တိုက္ခန္းဝယ္တဲ့အခါ ေစ့စပ္ေသခ်ာပါ

တိုက္ခန္းဝယ္တဲ့အခါ ေစ့စပ္ေသခ်ာပါ - Property Knowledge in Myanmar from iMyanmarHouse.com
7 Mar 2019 12:25 pm တွင် တင်ခဲ့သည်
22596 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

#Zawgyi#

“ ဆရာေရ ဒီကေန ေဒါပံုျမိဳ႕နယ္မွာ တိုက္ခန္းတစ္ခန္းဝယ္ဖို႕ သြားၾကည့္ထားတယ္။ ( ၁၈ ေပx ၅၇ ေပ) ဆိုေတာ့ ဝယ္မယ့္သူကလည္း အရမ္းၾကိဳက္ေနတယ္။ေနရာကလည္း မဟာဗႏၶဳလတံတားဆင္းတာနဲ႕ ေဒါပံု ေရာက္ျပီေလ။ ရန္ကုန္ျမိဳ႕ထဲ လာမယ္ဆိုရင္လည္း ဗႏၶဳလတံတားေက်ာ္တာနဲ႕ ျမိဳ႕ထဲ ေရာက္ျပီး။ဒါေပမဲ့ တိုက္ခန္းပိုင္ရွင္က ကြယ္လြန္သြားျပီး။မေသမီမွာ တူအရင္း ဦးပဥၨင္းတစ္ပါးကို ေရစက္ခ်လွဴခဲ့တာ။ ပိုင္ရွင္က အပ်ိဳၾကီးဘဝနဲ႔ ကြယ္လြန္သြားတာလို႕ ေျပာတယ္။ အဲဒါ ေရွ႕ေျပးအေနနဲ႕ စာရြက္စာတမ္း စစ္ေဆးေပးဖို႕ ဆရာတစ္ခါတည္း လိုက္ခဲ့ေပးပါ။အဆင္ေျပတယ္ဆိုရင္ စရန္ေငြေပးမယ္။ စဥ္းစားရဦးမယ္ဆိုရင္လည္း ျပန္လာၾကတာေပါ့ ”ဟု ဖုန္း ေျပာလာသူကေတာ့ အိမ္ျခံေျမအက်ိဳးေဆာင္ ေအးေအးခ်စ္ပါ ။

“ ဟုတ္ျပီေလ။ (၃)နာရီေနာက္ပိုင္းဆိုရင္ ဆရာ အားလပ္သြားျပီဆိုေတာ့ သြားၾကည့္ၾကတာေပါ့ ” ဟု ကၽြႏု္ပ္က ကတိေပးလုိက္ပါတယ္။ခ်ိန္းထားတဲ့အခ်ိန္မွာပဲ ေအးေအးခ်စ္တို႕ဇနီးေမာင္နွံ ကားနဲ႕ကၽြႏ္ုပ္ရုံးေရွ႕မွာ လာေစာင့္ေနၾကတယ္။ ကၽြႏု္ပ္လည္း ရုံးအိတ္ဆြဲျပီး သူတို႕နဲ႕အတူ ေဒါပံုကို လိုိက္သြားခဲ့ပါတယ္။ စာရြက္စာတမ္း ၾကည့္ဖုိ႕က ဘုန္းၾကီးေက်ာင္းမွာလို႕ ထင္ထားေပမယ့္ တကယ္ခ်ိန္တဲ့ေနရာက ေဒါပံုတရားရုံးေရွ႕က ေရွ႕ေနမ်ား ရုံးေရွ႕မွာ ျဖစ္ေနတယ္။

