ပါမစ်မြေ ဘာကြောင့်ရောင်းဝယ်ကောင်းလဲ၊ ဘယ်ပါမစ်မြေကို ဝယ်မလဲ

ပါမစ်မြေ ဘာကြောင့်ရောင်းဝယ်ကောင်းလဲ၊ ဘယ်ပါမစ်မြေကို ဝယ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
10 Dec 2018 12:53 pm တွင် တင်ခဲ့သည်
5141 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ်ခြံမြေအရောင်းအဝယ်ပြုကြရာမှာ ဂရန် မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲက ပါမစ်မြေကို အရောင်းအဝယ်အများဆုံး ပြုလုပ်ကြတာ တွေ့ရတယ်လို့ သိရပါတယ်။ ရောင်းအားကောင်းတဲ့အ ကြောင်းရင်းကတော့ ပါမစ်မြေအ ရောင်းအဝယ်လုပ်တဲ့အခါ စရိတ် ကုန်ကျမှုနည်းခြင်းက အဓိကအ ချက်ဖြစ်တယ်။ အရောင်းအဝယ် စာချုပ်ကို  အရပ်ကတိစာချုပ်နဲ့ ချုပ်ဆိုနိုင်ပြီး အဆင့်ဆင့်လွှဲ ပြောင်းရောင်းချနိုင်တယ်။ အရောင်းအဝယ် အဆက်အစပ်ကွင်း ဆက်မပြတ်အရောင်းအဝယ် ကတိစာချုပ်တွေရှိဖို့သာလိုပါတယ်လို့ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးက ပြောပါတယ်။ မြေချပါမစ်စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲရောင်းချနိုင်ခွင့်ရှိသလို မိမိအမည်ပေါက် နှစ် ၆၀ ဂရန်လည်း လျှောက်ထားနိုင်တယ်။ တရားဝင်ကုန်ကျစရိတ် သုံးသိန်းနီးပါးသာ ကုန်ကျနိုင်ပါ တယ်။  တခြားသူအမည်ပေါက် ဂရန်မြေကို ဝယ်ယူအမည်ပြောင်း ပါက မြေရဲ့ရောင်းရငွေကာလ တန်ဖိုးပေါ်မူတည်ပြီး အခ∑န်ဆောင်ရတာတွေ၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ရတာတွေ ကုန်ကျစရိတ်အရမ်းပဲ မြင့်သွားမှာဖြစ် တယ်။ ဒါကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူစုဆောင်းထား ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စိစစ်ပေးခြင်း 

ပါမစ်မြေကွက်ကို ဝယ်ယူဖို့ စရန်ပေးလိုက်တာနဲ့ရောင်းသူရဲ့ လက်ဝယ်ရှိမြေချပါမစ်အစစ်အမှန်ဖြစ်မဖြစ်ဆိုတာကို သက်ဆိုင်ရာမြို့နယ် မြေနဲ့အခွန် မြေယာရုံးခွဲတာဝန်ရှိသူတို့က မိမိတို့ရုံးရှိ လက်ခံစာအုပ်နဲ့ တိုက် ဆိုင်စစ် ဆေးဆောင်ရွက်ပေးပါတာကြောင့် မြေဝယ်လိုသူတွေအနေနဲ့ ပါမစ်မြေကွက် ပိုနှစ်သက်ပြီး  ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။

ခက်ခဲလာခြင်း  အခုဆိုရင်  အချို့မြို့နယ်တွေမှာ မြေယာရုံးခွဲတွေ မထားတော့တာကြောင့် မြေချပါမစ်အတု၊ အစစ်ခွဲခြားစိစစ်မှုကို ဘယ်မြို့နယ် မြေယာရုံးခွဲကမှ စစ်ဆေးပေးခြင်း မရှိတော့တာကြောင့် မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးဖို့ ခက်ခဲသွားလို့ အရောင်းအဝယ် ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အရင်က မြို့ပြနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးလက်မှတ်နဲ့ စည်းတံဆိပ် ရိုက်နှိပ်ထုတ်ပေးထားတဲ့ပါ မစ်မြေနဲ့ ယခုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နဲ့ စည်းတံဆိပ်ရိုက်နှိပ်ထားတဲ့ ပါမစ်မြေလို ပုံစံနှစ်မျိုးရှိ နေတာ ကြောင့် သတိပြုဝယ်ယူ သင့်တယ် လို့ သိရပါတယ်။

စည်ပင်အမည်ပေါက်ပါမစ်မြေ 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ထုတ်ပေးတဲ့မြေချပါမစ်တွေ အမှန်အကန်ဟုတ်မဟုတ် စစ် ဆေးဖို့ ခက်ခဲနေတဲ့အချိန်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ ပြစီမံကိန်းနှင့်မြေ ယာစီမံခန့်ခွဲရေးဌာနမှာ ဂရန်အမည်ပေါက်အဖြစ် ပြောင်းလဲချပေးထားတာတွေ ရှိလာသလို  အမည်ပေါက်မှန်ကန်ခြင်းရှိ မရှိကိုလည်း တရားဝင်လျှောက်ထားကြည့်ရှု နိုင်တာကြောင့် စည်ပင်အမည်ပေါက် ပါမစ်မြေတွေကို ယခုအခါ ပိုပြီး ဝယ်ယူသင့်တယ်လို့ သိရပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service