မြေနှင့် စွန့်လွှတ်စာချုပ် ချုပ်ဆိုရခြင်းအကြောင်းရင်းများ

မြေနှင့် စွန့်လွှတ်စာချုပ် ချုပ်ဆိုရခြင်းအကြောင်းရင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
4 Mar 2019 12:53 pm တွင် တင်ခဲ့သည်
2383 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

စွန့်လွှတ်စာချုပ် ချုပ်ဆိုရာတွင် မိ သားစုအချင်းချင်း ပိုင်ဆိုင်မှုအပြန်အလှန် စွန့်လွှတ်ခြင်း၊ မြေပိုင်ဆိုင်သူ အချင်းချင်း အပြန်အလှန် စွန့်လွှတ်ခြင်းတို့ ပြုလုပ်ကြ သည်ကို အများအပြားတွေ့ရသည်။

စွန့် လွှတ်စာချုပ်ချုပ်ဆိုခြင်းဖြင့် အခွန်ပေး ဆောင်ရခြင်းလည်းမရှိပါ။ မှတ်ပုံတင်စာ ချုပ်ချုပ်ဆို၍ အမည်ပေါက်ပြောင်း၍ရပါ သည်။ ဤကား စွန့်လွှတ်စာချုပ်ချုပ်ဆို ခြင်း၏ ထူးခြားချက်ဖြစ်သည်။

မိသားစုမောင်နှမအချင်းချင်း အမွေ ဝေစုခွဲဝေယူရာတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်း (ဥပဒေ။ ။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ ကား … စသည်) တို့နှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေ ကွက်နှင့် အိမ်)များ ပါရှိတတ်သည်။ ထို အခါ မိသားစုမောင်နှမတွင် ချမ်းသာသော သူများရှိသကဲ့သို့ ဆင်းရဲသူများလည်း ပါ ရှိတတ်သည်။ ဆင်းရဲသောမောင်နှမများ သည် မြေနှင့် အိမ်ကို အလိုမရှိကြ။ အမွေ ဝေစုအဖြစ် ”ငွေ”ကိုသာ အလိုရှိသူများ ကြသည်။

ထိုသို့ဖြစ်လျှင် အဝေမတည့်ဖြစ်မည် စိုး၍ ချမ်းသာသော အစ်ကို၊ အစ်မဖြစ်သူ က ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့မ ပြောင်းနိုင်သည့်ပစ္စည်း နှစ်မျိုး၏ ကာလ တန်ဖိုးကို သတ်မှတ်၍ အညီအမျှခွဲဝေပေး ကြလေ့ရှိသည်။ ခွဲဝေရာတွင် မြေနှင့် အိမ် တန်ဖိုးမှာ များနေလျှင် ထိုမြေနှင့် အိမ် တန်ဖိုး အမွေဝေစုထဲမှ လိုငွေကို မြေနှင့် အိမ် လွှဲပြောင်းယူသူမှ စိုက်ထုတ်ပေးလိုက် ရသည်။

ယင်းသို့ စိုက်ထုတ်ပေးသူ အစ်ကို/ အစ်မတို့မှာ မြေနှင့် အိမ်ပိုင်ရှင်ဖြစ်သွား သဖြင့် ကျန်မောင်နှမများက အဆိုပါ မြေ နှင့် အိမ်မှာ မိမိတို့နှင့် မည်သို့မျှ သက်ဆိုင် ခြင်း မရှိတော့ပါ။ မိမိတို့၏ အမွေဝေစု လည်း အပြည့်အဝရရှိပြီးဖြစ်၍ မိမိတို့၏ ”ပိုင်ဆိုင်မှုအစုကို စွန့်လွှတ်ပါကြောင်း” ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စွန့်လွှတ်သော စာချုပ်ချုပ်ဆိုပေးရသည်။ သို့မှသာ မြေနှင့် အိမ်ကို လွှဲပြောင်းလက်ခံ ယူသူ အစ်ကို/အစ်မအနေဖြင့် မိမိအမည် ပေါက် နာမည်ပြောင်း၍ ရပါသည်။ ပိုင် ဆိုင်ခွင့် အပြည့်အဝရရှိပါသည်။ ယင်းကဲ့ သို့ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန တွင် ”စွန့်လွှတ်စာချုပ် ချုပ်ဆိုရန် မြေပုံ/ မြေရာဇဝင် ကူးယူရပါသည်။ ယခု ”စွန့် လွှတ်မြေပုံ”ကူးလျှောက်ထားရာတွင် လို အပ်သည့် စာရွက်စာတမ်းများနှင့် လျှောက် ထားပုံအဆင့်ဆင့်ကို လေ့လာတင်ပြလိုက် ပါသည်။

၃၁။ စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံ ကူးလျှောက်ထားခြင်း။ မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ မြေငှားစာ ချုပ် (ဂရန်)မြေနှင့် လယ်ယာမြေနှင့် အ ကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃(ခ) သို့မဟုတ် ၃ (က)ရရှိပြီးမြေများကို စွန့်လွှတ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ မြေရာဇဝင် ရေးကူးပေးခြင်းတွင် လျှောက် ထားသည့် မြေကို ပူးတွဲပိုင်ဆိုင်သူ သို့မ ဟုတ် မှတ်ပုံတင်စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူတို့ကသာ လျှောက်ထားခွင့်ရှိ သည်။

မြေပုံ ကူးလျှောက်ထားရယူလိုသူ သည် ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါအထောက်အထားများကို တင်ပြ လျှောက်ထားရမည်.....

