ေက်ာင္းမျပီးေသာ္လည္း အေဆာင္ခန္း ငွားရမ္းသည့္လုပ္ငန္းျဖင့္ အသက္ ၃၀ အရြယ္တြင္ သန္းၾကြယ္သူေဌးျဖစ္လာသူ

ေက်ာင္းမျပီးေသာ္လည္း အေဆာင္ခန္း ငွားရမ္းသည့္လုပ္ငန္းျဖင့္ အသက္ ၃၀ အရြယ္တြင္ သန္းၾကြယ္သူေဌးျဖစ္လာသူ - Property Knowledge in Myanmar from iMyanmarHouse.com
4 Dec 2018 12:33 pm တွင် တင်ခဲ့သည်
21379 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

#Zawgyi#

 

မီခ်ီဂန္တကၠသိုလ္ ေက်ာင္းပရဝုဏ္အတြင္းမွ လူငယ္တစ္ဦး ေပါ့ပါးစြာ လမ္းေလွ်ာက္ထြက္လာေနသည္။

ေက်ာင္းဆင္းလာျခင္း၊ ကန္တင္းသြားျခင္းမ်ဳိးမဟုတ္။ ေက်ာင္းမွ အျပီးအပိုင္ထြက္ခဲ့ျခင္း ျဖစ္သည္။ တကၠသိုလ္တြင္ ပညာဆည္းပူးခဲ့သည္မွာ ၂ ႏွစ္မွ်သာရွိေသးသည္။

ေက်ာင္းထုတ္ခံရျခင္းမဟုတ္ဘဲ မိမိ၏သေဘာဆႏၵအေလ်ာက္ ႏႈတ္ထြက္ခဲ့ျခင္းျဖစ္၏။

အခ်ိန္ကား ၂၀၁၀ ျပည့္ႏွစ္ျဖစ္သည္။ အဆိုပါလူငယ္ အဘယ္ေၾကာင့္ ေက်ာင္းထြက္ခဲ့ပါသနည္း။

“ကၽြန္ေတာ့္စိတ္ထဲမွာ အျမဲေတြးမိေနတာတစ္ခုရွိတယ္။ ကၽြန္ေတာ္ဟာ သူမ်ားအလုပ္ကို ဘယ္ေတာ့မွ မလုပ္ဘူးလို႔ ေတြးေနမိတာပါ။ ေကာလိပ္ကိုသြားတယ္ဆိုတာက လူတိုင္းလုပ္ေလ့ရွိတဲ့အလုပ္မ်ဳိးကို လုပ္တဲ့သေဘာပဲ။ ေနာက္ဆံုး တစ္ေန႔မွာ ဒါကို ကၽြန္ေတာ္အဆံုးသတ္လိုက္ပါတယ္” ထိုသို႔ ဆံုးျဖတ္ကာ ေက်ာင္းထြက္လာသည့္ လူငယ္တစ္ဦးသည္ အသက္ ၂၀ အရြယ္တြင္ပင္ တကၠသိုလ္ပရဝုဏ္အနီးတြင္ ကြန္ဒိုခန္းတစ္ခန္း စတင္ဝယ္ယူႏိုင္ခဲ့၏။

ေနာင္အခါ အသက္ ၃၀ အရြယ္တြင္ပင္ သန္းၾကြယ္သူေဌးတစ္ဦးျဖစ္လာေလသည္။

သူ၏ အမည္ကား မိုက္ခ္ ဟန္ကယ္လ္ ျဖစ္၏။

ဟန္ကယ္လ္သည္ ေက်ာင္းမွထြက္လိုက္ျပီးေနာက္ ၈ ရက္အတြင္း အိမ္ျခံေျမလိုင္စင္ရယူခဲ့သည္။

ထို႔ေနာက္ ေႏြရာသီေက်ာင္းပိတ္ရက္မ်ားတြင္ အလုပ္လုပ္ကာ ႏွစ္ေပါင္းမ်ားစြာ စုေဆာင္းထားခဲ့ေသာ ဘဏ္စုေငြ ေဒၚလာ ၁၀၀၀၀ ျဖင့္ အိမ္ျခံေျမဝယ္ယူရန္ စတင္ရွာေဖြခဲ့သည္။

