မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကင်းလွတ်ခွင့်ကာလ နှင့် မြေခွန်နှုန်းထားများ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကင်းလွတ်ခွင့်ကာလ နှင့် မြေခွန်နှုန်းထားများ - Property Knowledge in Myanmar from iMyanmarHouse.com
18 Jan 2019 12:25 pm တွင် တင်ခဲ့သည်
1256 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေခွန်ကင်းလွတ်ခွင့်ကာလကို စတင်ခွင့်ပြုသည့်နေ့မှစ၍ လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုးအစားအလိုက် အောက်ပါအတိုင်း သတ်မှတ်ခွင့်ပြုပေးနိုင်သည်-

(က) စိုက်ပျိုးရေးလုပ်ငန်းတွင်

(၁) နှစ်ရှည်ပင် စိုက်ပျိုးမြေဖြစ်လျှင် - ၅ နှစ် (၂) ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမြေဖြစ်လျှင် - ၃ နှစ် (၃) ရာသီးသီးနှံ၊ စက်မှုကုန်ကြမ်း ရာသီသီးနှံ စိုက်ပျိုးမြေဖြစ်လျှင် - ၂ နှစ်

(ခ) မွေးမြူရေးလုပ်ငန်းတွင်

(၁) ငါး၊ ပုဇွန်၊ ဂဏန်း မွေမြူရေးဖြစ်လျှင် - ၂ နှစ် (၂) တိရစ္ဆာန်မွေးမြူရေးဖြစ်လျှင် -

(ကက) ကျွဲ၊ နွား၊ မြင်း မွေးမြူရေး လုပ်ငန်းတွင် အသုံးပြုပါက - ၂ နှစ်

(ခခ) သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုပါက - ၂ နှစ်

(ဂဂ) ကြက်၊ ဝက်၊ ဘဲ၊ ငုံးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုပါက - ၁ နှစ်

(၃) နည်းဥပဒေခွဲ (ခ) ၊ နည်းဥပဒေခွဲငယ် (၁)နှစ် (၂)နှစ် တို့တွင် အကျုံးမဝင်သော မွေးမြူရေးလုပ်ငန်းဖြစ်ပါက အမျိုးတူ မွေးမြူရေးလုပ်ငန်းအလိုက် သင့်လျော်သည့်ကာလ။

(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းတွင် မြန်မာ့သတ္တုတွင်း ဥပဒေအရ ပြည်တောင်စုအစိုးရ သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့်ကာလ၊

(ဃ) အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီးညွတ်သည့်အခြားလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့်ကာလ၊ မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီးနောက်ပေးဆောင်ရမည့်အခွန်နှုန်းထားများ

မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသည့်နေမှစ၍ တစ်နှစ်လျှင်တစ်ကြိမ် အောက်ပါနှုန်းထားအတိုင်း ပေးသွင်းရမည်

(က) စိုက်ပျိုးရေးလုပ်ငန်းတွင်

(၁) နှစ်ရှည်ပင်စိုက်ပျိုးမြေဖြစ်လျှင် အမှန်စိုက်ပျိုးဧက တစ်ဧကအတွက် ကျပ် ၃၀၀၀ နှုန်း (၂) ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမြေဖြစ်လျှင် အမှန်စိုက်ဧက တစ်ဧကအတွက် ကျပ် ၂၀၀၀ နှုန်း (၃) ရာသီးသီးနှံ စက်မှုကုန်ကြမ်း ရာသီသီးနှံစိုက်ပျိုးမြေဖြစ်လျှင် အမှန်စိုက်ဧက တစ်ဧကအတွက် ကျပ် ၁၀၀၀ နှုန်း

(ခ) မွေးမြူရေးလုပ်ငန်းတွင်

(၁) ငါး၊ ပုဇွန်၊ ဂဏန်း မွေးမြူရေးလုပ်ငန်း အသုံးပြုမည်ဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၃၀၀၀ နှုန်း

(၂) တိရစ္ဆာန်မွေးမြူရေးဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၁၀၀၀ နှုန်း

(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း အသုံးပြုမြေဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၅၀၀၀ နှုန်း

(ဃ) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ အသုံးပြုမြေဖြစ်ပါက ပြည်တောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့် အခွန်နှုန်း

(င) အထက်ပါ သတ်မှတ်နှုန်းထားများကို ငွေကြေးတန်ဖိုးပြောင်းလဲမှုအပေါ်မူတည်၍ လိုအပ်ပါက ပြည်တောင်စုအစိုးရအဖွဲ.၏ သဘောတူညီချက်ဖြင့် ပြင်ဆင်သတ်မှတ်သည့်အခွန်နှုန်း

Credit: Winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service