ခေတ်မီနေဆဲအစိုးရ အိမ်ရှင် အိမ်ငှားစာချုပ်

ခေတ်မီနေဆဲအစိုးရ အိမ်ရှင် အိမ်ငှားစာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
6 Mar 2019 1:00 pm တွင် တင်ခဲ့သည်
2793 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ယနေ့ခေတ်တွင် နိုင်ငံတော်အစိုးရ ဆောက်လုပ် ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပုဂ်္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ၍ တန်ဖိုးမြင့်၊ တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အငှား အိမ်ရာများကို ဆောက်လုပ်ပေးလျက်ရှိသည်ကို တွေ့ရသည်။ တိုက်ခန်းတန်ဖိုးအလိုက် လူနေမှုအဆင့်အတန်းများကလည်း ကွာခြားသွားသည်။

လက်ရှိ ရန်ကုန်မြို့နေ လူဦးရေ အများစုမှာ တန်ဖိုးနည်းအိမ်ရာနှင့် အငှားအိမ်ရာများကို စိတ်ဝင်စားသူများကြ သည်။ အငှားအိမ်ရာများမှာ ငှားရမ်းနေထိုင်သူများလာသဖြင့် စက်မှုဇုန်နှင့် အနီးဆုံးရပ်ကွက်များမှာ အိမ်ငှားရမ်းနေထိုင် သူအများဆုံးဖြစ်သည်ကို တွေ့ရသည်။

အငှားအိမ်ရာဆိုရာတွင်လည်း ပုဂ္ဂလိကအိမ်အငှား နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပြည်သူပိုင်တိုက် ခန်းတွင် ငှားရမ်းနေထိုင်မှုမှာလည်း ၁၉၆၅ ခုနှစ်ခန့်မှစ၍ ယနေ့အထိ ရှိနေသည် တွေ့ရပါသည်။

ယနေ့ခေတ် အိမ်ရှင်များသည် အိမ်ငှားများနှင့် အငှား စာချုပ်ချုပ်ရာတွင် ဆိုင်များတွင် အသင့်ရောင်းသော အိမ်ရှင် အိမ်ငှား စာချုပ်များဝယ်ယူ၍ အလွယ်တကူ ချုပ်ဆိုနေကြ သည်ကို တွေ့နေရသည်။ အမှန်ဆိုရလျှင် အိမ်ငှားထားသည် ဆိုပါက အိမ်ငှားများ လိုက်နာရမည့် စည်းကမ်းချက်များကို ပြည့်ပြည့်စုံစုံထည့်သွင်းချုပ်ဆိုသင့်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးအစိုးရလက်ထက်ကပင် အိမ်ငှား လျှင် အိမ်ငှားများလိုက်နာရမည့် စည်းကမ်းချက်များကို ဤ သို့ လေ့လာတွေ့ရှိရပါသည်။

အိမ်ငှားစည်းကမ်းချက်များ

ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာ စည်ပင်ရေး အဖွဲ့ပိုင် .......... မြို့ .............. စခန်း၊ ...............လမ်း၊ တိုက်အမှတ် ( )၊ အခန်းအမှတ် ( )ကို ကြည့်ရှု စစ်ဆေးပြီး ကျေနပ်၍ ကျွန်တော်/ မ ...........ဦး .........၏ သား/သမီးသည် အဆိုပါ ပြည်သူ့အိုးအိမ်အဖွဲ့ပိုင် အိမ်/အိမ်ခန်း ကို အိမ်လခ တစ်လလျှင်ကျပ် ဖြင့် အောက်ပါ စည်းကမ်းချက်များအရ ငှားရမ်းနေထိုင်ရန် သဘောတူပါသည်။

အောက်တွင် ““အဖွဲ့””ဆိုသည်မှာ ပြည်သူ့အိုးအိမ် ပြန်လည် ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ကို ဆိုလို သည်။

