ပစ္စည်း ခွဲဝေပေးစေလိုမှုတွင် တရားစွဲဆိုရန် နေ့စဉ်နှင့်အမျှ ပေါ်ပေါက်ခြင်း

ပစ္စည်း ခွဲဝေပေးစေလိုမှုတွင် တရားစွဲဆိုရန် နေ့စဉ်နှင့်အမျှ ပေါ်ပေါက်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
25 Feb 2019 12:57 pm တွင် တင်ခဲ့သည်
1678 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ကျွန်တာ်၏ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဦးလှတိုးလွင်သည် တွေ့ဆုံလိုကြောင်း မြို့ထဲရုံးခန်းသို့ ကားနှင့်သွားနေရင်းမြေနီကုန်းကို ကျော်လာပြီဖြစ်၍ ဒဂုံမြို့နယ် ၊ မြို့မကျောင်းလမ်းရှိ အိုရီရင့်တယ်ဟောက်စ်သို့ ချိန်းဆိုလိုက်ပါသည်။ ကျွန်တော်ရောက်ပြီး မကြာမီပင် ဦးလှတိုးလွင်ရောက်လာပြီး သူကြိုက်နှစ်သက်သော ဒင်ဆန်းနှင့် အခြားစားဖွယ်ရာများကို မှာကြား၍ စားသောက်ရင်းနှင့် စကားပြောဖြစ်ကြပါသည်။

 ဦးလှတိုးလွင်က “ သူငယ်ချင်းရယ်၊ ပြဿနာကတော့ အမွေကိစ္စပါပဲကွာ။ ကိုယ်တို့မောင်နှမ ရထားတဲ့ အမွေဆိုင်ခြံကို ခွဲဝေပေးဖို့ ဒါမှမဟုတ် မြေတန်ဖိုးတစ်ဝက်ကို ပေးချေးဖို့ ကိုယ့်နှမရဲ့သားတွေက တောင်းဆိုနေလို့ပါ။ အဲဒါကွာ ကိုယ်တို့တွေ အမွေရထားတဲ့ အချိန်နဲ့ဆိုရင်ကြာပြီဖြစ်နေပါတယ်။ ကာလစည်းကမ်းသတ် ဥပဒေပထမဇယားအပိုဒ် ၉၁ နဲ့ အကျုံဝင်မလား ဆိုတာ သိချင်လို့ပါ ”ဟု ပြောပါသည်။ ဦးတိုးလွင်သည် ကျွန်တော်နဲ့အတူ ဥပဒေဘွဲ့ကို ယူခဲ့ကြသူဖြစ်ပြီး ကျွန်တော်ကသာ ရှေ့နေဖြစ်နေပြီး သူကတော့ ကားဝယ်ရောင်း ကုမ္ပဏီထောင်ထားကာ စီးပွားရေးကောင်းမွန်သဖြင့် အဆင်ပြေကြီးပွားနေသူ ဖြစ်ပါသည်။

ထိုအခါ ကျွန်တော်က သူငယ်ချင်းရယ် မင်းလည်း သင်ခဲ့ရဖူးတယ်လေ။ပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပေါ်ပေါက်သော တရားစွဲဆိုရန် အချင်းဖြစ်အကြောင်းအရာဟာ ထပ်တလဲလဲ ပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်းခွဲမပေးသ၍ ကာလပတ်လုံးတရားစွဲရန် နေ့စဉ်နှင့်အမျှ အကြောင်းပေါ်ပေါက်နေမည်သာဖြစ်တယ်လေ။ နောက်ပြီး ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားမှာ ပစ္စည်းခွဲဝေပေးစေလိုမှုအတွက် စည်းကမ်းသတ်ကာလနဲ့ ပတ်သက်ပြီး သီးခြားပြဌာန်းချက် ဖော်ပြမထားဘူး။

“ နောက်ပြီး ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားအပိုဒ် ၉၁ မှာ အခြားနည်းပြဌာန်းထားခြင်း မရှိသည့် စာချုပ်စာတမ်းကို ပယ်ဖျက်လိုမှု သို့မဟုတ် ဖယ်ရှားလိုမှုအား တရာလိုက စာချုပ်စာတမ်းကို ဝယ်ဖျက်သော သို့မဟုတ် ပယ်ရှားသော အကြောင်းအရာများကို တရားလိုက သိရသည့်အခါမှစ၍ သုံးနှစ်အတွင်းတရားစွဲဆိုရမယ်လို့ ပြဌာန်းထားပေမယ့် အခုလိုကိစ္စကတော့ မင်းက အကယ်၍ငြင်းဆန်မယ်ဆိုရင် သူတို့အနေနဲ့ တရားစွဲရမှာဖြစ်လို့ ကာလစည်းကမ်းသတ်မကျော်လွန်ဘူးလို့ သုံးသပ်ရမှာပဲ ”

