦးဝင်းသိန်း ကဆိုသည်။ သို့သော် အစိုးရက ပြည်သူများ နစ်နာမှုမရှိစေရန်သီး နှံလျော်ကြေးပေးခြင်း ဖြစ်သည် ဟု ဦးဝင်းသိန်းက ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည်ဝင်ရောက်မှု အကန့်အသတ်ရှိပြီး ပြေးလမ်းတစ်ခုသာရှိ၍လေယာဉ် ကြီးဆင်းသက်ရန် အခက်အခဲရှိသဖြင့် နိုင်ငံတကာ လေဆိပ်အသစ် တည်ဆောက်ရန် လိုအပ် ခြင်းဖြစ်သည်။

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပဲခူးမြို့ကျောက်တိုင်ရွာအနီး ဂျပန်ခေတ်လေဆိပ်သဖွယ် အသုံးပြုသော မြေဧက ၉၀၀ ကျော်၌ ဟံသာဝတီလေဆိပ်အသစ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။

စီမံကိန်းကို ဂျပန် JGC ကုမ္ပဏီ၊ စင်ကာပူမှ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီ သုံးခုပေါင်း အစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးက ၂၀၁၄ အောက်တိုဘာတွင် တင်ဒါရရှိခဲ့သည်။

ထိုတင်ဒါအောင်ထားမှု သဘောတူညီချက်သက်တမ်းသည် ၂၀၁၈ ဇန်နဝါရီ၌ ကုန်ဆုံးခဲ့သည်။ ဟံသာဝတီ လေဆိပ်စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် သဘောတူညီချက် သက်တမ်းကုန်ဆုံးပြီဖြစ်သော်လည်း ညှိနှိုင်းမှု အဆင်မပြေ၍ သက်တမ်းမတိုးနိုင်သေးကြောင်း စင်ကာပူ Yongnam Holdings ကုမ္ပဏီက ၂၀၁၈ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service