ပူးတွဲမြေငှါးဂရန် ရသော်လည်း တစ်ဦးက မြေတစ်ဝက်ကို လွှဲပြောင်းနိုင်ခွင့်

ပူးတွဲမြေငှါးဂရန် ရသော်လည်း တစ်ဦးက မြေတစ်ဝက်ကို လွှဲပြောင်းနိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
25 Jan 2019 12:39 pm တွင် တင်ခဲ့သည်
1366 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကျွန်တော်၏ကျောင်းနေဖက်မိတ်ဆွေဖြစ်သူ ဦးလှစိုးလွင်သည် ဖုန်းနှင့်ဆက်သွယ်၍ တွေ့ဆုံကြရန် ချိန်းဆိုသောကြောင့် ကျွန်တော်၏မြို့ထဲရှိ ရုံးခန်းကိုပင် ခေါ်ယူလိုက်ပါသည် ။ရောက်သည်နှင့် ဦးလှစိုးလွင်က “ ရှေ့နေကြီးရယ် ၊ ကိုယ့်ပြဿနာလေးကို ကူညီပေးပါဦးကွာ ” ဟု ဆိုသဖြင့် ကျွန်တောက “ ကဲ ကိုစိုးရေ ဘာများဖြစ်လာလို့ပါလဲဗျား ၊ ကိုယ်လည်း တတ်နိုင်သမျှတော့ အကူအညီပေးပါ့မယ် ” ဟု ဆိုမှသူက “ ဒီလိုပါကွာ ။ကိုယ်စိတ်ကြိုက်တွေ့ခဲ့တဲ့ ၊ အင်းစိန်မြို့နယ် ၊ စော်ဘွာကြီးကုန်းဘက်မှာ စရန်ငွေပေးပြီး မြေကွက်တစ်ကွက်ရဲ့ တစ်ဝက်တိတိကို ဝယ်ထားမိတယ်ကွာ။အဲဒီနောက် ကျန်ငွေကို အကျေချေပြီး စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ဖို့ စီစဉ်နေတုန်းမှာ အဲဒီမြေကွက်ရဲ့ ပူးတွဲမြေငှါးဂရန် ရရှိသူက နှစ်ဦးအမည်ပေါက်ဖြစ်နေလို့ တရားမဝင်ဘူးလို့ပြောပြီး ကန့်ကွက်နေပါတယ် ။အခုတော့ စရန်ငွေပါဆုံးရှုံးတော့မလို ဖြစ်နေပြီလေ ။ သူငယ်ချင်း တတ်နိုင်သမျှ အကြံညဏ်ပေးရင် ကူညီပေးပါဦးကွာ ” ဟု အားငယ်သံဖြင့် ပြောပါသည် ။

သို့အတွက် ကျွန်တော်ကပင် “ ကိုစိုးရယ် သိပ်လည်းစိတ်ပူမနေပါနဲ့ ။သူငယ်ချင်းရဲ့ ပြဿနာကို ကြည့်ရတာ ၊ လွှဲပြောင်းခြင်းဟာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ပဋိညာဉ်မဟုတ်တဲ့အတွက် ပူးတွဲပိုင်ရှင်များရဲ့ ရောင်းချခြင်းရဲ့ တရားဝင်မှုကို ထိခိုက်မှာမဟုတ်ပါဘူး ”

“ ဒါပေမဲ့ ကိုယ်သိချင်တာက သူငယ်ချင်းရဲ့ အဖြစ်အပျက်ကို အကြမ်းဖျဉ်းလောက်ပဲ ပြောပါရစေ ။ကိုယ်ဝယ်တဲ့ မြေကွက်ဟာ ၊ မြေကွက်ကြီးတစ်ကွက်ကိုပူးတွဲ၍ မြေငှါးဂရန်ရရှိသူနှစ်ဦးအနက်တစ်ဦးက မြေတစ်ဝက်ကို ခွဲခြမ်းပြီးရောင်းခဲ့လို့ ကိုယ်ကလည်း နှစ်ခြိုက်သဘောကျပြီး ဝယ်ခဲ့တာပါ ။မြေငှါးဂရန် စည်းကမ်းချက်များမှာ အငှါးချထားသူရဲ့ သဘောတူညီချက် မရရှိဘဲ ဂရန်ချထားသည့် မြေကို ခွဲခြမ်းခြင်း မပြုရသည့်အပြင် လွှဲပြောင်းခြင်း မပြုရန် စည်းကမ်းချက်တစ်ရပ်ပါရှိတဲ့အတွက် ကျန်တဲ့တစ်ဦးက ကန့်ကွက်နေပြီး ၊ အရောင်းအဝယ်စာချုပ်ဟာ တရားမဝင်ပျက်ပြယ်တယ်လို့ ပြောနေတာပါကွာ ” “ ဒါကြောင့် လွှဲပြောင်းမပေးနိုင်တဲ့အပြင် စရန်ငွေကိုပါ ပြန်မပေးနိုင်ဘူးလို့ဆိုပါတယ်” “သူတို့က ပြောပြောချင်းမှာပဲ ၊ ကိုယ့်အနေနဲ့ သူငယ်ချင်းကို သတိတန်းရသွားတယ်လေ ။ဒါကြောင့် ပြဿနာကို ဖြေရှင်းပေးစေချင်တာပါ ” ဟု အားကိုးသံဖြင့် ပြောပါသည် ။