တကၠသိုလ္အနီးရွိ အိပ္ခန္း ၅ ခန္းပါ ကြန္ဒိုခန္းတစ္ခန္းကို ဝယ္ယူခဲ့ျပီး က်န္သည့္ ၄ ခန္းကို သူငယ္ခ်င္းမ်ားအား တစ္လလွ်င္ ေဒၚလာ ၃၀၀ ျဖင့္ ငွားရမ္းခဲ့၏။

ထိုသို႔ေသာ နည္းလမ္းျဖင့္ ေနစရာအခမဲ့ရလာသည့္အျပင္ ဝင္ေငြပါ ရရွိလာခဲ့သည္။

တဖက္မွလည္း ဘဏ္စာရင္းေငြကို ျပန္လည္ျဖည့္တင္းႏိုင္ရန္အတြက္ အလုပ္ ၃ ခု တျပိဳင္တည္း လုပ္ကိုင္ခဲ့၏။

မနက္ပိုင္းတြင္ အိမ္ျခံေျမအက်ဳိးေဆာင္အျဖစ္ လုပ္ကိုင္ျပီး မြန္းလြဲပိုင္းတြင္ လူေနအိမ္ရာတစ္ခု၌ အခန္းပိုင္ရွင္တို႔အတြက္ အိမ္ငွားေကာင္းမ်ား ရွာေဖြေပးရသည့္အလုပ္ကို လုပ္ကိုင္သည္။ညပိုင္းတြင္ ေဂါက္ကြင္းတစ္ခု၌ အလုပ္လုပ္၏။

၂၀၁၁ ခုႏွစ္ ေႏြဦးေပါက္တြင္ကား တကၠသိုလ္နယ္ေျမတြင္ အိပ္ခန္း ၅ ခန္းပါ လူေနခန္း ၂ ခု ထပ္မံဝယ္ယူႏိုင္မည့္ အခြင့္အလမ္း ေပၚေပါက္လာခဲ့သည္။

“ကၽြန္ေတာ္စုထားတဲ့ေငြက အခန္းေတြအတြက္ လက္ငင္းေပးေခ်ရမယ့္ ေငြပမာဏ မရွိခဲ့ဘူး။ ကၽြန္ေတာ့္မွာက ခရက္ဒစ္ကဒ္ ၃ ခုရွိတာေၾကာင့္ ၾကိဳတင္ထုတ္ေငြ ၃ ခု ယူခဲ့တယ္။ ျပီးေတာ့ ေငြေခ်းဌာနကို သြားျပီး ေဒၚလာ ၈၀၀ ေခ်းေငြ ၅ ခု ရယူခဲ့ပါတယ္”

“အခန္းေတြ ဝယ္ျပီးသြားတဲ့ေနာက္ပိုင္း ကၽြန္ေတာ္ရလာတဲ့ ေငြအေၾကြအားလံုးကို ဒီအေသးစားေခ်းေငြေတြ ျပန္ဆပ္ဖို႔ အသံုးျပဳခဲ့တယ္”အေၾကြး ေဒၚလာ ၆၀၀၀ ခန္႔ကို ၂ လ၊ ၃ လခန္႔ ျပန္လည္ေပးဆပ္ခဲ့ရျပီး ထိုႏွစ္ေဆာင္းတြင္းတြင္ လူေနခန္းတစ္ခု ထပ္မံဝယ္ယူႏိုင္ခဲ့သည္။

ဟန္ကယ္လ္က သူ၏ အခန္းမ်ားကို ေဒသတြင္းရွိ ေကာလိပ္ေက်ာင္းသားမ်ားအား အလြယ္တကူငွားရမ္းႏိုင္ရန္ အခန္းဖြဲ႔ မြမ္းမံျခင္းမ်ား ျပဳလုပ္ခဲ့၏။

“အခန္းေတြက အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါျပီး စတုရန္းေပ ၁၇၀၀ ေလာက္က်ယ္တဲ့ အခန္းေတြပါ။ ဒါေပမယ့္ ကၽြန္ေတာ့္အခန္းေတြ ငွားမထြက္ခဲ့ဘူး”