“ ဒါနဲ့ပတ်သက်ပြီး စီရင်ထုံးတစ်ခုရှိသေးတယ် ”

“ အဲဒါကတော့ “ မရှမ်းပါ(၅)နှင့်  ဦးသန်းမြင့်၊ ၁၉၉၀ ပြည့်နှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊စာမျက်နှာ-၈၈ ” မှာ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ တရားစွဲဆိုနိုင်ရန် အကြောင်းသည် နေ့စဉ်ထပ်တလဲလဲပေါ်ပေါက်ပြီး ကာလစည်းကမ်းသတ်ဥပဒေအပိုဒ် ၉၁ အား ကိုးကားဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်မှုမရှိကြောင်း တရားရုံးချုပ်က စီရင်ဆုံးဖြတ်ခဲ့ပါတယ် ”

“ အမှုမှာ လျှောက်ထားခံရသူဦးသန်းမြင့်က ၊ မန္တလေး အရှေ့တောင်မြို့နယ် ၊ စကြာနွယ်စဉ်ရပ်ကွက် ၊ အကွက်နံပါတ် ၆၇၇ ၊ ဦးပိုင်နံပါတ် ၂၀ ၊ စာရင်းပေါက်သည့် မြေကွက်ကို သကြီးဦးဖေက မိမိနှင့် အစ်ကို ဦးသိန်းမောင်တို့ကို ၁၉၅၆ ခုနှစ်က လွှဲပြောင်းပေးခဲ့ကြောင်း ၊ မရှမ်းတို့ (၅)ဦးသည် အစ်ကိုဦးသိန်းမောင်၏သားသမီးများဖြစ်ကြကြောင်း ၊ လျှောက်ထားသူမရှမ်းတို့၏မိခင်က မြေကိုခွဲဝေပေးမည်ဟုပြောသော်လည်း ခွဲမပေးဘဲနေ၍ လျှောက်ထားသူများအပေါ် ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရကြောင်း အဆိုပြုပြီး မန္တလေးတိုင်းတရားရုံးတွင် တရားမကြီးမှုအမှတ် ၂၈၁/၈၉ (အရှေ့တောင်)နဲက စွဲဆိုပါတယ်။ ”

“ မရှမ်းတို့က အခြားချေပချက်များအပြင် ၊ အမှုစွဲဆိုရာ၌ ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း ချေပခဲ့၍ အဆိုအချေအရ “ ဤအမှုကို စွဲဆိုရန် ကာလစည်းကမ်းသတ်ကျော်လွန်ပါသလား ” ဟူ၍ ပမာဏငြင်းချက် ထုတ်ပေးခဲ့တယ် ” ။

“ နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးနောက် မူလတရားရုံးက ကာလစည်းကမ်းသတ် ကျော်လွန်ခြင်း မရှိသေးကြောင်း တရားလိုဘက်သို့ အသာပေးဖြေဆိုပြီး အမှုကို ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့သဖြင့် မရှမ်းတို့မောင်နှမတစ်စုက မကျေနပ်၍ ဤပြင်ဆင်မှုကိုတင်သွင်းခြင်းဖြစ်ပါတယ် ”

“ ပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပေါ်ပေါက်သော တရားစွဲဆိုရန် အချင်းဖြစ်အကြောင်းအရာသည် ထပ်တလဲလဲ ပေါ်ပေါက်သညဖြစ်၍ ပစ္စည်းခွဲမပေးသရွေ့ ကာလပတ်လုံး တရားစွဲရန် နေစဉ်နှင့်အမျှအကြောင်းပေါ်ပေါက်နေမည်သာဖြစ်တယ် ၊ ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားတွင် ပစ္စည်းခွဲဝေပေးစေလိုမှုအတွက် စည်းကမ်းသတ်ကာလနှင့် ပတ်သက်ပြီး သီးခြားပြဌာန်းချက် ဖော်ပြမထားခြင်း ဖြစ်တယ်”