ထို့ကြောင့် ကျွန်တောက “ ဟုတ်ပြီးသူငယ်ချင်း ၊ ကိုယ်သဘောပေါက်လိုက်ပါပြီ ။ ဒါကတော့ ကိုယ်တို့အတွက် ပြဿနာဆိုပေမယ့် စရန်ငွေလည်း မဆုံးပါဘူး ။သူငယ်ချင်း နှစ်ခြိုက်တဲ့ မြေကွက်လည်းလက်ရောက်ရရှိမှာပါ။စိတ်အေးအေးသာထားလိုက်ပါ ”

“ သူငယ်ချင်းကို ဥပဒေအရ ပြောပြရရင် ဂရန်ထုတ်ပေးသူ အရာရှိ၏သဘောတူညီချက် မရရှိဘဲ ငှါးရမ်းခြင်းပါ စည်ကမ်းချက်များကို ဖောက်ဖျက်ပြီး အငှါးချထားပြီး မြေကို ရောင်းချခဲ့သော်လည်း ထိုကဲ့သို့ ရောင်းချခြင်း၏ တရားဝင်မှုကို ထိခိုက်ခြင်း မရှိနိုင်ပါလို့ ” “ မောင်ကျင်မောင်ပါ ၁ နှင့် မဝိုင်းကြည် ၊ ၁၉၆၃ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး (တရားရုံးချုပ်) စာ-၉၁၂ ” အမှုမှာ ညွှန်းဆိုထားပါတယ် ” “ ‘ဒါ့အပြင် မြေတစ်ကွက်ကို ပူးတွဲ၍ မြေငှါးဂရန်ရှိသူ နှစ်ဦးအနက် ၊ တစ်ဦးက မြေတစ်ဝက်ကို ခွဲခြမ်း၍ ရောင်းချခဲ့တယ် ။ မြေငှါးဂရန် စည်းကမ်းချက်များမှာ အငှါးချထားသူ၏ သဘောတူညီမှု မရရှိဘဲ ဂရန်ချထားသည့်မြေကို ခွဲခြမ်းခြင်းမပြူရသည့်အပြင် လွှဲပြောင်းခြင်းမပြုရန် စည်းကမ်းချက်တစ်ရပ်ပါရှိတယ် ။ယင်းစည်းကမ်းချက်ကို ဖောက်ဖျက်၍ ရောင်းချခြင်းသည် ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်ခြင်းရှိမရှိ ကို ဆုံးဖြတ်ထားတဲ့ “ ဦးမြလှိုင်နှင့် ဒေါ်လှလှရီ ၊ ၂၀၀ ပြည့်နှစ် ၊ တရားမအထူးအယူခံမှုအမှတ် ၄ ၊ ၂၀၀၁ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာ-၃၂၄ ” မှာ တွေ့နိုင်ပါတယ် ”

“အထူးအယူခံမှုရဲ့ တရားရုံးချုပ်က ဆုံးဖြတ်ချက်ကို ပြောရရင် မြေငှါးဂရန်ရရှိသူသည် မြေငှါးဂရန်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး အငှါးချထားပြီးလျှင် ဂရန်ထုတ်ပေးသူအရာရှိက ဒဏ်ငွေတပ်ရိုက်နိုင်သည့်အပြင် မြေငှါးဂရန်ကို လည်း ဖျက်သိမ်းနိုင်တယ် ။ဒါပေမဲ့ ထိုသို့ငှါးရမ်းခြင်းဟာ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၃ အရ ၊ ဥပဒေနှင့် ဆန့်ကျင်သော ပဋိညာဉ် မဟုတ်ပေ ။ သို့ဖြစ်၍ အယူခံ တရားလိုက အချင်းဖြစ်မြေကို ရောင်းချခြင်းသည် မြေငှါးဂရန်ပါ စည်းကမ်းချက်ကိုဖောက်ဖျက်ရာ ရောက်သော်လည်း ထိုကဲ့သို့ ရောင်းချခြင်းသည် ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်ခြင်း မရှိပါလို့ ဆုံးဖြတ်ခဲ့တယ်လေ ”