ေရာင္းမယ္ ဦးပဥၨင္းလည္း အရင္ေရာက္ေနတာကို ေတြ႕ရတယ္။ ေရာင္းမယ့္တိုက္ခန္းနဲ႕ သက္ဆိုင္တဲ့ ဂရန္စာခ်ဳပ္စာတမ္းေတြကိုက်ေတာ့ ေရွ႕ေနက ထုတ္ျပတယ္။ ဦးပၪၨင္းက ကပၸိယဒကာကို အပ္ႏွံထားတာလို႕ သိလိုက္ရပါတယ္။ ပထမဆံုးထုတ္ျပတာကေတာ့ ဦးပဥၨင္းကို ေျမရွင္ဒကာမၾကီးဟာ လွဴဒါန္းထားတဲ့ စာခ်ဳပ္ ျဖစ္ပါတယ္။ စာခ်ဳပ္ထဲမွာ ဖတ္ၾကည့္ရတာကေတာ့ ဦးပဥၹင္း လိုသလိုစီမံခန္႔ခြဲႏိုင္ေအာင္ “ ပုဂၢလိကဒါန ” လွဴဒါန္းထားတာကို ေတြ႕ရတယ္။ “ သံဃိကဒါန ” လွဴဒါန္းထားတဲ့ အေထာက္အထားေတြ မေတြ႕ရဘူးဆိုေတာ့ ဦးပဥၹင္းက ေရာင္းခြင့္ရွိတာကို ေတြ႕ရတယ္။ စာခ်ုဳပ္ကေတာ့ “ တိုက္ခန္းလွဴဒါန္းျခင္းကတိစာခ်ဳပ္ ”ျဖစ္ပါတယ္။ ေရွ႕ေနကပဲ ခ်ဳပ္ေပးထားတဲ့ စာခ်ဳပ္မ်ိဳး ျဖစ္ပါတယ္။

ေနာက္ဆက္တြဲ သိထားရမယ့္ ဆက္စပ္စာခ်ဳပ္မ်ား

တိုက္ခန္းအေရာင္းအဝယ္ လုပ္တဲ့အခါ ဝယ္သူဘက္ကို တိုက္ခန္းလွဴဒါန္းတဲ့ စာခ်ဳပ္တစ္ခုတည္းျပရုံနဲ႕ မလံုေလာက္ပါဘူး။ BCC လက္မွတ္မူရင္းကို မျမင္ဖူးၾကသူမ်ားတယ္။ မိတၱဴပဲ ကိုင္ထားၾကရတယ္။

ဟုတ္ျပီး။ BCC လက္မွတ္ထုတ္ျပတာနဲ႕ အဲဒီလူေနထိုင္ခြင့္ လက္မွတ္ကို ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၊ အင္ဂ်င္နီယာ ၊ အေဆာက္အအံုဌာန (ယာ/အံု)က ထုတ္ေပးတာ မွန္ရဲ႕လားလို႕ ၾကည့္ရျပန္တယ္။ဘာေၾကာင့္လဲဆိုေတာ့ လူေနထိုင္ခြင့္ လက္မွတ္(မူရင္း)ဆိုတာ တိုက္ေဆာက္လုပ္တဲ့ ေျမရွင္ကိုသာ ထုတ္ေပးတာေလ။ ကန္ထရုိက္နဲ႕ မဆိုင္ဘူး။မ်ားေသာအားျဖင့္ေတာ့ ကန္ထရုိက္တာေတြက လုပ္ငန္းေခ်ာေမြ႕ေစရန္ ေျမရွင္ဆီက (Special Power သို႕မဟုတ္ General Power ) တစ္ခုခုယူထားျပီး တိုက္ေဆာက္ၾကတယ္။ဒါေၾကာင့္ BCC လက္မွတ္မွာ ၾကည့္လိုက္ရင္ ေျမရွင္ရဲ႕ ကိုယ္စား ကန္ထရုိက္တာဆိုသူရဲ႕ နာမည္ပါလာတတ္တယ္။ (ေျမရွင္ကိုယ္တိုင္ စည္ပင္မွာလိုက္မလုပ္ႏိုင္လို႕ပါ။)

BCC လူေနထိုင္ခြင့္လက္မွတ္စာရြက္က သာမာန္ၾကည့္ရင္ေတာ့ ဘာမွအေရးမပါေလာက္ဘူးလို႕ ထင္ရတယ္။ တကယ္ေတာ့ အဲဒီစာရြက္ထဲမွာ ေျမအမည္ေတြ တစ္ခါတည္း ပူးတြဲေဖာ္ျပထားတာကို ေတြ႕ရတယ္။ အဲဒီလို ၾကည့္လိုက္တဲ့အခါမွာ ေျမအမည္ေပါက္ တစ္ဦးတည္း မဟုတ္ဘဲ (၂)ဦးအမည္ေပါက္ျဖစ္ေနတာကို ေတြ႕ရတယ္။ ဒါဆိုရင္ ဂရန္ျပပါဆိုျပီး ေတာင္းယူၾကည့္ရတယ္။