““အိမ်ငှား””ဆိုသည်မှာ ပြည်သူ့အိုးအိမ်ပြန်လည် ထူ ထောင်ရေးအဖွဲ့မှ အိမ်/အိမ်ခန်းငှားရမ်းနေထိုင်သူကို ဆိုလို သည်။

““အိမ်/အိမ်ခန်း””ဆိုသည်မှာ ပြည်သူ့အိုးအိမ်ပြန်လည် ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့က အငှားချထား သတ်မှတ်ပေးသည့် အိမ်ဥပစာနှင့် အခြားအရံ အဆောက်အအုံ များ/ အိမ်ခန်းများကိ ဆိုလိုပါသည်။

““အိမ်ထောင်စုဝင်”” ဆိုသည်မှာ အိမ်/အိမ်ခန်းရရှိသူ ဦးစီးအပေါ်တွင် မှီခို၍ တစ်အိမ်ထောင်တည်း စုဝေးနေထိုင်သူ အားလုံးကို ဆိုလိုပါသည်။

““မိသားစုဝင်”” ဆိုသည်မှာ အိမ်/အိမ်ခန်းရရှိသူဦးစီး ၏ တရားဝင်ဇနီး/ ခင်ပွန်းနှင့် သားသမီးများ (တရားဝင် မ၀င်နှင့် မွေးစားအပါအ၀င်) တို့ကို ဆိုလိုပါသည်။

၁။ (က) အိမ်ငှားသည် အိမ် သို့မဟုတ် အိမ်ခန်းချ အကြောင်းကြားစာတွင် သတ်မှတ်ထားသော နေ့ရက်အတွင်း၊ ၎င်းအိမ် သို့မဟုတ် အိမ်ခန်း၏ တလခနှင့်ညီမျှသော အာမခံငွေကို ပေးဆောင်ရမည်။ (ခ) ပဋ္ဌမလ၀က်အတွင်း အိမ်ခန်းတွင် တက်ရောက်နေ ထိုင်ရမည်ဟု အိမ်/ အိမ်ခန်းချ အကြောင်းကြားစာတွင် သတ်မှတ်ထားရှိပါလျှင် အိမ်/ အိမ်ခန်းခကို တစ်လလုံးအတွက် ပေးဆောင်ရမည်။ အကယ်၍ အိမ်/ အိမ်ခန်းချ အကြောင်း ကြားစာတွင် ဒုတိယလ၀က်မှ လကုန်အတွင်း နေထိုင်ရမည်ဟု ရက်သတ်မှတ်ထားလျှင် အိမ်လခကို လ၀က်အတွက် ပေးဆောင်ရမည်။

၂။ အိမ်ငှားသည် အိမ်လခကို လစဉ်မှန်မှန် လမကုန်မီနေ သည့်လအတွက် ပေးရမည်။

၃။ အိမ်ငှားသည် လက်ရှိလအတွက် အိမ်လခကို ထိုလ မကုန်မီ ပေးဆောင်ရမည်။ ထိုကာလအတွင် ပေးဆောင်ရန် ပျက်ကွက်ပါက။ မြန်မာနိုင်ငံ(အောက်ပိုင်း) မြေနှင့်အခွန် အက်ဥပဒေ ပုဒ်မ (၄၅)၊ မြန်မာနိုင်ငံ(အထက်ပိုင်း)၊ မြေနှင့် အခွန်စည်းမျဉ်း ဥပဒေပုဒ်မ (၄၁) အရ မြေခွန်မပြေကြွေး ကျန်ငွေကဲ့သို့ ဆက်လက်အရေးယူခြင်းခံရမည့်အပြင် အိမ်ခန်းကိုပြန်လည် သိမ်းယူသည်အထိ အရေးယူခြင်းခံရမည်။

