ဂျပန်ဘီလျံနာ ယူဆာကူမေဇာဝါ

ဂျပန်ဘီလျံနာ ယူဆာကူမေဇာဝါ - Property Knowledge in Myanmar from iMyanmarHouse.com
10 Jan 2019 12:15 pm တွင် တင်ခဲ့သည်
1131 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဂျပန်ဘီယံနာသူဌေး ယူဆာကူမေဇာဝါဟာ စွန့်ဦးတီထွင်သူလည်းဖြစ် ၊ အနုပညာလက်ရာပစ္စည်းတွေကို စုဆောင်းသူလည်းဖြစ်ပါတယ် ။ သူဟာ ၁၉၉၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အွန်လိုင်းဖက်ရှင်လက်လီဈေးကွက်ရောင်းချမှု ဝက်ဆိုဘ် Zozotown ကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့သူလည်းဖြစ်ပါတယ် ။ ယခုအခါမှာ ထိုဈေးကွက်ရောင်းချမှုဟာ ဂျပန်နိုင်ငံမှာတော့ အကြီးမားဆုံးဖြစ်လို့နေပါပြီ ။

ယူဆာကူမေဇာဝါရဲ့ လူငယ်ဘဝ

ယူဆာကူမေဇာဝါကို ၁၉၇၅ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ ၊ ဂျပန်နိုင်ငံ ၊ ချီဘာစီရင်စု ကာမာဂါယမြို့တွင် မွေးဖွားခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ်မှာ ဝါဆီဒါဂျစ်ဆုဂျိုအထက်တန်းကျောင်းကို စတင်တက်ခဲ့ပြီး အထက်တန်းကျောင်းသားဘဝမှာ အတန်းဖော်တွေနဲ့ စုပေါင်းပြီး Switch Style လို့ခေါ်တဲ့ ကုမ္ပဏီငယ်လေးတစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ် ။အထက်တန်းကျောင်းကနေအောင်မြင်ပြီးတဲ့အခါ သူဟာ ကောလိပ်ဆက်မတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူ့ရဲ့ရည်းစားမိန်းကလေးနဲ့အတူ အမေရိကန်နိုင်ငံကို အတွေ့အကြုံသစ်ရှာဖွေဖို့ထွက်လာခဲ့ပါတယ် ။

အလုပ်စတင်လုပ်ပြီ

သူအမေရိကန်နိုင်ငံကိုရောက်တော့ စီဒီခွေတွေနဲ့အသံသွင်းခွေတွေကို စုဆောင်းခဲ့ပါတယ် ။ ၁၉၉၅ ခုနှစ်မှာ ဂျပန်နိုင်ငံကိုပြန်လာတော့ သူစုဆောင်းလာတဲ့သီချင်းအယ်(လ)ဘမ်ခွေတွေဟာ သူပထမဦးဆုံးတည်ထောင်တဲ့ကုမ္ပဏီအတွက် အခြေခံကျတဲ့အရာဖြစ်လာခဲ့ပါတယ် ။သူဟာ အဲ့ဒီအယ်(လ)ဘမ်တွေနဲ့စီဒီခွေတွေကို မေး(လ)ကနေတစ်ဆင့် ကြော်ငြာပြီးရောင်းချခဲ့ပါတယ် ။

ကုမ္ပဏီကြီးတစ်ခု စတင်တည်ထောင်ခြင်း

၁၉၉၈ ခုနှစ်မှာတော့ မေဖာဝါဟာ သူရဲ့ မေး(လ)ကနေအယ်ဘမ်တွေရောင်းချတဲ့အလုပ်ကို အခြေခံပြီး Start Today လို့ခေါ်တဲ့ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ် ။ ၂၀၀၀ ပြည့်နှစ်အရောက်မှာတော့ Start Today ကုမ္ပဏီဟာ အွန်လိုင်းဈေးကွက်မှာ ကျော်ကြားလာခဲ့ပါတယ် ။