ဂရန္မွာ အမည္ေပါက္နွစ္ဦးရွိရင္ အမည္ေပါက္ (၂)ဦးနဲ႕ ကန္ထရုိက္တာအပါအ၀င္ (၃)ဦးက အခန္းေပးအခန္းယူစာခ်ဳပ္ခ်ဴပ္ရတယ္ေလ။ ဒါဆိုရင္ ေျမရွင္နဲ႕ ကန္ထရုိက္တာ အခန္းေပးအခန္းယူ စာခ်ဳပ္ မူရင္းကို ေတာင္းၾကည့္တဲ့အခါ ေျမရွင္တစ္ဦးတည္းနဲ႕ ကန္ထရုိက္တာတို႕ နွစ္ဦးသေဘာတူစာခ်ဳပ္ ခ်ဳပ္ထားတာကို ေတြ႕ရျပန္တယ္။ ဒါဆိုရင္ ဂရန္မွာ (၂)ဦးအမည္ေပါက္ ျဖစ္ပါလ်က္နဲ႕ ဘာျဖစ္လို႕ေျမရွင္နဲ႕ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မွာ ေျမရွင္တစ္ဦးတည္း ျဖစ္ေနရတာလဲ သိဖို႕လိုေနျပန္တယ္။

ေမးၾကည့္ေတာ့ အမည္ေပါက္တစ္ဦးက အျပီးေရာင္းသြားလို႕ အခုေျမရွင္ကျပန္ျပီး ဝယ္ထားတာလို႕ ေျပာပါတယ္။အဲဒီအရပ္ကတိ အေရာင္းအဝယ္စာခ်ဳပ္ျပပါဆိုေတာ့ ေလာေလာဆယ္ ယူမလာခဲ့ေသးဘူးလို႕ သူ႕ေရွ႕ေနက ေျပာပါတယ္။ ျပီးေတာ့ ေျမရွင္နဲ႕ ကန္ထရုိက္တာတို႕နွစ္ဦးသေဘာတူစာခ်ဳပ္အရ ေျမရွင္က အခန္း (၄) ခန္း ရရွိခဲ့ေပမယ့္လို႕ ေျမရွင္မေသမီက ေဆးကုသစရိတ္နဲ႕ အလွဴအတန္းလုပ္ခဲ့လို႕ (၂)ခန္းကို ေရာင္းျပီးထားျပီး။ အခု (၂)ခန္းပဲ က်န္ေတာ့တယ္။

အဲဒီ (၂)ခန္းစလံုး ေျမရွင္မကြယ္လြန္မွီ ကေလးမွာ ဦးပဥၹင္းကို လွဴဒါန္းခဲ့တယ္။အခု ဦးပဥၨင္းေရာင္းမယ့္ အခန္းကလည္းေျမရွင္ဒကာမၾကီး ေဆးရုံတက္စဥ္ကုန္က်ခဲ့တဲ့ ေခ်းငြေတြျပန္ဆပ္ဖို႕လို႕ ဆိုပါတယ္။ တစ္ခန္းကို ေရာင္းျပီး တစ္ခန္းကို ခ်န္ထားမယ္သေဘာပါပဲ။

ဒါေတြအားလံုး ဆက္စပ္ၾကည့္လိုက္ရင္ အခုဝယ္ယူရမယ့္အခန္းက ဘုန္းၾကီးကို ေရစက္ခ်လွဴဒါန္းထားတဲ့ အခန္း (၂) ခန္းအနက္ တစ္ခန္းကို ဝယ္ယူရမွာျဖစ္တယ္။ ေျမအမည္ေပါက္ (၂)ဦး ျဖစ္ပါလ်က္ တစ္ဦးတည္းနဲ႕ ခ်ဳပ္ဆိုထားတယ္။ ေျမရွင္နဲ႕ တစ္ျခမ္းေပး တစ္ျခမ္းယူ စာခ်ဳပ္ခ်ဳပ္ဆိုထားတာ ျဖစ္တယ္။ BCC လူေနထိုင္ခြင့္ လက္မွတ္လည္း ရထားျပီး ျဖစ္တာကို ေတြ႕ရတယ္။

