အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်

အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
6 Mar 2019 1:11 pm တွင် တင်ခဲ့သည်
1848 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

" ဝယ်စဉ်ကတော့ ကျွန်မခင်ပွန်းအမည်နဲ့ဝယ်ထားတာပါ။ကျွန်မတို့ကနယ်မှာ တာဝန်ကျတော့၊ အဲဒီမြေကွက်ကို ပြန် မကြည့်ဖြစ် ခဲ့ဘူးပေါ့။ အခု ခင်ပွန်းသည် ကွယ်လွန်မှ အဲဒီမြေ ကွက်ကို သွားကြည့်ဖြစ်တော့တယ်။ ကျွန်မတို့ဝယ်ထားတယ်ဆိုတဲ့ မြေကွက်မှာ အိမ်လေးတစ်လုံး တွေတာနဲ့ စုံစမ်းကြည်တော့ သူတို့လည်း ဝယ်ထားတာလို့ သိရပါတယ်။ ကျွန်မတို့ဆီမှာ မြေချပါမစ်က ရှေ့စာရွက်နှစ်ရွက် မူရင်းရှိပြီး ဝယ်ထားတယ်ဆိုတဲ့ သူဆီမှာတော့ မြေချပါမစ်ရဲ့ နောက်စာရွက်၊ မိသားစုဓာတ်ပုံနဲ့ အိမ် ဆောက်ခွင့် စာရွက်မူရင်းတွေကို တွေ့ရပါတယ်။ အဲဒါဘယ်လို ဆောင်ရွက်နိုင်သလဲ" လို့ ဆွေးနွေးလာသဖြင့် ဗဟုသုတအဖြစ် ဤ ဆောင်းပါး ကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

မှန်ပါသည်။ယခုအခါ ရန်ကုန်တိုင်း မြို့ပြင်ဒေသများတွင် ကျူးကျော်နေထိုင်ကြ၍ မြေရောင်းစားနေသည်များလည်းရှိနေပေသည်။ မကြာသေးမီကာလက လှိုင်သာယာမြို့နယ် ပန်းလှိုင်တံ တား အောက်ရှိ နွံတော လတာပြင်တွင် အကွက်ရိုက်ကာ တဲများ ဆောက်၍ ကျပ်သုံးသိန်းဖြင့် ရောင်းစားသည်အထိ မြေယာကျူးကျော်ရောင်းချမှုများဖြစ်ပွားခဲ့သည်။ ဂရန်အတု၊ ပိုင်ဆိုင်မှု အတု ဖြင့် ရောင်းချမှုများ လည်းရှိနေသည်။ ယခုလာရောက် ဆွေးနွေး သော မိတ်ဆွေဆိုလျှင် ဒဂုံမြို့သစ် တောင်ပိုင်းက ဖြစ်ပေသည်။

အဓိကအချက်မှာ

* မိမိ ဝယ်ယူထားသော မြေကွက် အဆောက်အအုံကို လက်ဝယ်ရရှိထားရန် အထူးလိုအပ်ပေသည်။

* ဝယ်ထားပြီး မြေကွက်ကို ပစ်ထား၍ မဖြစ်ပါ။ * မြေကွက်ကို ရှင်းလင်း ခြင်း၊

* သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်များထံ မိမိဝယ်ယူ လက်ရှိ ဖြစ်ကြောင်း အကြောင်းကြားထား ခြင်း၊ * မကြာခဏ သွားရောက်ကြည့်ရှုခြင်း၊

* ဘေးခြံနီးချင်းအား မိမိပိုင်ဖြစ်ကြောင်း အသိပေး၍ စောင့်ရှောက်စေခြင်းများ အမြဲမပြတ်ရှိရန် လိုအပ်ပေသည်။ သို့မှသာ ထပ်မံရောင်းချခြင်း ကိစ္စရပ်များမှ ရှောင်ရှားနိုင် မည်ဖြစ်သည်။

ထို့ပြင်မိမိဝယ်ယူထား သော မြေကွက်သည် ဂရန်မြေဖြစ်ပါက ဥပဒေနှင့်အညီ စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုကာ အရောင်းအဝယ် ပြုသင့်ပေသည်။

ပါမစ်မြေဆိုလျှင်လည်း စာရွက်စာတမ်းစုံလင်ခြင်းရှိမရှိ၊ မြေကွက်ပါမစ် စာရွက်စာတမ်း များသည် အမှန်အကန် ဟုတ်မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွင် စုံစမ်းပြီးမှ အရောင်းအဝယ်ပြုလုပ်သင့်သည်။ " စာချုပ်စာတမ်းများဖြင့် ရောင်းချရာတွင် မြေအဆောက်အအုံ ပိုင်ဆိုင်ခွင့်ကို ဦးစွာပဋိညာဉ်ပြုဝယ်သူအား ဦးစားပေးဆုံးဖြတ်ရမည် " ဟု စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် ဖော်ပြထားပေသည်။

စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် မှတ်ပုံတင် စာချုပ်တစ်ရပ်၏ အကျိုးသက်ရောက်သော အချိန်မှာ မှတ်ပုံတင်သည့် အချိန်မဟုတ်ဘဲ မှတ်ပုံတင်ရန်လိုအပ်သည့် စာချုပ် စာတမ်းဖြစ်စေ၊ မှတ်ပုံတင်ရန်မလိုအပ်သည့် စာချုပ်စာတမ်းဖြစ်စေ စတင်ချုပ်ဆိုသည့် အချိန်ဖြစ်သည် ဟုပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဆွေးနွေးရန်လာသော အမျိုးသမီးအား မိမိချုပ်ဆို ထားသော မြေအရောင်းအဝယ် စာချုပ်သည် အခြားသူက ဝယ်ယူ ထားသည်ဆိုသော အရောင်းအဝယ် စာချုပ်ထက် စောသည့်နေ့ရက်၌ အရောင်းအဝယ်ပြု ချုပ်ဆိုထားပါက အခွင့်အရေးရပိုင်ခွင့် ရှိကြောင်း ရှင်းပြခဲ့ပါသည်။

သို့ဖြစ်၍ အိမ်ခြံမြေတိုက်ခန်းဝယ်ရာတွင် အဝယ်ထပ်နေပါက ဦးစွာ စာချုပ်စာတမ်းချုပ်ဆို ဝယ်ယူထားသူကသာ ရပိုင်ခွင့်ရှိကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service