၎။ အိမ်ငှားသည် -

(က) ပြည်သူ့အိုးအိမ်အဖွဲ့၏ ခွင့်ပြုချက်မရဘဲ အိမ်/အိမ်ခန်းတခုလုံးကိုသော်၎င်းင်း၊ တစ်စိတ် တစ်ပိုင်းကိုသော်၎င်း တဆင့်ငှားရမ်းခြင်း မပြုလုပ်ရ။ (၁) တစ်ဆင့်ငှားရမ်းသည်ဆိုရာတွင် မိမိ၏ အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်းမရှိသူ များကို အိမ်/အိမ်ခန်းတွင် အတူနေထိုင်ခွင့်ပြု ၍ အိမ်လခယူခြင်းနှင့် (၂) ထမင်းလခကိုယူ၍ အိမ်ခန်းတွင် နေထိုင်ခွင့်ပြုခြင်းများကို ဆိုလိုပါသည်။ (ခ) အဘိုးစားနားဖြင့်ဖြစ်စေ၊ အဘိုးစားနားမပါ ဘဲဖြစ်စေ လွှဲပြောင်းခြင်းမပြုလုပ်ရ။ (ဂ) ပြည်သူ့အိုးအိမ်အဖွဲ့သို့ စာအားဖြင့် ကြိုတင် အကြောင်းကြားရန် ပျက်ကွက်လျှက် အဆိုပါ အိမ်/အိမ်ခန်းမှ ထွက်ခွာခြင်းမပြုလုပ်ရ။ (ဃ) အိမ်/အိမ်ခန်းကို ပြည်သူ့အိုးအိမ်အဖွဲ့သို့ ပြန်လည်အပ်နှံရန် ပျက်ကွက်လျက် ထွက်ခွာ ခြင်းမပြုလုပ်ရ။ ဤစည်းကမ်းချက်ကို ဖောက်ဖျက်ခဲ့လျှင် ၁၉၆၅ ခုနှစ်၊ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပြင်ဆင်ချက်အရ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ကျပ် တစ်ထောင်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည် ဖြစ်သည်။

၅။ အိမ်ငှားသည် အိမ်/ အိမ်ခန်းကို ကောင်းမွန်စွာ အသုံးပြုရမည်။ မည်သည့်ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ တိုးချဲ့မွမ်းမံခြင်းကိုမျှ မပြုလုပ်ရ၊ တားမြစ်ထားသည့် လုပ်ဆောင်ချက်များတွင် အောက်ပါတို့ပါဝင်သည်။ (၁) အိမ်ခန်းအနေအထား ပြောင်းလဲခြင်း။ (က) အထပ်ခိုးပြုလုပ်ခြင်း။

(ခ) ထပ်မံ၍အိမ်ခန်းဖွဲ့ခြင်း။ (ဂ) ၀ရန်တာတွင် အကာအရံများပြုလုပ်ခြင်း။ (ဃ) သံတံခါးများ တပ်ဆင်ခြင်း။ (၂) အငှားချထားပေးသည့် အိမ်/အိမ်ခန်း၏ မူလ အခြေအနေထက်ကျော်လွန်၍ အိမ်ခန်းသစ်များ၊ အဆောက် အအုံသစ်များ၊ အဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ခြင်း။

၆။ အိမ်/အိမ်ခန်းကို အဖွဲ့သို့ပြန်လည်ပေးအပ်သော အခါ၊ သဘာဝအလျောက် ပျက်စီးယိုယွင်းခြင်းမှတစ်ပါး၊ အခြားအကြောင်းများကြောင့် ပျက်စီး၊ ယိုယွင်းပျောက်ရှနေခဲ့ ပါက ပြုပြင်အသစ်လှဲလှယ်ရမည့် ကျသင့်ငွေကို အိမ်ငှား၏ အာမခံငွေမှ ခုနှိမ်ခြင်းခံရမည်။ ထိုငွေနှင့် မလုံလောက်လျှင် အဖွဲ့မှ သတ်မှတ်သည့်အတိုင်း နောက်ထပ်ပေးလျော်ရမည်။