ဝယ္မယ္ဆိုရင္လည္း ပုဂၢလိကေရစက္ခ်လွဴထားတဲ့ တိုက္ခန္းျဖစ္တဲ့အတြက္ ဘုန္းၾကီးထံ ျပန္ဝယ္လို႕ ရပါတယ္။ အဲ့….တစ္ခုေတာ့ ရွိတာေပါ့။ေျမရွင္ (၂)ဦး နဲ႕ စာခ်ဳပ္ရမွာကို တစ္ဦးတည္းနဲ႕ ကန္ထရုိက္တာက စာခ်ဳပ္ထားတာကိုေတာ့ ျပႆနာျဖစ္ရင္ ေျမရွင္အခ်င္းခ်င္းပဲ ရွင္းေပါ့။ အဲဒီလို ရွိတဲ့အေၾကာင္း ဝယ္သူေရာက္လာတဲ့အခါမွာ ရွင္းျပလိုက္ေတာ့ စိတ္ညစ္သြားပံုရပါတယ္။ “ ကၽြန္ေတာ္စဥ္းစားပါရေစဦးဗ်ာ ” ဆိုလို႕ ကၽြန္ေတာ္တို႕လည္း စရန္ေပးစာခ်ဳပ္ မခ်ဳပ္ျဖစ္ဘဲ ျပန္ခဲ့ရပါေတာ့တယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက  iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ  09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။

သုခီ အတၱာနံ ပရိဟႏၱဳ

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

#Unicode#

“ ဆရာရေ ဒီကနေ ဒေါပုံမြို့နယ်မှာ တိုက်ခန်းတစ်ခန်းဝယ်ဖို့ သွားကြည့်ထားတယ်။ ( ၁၈ ပေx ၅၇ ပေ) ဆိုတော့ ဝယ်မယ့်သူကလည်း အရမ်းကြိုက်နေတယ်။နေရာကလည်း မဟာဗန္ဓုလတံတားဆင်းတာနဲ့ ဒေါပုံ ရောက်ပြီလေ။ ရန်ကုန်မြို့ထဲ လာမယ်ဆိုရင်လည်း ဗန္ဓုလတံတားကျော်တာနဲ့ မြို့ထဲ ရောက်ပြီး။ဒါပေမဲ့ တိုက်ခန်းပိုင်ရှင်က ကွယ်လွန်သွားပြီး။မသေမီမှာ တူအရင်း ဦးပဉ္ဇင်းတစ်ပါးကို ရေစက်ချလှူခဲ့တာ။ ပိုင်ရှင်က အပျိုကြီးဘဝနဲ့ ကွယ်လွန်သွားတာလို့ ပြောတယ်။ အဲဒါ ရှေ့ပြေးအနေနဲ့ စာရွက်စာတမ်း စစ်ဆေးပေးဖို့ ဆရာတစ်ခါတည်း လိုက်ခဲ့ပေးပါ။အဆင်ပြေတယ်ဆိုရင် စရန်ငွေပေးမယ်။ စဉ်းစားရဦးမယ်ဆိုရင်လည်း ပြန်လာကြတာပေါ့ ”ဟု ဖုန်း ပြောလာသူကတော့ အိမ်ခြံမြေအကျိုးဆောင် အေးအေးချစ်ပါ ။

“ ဟုတ်ပြီလေ။ (၃)နာရီနောက်ပိုင်းဆိုရင် ဆရာ အားလပ်သွားပြီဆိုတော့ သွားကြည့်ကြတာပေါ့ ” ဟု ကျွနု်ပ်က ကတိပေးလိုက်ပါတယ်။ချိန်းထားတဲ့အချိန်မှာပဲ အေးအေးချစ်တို့ဇနီးမောင်နှံ ကားနဲ့ကျွန်ုပ်ရုံးရှေ့မှာ လာစောင့်နေကြတယ်။ ကျွနု်ပ်လည်း ရုံးအိတ်ဆွဲပြီး သူတို့နဲ့အတူ ဒေါပုံကို လိုက်သွားခဲ့ပါတယ်။ စာရွက်စာတမ်း ကြည့်ဖို့က ဘုန်းကြီးကျောင်းမှာလို့ ထင်ထားပေမယ့် တကယ်ချိန်တဲ့နေရာက ဒေါပုံတရားရုံးရှေ့က ရှေ့နေများ ရုံးရှေ့မှာ ဖြစ်နေတယ်။

