နှစ်ဦးတွဲအမည်ပေါက် မြေကွက်အား တစ်ဖက်သတ် ခွဲဝေအမည်ပြောင်း၍ မရနိုင်

နှစ်ဦးတွဲအမည်ပေါက် မြေကွက်အား တစ်ဖက်သတ် ခွဲဝေအမည်ပြောင်း၍ မရနိုင် - Property Knowledge in Myanmar from iMyanmarHouse.com
19 Dec 2018 1:14 pm တွင် တင်ခဲ့သည်
1403 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

တစ်နေ့တွင် ကျောင်းနေဖက်မိတ်ဆွေဖြစ်သူ ဒေါ်မာလာညွန့် ရောက်ရှိလာပြီးသူမတို့မောင်နှမနှစ်ယောက်ပိုင် မြေကွက် တွင် လက်ရှိနေထိုင်သည့် တစ်ဖက်ခြမ်းအား တစ်ဦးတည်းအမည်ပေါက် ပြောင်းလိုကြောင်းနှင့် အစ်ကိုဖြစ်သူက သဘောမတူ၍ ပြောင်းမရသဖြင့် အကြံပေးပါရန်တောင်းခံလာသည်မို့ ညီအစ်ကိုမောင်နှမအမည်ပေါက်ဖြစ်၍ ရှုပ်စရာမရှိကြောင်းနှင့်အစ်ကိုလုပ်သူမှ သဘောမတူခြင်းကြောင့်လည်း နှစ်ဦးပူးတွဲ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်မိတ္တူနှင့် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနက ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ပြောပြကာ သာဓကတစ်ခုအာ ပြောပြရပေသည် ။

“ အဲဒါနဲ့ ပတ်သက်ပြီး မာလာ့လိုပဲ နှစ်ဦးပူးတွဲအမည်ပေါက်ကနေပြီး တစ်ဦးက တစ်ဖက်သတ် အမည်ပြောင်းမိလို့ တရားမဝင်ဘဲ စာချွန်တော်အမိန့်နဲ့ ထုတ်ဆင့်ပယ်ဖျက်ခဲ့ဖူးတဲ့ သာဓက ရှိခဲ့တယ်လေ ”

“ အဲဒါကို ကိုယ်ပြောရရင်တော့ မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေစီမံခန့်ခွဲမှုနှင့်ေ မြတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သာ ဆောင်ရွက်ရမည်ဖြစ်ခြင်းကို “ ဦးလှမြင့်ဖူးနှင့် ဌာနမှူး ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပါ ၂ ၊ ၂၀၁၅ ခုနှစ် ၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၈၂ ၊ ၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၁၆၂ ” စီရင်ထုံးမှာ ရည်ညွန်းထားပါတယ် ”

“ အဓိကအားဖြင့် ပြောရရင် မြေကွက်ခွဲစိတ်ခြင်းနဲ့ စပ်လျဉ်းပြီး ၊ သတ်မှတ်သည့် ဧရိယာအတိုင်းအတာနှင့် လျှောက်ထားလိုသူဟာ မြေတိုင်းလျှောက်ထားစဉ် က တင်ပြခဲ့သော အထောက်အထားများအပြင် ၊ လိုအပ်သည့် စာရွက်စာတမ်းမူရင်းများကို တင်ပြရန်၊ မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၇ တွင် သတ်မှတ်ဖော်ပြထားပါတယ် ”

“ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် လျှောက်ထားသူနှင့်လျှောက်ထားခံရသူ အမှတ်(၂)တို့ ၊ နှစ်ဦးပူးတွဲအမည်ပေါက်လျက်ရှိသည့် အချင်းဖြစ် မြေကွက်ကြီး ဧရိယာ ၀.၄၅၄ ဧကတွင် အမှတ် ၉ အဆောက်အဦး တည်ရှိရာ ၊ မြေကွက်ဧရိယာ ၀.၃၂၃ ဧကကို လျှောက်ထားခံရသူ အမှတ် ၂ က ၄င်းတစ်ဦးတည်း အမည်ပေါက် လျှောက်ထားရန်အတွက် မြေကွက်ခွဲ ၊ မြေပုံကုးနှင့် မြေတိုင်းလျှောက်ထားခြင်းအပေါ် ၊ နှစ်ဦးပူးတွဲအမွေဆက်ခံပိုင်ဆိုင်ကြောင်း ၊ မှတ်ပုံတင်စာချုပ်မိတ္တူ ၊ နှစ်ဦးအမည်ပေါက်လွှဲပြောင်းခြင်းမှတ်တမ်း မိတ္တူတို့ဖြင့်သာ လက်ခံဆောင်ရွက်ပေးခဲ့ခြင်းသည် ၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း မြင်သာပါတယ် ”

“ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် ဒေါ်မီမီမြင့်ဖူး လက်ရှိဖြစ်သည့်အပိုင်းကို ဦးလှမြင့်ဖူး၏ သဘောတူညီချက်မရရှိဘဲ နှစ်ဦးပူးတွဲအမည်ပေါက်မှ ဒေါ်မီမီမြင့်ဖူးတစ်ဦးတည်းအမည်ပေါက်အဖြစ် ၊ တစ်ဖက်သတ်မြေကွက်ခွဲဝေပေးခဲ့ခြင်းသည် ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း သုံးသပ်ခဲ့ပါတယ် ”