“ဒါနဲ႔ ကၽြန္ေတာ္လည္း အခန္းေတြဆီကို သြားၾကည့္ျပီး ငါသာဒီမွာေနရင္ ဘာေတြလိုအပ္တယ္ထင္မလဲလို႔ေတြးျပီး သြားေနၾကည့္ခဲ့ပါတယ္”

ထိုေနာက္တြင္ကား တစ္ခန္းလွ်င္ ေဒၚလာ ၅၀၀၀ ခန္႔သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရာ ၾကမ္းခင္းကို laminate အခင္းမ်ားျဖင့္ အစားထိုးျခင္း၊ ေကာ္ေဇာသစ္ခင္းျခင္း၊ နံရံမ်ားကို ေဆးျပန္သုတ္ျခင္း၊ အသံုးအေဆာင္ပစၥည္းသစ္မ်ား ထည့္သြင္းျခင္းတို႔ အပါအဝင္ ျဖစ္သည္။

ထိုေနာက္ပိုင္း ႏွစ္အနည္းငယ္အတြင္း ဟန္ကယ္လ္သည္ တကၠသိုလ္အနီးတြင္ လူေနခန္းမ်ား ဆက္လက္ဝယ္ယူျခင္း ျပဳလုပ္ခဲ့သည္။

၂၀၁၂ ခုႏွစ္တြင္ အခန္းေပါင္း ၆ ခန္းကို လက္ငင္းေပးေခ်ေငြ ၅ ရာခိုင္ႏႈန္းမွ်ျဖင့္ ဝယ္ယူခဲ့ရာ ေဒၚလာ ၁၄၀၀၀ ခန္႔သာ ကုန္က်ခဲ့သည္။ ထိုႏွစ္က အခန္းေပါင္း ၈ ခန္း ဝယ္ယူျဖစ္ခဲ့၏။

“အျမဲလိုလို ကၽြန္ေတာ္ဟာ တစ္ခုခု ဝယ္ေနခဲ့တယ္။ ကၽြန္ေတာ့္ရဲ႕ဘဏ္စာရင္းဟာလည္း အကုန္ေျပာင္သြားတာ (ဒါမွမဟုတ္) ကုန္လုနီးပါးျဖစ္သြားတာမ်ဳိး ျဖစ္သြားေလ့ရွိပါတယ္။ အဲဒီေနာက္မွာ ေငြျပန္စုျပီး ထပ္ဝယ္တာ ဆက္လုပ္ပါတယ္”

“ဒါက စြန္႔စားလြန္းရာက်ေနတယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္”

စြန္႔စားမႈ မ်ားစြာယူျခင္းသည္ မိမိအတြက္ မလြယ္ကူခဲ့ေၾကာင္းလည္း ဟန္ကယ္က ဝန္ခံခဲ့၏။

“ကၽြန္ေတာ့္မွာ စိတ္ဖိစီးမႈေတြ ေတာ္ေတာ္ၾကီးမားခဲ့တယ္။ ပထမဆံုး အခန္းေတြဝယ္တုန္းကဆို ေနာက္ေန႔ေတြေရာက္လာမွာ ေၾကာက္ေနခဲ့တယ္။ ညေတြမွာ အိပ္မေပ်ာ္ခဲ့ဘူး။ တကယ္ေတာ့ စိုးရိမ္ေသာကျဖစ္ေနရံုနဲ႔ ဘာမွေျပလည္မသြားႏိုင္ပါဘူး”

“ဒါနဲ႔ ပတ္သက္ျပီး မိတ္ေဆြတစ္ေယာက္ကို ကၽြန္ေတာ္ေျပာျပဖူးပါတယ္။

လူတစ္ေယာက္က ခင္ဗ်ားကို ေဘာလံုးနဲ႔ ေပါက္လိုက္တယ္ဆိုပါစို႔။

ခင္ဗ်ားဟာ ေဘာလံုးလာေနတာကို ေတြးေတာေၾကာက္ရြံ႕၊ စိုးရိမ္ပူပန္ေနရံုနဲ႔ ဒီေဘာလံုးက ခင္ဗ်ားဆီလာေနရာကေန ရပ္တန္႔သြားမွာ မဟုတ္ပါဘူး”