ရောင်းမယ် ဦးပဉ္ဇင်းလည်း အရင်ရောက်နေတာကို တွေ့ရတယ်။ ရောင်းမယ့်တိုက်ခန်းနဲ့ သက်ဆိုင်တဲ့ ဂရန်စာချုပ်စာတမ်းတွေကိုကျတော့ ရှေ့နေက ထုတ်ပြတယ်။ ဦးပဉ္ဇင်းက ကပ္ပိယဒကာကို အပ်နှံထားတာလို့ သိလိုက်ရပါတယ်။ ပထမဆုံးထုတ်ပြတာကတော့ ဦးပဉ္ဇင်းကို မြေရှင်ဒကာမကြီးဟာ လှူဒါန်းထားတဲ့ စာချုပ် ဖြစ်ပါတယ်။ စာချုပ်ထဲမှာ ဖတ်ကြည့်ရတာကတော့ ဦးပဉ္ဖင်း လိုသလိုစီမံခန့်ခွဲနိုင်အောင် “ ပုဂ္ဂလိကဒါန ” လှူဒါန်းထားတာကို တွေ့ရတယ်။ “ သံဃိကဒါန ” လှူဒါန်းထားတဲ့ အထောက်အထားတွေ မတွေ့ရဘူးဆိုတော့ ဦးပဉ္ဖင်းက ရောင်းခွင့်ရှိတာကို တွေ့ရတယ်။ စာချုုပ်ကတော့ “ တိုက်ခန်းလှူဒါန်းခြင်းကတိစာချုပ် ”ဖြစ်ပါတယ်။ ရှေ့နေကပဲ ချုပ်ပေးထားတဲ့ စာချုပ်မျိုး ဖြစ်ပါတယ်။

နောက်ဆက်တွဲ သိထားရမယ့် ဆက်စပ်စာချုပ်များ

တိုက်ခန်းအရောင်းအဝယ် လုပ်တဲ့အခါ ဝယ်သူဘက်ကို တိုက်ခန်းလှူဒါန်းတဲ့ စာချုပ်တစ်ခုတည်းပြရုံနဲ့ မလုံလောက်ပါဘူး။ BCC လက်မှတ်မူရင်းကို မမြင်ဖူးကြသူများတယ်။ မိတ္တူပဲ ကိုင်ထားကြရတယ်။

ဟုတ်ပြီး။ BCC လက်မှတ်ထုတ်ပြတာနဲ့ အဲဒီလူနေထိုင်ခွင့် လက်မှတ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာ ၊ အဆောက်အအုံဌာန (ယာ/အုံ)က ထုတ်ပေးတာ မှန်ရဲ့လားလို့ ကြည့်ရပြန်တယ်။ဘာကြောင့်လဲဆိုတော့ လူနေထိုင်ခွင့် လက်မှတ်(မူရင်း)ဆိုတာ တိုက်ဆောက်လုပ်တဲ့ မြေရှင်ကိုသာ ထုတ်ပေးတာလေ။ ကန်ထရိုက်နဲ့ မဆိုင်ဘူး။များသောအားဖြင့်တော့ ကန်ထရိုက်တာတွေက လုပ်ငန်းချောမွေ့စေရန် မြေရှင်ဆီက (Special Power သို့မဟုတ် General Power ) တစ်ခုခုယူထားပြီး တိုက်ဆောက်ကြတယ်။ဒါကြောင့် BCC လက်မှတ်မှာ ကြည့်လိုက်ရင် မြေရှင်ရဲ့ ကိုယ်စား ကန်ထရိုက်တာဆိုသူရဲ့ နာမည်ပါလာတတ်တယ်။ (မြေရှင်ကိုယ်တိုင် စည်ပင်မှာလိုက်မလုပ်နိုင်လို့ပါ။)

BCC လူနေထိုင်ခွင့်လက်မှတ်စာရွက်က သာမာန်ကြည့်ရင်တော့ ဘာမှအရေးမပါလောက်ဘူးလို့ ထင်ရတယ်။ တကယ်တော့ အဲဒီစာရွက်ထဲမှာ မြေအမည်တွေ တစ်ခါတည်း ပူးတွဲဖော်ပြထားတာကို တွေ့ရတယ်။ အဲဒီလို ကြည့်လိုက်တဲ့အခါမှာ မြေအမည်ပေါက် တစ်ဦးတည်း မဟုတ်ဘဲ (၂)ဦးအမည်ပေါက်ဖြစ်နေတာကို တွေ့ရတယ်။ ဒါဆိုရင် ဂရန်ပြပါဆိုပြီး တောင်းယူကြည့်ရတယ်။

ဂရန်မှာ အမည်ပေါက်နှစ်ဦးရှိရင် အမည်ပေါက် (၂)ဦးနဲ့ ကန်ထရိုက်တာအပါအဝင် (၃)ဦးက အခန်းပေးအခန်းယူစာချုပ်ချူပ်ရတယ်လေ။ ဒါဆိုရင် မြေရှင်နဲ့ ကန်ထရိုက်တာ အခန်းပေးအခန်းယူ စာချုပ် မူရင်းကို တောင်းကြည့်တဲ့အခါ မြေရှင်တစ်ဦးတည်းနဲ့ ကန်ထရိုက်တာတို့ နှစ်ဦးသဘောတူစာချုပ် ချုပ်ထားတာကို တွေ့ရပြန်တယ်။ ဒါဆိုရင် ဂရန်မှာ (၂)ဦးအမည်ပေါက် ဖြစ်ပါလျက်နဲ့ ဘာဖြစ်လို့မြေရှင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ မြေရှင်တစ်ဦးတည်း ဖြစ်နေရတာလဲ သိဖို့လိုနေပြန်တယ်။