၇။ အိမ်/အိမ်ခန်းကို လက်ခံသည့်အခါတွင်၎င်း၊ ပြန် အပ်သည့်အခါတွင်၎င်းင်း သတ်မှတ်ထားသောပုံစံတွင် လက်မှတ် ရေးထိုးရမည်။ အိမ်ငှားသည် အနည်းဆုံး ၁၅ ရက်ကြိုတင်၍ မိမိအိမ်ပြောင်းတော့မည်ဖြစ်ကြောင်းကို ရန်ကုန်မြို့တွင် ပြည်သူ့အိုးအိမ်အဖွဲ့အုပ်ချုပ်ရေးအရာရှိ၊ (အဆောက်အအုံ)ထံသို့၎င်းင်း၊ နယ်များတွင် အဖွဲ့မှတာဝန်လွှဲအပ်ထားသော တာဝန်ရှိပုဂ်္ဂိုလ်ထံသို့၎င်းင်း စာရေးအကြောင်းကြားရမည်။ ဤ အဖွဲ့မှ သက်ဆိုင်ရာဝန်ထမ်းတို့က အိမ်ငှားထံမှ အိမ်/အိမ်ခန်း ကို ပြောင်းမည့်နေ့တွင် ပြောင်းလွှဲလက်ခံပြီး ပြဋ္ဌာန်းထားသည့် ပုံစံတွင် လက်မှတ်ရေးထိုးကြရမည်။

၈။ အိမ်ငှားသည့် အိမ်/အိမ်ခန်းကို လူနေထိုင်ရန်အတွက် သာ အသုံးပြုရမည်။ (က) မီးလောင်လွယ်သော ပစ္စည်းများ (ဥပမာ- ဓာတ်ဆီ၊ ရေနံဆီ၊ ရော်ဘာ၊ စက္ကူ၊ မီးသွေး) နှင့် အနံ့အသက်မကောင်းသောပစ်္စည်းများ (ဥပမာ ငါးပိ၊ ငံပြာရည်၊ အက်စစ်) သိုလှောင် ခြင်းမပြုရ။ (ခ) မည်သည့်ဆိုင်အမျိုးအစားမှ ဖွင့်လှစ်တည်ခင်း ရောင်းချခြင်းမပြုရ။ (ဂ) အိမ်ခန်းအတွင်း၌ စက်မှုလက်မှုလုပ်ငန်းများ နှင့် အန္တရာယ်ဖြစ်စေနိုင်သော မီးလောင်နိုင် သည့် လုပ်ငန်းများကို မလုပ်ရ။ (ဃ) အိမ်ခန်းကို ဂိုဒေါင်အဖြစ် အသုံးမပြုရ။ အထက်ပါ အပိုက် ဂ ပါအချက်အလက်တခုခုကို ဖောက်ဖျက်ခဲ့လျှင်၊ ပိတ်ပင် ဖယ်ရှားခြင်းနှင့် အိမ်ဥပစာမှ နှင်ထုတ်သည်အထိ အရေးယူခြင်းခံရမည်။

၉။ အိမ်ငှားသည် ပတ်ဝန်းကျင်နေထိုင်သူများအား အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူအနေအထိုင်များ မပြုလုပ်ရ။ (က) ပတ်ဝန်းကျင်မှ မခံမရပ်နိုင်သော ဆူညံခြင်းများ မပြုရ။ (ခ) ပတ်ဝန်းကျင်ရှိ လူအများအား ထိခိုက်စေသော အလုပ်အကိုင်လုပ်ငန်းများ မလုပ်ရ။ (ဂ) စီးပွားရေးလုပ်ငန်းများအတွက် အနံ့အသက် မကောင်းသည့် အကြော်ကြော်ခြင်း စသည်များ မလုပ်ရ။ (ဃ) ပတ်ဝန်းကျင်ဆိတ်ငြိမ်ခြင်းကို ထိခိုက်ပျက် ပြားစေနိုင်လောက်အောင် ရေဒီယို၊ တိတ်ရ ကော်ဒါ၊ အသံချဲ့စက် စသည်တို့ကို မဖွင့်ရ။ (င) မူးယစ်သောက်စား၍ ရမ်းကားခြင်းများ မပြု လုပ်ရ။ (စ) ဘေးပတ်ဝန်းကျင်နှင့် အောက်ထပ်ရှိအိပ်ခန်း များမှ မခံရပ်နိုင်အောင် ငြုပ်သီးထောင်းခြင်း၊ အမှုန့်များထောင်းခြင်း မပြုလုပ်ရ။ (ဆ) စီးပွားရေးအတွက် စက်ချုပ်လုပ်ငန်းများ မပြု လုပ်ရ။ (ဇ) ဆူညံစေသောစက်များ (ဥပမာ-မော်တာ) စသည်တို့ကို အိမ်ခန်းအတွင်းတွင် အသုံးမပြု ရ။