“ အဲဒီစီရင်ထုံးရဲ့ အဖြစ်အပျက်က သူငယ်ချင်းရဲ့အဖြစ်အပျက်နဲ့ တစ်ထပ်တည်းကျနေလို့ ဘာမှစိတ်မပူနဲ့လို့ ပြောတာပေါ့ကွာ ”

“ ကိုစိုး ရှင်းလင်းပြီး သိသွားရအောင် အဲဒီစီရင်ထုံးရဲ့ အမှုဖြစ်စဉ်ကလေးကို ပြောပြပါ့မယ် ။ ရန်ကုန်တိုင်း ၊ မြို့နယ်တရားရုံး (တရားမ) ၁၉၉၄ ခုနှစ် ၊ တရားမကြီးမှု အမှတ် ၁၃၅ မှာ အယူခံတရားလိုဦးမြလှိုင်က အယူခံတရားပြိုင် ဒေါ်လှလှရီအပေါ် ပဋိညာဉ်အတိုင်း မှတ်ပုံတင်အရောင်းစာချုပ်ချုပ်ဆိုပြီး မြေနှင့်အိမ်ကိုလက်ရောက်ရလိုမှု စွပ်စွဲရာ မြို့နယ်တရားရုံးက အမှုအား ပလပ်ကြောင်း အမိန့်ချမှတ်တယ် ”

“ မြို့နယ်တရားရုံးရဲ့ စီရင်ချက်နဲ့ ဒီကရီကို ဦးမြလှိုင်က ရန်ကုန်တိုင်းတရားရုံးသို့ ၁၉၉၇ ခုနှစ် ၊ တရားမအယူခံမှုအမှတ် ၈၂ ကို တင်သွင်းတဲ့အခါ တိုင်းတရားရုံးက မြို့နယ်တရားရုံးရဲ့ စီရင်ချက်နဲ့ဒီကရီကို ပယ်ဖျက်ပြီး ကျန်ငြင်းချက်များကို ဖြေဆိုဆုံးဖြတ်ရန် အမိန့်ချမှတ်တယ် ”

“ တိုင်းတရားရုံးရဲ့ အမိန့်ကို ဒေါ်လှလှရီက တရားရုံးချုပ်သို့ ၁၉၉၈ ခုနှစ် ၊ တရားမ ဒုထိယအယူခံမှု အမှတ် ၈၂ ကို တင်သွင်းရာ ၊ တရားရုံးချုပ်က တိုင်းတရားရုံးရဲ့အမိန့်ကို ပယ်ဖျက်ပြီး မြို့နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပြန်လည်အတည်ပြုတယ် ။ဒါကြောင့် ဦးမြလှိုင်က ၁၉၈၈ ခုနှစ်၊ တရားစီရင်ရေးဥပဒေပုဒ်မ ၆ အရ ပြန်လည်စီရင်ဆုံးဖြတ်ပေးရန် လျှောက်ထားလို့ တရားရုံးချုပ်အထူးခုံရုံးက အထူးအယူခံဝင်ခွင့်ပြုခဲ့တာပါ ”

“ အမှုဖြစ်စဉ်မှာ တရားလို ဦးမြလှိုင်က တရားပြိုင်ဒေါ်လှလှရီ နှင့် ရန်ကုန်မြို့ ၊ ဒေါပုံမြို့နယ် ၊ မြေတိုင်းရပ်ကွက် ၆ ၊ လူနေရပ်ကွက် အမှတ်ဆေးစက် ၊ မြေကွက်အမှတ် ၁၃၆/ က ဟု ခေါ်တွင်သော ၁၂.၅ ပေ x ပေ၅၀ ရှိမြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အိမ်အားငွေ ၅၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရန် သဘောတူ၍ ၁၀-၁၁-၉၃ နေ့တွင် အိမ်မြေအရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ ဒေါ်လှလှရီကို စရန်ငွေ ၄၀၀၀၀ ကျပ် ပေးချေခဲ့ပြီး ၊ ကျန်ငွေကို ၆ လအတွင်း ပေးချေရန် သဘောတူညီခဲ့တယ် ။ ထို့နေမှာပင် ဒေါ်လှလှရီက အချင်းဖြစ်မြေ၏ နှစ် ၆၀ မြေငှါးဂရန် ၊ မြေပုံ ၊ မြေရာဇဝင် လက်ခံပြီး ၊ အိမ်မြေအရောင်းမှတ်ပုံတင်စာချုပ် ချုပ်ဆိုကာ မြေကွက်လက်ရောက်ပေးရန် ရှေ့နေမှတစ်ဆင့် အကြောင်းကြားရာ လိုက်နာမှု မရှိသဖြင့် ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးရန် တရားစွဲဆိုခြင်းဖြစ်ပါတယ် ”

