အမွေဆိုင် အိမ် နှင့် မြေကို ခွဲစိတ်ဝယ်ယူပိုင်ခွင့်

အမွေဆိုင် အိမ် နှင့် မြေကို ခွဲစိတ်ဝယ်ယူပိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
21 Feb 2019 11:10 am တွင် တင်ခဲ့သည်
3206 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

''အမွေဆိုင်အိမ်နဲ့ မြေကို ခွဲစိတ် ပြီး ဝယ်လို့ရပါသလားဆရာ''ဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာရောက် မေးမြန်းဆွေးနွေးပါသည်။

" အမွေဆိုင်အားလုံးက သဘော တူရင်တော့ ဝယ်လို့ရပါတယ်။ ဒါ ပေမယ့် ဥပဒေနဲ့အညီ ခွဲစိတ်နိုင်တဲ့ မြေအကျယ်အဝန်းဖြစ်ဖို့တော့ လို တယ်''

''အခု မြေကွက်က မောင်နှမ လေးဦးပိုင် မြေကွက်ဆရာ''

''ဂရန်မြေလား''

''ဂရန်မြေတော့ မဟုတ်ဘူး။ Free Hold Land လို့ ပြောတယ်''

''ဘိုးဘွားပိုင်မြေ အမျိုးအစား မြေပိုင်မြေပေါ့''

''မောင်နှမလေးဦး အမည်ပေါက် လို့ ပြောတယ် ဆရာ''

''မူလက မိဘတွေအမည်ပေါက် ဖြစ်မယ်။ မိဘများ ကွယ်လွန်သွားလို့ သားသမီးလေးဦးအမည် ပြောင်းထား တာဖြစ်မယ်''

''ဟုတ်တယ် ဆရာ။ ပြီးတော့ မောင်နှမ လေးဦးလုံး အဲဒီမြေကွက် ထဲမှာပဲ နေကြတာဖြစ်တယ်''

''ဒါဆိုရင် အခက်အခဲသိပ်မရှိပါ ဘူး။ အချင်းဖြစ် အမွေဆိုင်အိမ်မှာ နေထိုင်တာမဟုတ်ဘဲ။ အပြင်မှာ နေ ထိုင်သူရှိရင်တော့ အမွေမှုတွေဖြစ် လာနိုင်တယ်''

''ဘယ်လိုလဲ ဆရာ၊ အမွေမှုတွေ ဖြစ်နိုင်ရင်တော့ ကျွန်တော် မဝယ် သင့်ဘူး ထင်တယ်''

''ဒါကတော့ ဒီလိုပါ။ အမွေဆိုင် အိမ်နဲ့မြေပေါ်မှာ နေထိုင်တဲ့ အမွေ ရှင်တွေကလည်း အဲဒီနေရာပတ်ဝန်း ကျင်ကနေ ခွဲခွာမသွားချင်ဘူး။ အမွေ ဆိုင်အိမ်မှာ မဟုတ်ဘဲ အခြားနေရာ မှာ နေထိုင်ကြတဲ့ ပူးတွဲအမွေဆိုင်တွေ ကလည်း အမွေဝေစုရချင်တယ်။ ဒီ တော့ အမွေဆိုင်အိမ်နဲ့ မြေပေါ်မှာ လက်ဝယ်နေသူတို့အပေါ် တရားစွဲဆို တောင်းရတဲ့အထိ ဖြစ်တတ်ကြ တယ်''

''အခုကိစ္စမှာ အမွေရှင်အားလုံး စုပေါင်းနေတယ်ဆိုတော့ အမှုအခင်း ဖြစ်တဲ့အထိ မရောက်နိုင်ဘူးလို့ထင် တာပဲ ဆရာ''

''ဟုတ်ပါတယ်။ အားလုံးညှိနှိုင်း လို့ရတာမို့ ရောင်းဖို့အသံထွက်လာ တာပေါ့''

''တစ်ခုတော့ရှိတယ်။ ဒုတိယ ဆိုရမှာပေါ့။ အမှတ်စဉ် ၂ ဖြစ်တဲ့ အစ်ကိုက မကြာမီပြီးခဲ့တဲ့ တစ်လခန့် မှာ ကွယ်လွန်သွားတယ်ဆရာ''

''သူ့ဇနီးနဲ့ သားသမီးကျန်မှာ ပေါ့။ မောင်နှမလေးဦး အမည်ပေါက် ဖြစ်နေရင်တော့ အမှတ်စဉ် (၂) အစ် ကိုကွယ်လွန်ရင် သူ့ဇနီးက ခံစားခွင့်ရှိ မှာဖြစ်တယ်''

