La La Land ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ အမေရိကန်သရုပ်ဆောင်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိစံအိမ် အရောင်းဈေးကွက်ဝင်လာ

La La Land ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ အမေရိကန်သရုပ်ဆောင်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိစံအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
22 Mar 2019 12:55 pm တွင် တင်ခဲ့သည်
815 ကြိမ် ကြည့်ရှု့ပြီး

တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်

ဈေးနှုန်း-ကန်ဒေါ်လာ ၃ ဒသမ ၈၉၉ သန်း

အကျယ်အဝန်း- စတုရန်းပေ ၃၈၆၂ ၊ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း

La La Land ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆုရခဲ့သူ အမေရိကန်သရုပ်ဆောင်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိစံအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

အင်မာစတုန်းကို အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့တွင် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် မွေးဖွားသည်။

ကလေးဘဝကတည်းကပင် သရုပ်ဆောင်လောကသို့ စတင်ခြေချခဲ့သူ အင်မာစတုန်းသည် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အော်စကာဆု၊ BAFTA ဆု၊ ရွှေကမ္ဘာလုံးဆုတို့ အပါအဝင် ဆုပေါင်းများစွာရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် သရုပ်ဆောင်ကြေး အမြင့်မားဆုံးရုပ်ရှင်မင်းသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်များတွင် Forbes Celebrity 100 စာရင်းတွင် ဖော်ပြခံရပြီး တိုင်းမ်မဂ္ဂဇင်းကြီးကလည်း ကမ္ဘာပေါ်တွင် သြဇာအလွှမ်းဆုံး ပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းတွင် အင်မာစတုန်းကို ထည့်သွင်းဖော်ပြခဲ့ကြသည်။

အင်မာစတုန်း၏ ယခုရောင်းချသည့် လော့စ်အိန်ဂျလိနေအိမ်တွင် အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၄ ခန်းပါဝင်ပြီး ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄၇၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၈၆၂ ရှိပြီး ကန်ဒေါ်လာ ၃ ဒသမ ၈၉၉ သန်းဈေးခေါ်ထားသည်ဟု ဆိုသည်။

အဆိုပါနေအိမ်တွင် အင်မာစတုန်းမတိုင်မီက ဗြိတိသျှရုပ်ရှင်မင်းသား ဂျူဒလေမိုးလည်း နေထိုင်ခဲ့ဖူးသည်။

မြင့်မားသည့် အုတ်တံတိုင်းကာရံထားပြီး ကင်မရာများ၏ ရန်မှအကာအကွယ်ပေးပြီး ဂိတ်တံခါးလည်း ထားရှိထားပြီး ဆိတ်ငြိမ်အေးချမ်းသည့်နေရာတစ်ခု ဖြစ်သည်။

ယင်းနေအိမ်ကို အင်မာစတုန်းအား ရောင်းချခဲ့သူမှာ အော်စကာဆုရ သြစတေးလျ ရုပ်ရှင်တည်းဖြတ်သူ ကာ့ခ် ဘက်ဇ်တာဖြစ်သည်။

ထိုအချိန်က အင်မာစတုန်းသည် ၂၀၁၉ ခုနှစ်အတွက် အော်စကာဆု အမည်စာရင်းတင်သွင်းခံထားရသူ ရုပ်ရှင်သရုပ်ဆောင် အင်ဒရူး ဂါးရ်ဖီးနှင့် ချစ်ကြိုက်နေချိန်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service