အထွေထွေကိုယ်စားလှယ်စာ GP ဖြင့် ရောင်းချလျှင်...

အထွေထွေကိုယ်စားလှယ်စာ GP ဖြင့် ရောင်းချလျှင်... - Property Knowledge in Myanmar from iMyanmarHouse.com
5 Mar 2019 12:47 pm တွင် တင်ခဲ့သည်
1528 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အထွေထွေကိုယ်စားလှယ်စာဖြင့် ရောင်းချခြင်းဖြစ်လျှင် အထူးသတိပြုစဉ်းစား ၍စုံစမ်းမေးမြန်းမှုပြုလုပ်ပြီး နောက်မှ ၀ယ်ယူသင့်ပေသည်။

အဘယ်ကြောင့်ဆိုသော် ပိုင်ရှင်၏ လွှဲအပ်ချက်အရကိုယ်စားလှယ်အနေဖြင့် အချင်းဖြစ်အိမ်မြေတို့ကိုရောင်းချပေးခြင်းဖြစ်သည်ဆိုလျှင် အထွေထွေကိုယ်စားလှယ်စာတင်ပြရုံဖြင့်မလုံလောက်ပေ။ အထွေထွေကိုယ်စားလှယ်စာမှာလုပ်ပိုင်​ခွင့်​ကျယ်ဝန်းသဖြင့် လုပ်ဆောင်ချက်တိုင်း အတွက် ကိုယ်စားလှယ်လွှဲ အပ်ချက်နှင့် လိုက်လျောညီထွေရှိသည့် အခြားအထောက်အထားများ မလွဲမသွေတင်ပြရန် လိုပေသည်။

ယုတ်စွအဆုံးကိုယ်စားလှယ်က ရောင်းဖိုးငွေပေးအပ်၍ ပိုင်ရှင်ကလက်ခံရရှိကြောင်း သက်သေထင်ရှားပြသရန် လိုမည်ဖြစ်သည်။ပိုင်ရှင်ကိုယ်စားအထွေထွေကိုယ်စားလှယ်စာ ရသူက ရောင်းချကြောင်း အချင်းဖြစ်ပစ္စည်းတန်ဖိုး ပေးချေသည့် ငွေကို ၀ယ်သူထံမှ ပိုင်ရှင်က လက်ခံ ရရှိကြောင်း တိကျစွာ သက်သေထင်ရှားပြသနိုင်ခြင်း မရှိလျှင် အချင်းဖြစ်အိမ်နှင့် မြေကို ရောင်းချသည်ဆိုသည့်အချက်မှာ ခိုင်လုံသည်ဟုမဆိုနိုင်ကြောင်း ဒေါ်ခတီဇာဘီ (၄င်း၏ အထွေထွေ ကိုယ်စားလှယ်စာရသူ ဒေါ်စိန်စိန်တင်)နှင့်ဒေါ်ခင်ခင်မြင့်ပါ -၂ ၊၂၀၀၁ - ခုနှစ် ၊ တရားမပထမအယူခံမှုအမှတ်- ၃၄ (ရန်ကုန်) (၂၈ . ၆ . ၂၀၀၁ )တွင်ဆုံး ဖြတ်ထားပါသည်။

ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်သည် ၄င်းအား ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန် လွှဲအပ်ထားသည့် ဘောင်အတွင်း ကျရောက်ပါက ထိုသို့ပြုလုပ်မှုသည် အကြီးအကဲ ကိုယ်စား လှယ် လွှဲအပ်ခဲ့သူတွင် တာဝန်ရှိသည်။

သို့သော် ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၂၅တွင် အောက်ပါအတိုင်ပြဌာန်းထားသည်။ ကိုယ်စားလှယ်သည် မိမိအား ကိုယ်စားလှယ်လွှဲသူ၏ သဘောတူညီချက်ကို ဦးစွာ ရယူခြင်း မပြုပဲ၊ထို့အပြင်​လုပ်​ငန်းနှင့် စပ်လျဉ်း၍ ကိုယ်တိုင် သိရသော အရေးပါသည့် အကြောင်းအရာအရပ်ရပ်ကို ထိုသူအား အသိမပေးဘဲ ကိုယ်စားလှယ်လုပ်ငန်းကို မိမိပိုင်အဖြစ်ဖြင့်စီမံခန့်ခွဲလျှင်ကိုယ်စားလှယ်သည်အ​ရေးပါသောအကြောင်းအရာတစ်ခုခုကို မိမိ မသိအောင် မရိုး မဖြောင့် သော သဘောဖြင့် ထိန်ချန် ကြောင်းဖြစ်စေ ၊ ကိုယ်စားလှယ် ၏ စီမံခန့်ခွဲချက်များသည် မိမိအား အကျိုးမဲ့စေကြောင်းပေါ်ပေါက်လာပါက ကိုယ်စား လှယ်လွှဲသူသည်ထိုအမှုကိစ္စကို ငြင်းနိုင်သည်ဟုဖော်ပြထားပါသည်။

ထို့ကြောင့် ပစ္စည်းများဝယ်ယူရာတွင်အထွေထွေကိုယ်စားလှယ်စာဖြင့် ရောင်းချခြင်း ဖြစ်ပါက လွှဲအပ် ပေးသူသည် ထိုကိစ္စအတွက်လွှဲအပ်ပေးခြင်းဟုတ်မဟုတ် နှင့် ထိုကိစ္စအား လွှဲအပ်ပေးသူမှသိမသိ စုံစမ်းမေးမြန်းမှုပြုလုပ်ပြီးမှ ၀ယ်ယူသင့်ပါသည်။

အထူးကိုယ်စားလှယ်လွှဲစာ SP ဖြစ်ပါက ကိစ္စရပ်တစ်ခုအတွက်သာလွှဲအပ်ခဲ့ခြင်းဖြစ်၍ ထိုကဲ့သို့ အငြင်းပွားရန် မလိုဟု သုံးသပ်ရရှိပါသည်။

Credit: ဥပဒေအကျိုးဆောင် LL.B Group Myanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service