၁၀။ အိမ်ငှားသည် အိမ်/အိမ်ခန်းအတွင်းရှိ အစိုးရပိုင် ပစ္စည်းများကို အခြားသို့ မရွှေ့မပြောင်းရ၊ မပျောက်မပျက် စေရန် ထိန်းသိမ်းထားရမည်။ ပြောင်းရွှေ့ရောင်းချ ဖျက်ဆီး ပါက တရားစွဲဆိုခြင်းခံရမည်။

၁၁။ ကျန်းမာရေးကို ထိခိုက်စေနိုင်သော မနှစ်မျို့ဖွယ် ရောဂါ- (က) ကိုယ်ရေပြားရောဂါနှင့် (ခ) အခြားကူးစက်တတ်သောရောဂါ (ဥပမာ ကျောက်၊ တီဘီ၊ ၀မ်းနှင့် ပုလိပ်)ရှိသူများကို အိမ်/အိမ်ခန်းတွင် မထားရ။

၁၂။ အိမ်ငှားသည် အိမ်/အိမ်ခန်းတွင် ဥပဒေနှင့်ဆန့် ကျင်သော အသက်မွေးမှု (ဥပမာ- အရက်ပုန်းရောင်းခြင်း၊ ကစားဝိုင်းထောင်ခြင်း၊ မကောင်းသော မိန်းမများထားရှိခြင်း) များကို မပြုလုပ်ရ။

၁၃။ အိမ်ခန်းတစ်ခုလုံးကို သန့်ရှင်းစင်ကြယ်၍ ကျန်းမာ ရေးနှင့် ညီစွာထားရှိရန် အိမ်ငှားတာဝန်ယူရပါမည်။ (က) စားကြွင်းစားကျန်များ၊ အညစ်အကြေးများ၊ အမှိုက်သရိုက်များကို သိမ်းဆည်းခြင်း၊ ရှင်း လင်းခြင်းပြုရန်ကို အိမ်ငှားမှတာဝန်ယူ၍ အဆိုပါ စားကြွင်းစားကျန် အညစ်အကြေး အမှိုက်သရိုက်များကို မိမိတို့အခန်းအတွင်း ထားရှိရမည့် အမှိုက်ပုံးများအတွင်းသာလျှင် စွန့်ပစ်ရန်။ (ခ) အမှိုက်သရိုက်များ၊ အညစ်အကြေးများနှင့် အခြားမည်သည့်ပစ္စည်းကိုမျှ အိမ်ရှေ့ဝရန်တာ မှကျော်၍၎င်းင်း၊ ဘေးပြတင်းပေါက်များမှ၎င်း၊ နောက်ဖေးမီးဖိုချောင် ပြတင်းပေါက်များမှ ၎င်း၊ အိမ်ခန်းရှိ အခြားမည်သည့်နေရာမှ၎င်း၊ ကျော်၍အောက်သို့ လွှင့်ပစ်ခြင်းမပြုဘဲ၊ အထက်အပိုဒ် ၁၃(က)တွင် ဖော်ပြထားသော မိမိတို့အခန်းအတွင်းထားရှိရမည့် အမှိုက်ပုံး ထဲသို့သာ စွန့်ပစ်၍ မိမိတို့နေထိုင်သည့်အခန်း ၏ အဆောက်အအုံအနီးရှိ အဖွဲ့မှသော်၎င်း၊ မြူနီစီပါယ်အဖွဲ့မှသော်၎င်းင်း ထားရှိသော အမှိုက်ပုံးကြီးထဲသို့ သွားရောက်စွန့်ပစ်ရန် အိမ်ငှားက တာဝန်ယူရပါမည်။ (ဂ) အဖွဲ့မှအခါအားလျော်စွာ သန့်ရှင်းရေး အလုပ် သမားများ ထားရှိနိုင်သည့်အချိန်တွင် အထက် ဖော်ပြပါ မိမိအခန်းအတွင်း စွန့်ပစ်ထားသည့် အမှိုက်ပုံကို အဆောက်အအုံအနီးရှိ အမှိုက်ပုံ ကြီးထဲသို့ အလုပ်သမားမှသွားရောက် စွန့်ပစ် ပေးရခ အခကြေးငွေကို ပေးဆောင်ရန် တာဝန်ယူရပါမည်။ (ဃ) အိမ်ငှားများအားလုံး အသုံးပြုသောလှေကား၊ လှေကားအိမ်စင်္ကြံများ ၀င်ထွက်လမ်းများကို တလတစ်ကြိမ်၊ အခြားအိမ်ငှားများနှင့်အတူ ဆေးကြောသုတ်သင်၍ စုပေါင်းသန့်ရှင်းမှုများ ပြုလုပ်သည့်အခါ၊ ပါဝင်ဆောင်ရွက်ရမည်။

