ကန်တော်ကြီး ငါးပြတိုက်စီမံကိန်းကို ယခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားဟုဆို

ကန်တော်ကြီး ငါးပြတိုက်စီမံကိန်းကို ယခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားဟုဆို - Property News in Myanmar from iMyanmarHouse.com
21 Mar 2019 12:08 pm တွင် တင်ခဲ့သည်
3298 ကြိမ် ကြည့်ရှု့ပြီး

ကန်တော်ကြီး ငါးပြတိုက် စီမံကိန်းကို ယခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

နိုင်ငံတကာအဆင့်မီ Myanmar Aquariums ငါးပြတိုက် တည်ဆောက်ပြီးစီးပါက လာရောက် ကြည့်ရှုကြမည့် ပြည်သူများအတွက် ငါးပြတိုက်အဝင်ဝ၌ ငါးအမျိုးအစားများအကြောင်းနှင့် ပြကွက်များကို ရှင်းလင်းပြောကြားပေးခြင်း၊ အချို့ငါးပြကွက်များရှိ ငါးများကို ကလေးငယ်များက ကိုယ်တိုင် လက်ဖြင့် ပျော်ရွှင်မြူးထူးစွာ ဆော့ကစားနိုင်အောင် စီစဉ်ထားခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါ နိုင်ငံတကာအဆင့်မီ Myanmar Aquariums ငါးပြတိုက် စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။

Myanmar Aquariums “ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးသိန်းဇော်က “လက်ရှိ ရှိနေတဲ့ ငါးလေးတွေကို ကျွန်တော်တို့က ထိန်းသိမ်းထားပါတယ်။ နဂိုမူလရှိနေတဲ့ ငါးပြတိုက်နေရာကို ဖျက်ပြီး အစအဆုံး ပြန်ဆောက်လုပ်လိုက်တာပါ။ နောက်တစ်ခု တစ်မူထူးခြားတာကတော့ ဒီပြတိုက်မှာ နိုင်ငံတကာအဆင့်မီ ရေအောက်ဥမင်လည်းပါပြီး တကယ့် ပင်လယ်ရေအောက် ရောက်သွားသလိုမျိုး ခံစားနိုင်အောင် ဆောင်ရွက်ထားပါတယ်”ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Myanmar Aquariums ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောက်လုပ်လျက်ရှိသော ကန်တော်ကြီး နတ်မောက်လမ်း၌ ဆောက်လုပ်နေသည့် နိုင်ငံတကာအဆင့်မီ Myanmar Aquariums ငါးပြတိုက်ကို ပြည်တွင်းပြည်ပ အများပြည်သူများ လေ့လာ ကြည့်ရှုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငါးပြတိုက်ကို စင်ကာပူနိုင်ငံရှိ Surbana က ဒီဇိုင်း ရေးဆွဲထားခြင်းဖြစ်ပြီး ငါးပြတိုက် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် Myanmar Aquariums ကုမ္ပဏီလီမိတက်တို့က နှစ်ရှည်ငှားရမ်း စာချုပ်ဖြင့် တွဲဖက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်တော်ကြီးအတွင်းရှိ မြေငါးဧကကို နိုင်ငံတကာအဆင့်မီ ငါးပြတိုက် ဆောက်လုပ်ရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခင် ကနဦး ငါးပြတိုက်မှာ ရေချိုငါးဥယျာဉ်သာ ဖြစ်ပြီး လက်ရှိ Myanmar Aquariums ကုမ္ပဏီလီမိတက်က ဆောက်လုပ်နေသော ငါးပြတိုက်တွင် ရေချို၊ ရေငန် နှစ်မျိုးနှစ်စား ပါဝင်သော ငါးပြတိုက် ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ မြောက်ဖျားဒေသ ဖြစ်သော မေခ၊ မလိခမြစ်များမှ စီးဆင်းလာသည့် ရေချိုငါး အမျိုးအစားများ၊ ရခိုင်ကမ်းရိုးတန်း ပင်လယ်ဒေသရှိ ငါးအမျိုးအစားများ၊ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ငါးများကို Myanmar Aquariums ငါးပြတိုက်အတွင်း ထည့်သွင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း ပြကွက်များအတွက် ပြည်တွင်းငါးများကို စုဆောင်းမည်ဖြစ်ပြီး ပင်လယ်ငါးများ စုဆောင်းရန်အတွက် ပြည်ပမှ မှာယူမည် ဖြစ်ကြောင်း၊ အဆောက်အအုံ ပုံစံသစ်သည် Steel Structure နှစ်ထပ်ခွဲ အမျိုးအစားဖြစ်ပြီး ငါးပြကွက်ပေါင်း ၂၀ ကျော် ပါဝင်ပြသမည် ဖြစ်သည်။

ထို့ပြင် ပြည်တွင်းပြကွက်အတွက် ငါးအမျိုးအစားပေါင်း ထောင်ချီပြသမည် ဖြစ်ကြောင်း၊ ပြည်ပ ပြကွက်အတွက်လည်း ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ အမျိုးအစားများ ထည့်သွင်းပြသမည် ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service