“ မြို့နယ်တရားရုံးက သက်သေခံ(ခ) မြေငှါးဂရန်စာချုပ်အရ မြေကွက်အမှတ် ၁၃၆ (အလျား ၂၅ပေ x ပေ ၅၀ ) သည် ဒေါ်လှလှရီနှင့် ဒေါ်ခင်ကြည်အမည်ပေါက်နေကြောင်း ၊ မြေကွက်အမှတ် ၁၃၆ ကို တရားဝင်ခွဲစိတ် သတ်မှတ်ပေးရခြင်း မရှိကြောင်း ၊ မြေငှါးဂရန် စည်းကမ်းချက်အပိုဒ် ၁(စ)တွင် အငှါးချထားသူ၏ စာဖြင့် ကြိုတင်သဘောတူညီချက် မရရှိဘဲ စာချုပ်ပါ မြေကို ခွဲခြမ်းခြင်း မပြုရဟု စည်းကမ်းသတ်မှတ်ထား၍ အချင်းဖြစ်မြေကွက်ကို ဒေါ်လှလှရီနှင့် ဒေါ်ခင်ကြည်တို့နှစ်ဦးက ပိုင်ဆိုင်ကြသဖြင့် ဒေါ်လှလှရီတစ်ဦးတည်းက မြေကို ရောင်းပိုင်ခွင့်မရှိကြောင်း ၁၀-၁၁-၉၃ နေ့စွဲပါ ကတိစာချုပ်သည် ပျက်ပြယ်သောစာချုပ်ဖြစ်၍အမှုကို ပလပ်ကြောင်း ဆုံးဖြတ်တယ် ”

“ တိုင်းတရားရုံးကတော့ ပူးတွဲအမည်ပေါက်သော်လည်း ဒေါ်လှလှရီက အိမ်အမှတ် ၁၃၆/က အဖြစ် ဒေါ်ခင်ကြည်က အိမ်အမှတ် ၁၃၆/ခ အဖြစ်နျင့် မြေကွက်၏ တစ်ဝက်စီဖြစ်သော ၁၂.၅ပေx၅၀ ပေ စီ သီးခြားစီ အိမ်ဆောက်နေကြသဖြင့် ဒေါ်လှလှရီသည် ၄င်းပိုင်မြေကွက်ကို ဆန္ဒအလျောက် ရောင်းပိုင်ခွင့်ရှိကြောင်း အမိန့်ချမှတ်တယ် ”

“ တရားရုံးချုပ်က မြေငှါးဂရန်ပါ စည်းကမ်းချက်များနှင့် ညီညွတ်ခြင်းမရှိ၍ အိမ်မြေအရောင်းအဝယ်စာချုပ်သည် တရားမဝင်ပျက်ပြယ်ကြောင်း ၊ လက်ရောက်ပေးအပ်ခြင်း မပြုနိုင် ဟု ဆုံးဖြတ်တယ် ”

“ သို့သော် နောက်ဆုံး တရားရုံးချုပ် အထူးခုံရုံးက ယခုအယူခံကို ခွင့်ပြုပြီး မြေကွက်ကို တရားဝင်ခွဲစိတ်ရခြင်းမရှိသေးစေကာမှု ထိုမြေကွက်တွင် အယူခံတရားပြိုင်၏ ပိုင်ဆိုင်ခွင့်ရှိသည် အချို့ဝေစုအတွက် ရောင်းချခြင်းသည် အတည်ဖြစ်နိုင်သဖြင့် သက်သေခံအမှတ် (က) စာချုပ်သည် ပျက်ပြယ်သောစာချုပ်တစ်ခု မဟုတ်ကြောင်းကို ဆုံးဖြတ်ခဲ့တယ် ၊ အဲဒီအတိုင်းပဲ ကျင့်သုံးလိုက်နာရမှာပဲ ကိုစိုးရေ ”

Credit: ကြယ်နီလေး (ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service