၁၄။ အိမ်ငှားသည် အိမ်/အိမ်ခန်းတွင်အဖွဲ့မှ တပ်ဆင် ပေးထားသော ဓာတ်မီး၊ ရေပြွန်၊ မိလ္လာပြွန်များအပြင် ထပ်မံ၍ တပ်ဆင်လိုပါက အဖွဲ့၏ ခွင့်ပြုချက်တောင်းဆိုပြီးမှ မိမိစရိတ် နှင့် မိမိ အကုန်အကျခံ၍ တပ်ဆင်ရမည်။

၁၅။ အိမ်ငှားသည် အိမ်/အိမ်ခန်းကို စွန့်လွှတ်သည့်အခါ အထက်အပိုဒ် ၁၄ အရ၊ အိမ်/အိမ်ခန်းတွင် တပ်ဆင်ထား သည်များကို မိမိက အကုန်အကျခံထားစေကာမူ မည်သည့် ပစ္စည်းကိုမျှ ဖြုတ်ယူသွားခြင်း မပြုလုပ်ရ။ ထိုအတွက်လျော် ကြေးလည်း တောင်းခံခွင့်မရှိစေရ။

၁၆။ အိမ်ငှားအား အဖွဲ့ရာထမ်းမှုထမ်းတစ်ဦးဦးက အိမ်၊ အိမ်ခန်းကို စစ်ဆေးရန်၊ သို့မဟုတ် ပြင်ဆင်ရန် ခွင့်တောင်း လျှင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ၀င်ထွက်ခွင့် ပေးရမည်။

၁၇။အိမ်ငှားထံသို့ဖြစ်စေ၊ အိမ်ငှားနှင့်အတူနေထိုင်သော အရွယ်ရောက်သူတစ်ဦးတစ်ယောက်သို့ဖြစ်စေ၊ အဖွဲ့က နို့တစ်စာ ကို ကိုယ်တိုင်ပေးခြင်းသည်၎င်း၊ စာတိုက်မှပေးပို့ခြင်းသည် ၎င်း၊ သို့မဟုတ် အိမ်/အိမ်ခန်း၏အစိတ်အပိုင်းပေါ်တွင် ကပ် ထားခြင်းသည်၎င်းင်း ဥပဒေ၀င်ထုတ်ပြန်သော နို့တစ်စာဟူ၍ မှတ်ယူရမည်။