မေးကြည့်တော့ အမည်ပေါက်တစ်ဦးက အပြီးရောင်းသွားလို့ အခုမြေရှင်ကပြန်ပြီး ဝယ်ထားတာလို့ ပြောပါတယ်။အဲဒီအရပ်ကတိ အရောင်းအဝယ်စာချုပ်ပြပါဆိုတော့ လောလောဆယ် ယူမလာခဲ့သေးဘူးလို့ သူ့ရှေ့နေက ပြောပါတယ်။ ပြီးတော့ မြေရှင်နဲ့ ကန်ထရိုက်တာတို့နှစ်ဦးသဘောတူစာချုပ်အရ မြေရှင်က အခန်း (၄) ခန်း ရရှိခဲ့ပေမယ့်လို့ မြေရှင်မသေမီက ဆေးကုသစရိတ်နဲ့ အလှူအတန်းလုပ်ခဲ့လို့ (၂)ခန်းကို ရောင်းပြီးထားပြီး။ အခု (၂)ခန်းပဲ ကျန်တော့တယ်။

အဲဒီ (၂)ခန်းစလုံး မြေရှင်မကွယ်လွန်မှီ ကလေးမှာ ဦးပဉ္ဖင်းကို လှူဒါန်းခဲ့တယ်။အခု ဦးပဉ္ဇင်းရောင်းမယ့် အခန်းကလည်းမြေရှင်ဒကာမကြီး ဆေးရုံတက်စဉ်ကုန်ကျခဲ့တဲ့ ချေးငွတွေပြန်ဆပ်ဖို့လို့ ဆိုပါတယ်။ တစ်ခန်းကို ရောင်းပြီး တစ်ခန်းကို ချန်ထားမယ်သဘောပါပဲ။

ဒါတွေအားလုံး ဆက်စပ်ကြည့်လိုက်ရင် အခုဝယ်ယူရမယ့်အခန်းက ဘုန်းကြီးကို ရေစက်ချလှူဒါန်းထားတဲ့ အခန်း (၂) ခန်းအနက် တစ်ခန်းကို ဝယ်ယူရမှာဖြစ်တယ်။ မြေအမည်ပေါက် (၂)ဦး ဖြစ်ပါလျက် တစ်ဦးတည်းနဲ့ ချုပ်ဆိုထားတယ်။ မြေရှင်နဲ့ တစ်ခြမ်းပေး တစ်ခြမ်းယူ စာချုပ်ချုပ်ဆိုထားတာ ဖြစ်တယ်။ BCC လူနေထိုင်ခွင့် လက်မှတ်လည်း ရထားပြီး ဖြစ်တာကို တွေ့ရတယ်။

ဝယ်မယ်ဆိုရင်လည်း ပုဂ္ဂလိကရေစက်ချလှူထားတဲ့ တိုက်ခန်းဖြစ်တဲ့အတွက် ဘုန်းကြီးထံ ပြန်ဝယ်လို့ ရပါတယ်။ အဲ့….တစ်ခုတော့ ရှိတာပေါ့။မြေရှင် (၂)ဦး နဲ့ စာချုပ်ရမှာကို တစ်ဦးတည်းနဲ့ ကန်ထရိုက်တာက စာချုပ်ထားတာကိုတော့ ပြဿနာဖြစ်ရင် မြေရှင်အချင်းချင်းပဲ ရှင်းပေါ့။ အဲဒီလို ရှိတဲ့အကြောင်း ဝယ်သူရောက်လာတဲ့အခါမှာ ရှင်းပြလိုက်တော့ စိတ်ညစ်သွားပုံရပါတယ်။ “ ကျွန်တော်စဉ်းစားပါရစေဦးဗျာ ” ဆိုလို့ ကျွန်တော်တို့လည်း စရန်ပေးစာချုပ် မချုပ်ဖြစ်ဘဲ ပြန်ခဲ့ရပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

သုခီ အတ္တာနံ ပရိဟန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service