ယင္းေနာက္ ၂၀၁၃ ခုႏွစ္တြင္ အခန္းေပါင္း ၁၅ ခန္း ( ၁၄ ခန္းမွာ မိတ္ေဆြတစ္ဦးႏွင့္ ပူးေပါင္းဝယ္ယူျခင္းျဖစ္)၊ ၂၀၁၄ ခုႏွစ္တြင္ ၁၅ ခန္း ဆက္လက္ ဝယ္ယူခဲ့ေလသည္။

သူ၏ အခန္းမ်ားမွာ ယခုအခ်ိန္တြင္ ေရာင္းခ်မည္ဆိုပါက တန္ဖိုးအားျဖင့္ ပွ်မ္းမွ် ေဒၚလာ ၈၀၀၀၀ ခန္႔စီ တန္ေၾကးရွိေနျပီျဖစ္သည္။

ဟန္ကယ္က လူေနခန္းမ်ား ဝယ္ယူျပီးေနာက္ ေက်ာင္းသားမ်ားကို ငွားရမ္းျခင္းမျပဳမီတြင္ ေဒၚလာ ၈၀၀၀ ခန္႔သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ေလ့ရွိ၏။ ထို႔ေနာက္မွ အိပ္ခန္းတစ္ခန္းကို တစ္လလွ်င္ ေဒၚလာ ၃၀၀ ခန္႔ျဖင့္ ငွားရမ္းေလ့ရွိသည္။

ဟန္ကယ္က သူ၏ အလုပ္ ၃ ခုကို တျဖည္းျဖည္းခ်င္း ရပ္ဆိုင္းလိုက္ျပီးေနာက္ ယခုအခါတြင္ကား သူ၏အခန္းမ်ားကိုသာ အခ်ိန္ျပည့္စီမံ ခန္႔ခြဲမႈမ်ား ျပဳလုပ္လ်က္ရွိေတာ့သည္။

ဟန္ကယ္က အိပ္ခန္း ၃ ခန္းပါ သူ၏အခန္းေတြ ေနထိုင္ရင္း စီမံခန္႔ခြဲလ်က္ရွိျခင္းျဖစ္ျပီး မြန္းလြဲပိုင္းအခ်ိန္မ်ားတြင္ အငွားစီမံခန္႔ခြဲေရး ရံုးအျဖစ္ ေျပာင္းလဲလိုက္ေလ့ရွိသည္။

ေကာလိပ္ေက်ာင္းသားမ်ားကို အခန္းမ်ား ငွားရမ္းရျခင္းလုပ္ငန္းမွာလည္း စိတ္ပ်က္ဖြယ္ရာ အခ်ဳိ႕ရွိသည္။

ေနအိမ္ခန္းႏွင့္ ပရိေဘာဂမ်ား ပ်က္စီးျခင္းမ်ား ရင္ဆိုင္ရေလ့ရွိရာ ေနာက္ပိုင္းတြင္ ဟန္ကယ္လ္က ပူးတြဲငွားရမ္းျခင္းအသြင္ ေျပာင္းလဲငွားရမ္းခဲ့ျပီး အခန္းအတြင္းပ်က္စီးမႈ တစ္စံုတစ္ရာျဖစ္ပြားခဲ့ပါက အခန္းတြင္ ေနထိုင္သူတိုင္း တာဝန္ယူရမည့္ ပံုစံ ေျပာင္းလဲငွားရမ္းခဲ့သည္။

ေက်ာင္းသား အုပ္စု ၁၀ ခုလွ်င္ တစ္ခုခန္႔မွာ အိမ္ငွားရမေပးသည့္ ျပႆနာမ်ဳိးႏွင့္ ရင္ဆိုင္ရေၾကာင္းလည္း ဟန္ကယ္က ဆိုသည္။

