Google က နယူးယောက်မြို့တွင် ရုံးချုပ်အဆောက်အအုံသစ်ကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံခန့် အကုန်အကျခံဆောက်လုပ်မည်

Google က နယူးယောက်မြို့တွင် ရုံးချုပ်အဆောက်အအုံသစ်ကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံခန့် အကုန်အကျခံဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
19 Dec 2018 12:19 pm တွင် တင်ခဲ့သည်
679 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာပေါ်တွင် လူသုံးအများဆုံးအဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်နေသော Google က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ တွင် ရုံးချုပ်အဆောက်အအုံသစ်ကြီး ဆောက်လုပ်သွားမည်ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြသည်။

Amazon ကလည်း အမေရိက၏ ဘဏ္ဍာရေးမြို့တော်တွင် အခြေချရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း Google မှာ ဒုတိယမြောက် ဖြစ်လာသည်။

စတုရန်းပေပေါင်း ၁ ဒသမ ၇ သန်းကျယ်ဝန်းမည့် အဆိုပါနေရာကို Google Hudson Square ဟု အမည်ပေးမည်ဖြစ်ပြီး Google ၏ ကြော်ငြာအရောင်းဌာနခွဲ၏ အဓိကရုံးစိုက်ရာနေရာဖြစ်လာမည်ဖြစ်သည်။

ဟတ်ဆန်လမ်းရှိ အဆိုပါရုံးနေရာသို့ ၂၀၂၀ ပြည့်နှစ်တွင် ပြောင်းရွှေ့နိုင်ရန် မျှော်မှန်းထားပြီး ယင်းနောက် ၂၀၂၂ ခုနှစ်တွင် ဝါရှင်တန်လမ်း၌ ရုံးနေရာတစ်ခုရှိလာဦးမည်ဖြစ်ရာ နယူးယောက်ရှိ ဝန်ထမ်းဦးရေပမာဏကို နောင်လာမည့် ၁၀ နှစ်တွင် နှစ်ဆကျော် မြှင့်တင်နိုင်တော့မည်လည်း ဖြစ်သည်။

ပင်မအခြေစိုက်ရုံးနေရာအပြင် အခြားဒေသ၌ တိုးချဲ့ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ပြင်ဆင်လာခြင်းမှာ Apple Inc., ကဲ့သို့ အခြားသော အမေရိကန် နည်းပညာကုမ္ပဏီကြီးများ၏ ခြေလှမ်းများနည်းတူ လျှောက်လှမ်းလာခြင်းလည်း ဖြစ်သည်။

Apple Inc., သည် တက္ကဆပ်ပြည်နယ်၊ အော်စတင်တွင် ၁၃၃ ဧကကျယ်ဝန်းသော မြေနေရာကြီး၌ ရုံးချုပ်သစ်ကြီးတစ်ခုကို ကန်ဒေါ်လာ ၁ ဘီလီယံသုံးစွဲကာ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက ထုတ်ဖော်ကြေညာထားသည်။

ထို့အပြင် နယူးယောက်နှင့် ဝါရှင်တန်ဒီစီတို့တွင်လည်း ရုံးများဖွင့်လှစ်ကာ အလုပ်အကိုင်နေရာပေါင်း ၂၅၀၀၀ ခန့် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သောလအတွင်း Apple Inc., က ကြေညာထားသည်။

အမေရိကရှိ ကုမ္ပဏီများသည် ပြည်တွင်းတွင် အလုပ်အကိုင်နေရာများ ပိုမိုဖန်တီးပေးရန် ဒေါ်နယ်ထရမ့်အစိုးရ၏ ဖိအားပေးမှု ကြီးမားစွာ ခံနေကြရလျက်ရှိသည်။

အချို့သော ကုမ္ပဏီများသည် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းခြင်း၊ စက်ရုံပိတ်သိမ်းခြင်း ပြုလုပ်ခြင်းများကို သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဂျပန်တွင် ၆ ဒေါ်လာပေးလျှင် မိမိနှင့် မသိကျွမ်းသူများကို ဖက်ခွင့်ရသော ထူးဆန်းသည့် ကော်ဖီဆိုင်

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service