၁၈။ (က) အဖွဲ့မှအိမ်ခန်း၏ရှေ့တွင်ဖြစ်စေ၊ နောက် တွင်ဖြစ်စေ၊ မြက်ခင်းများ၊ စိုက်ခင်းများ၊ စိုက်ပျိုးထားပါက ၎င်းမြက်ခင်းပြင်များ၊ စိုက်ခင်းများကို အိမ်ငှားမှဆက်လက်မွမ်းမံ ထိန်းသိမ်းရမည်။ အဆိုပါ မြက်ခင်းပြင်များ၊ စိုက်ခင်းများကို မူလစိုက်ပျိုးမှုပျက်စီးအောင်သော်၎င်း၊ အခြားအစားထိုး စိုက်ပျိုး ခြင်းဖြင့်သော်၎င်း၊ အဖွဲ့၏မူလမြက်ခင်းပြင်များ၊ စိုက်ခင်း များကိုပျက်စီးအောင် မပြုလုပ်ရ။

(ခ ၀င်းခြံရှိသော အိမ်များအတွင်းမှ သစ်ပင် ကြီး၊ ၀ါးပင်ကြီးများကိုအဖွဲ့၏ခွင့်ပြုချက်မရဘဲ၊ ခုတ်ထွင် ခြင်း၊ ပိုင်းဖြတ်ခြင်းများ မပြုလုပ်ရ။

(ဂ) မြေလွတ်မြေလပ်များတွင် မိမိတို့သဘော အလျောက် သစ်ပင်ကြီး၊ ၀ါးပင်ကြီးများကို မစိုက်ပျိုးရ။

(ဃ) ဝင်းခြံနှင့်ရှိသော အိမ်များ၏ပတ်လည် ခြုံနွယ်ပိတ်ပေါင်းများအား အဖွဲ့မှညွှန်ကြားသည့်အတိုင်း ရှင်းလင်းပိုင်းဖြတ်ပေးရမည်။ အဖွဲ့မှဖြတ်တောက်ရှင်းလင်း ပေးရပါက ကုန်ကျစရိတ်ကို အိမ်ငှားမှပေးဆောင်ရမည်။

၁၉။ အိမ်ငှား သို့မဟုတ် အိမ်ငှားနှင့်အတူနေ မိသားစု ၀င်တစ်ဦးဦး၌မိမိအိမ်ခန်း၊ အိမ်ရရှိရာဒေသမြူနီစီပါယ်နယ် နိမိတ်အတွင်း အိမ်ပိုင်ရှိပါက၊ အဖွဲ့မှအငှားချထားသည့် အိမ်/အိမ်ခန်းတို့မှ ဖယ်ရှားခြင်းခံရမည်။

၂၀။ နေထိုင်ခွင့်ပြုသော အိမ်ခန်းများတွင် အများကို အန္တရာယ်နှင့် အနှောက်အယှက်ဖြစ်စေနိုင်သော မည်သည့် တိရစ္ဆာန်ကိုမျှ မွေးမြူထားရှိခြင်း မပြုရ။

၂၁။ အိမ်ခန်းတည်ရှိရာ အဆောက်အအုံတစ်ခုနှင့် တစ်ခု အကြား လူသွားလာခြင်း၊ အိမ်ထောင်ပစ္စည်းများနှင့် အခြား ပစ္စည်းများ ရွှေ့ပြောင်းခြင်း၊ သယ်ယူခြင်းများအတွက်သုံး သော ယာဉ်များကြောင့်၎င်း၊ အိမ်ငှား၏တာဝန်ပေးချက်အရ ဆောင်ရွက်ရသော ပုဂ်္ဂိုလ်တစ်ဦးတစ်ယောက်ကြောင့်၎င်း၊ အဖွဲ့ပိုင်မြက်ခင်းပြင်၊ လူသွားလမ်း၊ ရေမြောင်းနှင့် အခြား အစိတ်အပိုင်းများ ထိခိုက်ပျက်စီးရလျှင် ယင်းထိခိုက်ပျက်စီးမှု များအတွက် အဖွဲ့ကသတ်မှတ်သည့်အတိုင်း လျော်ကြေးပေး ရမည်။