“ကၽြန္ေတာ္က အလုပ္တစ္ခုတည္းနဲ႔ ခ်ည္ေႏွာင္ခံထားရတာမ်ဳိးမလိုလားဘူး။ ဘဝမွာ ဒါထက္ပိုျပီး လိုခ်င္ခဲ့တယ္”

“ကၽြန္ေတာ့္အခန္းေတြ ျပည့္ေနျပီဆိုရင္ တျခားလူေတြကို ငွားဖို႔ေနရာ ဘယ္မွာရမလဲလို႔ အျမဲရွာေဖြခဲ့ပါတယ္”

“ေနာင္တခ်ိန္ ကၽြန္ေတာ့္မွာ သားသမီးေတြ ရွိလာခဲ့မယ္ဆိုရင္ အလုပ္အတြက္ ပူပန္စရာမလိုဘဲ သူတို႔နဲ႔ သြားခ်င္တဲ့ေနရာကို သြားလို႔ရျပီ ျဖစ္ပါတယ္”

ဟန္ကယ္သည္ ယခုအခါ ေနအိမ္ခန္းေပါင္း ၄၂ ခန္း (အငွားခ်ထားႏိုင္သည့္ အိပ္ခန္းေပါင္း ၁၇၇ ခန္း) ပိုင္ဆိုင္ထားျပီး တန္ေၾကးမွာ ကန္ေဒၚလာ ၄ သန္းခန္႔ ျဖစ္သည္။

(အသက္ ၂၅ ႏွစ္အရြယ္လူငယ္တစ္ဦးႏွင့္ အခန္းေပါင္း ၁၈၇ ခန္းပါဝင္သည့္ တိုက္ခန္းေပါင္း ၄၄ ခန္း)

(အိမ္ျခံေျမအက်ဳိးေဆာင္မ်ား စုစည္းေတြ႔ဆံုၾကရာ Bigger Pockets ဝက္ဘ္ဆိုက္ လူမႈကြန္ရက္တြင္ မိုက္ခ္ ဟန္ကဲလ္ ေရးသားခဲ့ေသာ ပို႔စ္တစ္ခု ျဖစ္ပါသည္)

ကၽြန္ေတာ္ဟာ Bigger Pockets အိမ္ျခံေျမအက်ဳိးေဆာင္ဝက္ဘ္ဆိုက္မွာ လူသစ္တစ္ေယာက္ပါ။

ဒါေပမယ့္ ကၽြန္ေတာ့္မွာ အေတြ႔အၾကံဳ ၄ ႏွစ္ခြဲေလာက္ရွိပါတယ္။

အသက္ ၂၀ အရြယ္မွာ ေကာလိပ္က ထြက္ခဲ့ျပီး ၂၀၁၀ ျပည့္ႏွစ္မွာ လူေနခန္းတစ္ခန္းကို ၂၀ ရာခိုင္ႏႈန္း လက္ငင္းေပးေခ်ျပီး ဝယ္ယူခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာ “ဆီးႏွင္းခဲနိယာမ” (ဆီးႏွင္းခဲတို႔သည္ ေတာင္ေစာင္းမွ လိမ့္ဆင္းက်ေရာက္ရာတြင္ တေျဖးေျဖးခ်င္း အျခားႏွင္းခဲမ်ားႏွင့္ ပူးကပ္ကာ ႏွင္းခဲလံုး ပိုၾကီးလာသည္။ ပိုမိုၾကီးမားလာသည္ႏွင့္အမွ် လိမ့္ဆင္းႏႈန္းလည္း ပိုမိုျမန္ဆန္လာျပီး ေနာက္ဆံုးတြင္ ပ်က္စီးသြားရသည့္သေဘာတရားျဖစ္သည္) အတိုင္းၾကံဳရျပီး ေရွ႕ကဦးေဆာင္သူမ်ဳိး ျဖစ္လာခဲ့တယ္။

လက္ရွိမွာ အိမ္ခန္းေပါင္း ၄၄ ခန္း ပိုင္ဆိုင္ထားပါတယ္ ( ၁၄ ခန္းက မိတ္ေဆြတစ္ဦးနဲ႔ ၅၀း၅၀ ပိုင္ဆိုင္ထားတာျဖစ္ျပီး အခန္း ၃၀ ကေတာ့ ကၽြန္ေတာ္တစ္ဦးတည္း ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္)