“ အမှုဖြစ်စဉ်မှာ ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ မြေတိုင်းရပ်ကွက် အမှတ် ၃၅ ဒီ ၊ မြေကွက်အမှတ် ၄၇ ဒီ/၁အေ ၊ ဧရိယာ ၀.၄၅၄ ဧကရှိ မြေသည် လျှောက်ထားသူ ဦးလှမြင့်ဖူးနှင့်လျှောက်ထားခံရသူ အမှတ် ၂ ဒေါ်မီမီမြင့်ဖူးတို့မှ မြန်မာဓလေ့ထုံးထမ်းနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်ခဲ့ပြီး ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်အမှတ် ၂၉၄၃ /၂၀၁၄ အရ မှတ်ပုံတင်ထားကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ၏ ၁၈.၉.၂၀၁၄ ရက်စွဲဖြင့် ဦးလှမြင့်ဖူးနှင့် ဒေါ်မီမီမြင့်ဖူးတို့နှစ်ဦး ပူးတွဲအမည်ပေါက် ပြောင်းလဲပိုင်ဆိုင်ခွင့် ရရှိခဲ့ကြကြောင်း ၊ အဆိုပါ ပိုင်ဆိုင်မှု စာချုပ်စာတမ်းမူရင်းများကို ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ မြဝတီဘဏ်၏ လော်ကာအမှတ် ဒီ , ၃၄၂ တွင် နှစ်ဦးအပ်နှံကာ ၊ သော့တစ်ချောင်းစီကိုင်ဆောင်၍ နှစ်ဦးသဘောတူပြီး နှစ်ဦးအတူတကွ ထုတ်ယူမှသာ ဘဏ်မှ ထုတ်ယူခွင့်ပြုရန် စီစဉ်ဆောင်ရွက်ခဲ့ပါတယ် ”

“ အဆိုပါ နှစ်ဦးပူးတွဲအမည်ပေါက်မြေကွက်ကြီးတွင် အမှတ် ၉ ၊ အဆောက်အဦး တည်ရှိရာ အပိုင်းကို ဒေါ်မီမီမြင့်ဖူးက လျှောက်ထားသူအား အသိပေး အကြောင်းကြားခြင်းမရှိဘဲ ၊ အမည်ပေါက်လျှောက်ထားရန်အတွက် မြေကွက်ခွဲ ၊ မြေပုံကူးနှင့် မြေတိုင်းလျှောက်ထားခဲ့ကြောင်းကို သတင်းစာကြော်ငြာပါမှ သိရှိရသဖြင့် ၊ လျှောက်ထားသူမှ အထောက်အထားစာရွတ်စာတမ်းများဖြင့် တင်ပြကန့်ကွက်ခဲ့ကြောင်း ၊ လျှောက်ထားသူမှလည်း မြေကွက်ခွဲ ၊ မြေပုံကူးနှင့် မြေတိုင်းခွင့်ပြုရန်လျှောက်ထားခဲ့ရာ ၊ အဆိုပါ မြေကွက် ၄၇၁-ဒီ/၁ အေသည် မြေစာရင်းတွင် ခွဲစိတ်ပြီးဖြစ်ကြောင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ၂၉.၄.၂၀၁၅ ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့လာကြောင်း ၊ နှစ်ဦးပူးတွဲအညီအမျှ ပိုင်ဆိုင်အကျိုးခံစားခွင့် ရှိသည်ကို ဆန့်ကျင်သွေဖီလှက် ၊ လျှောက်ထားသူ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ မြေကွက်များ ခွဲစိတ်ပြီးကြောင်း ၊ အကြောင်းကြားစာ ပေးပို့လာခြင်းသည် ဌာန၏ လုပ်ထုံးလုပ်နည်းမူဘောင်ကို ကျော်လွန်၍ တစ်ဖက်သတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သောကြောင့် ၊ အာဏပေး စာချွန်တော် အမိန့်ထုတ်ဆင့်ပေးသင့်ကြောင်း ဦးလှမြင့်ဖူးက လျှောက်ထားလာခြင်းဖြစ်ပါသည် ”

“ ထို့ကြောင့် ဤတရားမ အထွေထွေလျှောက်ထားမှုကို စရိတ်နှင့်တကွ ခွင့်ပြုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ ၁၀.၄.၂၀၁၅ ရက်စွဲပါရုံးတွင်အမိန့်အမှတ် ၁၄၈၁ /၂၀၁၅ ဖြင့် မြို့မြေစာရင်းတွင် ပြင်ဆင်မှတ်သားရန် ညွန်ကြားခြင်း အမိန့်စာကို အာဏပိုင်မေး စာချွန်တော်အမိန့်ထုတ်ဆင့်ပယ်ဖျက်လိုက်ပါတယ် ”

“ အဲဒီဖြစ်စဉ်အတိုင်းကို နမူနာထားပြီး မာလာ့အနေနဲ့လည်း ၊ တစ်ဖက်သတ်မြေကွက်ခွဲဝေမှုကို အစ်ကိုဖြစ်သူ သဘောမတူဘဲနဲ့တော့ ၊ မဆောင်ရွက်ပါနဲ့ကွယ် ၊ အေးအေးဆေးဆေးနဲ့ ပြဿနာမဖြစ်ကြဘဲ ၊ မောင်နှမနှစ်ယောက်အတူ ယှဉ်တွဲနေသွားကြဖို့ကို တိုက်တွန်းပါရစေ ” ဟု အကြံပေးခဲ့ပါတော့သည် ။

Credit: ကြာညိုသင်း (ဥပေဒရေးရာအတိုင်ပင်ခံရှေ့နေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service