၂၂။ အိမ်ငှားသည် အထက်ဖော်ပြပါ စည်းကမ်းချက်တစ် ခုခုကို ဖောက်ဖျက်ကျူးလွန်ခဲ့သော် အိမ်/အိမ်ခန်းမှဖယ်ရှား ခြင်းခံရမည့်အပြင်၊ စည်းကမ်းဖောက်ဖျက်သူတစ်ဦးအနေနှင့် အာမခံငွေကို အဆုံးခံရမည်။ အိမ်/အိမ်ခန်းပျက်ဆီးဆုံးရှုံး ပျောက်ရှမှုများအတွက်လည်း အဖွဲ့မှသတ်မှတ်သည့် လျော် ကြေးထပ်မံပေးဆောင်ရမည်။

၂၃။ လုပ်သားပြည်သူများအားလုံး နေထိုင်ခွင့်ရှိသော အိမ်ခန်းများမှတစ်ပါး အစိုးရအဆောက်အအုံနှင့် အစိုးရယာယီ သိမ်းအဆောက်အအုံများတွင် နေထိုင်သူသည် အစိုးရ အမှုထမ်း တာဝန်ကို လွှဲအပ်ပေးပြီးသည့်နေ့မှစ၍ ၄ လထက်ပို ၍ ဆက်လက်နေထိုင်ခြင်း မရှိစေရ။ အစိုးရအမှုထမ်းများ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သောအခါ ၂ လမျှသာ ဆက်လက် နေခွင့်ရှိရမည်။

၂၄။ အိမ်ငှားသည် မိမိ၏မိသားစုစာရင်းဝင်တိုးလာတိုင်း အဖွဲ့သို့ အကြောင်းကြားရမည်။ (သား/သမီးများ အိမ်ထောင် ပြု၍ တော်စပ်လာမည့် သမက်/ချွေးမနှင့် အိမ်ထောင်ရှိ သား/သမီးများမှ တိုးပွားလာသည့် မြေးများအပါအ၀င်ဖြစ်ပါသည်)။

၂၅။ အိမ်ငှားသည် မူလအိမ်/ အိမ်ခန်းရစဉ်က ပေးသွင်း ထားသော ဓာတ်ပုံတွင် မပါရှိသေးသည့် နောက်ထပ်တိုးပွား လာသော မိသားစုဝင်ဓာတ်ပုံများကို ထလအတွင်း တစ်ဦးချင်း အတွက် ပတ်(စ်)ပို့အရွယ်ဓာတ်ပုံ သီးသန့်ပြုလုပ်ပေးပို့ရမည်။ (မွေးဖွားလာသော ကလေးများအတွက်မူ အသက် ၅ နှစ် ပြည့်သည့်အချိန် အထက်အပါအတိုင်း ပေးပို့ရမည်)

၂၆။ အခါအားလျော်စွာ စည်းကမ်းချက်များကို ပြင်ဆင်ရန်လိုအပ်က အဖွဲ့အနေနှင့် ပြင်ဆင်နိုင်ခွင့် ရှိသည့်အပြင် အိမ်ငှားသည် အဖွဲ့၏ တရားဝင်ပြင်ဆင်ချက်ကို လိုက်နာရ မည်။ အထက်ပါ စည်းကမ်းချက်များကို ဖတ်ရှုနားလည်ပြီး ၍ လိုက်နာပါမည်ဟု အိမ်ငှားက အောက်တွင် ကတိခံဝန်ချက် လက်မှတ်ရေးထိုးပါသည်။

အိမ်ငှား၏လက်မှတ် ---------------- အလုပ်အကိုင် --------------------

အဖွဲ့ကိုယ်စား၊ အုပ်ချုပ်ရေးအရာရှိ၊ အဆောက်အအုံအုပ်ချုပ်မှုဌာန၊ ပြည်သူ့အိုးအိမ်အဖွဲ့။

အသိသက်သေများ ၁။ ------------------- ၂။---------------------

 

ခေတ္တရာမြင့်အောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service