လုပ်ငန်းကိုတိုးချဲ့ပြီ

သူဟာ အဝတ်အထည်ကုန်ပစ္စည်းတွေကိုပါ စတင်ရောင်းချလာနိုင်ပါတယ် ။နောက်ပိုင်းမှာ ကုမ္ပဏီဟာ အခြားသူတွေပါ ရှယ်ယာထည့်ဝင်နိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာပါတယ် ။ ၂၀၀၄ ခုနှစ်မှာ အဝတ်အစာတွေကို ဝက်ဆိုဘ်မှာ ကြော်ငြာပြီး လက်လီရောင်းချတဲ့ ဝက်ဆိုဘ်ကို ဖွင့်လှစ်ခဲ့တယ် ။အတွေးအခေါ်သစ်တွေနဲ့ အလုပ်တွေကို တစ်ခုပြီးးတစ်ခုဖန်တီးခဲ့တဲ့မေဇာဝါရဲ့ ကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်အရောက်မှာတော့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပါတယ် ။ ယခုချိန်မှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ နိုင်ငံပေါင်း (၇၂)နိုင်ငံကျော်မှာ အမြဲတမ်းဖောက်သည်တွေနဲ့ ဝေဆာလိုနေပြီဖြစ်ပါတယ် ။

ဂျပန်နိုင်ငံရဲ့ ဘီယံနာသူဌေး စာရင်းဝင်ပြီ

၂၀၁၇ ခုနှစ် ၊ မေလမှာ ကမ္ဘာကျော်မဂ္ဂဇင်းကြီးတစ်စောင်ဖြစ်တဲ့ ဖော်ဘီး(စ) (Forbes) မဂ္ဂဇင်းကြီးက ခန့်မှန်းခဲ့ရာမှာ ယူဆာကူမေဇာဝါဟာ အသားတင်ချမ်းသာကြွယ်ဝမှုအမေရိကန်ဒေါ်လာ (၃.၆) ဘီလျံပိုင်ဆိုင်သူဖြစ်လာသလို ဂျပန်နိုင်ငံရဲ့အချမ်းသားဆုံးစာရင်းမှာ (၁၄) ယောက်မြောက်ဖြစ်တယ်လို့ ခန့်မှန်ခဲ့ပါတယ် ။

လကမ္ဘာကိုပတ်ဦးမယ့် ဘီလီယံနာကြီး

၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ(၁၇)ရက်နေ့မှာ မေဇာ၁၀ါဟာ လကမ္ဘာကိုပတ်ပြီးသွားမယ့် အာကာသယာဉ်ပေါ်အခကြေးငွေပေးပြီး ပထမဦးဆုံး စီးနင်းလိုက်ပါမယ့်သူဖြစ်တော့မယ်လို့ ကြေညာခဲ့ပါတယ် ။သူဟာ SpaceX Starship လို့ခေါ်တဲ့ အာကာသယာဉ်ပေါ်မှာ လိုက်ပါသွားမှာဖြစ်ပြီး ထိုအာကာသယာဉ်ဟာ ၂၀၂၃ ခုနှစ်ထက်နောက်မကျဘဲ အာကာသခရီးစတင်မယ်လို့ သိရပါတယ် ။ ထိုအာကာသခရီးဟာ (၆)ရက်နီးပါးကြာမြင့်မှာဖြစ်ပြီး မေဇာဝါကတော့ သူနဲ့အတူ ပန်းချီအနုပညာရှင် (၆)ဦးကနေ (၈)ဦးအထိ ခေါ်ဆောင်သွားမယ်လို့ဆိုပါတယ် ။ အာကာသခရီးမှာ #dearMoon လို့ ခေါ်တဲ့ အနုပညာနဲ့သက်ဆိုင်တဲ့ပရောဂျက်တစ်ခုကို ဖန်တီးပြုလုပ်သွားမယ်လို့လည်း ပြောဆိုလိုက်ပါတယ် ။

Credit: ကျော်မြင့် (မြောင်းမြ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service