မြို့တွင်းခြောက်မြို့နယ်၌အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရန် အမြင့်ကန့်သတ်ချက်များစည်ပင်ထုတ်ပြန်ထား

မြို့တွင်းခြောက်မြို့နယ်၌အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရန် အမြင့်ကန့်သတ်ချက်များစည်ပင်ထုတ်ပြန်ထား - Property News in Myanmar from iMyanmarHouse.com
29 Jan 2019 11:06 am တွင် တင်ခဲ့သည်
5756 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ မြို့တွင်းခြောက်မြို့နယ်တွင် အထပ်မြင့် အဆောက်အအုံဆောက်လုပ်ရန် အမြင့်ကန့်သတ်ချက်အပါအဝင် စည်ပင်သာယာ၏ကန့်သတ်ချက်ပေါင်း ကိုးချက်ကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင်းရှိ လမ်းအကျယ် ပေ ၃၀ ရှိသည့်လမ်းတွင် အဆောက်အအုံ၏ အမြင့် ၅၂ ပေ (ငါးထပ်) အထိ တည်ဆောက်ခွင့်ပေးမည်ဖြစ်ကာ စုစုပေါင်းကြမ်းခင်းဧရိယာနှင့်မြေကွက်ဧရိယာအချိုး (Floor area ratio - FAR) ၄ ဒသမ ၉ ၊ စုစုပေါင်းအဆောက်အအုံဖုံးလွှမ်းမှုဧရိယာနှင့် မြေကွက်ဧရိယာအချိုး (BCR) ၉၈ ရာခိုင်နှုန်းအထိသာ အဆောက်အအုံတည်ဆောက်ခွင့်ပြုမည်ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။

ထို့ပြင်မြို့တွင်းရှိ တောင်နှင့် မြောက် သွယ်တန်းနေသော အမည်တပ်လမ်းများတွင် အဆောက်အအုံအမြင့်ကို လမ်းအကျယ်ပေါ်မှုတည်၍ ၁ အချိုး ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ခွင့်ပေးမည်ဖြစ်ပြီး အရှေ့-အနောက် သွယ်တန်းနေသော အမည်တပ်လမ်းများတွင် လမ်းအကျယ်၏ ၁ အချိုး ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ခွင့်ပေးမည်ဖြစ်ကြောင်း YCDC ထုတ်ပြန်ထားသည်။

တောင်-မြောက်လားရာ နံပါတ်တပ် ပေ ၃၀ ကျယ်လမ်းများတွင် မြေကွက်တစ်ကွက်ထက် ပို၍ပေါင်းပြီးတည်ဆောက်ပါက အမြင့် ၆၂ ပေ (ခြောက်ထပ်) အထိတည်ဆောက်ခွင့်ပေးမည်ဖြစ်ပြီး အဆောက်အအုံတည်ဆောက်ရာတွင် မော်တော်ယာဉ်ရပ်နားရန်၊ ဘတ်စ် ကားဂိတ်၊ ပန်းခြံ၊ အများပိုင်နေရာအချို့ ထည့်သွင်းတည်ဆောက်ပေးလျှင် အထပ်အမြင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ညှိနှိုင်း၍ အမြင့်ပိုဆောက်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်းသိရသည်။

မြေကွက်ဧရိယာ နှစ်ဧကအထက် မြေကွက်ပေါ်တွင် လုပ်ငန်းရှင်တစ်ဦးက ပင်မမြို့ပြစီမံကိန်းအဖြစ် ပေါင်းစပ်ထည့်သွင်းစဉ်စားထားသော ဖွံ့ဖြိုးမှု့စီမံကိန်းကို(ဧရိယာအလိုက် ဖွံ့ဖြိုးမှုစီမံကိန်း) အဖြစ် သတ်မှတ်ပြီး အထပ်မြင့်ကန့်သက်ချက်၊ အဆောက်အအုံ ဖုံးလွှမ်းမှု ကန့်သတ်ချက်များအပြင် စိမ်းလန်းမြေဧရိယာ အနည်းဆုံး ၂၀ ရာခိုင်နှုန်းအထိ တည့်သွင်းတည်ဆောင်ရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

မြို့တွင်း ခြောက်မြို့နယ်အတွင်း ဆူညံမှုရှိသော စက်ရုံအလုပ်ရုံများ၊ အနံ့ဆိုးထွက်သော လုပ်ငန်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်းပြီး အန္တရာယ်ရှိသောလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်မပြုထားသောကြောင့် ယင်းကဲ့သို့ အဆောက်အအုံများ တည်ဆောက်မှုကို ကန့်သတ်ရန် ကြေညာချက် ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service