ဂရန်ရှိ မြေပိုင် မြေကို ၀ယ်မည်ဆိုလျှင်

ဂရန်ရှိ မြေပိုင် မြေကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
20 Feb 2019 12:28 pm တွင် တင်ခဲ့သည်
4680 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

““ ဂရန်ရှိ မြေပိုင်မြေဆိုတာ ဘယ်လိုမြေအမျိုးအစား လဲ ဆရာ၊ ဂရန်စာချုပ်ရှိပါသလား””ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်မေးမြန်းဆွေးနွေးခြင်းဖြစ်သည်။

““ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြေစီမံ ခန့်ခွဲမှုလုပ်ငန်းများအတွက် မြေအမျိုးအစား သတ်မှတ်ချက် တွေရှိတယ်။ မိတ်ဆွေပြောတဲ့ ဂရန်ရှိမြေအမျိုးအစားသည် ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)ကဲ့သို့ မြေမျိုးဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်””

““ဒါဆိုရင် ဂရန်စာချုပ်မရှိဘူးပေါ့””

““မှန်ပါတယ်။ မြေငှားဂရန်ထုတ်ပေးထားတဲ့ မြေ အမျိုးအစားမဟုတ်ပါဘူး””

““မြေပိုင်မြေနဲ့ ဘိုးဘွားပိုင်မြေက ဘယ်လိုကွာခြားပါ သလဲ””

““နားလည်အောင်ရှင်းပြရရင် အင်္ဂလိပ်အစိုးရက မြန်မာပြည်ကို အုပ်စိုးစဉ်မှာ မြေပိုင်ရှင်တွေက နိုင်ငံခြားသား တွေဖြစ်ကြတယ်။ အထူးသဖြင့် ထိုစဉ်က အခေါ်အဝေါ်ဖြစ်တဲ့ ချစ်တီးကုလားတွေ ပိုင်ကြတယ်။ အဲဒီမြေတွေကို မြေပိုင်မြေ လို့ သတ်မှတ်တယ်။ နောက်ပိုင်း မြန်မာနိုင်ငံသားတွေက ၀ယ် ယူခြင်းဖြစ်စေ၊ အမွေဆက်ခံခြင်းဖြစ်စေ ပိုင်လာတဲ့မြေတွေ ဖြစ်တယ်””

““ဘိုးဘွားပိုင်မြေဆိုတာက ဘယ်လိုလဲ””

““ဘိုးဘွားပိုင်မြေနဲ့ပတ်သက်လို့ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ (၄)ပုဒ်မခွဲ (၁၀)အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေအမျိုးအစားဖြစ်သည်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတယ်””

““ဒါဆိုရင် ဂရန်ရှိမြေပိုင်မြေဆိုတာ ဘိုးဘွားပိုင်မြေ အမျိုးအစားထဲမှာ ပါဝင်တယ်လို့ ဆိုရမှာပေါ့””

““မှန်ပါတယ်။ ယေဘုယျမှတ်သားထားရမှာကတော့ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ တို့သည် ဘိုးဘွား ပိုင်မြေအမျိုးအစားထဲမှာ ပါဝင်တဲ့ မြေအမျိုးအစားအဖြစ် သတ်မှတ်သားထားသင့်ပါတယ်””

““အခု ကျွန်တော် ၀ယ်မယ်လို့ သွားကြည့်တဲ့ မြေကွက် က ဂရန်ရှိမြေပိုင်မြေဆိုလို့ ဂရန်စာချုပ်တောင်းကြည့်တော့ မရှိဘူးဖြစ်နေတယ် ဆရာ။ အခု ဆရာရှင်းပြမှပဲ ဘိုးဘွားပိုင် မြေအမျိုးအစားဆိုတာ သိလိုက်ရတယ်””

““ဘိုးဘွားပိုင်မြေအမျိုးအစားဖြစ်လို့ မြေရောင်းချတဲ့ အခါ မြေပုံမြေရာဇ၀င်နဲ့ပဲ အရောင်းအ၀ယ်စာချုပ် ပြုလုပ် ကြရမှာဖြစ်တယ်””

