နယူးယောက်တွင် အိမ်ငှားရန်အခန်းရှာနေသော ဂျပ်စတင်ဘီဘာနှင့် ဇနီး ဟိုင်လေ ဘော်လ်ဒွင်တို့ စုံတွဲ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူလိုက်ပြီ

နယူးယောက်တွင် အိမ်ငှားရန်အခန်းရှာနေသော ဂျပ်စတင်ဘီဘာနှင့် ဇနီး ဟိုင်လေ ဘော်လ်ဒွင်တို့ စုံတွဲ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
22 Mar 2019 12:49 pm တွင် တင်ခဲ့သည်
1364 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် လူငယ်တေးသံရှင်၊ ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာသည် ဆလီနာဂိုမက်ဇ်နှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်းတွင် ဟိုင်လေ ဘော်လ်ဒွင်နှင့် လက်ထပ်ခဲ့ပြီး နယူးယောက်မြို့တွင် ပြီးခဲ့သော ရက်သတ္တပတ်အတွင်းကပင် နေအိမ်ခန်း ငှားရမ်းရန် လိုက်လံရှာဖွေနေ ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သေးသည်။

အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/814106 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

ယခုအခါတွင်ကား ဂျပ်စတင်ဘီဘာတို့ စုံတွဲသည် လော့စ်အိန်ဂျလိတွင် ချစ်ဗိမ္မာန်တစ်ခု ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။

ဂျပ်စတင်ဘီဘာသည် ကြင်စဦးဇနီးနှင့်အတူ နေထိုင်မည့် ဘီဗာလီဟေးလ်စံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း လော့စ်အိန်ဂျလိတိုင်းမ် သတင်းတစ်ရပ်တွင်လည်း ဖော်ပြသည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်သော ဂျပ်စတင်ဘီဘာသည် လော့စ်အိန်ဂျလိတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော်လည်း ၂၀၁၂ ခုနှစ်တွင် ကာလာဘာဆက်စ်နေအိမ်ကို ရောင်းထုတ်ခဲ့ပြီး ယခုဝယ်ယူမှုမှာ လော့စ်အိန်ဂျလိတွင် ပထမဆုံးပြန်လည်ခြေချခြင်းလည်း ဖြစ်သည်။

စိတ်ဝင်စားဖွယ်ကောင်းသည်ကား ဂျပ်စတင်ဘီဘာ၏ မြေထဲပင်လယ်ဗိသုကာဟန်နေအိမ်ကို ဝယ်ယူခဲ့သူမှာ ခလို ကာဒါရှီယန်ဖြစ်ပြီး ကန်ဒေါ်လာ ၇ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဂျပ်စတင်ဘီဘာ၏ နေအိမ်သည် ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် မွန်တီရေး ကိုလိုနီ ဗိသုကာဟန်ဖြစ်ပြီး မကြာသေးမီကမှ ပြန်လည်မွမ်းမံထားကာ မိသားစုတစ်ခုက နှစ်ပေါင်း ၅၀ ခန့် ပိုင်ဆိုင်ထားခဲ့သည်။နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၆၁၀၀ ခန့်ရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ စာကြည့်တိုက်တစ်ခုနှင့် အိမ်တွင်း ရုပ်ရှင်ရုံတို့ ပါဝင်သည်။

အိမ်တွင်းပိုင်း မွမ်းမံမှုမှာ ကယ်လီဖိုးနီးယားပြည်နယ်၏ ဂန္ထဝင်ဟန်မျိုးမွမ်းမံထားပြီး ငှက်ပျောရွက်ပုံ wallpaper များလည်း တွေ့ရသည်။

မီးဖိုးဆောင်တွင် နောက်ဆုံးပေါ်အဆင့်မြင့်ပစ္စည်းများ ထည့်သွင်းပေးထားပြီး မီးဖိုဆောင်အလယ် ချက်ပြုတ်ရန်နေရာမှာ ကျယ်ဝန်းလှကာ စားသောက်ရန်နေရာကိုလည်း ထည့်သွင်းပေးထားသည်။

ဧည့်သည်များကို ဧည့်ခံရန်အတွက် ဝိုင်သိုလှောင်ခန်းတစ်ခုနှင့် အရက်ဘားတို့လည်း ပါဝင်သည်။နေအိမ်ပြင်ပတွင် နားနေရန်နေရာတစ်ခုနှင့် အကင်ပြုလုပ်ရန် မီးဖိုနေရာတို့ တွေ့ရပြီး ရင်သပ်ရှုမောဖွယ် ရေကူးကန်ကို အပေါ်စီးမှ တွေ့မြင်နေရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service