အမေရိကတွင် တန်ဖိုးနည်းအိမ်ရာအကျပ်အတည်း ဆိုးရွားနေချိန်တွင် ဒေါ်နယ်ထရမ့်က အိမ်ခြံမြေကဏ္ဍ အသုံးစရိတ် ဖြတ်တောက် လိုက်ပြန်

အမေရိကတွင် တန်ဖိုးနည်းအိမ်ရာအကျပ်အတည်း ဆိုးရွားနေချိန်တွင် ဒေါ်နယ်ထရမ့်က အိမ်ခြံမြေကဏ္ဍ အသုံးစရိတ် ဖြတ်တောက် လိုက်ပြန် - Property News in Myanmar from iMyanmarHouse.com
21 Mar 2019 12:03 pm တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စုတွင် တန်ဖိုးနည်းအိမ်ရာအကျပ်အတည်း ဆိုးရွားလျက်နေချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ခြံမြေကဏ္ဍ ဘတ်ဂျက်ကို ဖြတ်တောက်လိုက်ရာ အစိုးရ၏ကူပံ့မှုမရှိသောကြောင့် ပိုမိုဆိုးရွားလာလျက်ရှိကြောင်း အမေရိကန်အမျိုးသား ဝင်ငွေနည်းပါးသည့် မိသားစုများ ညွန့်ပေါင်းအဖွဲ့ (NLIHC ) က ထုတ်ပြန်သည်။

ယနေ့အချိန်တွင် အမေရိကန်ပြည်သူ ၈ သန်းကျော်သည် ဝင်ငွေ၏ ထက်ဝက်ကျော်ကို နေရေးအတွက် အသုံးပြုနေကြရသည်။

အိမ်ငှားခဝန် ကြီးလေးစွာပိနေကြသော ပြည်သူများသည် လစဉ် အစားအသောက်၊ ခရီးစရိတ်နှင့် ကျန်းမာရေးကဏ္ဍတို့အတွက် သုံးစွဲရန် ငွေအနည်းငယ်သာ ကျန်ရှိသည့် အခြေအနေနှင့် ရင်ဆိုင်ရလျက်ရှိသည်။

အမေရိကန်ပြည်ရှိ မည်သည့် ပြည်နယ်၊ မြို့ကြီးများတွင်မျှ ဝင်ငွေအလွန်နည်းပါးသော မိသားစုများအတွက် လုံလောက်သည့် အိမ်ရာရရှိနိုင်သည့် အခြေအနေ ရှိမနေချေ။

ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုတည်းတွင်ပင်လျှင် လူနေခန်းပေါင်း ၁ သန်းခန့် လိုအပ်နေသည်။

ထရမ့်အစိုးရက နောက်ဆုံးထုတ်ပြန်လိုက်သည့် ဘတ်ဂျက်ငွေ အဆိုပြုစာရင်းအရ အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးရေးဌာန (HUD) ၏ အသုံးစရိတ်ကို ၁၆ ရာခိုင်နှုန်းအထိပင် လျှော့ချထားသေးသည်။

အဆိုပါ ဘတ်ဂျက်စာရင်းအရဆိုလျှင် အများပြည်သူဆိုင်ရာ အိမ်ရာများ ဆောက်လုပ်ခြင်း၊ ရှိရင်းစွဲ အိမ်ရာများ ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် များစွာအထိနာစေမည် ဖြစ်သည်။

သို့ရာတွင် ဒီမိုကရက်ပါတီမှ သမ္မတလောင်းများဖြစ်သော အဲလစ်ဇဘက် ဝါရန်နှင့် ကမလာ ဟားရစ်တို့က အဆိုပြုထားသော အိမ်ရာစီမံကိန်းများမှာမူ ရဲရင့်လှသည့် ခြေလှမ်းများဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာအတွင်း ထိုသို့သော စီမံကိန်းမျိုး မတွေ့ဖူးသေးကြောင်း၊ မိမိတို့တွင် အရင်းအမြစ်များရှိသော်လည်း နိုင်ငံရေး စေတနာမှာမူ ကင်းမဲ့နေကြောင်း NLIHC ၏ ဥက္ကဌ ဒိုင်ယာနီ ယန်တယ်လ်က ပြောကြားသည်။

အမေရိကတွင် မိသားစုလေးဦးရှိပြီး နှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာ ၂၅၇၅၀ သာရှိသော မိသားစုတို့ကို ဝင်ငွေ အလွန်နည်းပါးသော မိသားစုဟု သတ်မှတ်သည်။

ဥပမာအားဖြင့် မိသားစုဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၁၈၃၉ သာ လစဉ်ဝင်ငွေရှိသော လူ ၄ ဦးရှိ မိသားတစ်ခုသည် အိပ်ခန်း ၂ ခန်းပါလူနေခန်းကို ငှားရမ်းပြီးလျှင် အသုံးစရိတ်အတွက် ကန်ဒေါ်လာ ၆၉၀ သာ ကျန်ရှိတော့မည် ဖြစ်သည်။ ထိုသို့ ဝင်ငွေအလွန်နည်းပါးသော မိသားစုပမာဏမှာ ဆက်လက်မြင့်တက်လာနေလျက်ရှိသည်။

အမေရိကတွင် အငှားလူနေခန်း ၁၀၀ ရှိလျှင် ဝင်ငွေအလွန်နည်းပါးသည့် မိသားစုများ ငှားရမ်းနိုင်သည့် အခန်းပမာဏမှာ ၃၇ ခန်းသာရှိသည်။

ဝင်ငွေအလွန်နည်းပါးသူများအနက် ၄၈ ရာခိုင်နှုန်းမှာ မသန်စွမ်းသော သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။

၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ပြည်တစ်ဝန်းတွင် ဝင်ငွေအလွန်နည်းပါးသူတို့အတွက် ငှားရမ်းရရှိနိုင်သည့် အခန်းပမာဏမှာ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

မြို့ကြီးပြကြီးများစွာတွင် အဆိုပါအခြေအနေမှာ ပိုမို၍ ဆိုးရွားလာနေသည်။

ဟတ်စတန်၊ လော့စ်အိန်ဂျလိ၊ လာ့စ်ဗီးဂပ်စ်နှင့် အော်လန်ဒိုမြို့ကြီးများတွင် တန်ဖိုးနည်းအိမ်ခန်း ငှားရမ်းရရှိနိုင်မှုမှာ ဈေးကွက်တွင် ရှိသည့် အခန်းပမာဏ၏ ၂၀ ရာခိုင်နှုန်းပင် မရှိချေ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service