““ဘိုးဘပိုင်မြေအမျိုးအစားက မြေကွက်ကိုခွဲစိတ် ရောင်းချနိုင်တယ် မဟုတ်လား””

““ဘိုးဘွားပိုင်မြေဖြစ်စေ၊ မြေပိုင်မြေဖြစ်စေ၊ ဂရန်ရှိ မြေပိုင်မြေဖြစ်စေ၊ အဲဒီအမျိုးအစားက မြေငှားဂရန်စာချုပ် မရှိတဲ့အတွက် သတ်မှတ်ထားတဲ့မြေ၊ အကျယ်အ၀န်းအလိုက် မြေကွက်ကို ခွဲစိတ်ရောင်းချခွင့်ရှိပါတယ်””

““၀ယ်မယ်လို့ စိတ်ကူးထားတဲ့ မြေကွက်က မြေမခွဲ စိတ်ရသေးဘူးဆရာ၊ မြေပုံပေါ်တွင် အစိမ်းရောင်ခြယ်ပြထား သော မြေအစိတ်အပိုင်းလို့ ဖော်ပြထားတယ် ဆရာ””

““အခု အဲဒီအစိတ်အပိုင်းကို ၀ယ်မှာလား””

““အိမ်ဆောက်လုပ်ခွင့်လည်းကျထားတော့ ၀ယ်မယ် စိတ်ကူးလို့ပါ””

““ရောင်းမယ်ဆိုတဲ့ သူက အရောင်းအ၀ယ်မှတ်ပုံတင် စာချုပ်နဲ့ ချုပ်ဆိုဝယ်ထားသလား””

““ဟုတ်တယ်ဆရာ၊ မူလပိုင်ရှင်က အဆက်အသွယ် မရလို့ တရားရုံးရဲ့ အမိန့်နဲ့ အရောင်းအ၀ယ်မှတ်ပုံတင် စာချုပ် ပြုလုပ်ထားတယ်ဆရာ””

““ဒါဆိုရင် ရောင်းသူကိုယ်စား တရားရုံးရဲ့ဘိလစ် က လက်မှတ်ရေးထိုးဆောင်ရွက်ထားတာပေါ့””

““ဟုတ်ပါတယ် ဆရာ၊ ဒါကြောင့် ၀ယ်ရင်လည်း အရှုတ်အရှင်းကင်းမယ်လို့ ယူဆတယ်””

““မှန်ပါတယ်။ ၀ယ်ထားသူကိုယ်တိုင် သက်ရှိထင်ရှား ရှိပြီး အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးမယ်ဆို ရင်တော့ အဆင်ပြေပါတယ်””

““တစ်ခုရှိတယ် ဆရာ၊ သူက အခုထိမြေကွက်ကို ခွဲစိတ်မထားသေးဘူးဆရာ””

““ဘယ်လိုဖြစ်လို့လဲ၊ အဆောက်အအုံဆောက်လုပ် ခွင့်ရထားတယ်ဆိုတော့ မြေကွက်လည်း ခွဲစိတ်ပြီး ဖြစ်နိုင် တယ်””

““မူလမြေကွက်အမည်ပေါက်ကနေ နောက်ဆက်တွဲ အိမ်ဆောက်ခွင့်တင်တယ်လို့လည်း ပြောတယ်။ ကျွန်တော် သိပ်မရှင်းလို့ ဆရာ””

အိမ်အခြေအနေနဲ့ လမ်းအခြေအနေကို ပြောပြပါ ဦး။ မြေကွက်က အတွင်းမှာရှိနေတာလား။ အိမ်ဆောက်ရင် ကားအ၀င်အထွက်အတွက် ကိုယ်ပိုင်လမ်းတစ်ခုရှိနေရမယ်””

““မျက်နှာစာက ကားလမ်းမကြီးကို မျက်နှာမူထား တာဆရာ၊ ကိုယ်ပိုင်လမ်းသီးခြားမလိုဘူး””

““ဒါဆိုရင်တော့ မြေအပြည့်ပေါ်မှာ အိမ်ဆောက်လုပ် နိုင်တာပေါ့””

““ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်သိချင်တာက မြေကွက် ကို ခွဲစိတ်ပြီး ကျွန်တော့်အမည်ပေါက်ရနိုင်မလား””

““အဲဒါကတော့ မြေကွက်အကျယ်အ၀န်းပေါ်မူတည် ပြီး ခွဲစိတ်ရတာမို့ မြေကွက်အကျယ်အ၀န်းကိုတော့ သိထားဖို့ လိုလိမ့်မယ်””

““ကျွန်တော်မှတ်လာခဲ့တယ် ဆရာ..၊ မြေပိုင်မြေ ၀ ဒသမ ၀၆၈ ဧကအနက်မှ မျက်နှာစာ ၄၅ ပေ၊ အရှေ့ အနောက် ၁၆ ပေ၊ တောင်မြောက် ၄၅ ပေ ခန့်မှန်း စတုရန်း ပေ ၇၂၀ ခန့်လို့ ဖော်ပြထားပါတယ်””

““စတုရန်းပေ ၇၂၀ ခန့်ဆိုရင်တော့ မြေကွက်ကို ခွဲစိတ်ရမှာ မဟုတ်ဘူး။ မူလအမည်ပေါက်အမည်နဲ့ပဲ ဆက်ရှိ နေမှာ ဖြစ်တယ်””

““မြေကွက်ခွဲစိတ်လို့ မရရင် အရောင်းအ၀ယ်မှတ်ပုံ တင်စာချုပ် ချုပ်ဆိုလို့ မရဘူးပေါ့””

““အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ကတော့ ချုပ်ဆို လို့ရပါတယ်။ မြေပုံပေါ်မှာ မခွဲစိတ်ရသေးသော အစိမ်းရောင် ခြယ်ထားတဲ့ မြေကွက်လို့ အတိုင်းအတာနဲ့တကွ ဖော်ပြပြီး အရောင်းအ၀ယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုလို့ရတယ်။ ဒါပေ မယ့် မြေကွက်ခွဲစိတ်ပေးနိုင်တဲ့ ဧရိယာအတိုင်းအတာမဟုတ် လို့ မြေကွက်ကို ခွဲစိတ်ပြီး မိမိအမည်ပေါက်တော့ မထွက် နိုင်ဘူး””

““မြေကွက်ခွဲစိတ်နိုင်တဲ့ အတိုင်းအတာဆိုတာ ဘယ်လိုလဲ ဆရာ””

““ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ) များခွဲစိတ်ရာတွင် ခွဲစိတ်ပြီးသော မြေကွက်အတိုင်းအတာသည် မျက်နှာစာဘက်တွင် အနည်း ဆုံးပေ (၂၀)ရှိရမည်။ ခွဲစိတ်ပြီးသော မြေကွက်ဧရိယာသည် အနည်းဆုံး စတုရန်းပေ (၁၂၀၀) ရှိရပါမည်လို့ ဖော်ပြထား ပါတယ်။ ဒါကြောင့် မိတ်ဆွေဝယ်မယ့် မြေဧရိယာသည် စတုရန်းပေ(၇၂၀)ခန့်သာရှိတဲ့အတွက် စတုရန်းပေ (၁၂၀၀) မပြည့်တာကြောင့် သီးခြားခွဲစိတ်လို့မရ ဖြစ်နေပါတယ်။ ဒါကြောင့် မိမိအမည်ပေါက် မရနိုင်ပါဘူး။ ကာရံပြီး အိမ်ဆောက် လို့လည်း ရပါတယ်””

““မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုထားမယ် ဆိုရင် တရားဝင်ပိုင်ဆိုင်ခွင့်ရှိတယ်မဟုတ်လား””

““တရားဝင်ပိုင်ဆိုင်ခွင့် လွှဲပြောင်းရောင်းချခွင့်၊ အိမ်ဆောက်ခွင့်ရှိပါတယ်။ မြေကွက်ခွဲမရ၍ မိမိအမည်ပေါက်မရ ဘဲဖြစ်တဲ့အတွက် စဉ်းစားဝယ်ပါလို့”” အကြံပေးလိုက်ပါတယ်။

ထီယု(ဥပဒေအတိုင်ပင်ခံ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service