(က) လျှောက်ထားသူ၏ နိုင်ငံသား စိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူ။

(ခ) မြေငှားစာချုပ် (ဂရန်)မြေဖြစ် ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံ ချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူ။

(ဂ) မြေငှားစာချုပ် (ဂရန်)မြေဖြစ် ပါက မြေငှားစာချုပ်မိတ္တူ။

(ဃ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ် စာတမ်းနှင့် ပိုင်ဆိုင်မှုနှင့်ပတ် သက်၍ တရားရုံးမှ ချမှတ် ထားသည့် အမိန့်ဒီကရီ တစ် ရပ်ရပ်မိတ္တူ။

၃၂။ အထက်အပိုဒ် ၃၁ လျှောက် ထားမှုများတွင် သက်သေခံမြေပုံနှင့် မြေ ရာဇဝင်ထုတ်ပေးရန်အတွက် ဌာနမှ အောက်ပါအတိုင်း စိစစ်ရမည်-

(က) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံ စွာရေးဖြည့်ထားခြင်း ရှိ၊ မရှိ။

(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံ တင်ကတ်ပြားမိတ္တူကို မူရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ။

(ဂ) မြေငှားစာချုပ် (ဂရန်)မြေဖြစ် ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံ ချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ။

(ဃ) မြေငှားစာချုပ် (ဂရန်)မြေဖြစ် ပါက မြေငှားစာချုပ်မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး ခြင်း ရှိ၊ မရှိ။

(င) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ် စာတမ်းမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ။

(စ) ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တ ရားရုံးမှ ချမှတ်ထားသော အ မိန့် ဒီကရီမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ။

(ဆ) ဝန်ဆောင်ခပေးသွင်းခြင်း ရှိ၊ မရှိ။

(ဇ) အထက်ပါအချက်များ ပြည့်စုံ ပါက မြေတိုင်းမှ မြေရာဇဝင် အစီရင်ခံစေခြင်းနှင့် မြေပုံမြေ ရာဇဝင် ရေးဆွဲခြင်း။

(ဈ) တင်ပြထားသည့် မြေဆိုင်ရာ အထောက်အထားများနှင့် မြေ စာရင်းကိုက်ညီမှု ရှိ၊ မရှိ။

(ည) မြေရာဇဝင်ပါ မှတ်ချက်များ ကို အောက်ပါအတိုင်း စိစစ် ခြင်း-

(၁) လျှောက်ထားသောမြေ သည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ။

(၂) မြေစာရင်းတွင် မြေ သိမ်း ရှိ၊ မရှိ။

(၃) မြေစာရင်းတွင် မြေတန် ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ။

(၄) မြေစာရင်းတွင် အစိုးရ ဌာနဆိုင်ရာများ၏ တား မြစ်ချက် ရှိ၊ မရှိ။

(၅) မြေစာရင်းတွင် တရား ရုံးတားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့် ကွက်ချက် ရှိ၊ မရှိ။

(၆) မြေစာရင်းတွင် ကန့် ကွက်ချက် ရှိ၊ မရှိ။

(၇) ပြည်တွင်းအခွန်များဦး စီးဌာနမှ ကန့်ကွက် တားမြစ်ချက် သို့မ ဟုတ်ြေ<ွကးကျန် ရှိ၊ မရှိ။

(၈) မြေစာရင်းရှိ မှတ်ချက် များသည် တင်ပြထား သည့် အထောက်အ ထားများနှင့် ဆက်စပ်မှု ရှိ၊ မရှိ။

(၉) ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်းလွှဲပြောင်း ခြင်းကို ကန့်သတ်သည့် ဥပ ဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ။

(၁၀) တရားရုံးဒီကရီတစ်ရပ်ရပ်ရ ရှိသူဖြစ်ပါက မြန်မာ့အလင်း သတင်းစာ၊ ကြေးမုံသတင်း စာနှင့် မြို့တော်သတင်းစာတို့ တွင် သီးခြားကြော်ငြာခြင်း၊ မြေပြင် ကွင်းဆင်းစစ်ဆေး ခြင်းနှင့် အစီရင်ခံတင်ပြခြင်း။

(၁၁) အထက်ပါအချက်များ ပြည့်စုံ ပါက လျှောက်ထားပါမြေပုံ နှင့်ပတ်သက်၍ အဆင့်ဆင့် စိစစ်ပြီး ခွင့်ပြုပေးသူအရာရှိ ထံ ခွင့်ပြုမိန့်ရယူခြင်းနှင့် မြေပုံ ၌ လက်မှတ်ရေးထိုးခြင်း။

(၁၂ ) အဆိုပါ သက်သေခံမြေပုံနှင့် မြေရာဇဝင်ကို အဆင့်ဆင့် လက်မှတ်ရေးထိုး၍ လျှောက် ထားသူအား ထုတ်ပေးခြင်း နှင့် ထုတ်ပေးပြီးကြောင်း မြို့ မြေစာရင်း၌ မှတ်သားခြင်းတို့ ကို ပြုလုပ်ဆောင်ရွက်ရပါ သည်။

ခေတ္တရာမြင့်အောင်(ဥပဒအေကျိုးဆာင်ရှေ့နေ)

Credit:  အကျိုးဆောင်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service