“ မူလပိုင်ရှင်နှင့် ပူးတွဲပိုင်သူတို့ သေချာသည့်နေ့၌ တရားစွဲဆိုရန် အကြောင်းအရာပေါ်ပေါက်၍ ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း လျှောက်ထားသူ၏ ရှေ့နေတင်ပြချက်မှာ မမှန်ကန်ပါ။တရားလိုက တရားစွဲဆိုရန် အချင်းဖြစ်အောကာင်း အရာသည် တရားပြိုင်တို့က ပစ္စည်ခွဲဝေပေးရန် ငြင်းဆန်သော ၁၇-၇-၈၉ ရက်နေ့တွင်လည်းကောင်း၊ ထို့နေရက် နောက်များတွင်လည်းကောင်း ပေါ်ပေါက်ကြောင်း ဆိုပြုခဲ့ပြီး အမှုကို ၂၇-၇-၈၉ ရက်နေ့တွင် စွဲဆိုခြင်းဖြစ်ရာကာလစည်းကမ်းသတ် မကျော်လွန်သည်မှာ ထင်ရှားတယ် ”

“ သို့သော် မူလတရားရုံးက ကာလစည်းကမ်းသတ် မကျော်လွန်သေးကြောင်းကို ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား အပိုဒ် ၉၁ အား ကိုးကားဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မှန်ကန်မှုမရှိသဖြင့် ကာလစည်ကမ်းကမ်းသတ် ဥပဒေ၏ပထမဇယား အပိုဒ် ၉၁ နှင့် အကျုံးဝင်သက်ဆိုင်ကြောင်း၊ ကောက်ယူသုံးသပ်ခြင်းကို ပယ်ဖျက်ပြီးကာလစည်းကမ်းသတ် ကျော်လွန်ခြင်း မရှိကြောင်း ကောက်ယူဆုံးဖြတ်ချက်အား ဆက်လက်အတည်ပြု့အမိန့်ကို တရားရုံးချုပ်မှ ဆုံးဖြတ်ထားပါတယ် ”

“ သူငယ်ချင်းရေ အဲဒီစီရင်ထုံးအတိုင်း ကျင့်သုံးရမှာ ဖြစ်နေလေတော့ မင်းရဲ့တူ၊ တူမတွေကို သူတို့ရမယ့် အမွေဆိုင်ကိစ္စအတွက် မြေကွက်ကို တိုင်းတာပြီးခွဲဝေပေးရင်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ကာလပေါက်ဈေးနဲ့ တစ်ဝက်တန်ဖိုးကို ပေးချေရင်ဖြစ်ဖြစ်လုပ်မှ အဆင်ပြေမှာပါကွာ ” ဟု ပြောလိုက်ရာ ဦးလှတိုးလွင်က “ ကိုယ်ကလည်း ခွဲဝေမပေးဘူးလို့ မပြောပါဘူး။အခုက မြေကွက်ဈေးတွေ ကျဆင်းနေပြီးပြန်ရောင်းချဖို့ရာမှာ မလွယ်ဘူး ဖြစ်နေလို့ပါ ”ဟု အားငယ်သံဖြင့် ပြောပါသည်။

ထိုအခါ ကျွန်ုတော်က “ ဒါဖြင့်လည်း သူငယ်ချင်းတို့ အမွေရတဲ့ ခြံကွက်ကို တိုင်းတာပြီး တစ်ဝက်ကို သူတို့အားခွဲဝေပေးပြီး အမည်ဖောက်ပေးလိုက်ပေါ့ကွား။ သူတို့ဖာသာ ဒီအတိုင်းထားချင်လည်းထား ၊ ဒါမှမဟုတ် ပြန်ရောင်းချင်းလည်း ရောင်းနိုင်တာပေါ့။သူငယ်ချင်းက ငွေကြေးတတ်နိုင်သူဆိုတော့ နှမအတွက်အကုန်အကျခံပေးလိုက်ပါလို့ အကြံပေးပါရစေ ”

“ တစ်ခုတော့ရှိတယ်။ ကိုယ်တို့တစ်တွေ ကျောင်းမှာ သင်ခဲ့ရတဲ့အတိုင်းပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပေါ်ပေါက်သော တရားစွဲရန် အချင်းဖြစ်အကြောင်းအရာသည် ထပ်တလဲလဲ ပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်းခွဲဝေ မပေးသရွှေ့ကာလပတ်လုံး၊ တရားစွဲဆိုရန်မှာ နေ့စဉ်နှင့်အမျှ အကြောင်းပေါ်ပေါက်နေမှာသာ ဖြစ်တယ်လို့ မှတ်ထားဦးနော် ”ဟု ရယ်မောစွာ ပြောရင်းနှင့် မိမိတို့ကား၊ မိမိတို့မောင်းပြီး လမ်းခွဲထွက်လာပါတော့သည်။

Credit:    ကြယ်နီလေး (ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service