''မြေကွက်ကတော့ ပေ ၈ဝ ပတ် လည်လောက်ရှိမယ်ဆရာ။ အိမ်က အလယ်မှာဆောက်ထားတယ်။ နောက်ဘက်မှာလည်း ကျောင်းသား တွေ အဆောင်ငှားထားတယ်။ အခန်း တွေကန့်ထားတဲ့ အဆောက်အအုံ တစ်ခုရှိတယ်''

''ဒါဆိုရင် မြေခွဲဝေရောင်းဖို့ အခက်အခဲရှိနိုင်တာပေါ့''

''ဒါကြောင့် ရှုပ်ထွေးနေမှာစိုးလို့ ကျွန်တော်လည်း မဝယ်ရဲဘူးဖြစ်နေ တယ်''

''နေရာက ဘယ်မှာလဲ''

''လှိုင်မြို့နယ်ထဲက ဆရာ။ အင်း လျားကန်နဲ့ မျက်နှာချင်းဆိုင်ရပ်ကွက် ထဲမှာဆရာ''

''နေရာက ကောင်းတာပဲ''

''ဟုတ်ကဲ့ ဆရာ၊ ဒါကြောင့် အ ရှုပ်အထွေးမဖြစ်နိုင်ရင်တော့ ကျွန် တော်ဝယ်ထားလိုက်ချင်လို့ပါ။ ဘယ် လို ဆောင်ရွက်ရင်ကောင်းမလဲ ဆရာ''

''အစောကပြောသလိုပေါ့ဗျာ။ အမွေရှင်အားလုံးက သဘောတူရင် တော့ မြေကွက်ကို ခွဲစိတ်ရောင်းချနိုင် ပါတယ်''

''အခုရောင်းမယ့် အခြမ်းက နောက်ဘက်အဆောင်ငှားထားတဲ့ အ ဆောက်အအုံရှိတဲ့ အစိတ်အပိုင်း ဆရာ''

''ခန့်မှန်းခြေ ပေအကျယ်အဝန်း ဘယ်လောက်ရှိမယ်လို့ ပြောသလဲ''

''အဆောက်အအုံကတော့ ၁၅ ပေ x ပေ ၆ဝ ခန့်ရှိမယ်ထင်တယ်။ ခြောက်ခန်းရှိတယ်ဆရာ။ ၁ဝ ပေ ပတ်လည်ခန့်ရှိတဲ့ အခန်းတွေဖွဲ့ထား တာ''

''ဒါဆိုရင် မြေကိုခွဲစိတ်ဝယ်ယူ နိုင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်''

''မြေကို ခွဲစိတ်ဝယ်ယူနိုင်တဲ့ အ ပိုင်းဆိုတာ ဘယ်လိုလဲဆရာ''

''ဂရန်မြေဖြစ်စေ၊ မြေပိုင်မြေ အမျိုးအစားဖြစ်စေ မြေကွက်ကို ခွဲ စိတ်မယ်ဆိုရင် ခွဲစိတ်မြေကွက်နဲ့ ကျန်မြေကွက်ရဲ့ ဧရိယာမှာ အနည်း ဆုံး စတုရန်းပေ ၁၂ဝဝ ရှိဖို့လိုပါတယ်။ ပြီးတော့ မြေကွက်နှစ်ကွက်လုံးအ တွက် အဝင်အထွက်ကားလမ်းရှိရပါ မယ်''

''ဟုတ်ကဲ့ အခုမြေကွက်မှာ တော့ ခြံထဲဝင်ပေါက်ဝကပဲဝင်ပါလို့ ပြောပါတယ်။

''အင်းပေါ့။ အခုလောလော ဆယ်မှာ ခြံကလည်း ကျယ်သေး တယ်။ ဝင်ပေါက်ကလည်း ကျယ်မှာ ပေါ့။ ဒါပေမယ့် ကျန်တဲ့ မြေကွက် အစိတ်အပိုင်းတွေ ခွဲစိတ်ရောင်းခဲ့ရင် ကိုယ့်ခြံအတွက် ကားအဝင်အထွက် လမ်းမရှိဘဲ ပိတ်သွားတတ်တယ်''

''ဟုတ်ကဲ့ ဆရာ။ အဲဒါလည်း ကျွန်တော်မေးပါတယ်။ ခြံခတ်လိုက် မှာဆိုတော့ ကားအဝင်အထွက်အ တွက် ကိုယ်ပိုင်လမ်းခေါ်မလား၊ ဘယ် လို ဆောင်ရွက်ပေးမလဲလို့ မေးကြည့် ပါတယ်''

''ဘယ်လိုညှိနှိုင်းဆောင်ရွက်ပေး မယ်ပြောသလဲ''

