ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရန် ဧရိယာ ငါးခု ပိုင်းခြားထားပြီး ဒဂုံမြို့သစ် လေးမြို့နယ် အပါအဝင် မြို့နယ် ၁၀ မြို့နယ်ကို လူနေသိပ်သည်းမှု မြှင့်တင်ရန် သတ်မှတ်

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရန် ဧရိယာ ငါးခု ပိုင်းခြားထားပြီး ဒဂုံမြို့သစ် လေးမြို့နယ် အပါအဝင် မြို့နယ် ၁၀ မြို့နယ်ကို လူနေသိပ်သည်းမှု မြှင့်တင်ရန် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
21 Mar 2019 12:30 pm တွင် တင်ခဲ့သည်
2837 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရန် ဧရိယာ ငါးခု ပိုင်းခြားထားပြီး ဒဂုံမြို့သစ်လေးမြိုနယ် အပါအဝင် မြို့နယ် ၁၀ မြို့နယ်အား လူနေသိပ်သည်းမှု မြှင့်တင်ရန် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးမှု စနစ်တကျဖြစ်ထွန်းစေရေး သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေမည့် ထိန်းညှိစနစ်တစ်ခု ပေါ်ထွန်းလာစေရန်အလို့ငှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၀/၂၀၁၈)၊ ဆုံးဖြတ်ချက်အရ ဧရိယာငါးခု ခွဲခြားသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဧရိယာ ငါးခုမှာ လှော်ကား၊ ကန်တော်ကြီး၊ အင်းလျားကန် အစရှိသည့် ရေပြင်၊ စိမ်းလန်းမြေနှင့် ပန်းခြံနေရာများကို မြို့ပြ သဘာဝပတ်ဝန်းကျင်စနစ်ကို ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရန် ရည်ရွယ် သတ်မှတ်ထားသည့် ဧရိယာ (Conservation Area) အဖြစ် သတ်မှတ်ထားပြီး မြို့ပြဖွံ့ဖြိုးမှုအား ထိန်းညှိနိုင်ရန် သတ်မှတ်ထားသည့် ဧရိယာများနှင့် သမိုင်းဝင် အမွေအနှစ်များ စုဝေးတည်ရှိရာ ဧရိယာ (Development Controlled Area) အဖြစ် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင် စသည့် မြို့လယ် ခြောက်မြို့နယ်နှင့် ဆိပ်ကမ်းမြို့နယ်၊ ရွှေတိဂုံဘုရားပတ်ဝန်းကျင်၊ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်မြို့နယ် ဧရိယာများ အပါအဝင် သီးခြား အမိန့်ကြော်ငြာစာများဖြင့် သတ်မှတ်ပေးမည့် ဧရိယာများကို သတ်မှတ်ခဲ့ကြောင်း သိရသည်။

လူနေသိပ်သည်းမှုကို မြှင့်တင် ဆောင်ရွက်သွားရန် သတ်မှတ်ထားသည့် ဧရိယာ (Guided Densification Area) အဖြစ် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (အရှေ့) မြို့နယ်၊ ဒဂုံမြို့သစ်(တောင်) မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်) မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရွှေ ပြည်သာ၊ လှိုင်သာယာမြို့နယ်တို့အား သတ်မှတ်ခဲ့ပြီး မြို့ပြဖွံ့ဖြိုးမှုအား တိုးမြှင့်ဆောင်ရွက်သွားရန် သတ်မှတ်ထားသည့် ဧရိယာ (Development Promotion Area) အဖြစ် အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနှင့် မြို့ပြဖွံ့ဖြိုးမှုများ စနစ်တကျ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာအောင် သတ်မှတ်ထားသည့် ဧရိယာ (Redevelopment and Upgrade Area) များအဖြစ် လှိုင်၊ ရန်ကင်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းတို့အား သတ်မှတ်ထားကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service