''ခြံတံခါးပေါက်မှနေပြီး On the ride way ပေးမယ်ပြောပါတယ်''

''ဒါကိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုတဲ့အခါမှာ အသေးစိတ် ဖော်ပြရပါမယ်။ သက် ဆိုင်ရာ မြေပုံမြေရာဇဝင်ပေါ်မှာ လည်း သေချာအရောင်ခြယ် သတ် မှတ် ဖော်ပြဖို့လိုပါတယ်''

''အရောင်းအဝယ်ဖြစ်ရင်တော့ စာချုပ်စာတမ်း ချုပ်ဆိုရမှာကအစ လုပ်ငန်းအစအဆုံးကို ဆရာပဲလုပ်ရ မှာဖြစ်တယ်''

''ကောင်းပါပြီလေ။ အကောင်း ဆုံး ဆောင်ရွက်ပေးပါမယ်''

''အချို့ကပြောတော့ အမှုအခင်း ဖြစ်နေတဲ့ အမွေဆိုင်မြေနဲ့အိမ်ကို အမွေရှင်တွေ သဘောတူရင် ခွဲစိတ် ရောင်းချခွင့်ရှိတယ်လို့ ပြောတယ် ဟုတ်ပါသလား''

'' အစောကပြောခဲ့သလိုပေါ့။ မြေကွက်ကို ခွဲစိတ်ရောင်းလို့ရနိုင်တဲ့ မြေအကျယ်အဝန်းဖြစ်ဖို့တော့ လိုပါ တယ်။ ဥပမာပြောရရင် တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ ဦးချစ်သန်းပါနှစ် ဦးနှင့် ဦးဘညိုပါငါးဦး၊ ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက် နှာ-၄၃ အမှုကို ကြည့်နိုင်ပါတယ်။ ဦးချစ်သန်းပါနှစ်ဦးသည် ¤င်းတို့ခွဲ ဝေရရှိသည့်အချင်းဖြစ် မြေနှင့် အိမ် ၏ ငါးပုံနှစ်ပုံကို မျက်မြင်အတိုင်း (ဝ ဒသမ ဝ၇၄) ဧကမှ ခွဲဝေ ရယူရန် ကတိစာချုပ်အရ သဘောတူခဲ့သည်။ ထို့နောက် မြေနှင့်အိမ်၏ ငါးပုံနှစ်ပုံ ကို ခွဲဝေယူလျှင် ပစ္စည်းတစ်ခုလုံး အ ဆောက်အအုံကို ဖျက်ဆီးရာရောက် ၍ လေလံတင်ရောင်းချပြီးမှ ရောင်းဖိုး ငွေကို ခွဲဝေပေးရန် တရားလို များက တရားရုံးသို့ တင်ပြသည်။ ရုံးတော်က ကော်မရှင်နာ၏ အစီရင်ခံစာအရ အိမ်၏ မျက်နှာဝအကျယ်မှာ ၂၄ ပေ ခန့်ရှိပြီး ဦးချစ်သန်းတို့ နှစ်ဦးရရှိမည့် ငါးပုံနှစ်ပုံမှာ ၉ ဒသမ ၆ ပေခန့်ရှိ ကြောင်း တွေ့ရသည်။ တရားပြိုင် များက ယင်းအစိတ်အပိုင်းကို အုတ် နံရံကာပေးမည်ဖြစ်ကြောင်း တင်ပြ ထားသည်။ ၉ ဒသမ ၆ ပေ အစိတ် အပိုင်းသည် လူနေထိုင်နိုင်ပြီး အ ဆောက်အအုံ ဆောက်လုပ်နေထိုင် နိုင်သည့်အတိုင်းအတာအကျယ်အ ဝန်းရှိသဖြင့် သဘောတူကတိစာချုပ် ပါအတိုင်း အမိန့်ချအတည်ပြုခဲ့ပါ တယ်။ ဒါကြောင့် မြေကွက်ကို အမွေ ရှင်အားလုံး သဘောတူခွဲဝေ၍ ပူးတွဲ နေထိုင်ကြရင်လည်း ဖြစ်တယ်''

''ဒါပေမယ့် အခုကိစ္စက မြေကို ခွဲစိတ်ပြီး အတူနေကြမှာမဟုတ်ဘူး ဆရာ ကျွန်တော်က ဝယ်မှာ''

ဒါကြောင့်မို့ ဥပဒေနဲ့အညီ တရားဝင်ခွဲစိတ်ပြီး ကားအဝင်အ ထွက်လမ်းအပါအဝင် သေချာစိစစ် ညှိနှိုင်းဝယ်ပါလို့ အကြံပေးချင်ကြောင်း ပြောပြဆွေးနွေးလိုက်ပါသည်။

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service