Business insider မွာ ကၽြန္ေတာ့္အေၾကာင္း ေရးထားတဲ့ ေဆာင္းပါးတစ္ခုေတြ႔ခဲ့ပါတယ္။

အဲဒီေဆာင္းပါးထဲမွာ ေရးထားတုန္းက ကၽြန္ေတာ့္အသက္ဟာ ၂၄ ႏွစ္ျဖစ္ျပီး တိုက္ခန္းေပါင္း ၄၂ ခန္းပိုင္ဆိုင္တယ္လို႔ ေရးထားတယ္ အခု ကၽြန္ေတာ္ ၂၇ ႏွစ္ရွိပါျပီ။ တိုက္ခန္းေပါင္း ၆၀၊ အိပ္ခန္းေပါင္း ၂၄၄ ခန္း ပိုင္ဆိုင္ထားပါတယ္။

 

မွတ္ခ်က္။ ။ မိတ္ေဆြသည္အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၀၀၀ ) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀ ) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ လူဦးေရ ( ၁.၇ )သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း(သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

#Unicode#

 

မီချီဂန်တက္ကသိုလ် ကျောင်းပရဝုဏ်အတွင်းမှ လူငယ်တစ်ဦး ပေါ့ပါးစွာ လမ်းလျှောက်ထွက်လာနေသည်။

ကျောင်းဆင်းလာခြင်း၊ ကန်တင်းသွားခြင်းမျိုးမဟုတ်။ ကျောင်းမှ အပြီးအပိုင်ထွက်ခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သည်မှာ ၂ နှစ်မျှသာရှိသေးသည်။

ကျောင်းထုတ်ခံရခြင်းမဟုတ်ဘဲ မိမိ၏သဘောဆန္ဒအလျောက် နှုတ်ထွက်ခဲ့ခြင်းဖြစ်၏။

အချိန်ကား ၂၀၁၀ ပြည့်နှစ်ဖြစ်သည်။ အဆိုပါလူငယ် အဘယ်ကြောင့် ကျောင်းထွက်ခဲ့ပါသနည်း။

“ကျွန်တော့်စိတ်ထဲမှာ အမြဲတွေးမိနေတာတစ်ခုရှိတယ်။ ကျွန်တော်ဟာ သူများအလုပ်ကို ဘယ်တော့မှ မလုပ်ဘူးလို့ တွေးနေမိတာပါ။ ကောလိပ်ကိုသွားတယ်ဆိုတာက လူတိုင်းလုပ်လေ့ရှိတဲ့အလုပ်မျိုးကို လုပ်တဲ့သဘောပဲ။ နောက်ဆုံး တစ်နေ့မှာ ဒါကို ကျွန်တော်အဆုံးသတ်လိုက်ပါတယ်” ထိုသို့ ဆုံးဖြတ်ကာ ကျောင်းထွက်လာသည့် လူငယ်တစ်ဦးသည် အသက် ၂၀ အရွယ်တွင်ပင် တက္ကသိုလ်ပရဝုဏ်အနီးတွင် ကွန်ဒိုခန်းတစ်ခန်း စတင်ဝယ်ယူနိုင်ခဲ့၏။

နောင်အခါ အသက် ၃၀ အရွယ်တွင်ပင် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာလေသည်။

သူ၏ အမည်ကား မိုက်ခ် ဟန်ကယ်လ် ဖြစ်၏။

ဟန်ကယ်လ်သည် ကျောင်းမှထွက်လိုက်ပြီးနောက် ၈ ရက်အတွင်း အိမ်ခြံမြေလိုင်စင်ရယူခဲ့သည်။

ထို့နောက် နွေရာသီကျောင်းပိတ်ရက်များတွင် အလုပ်လုပ်ကာ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဘဏ်စုငွေ ဒေါ်လာ ၁၀၀၀၀ ဖြင့် အိမ်ခြံမြေဝယ်ယူရန် စတင်ရှာဖွေခဲ့သည်။

တက္ကသိုလ်အနီးရှိ အိပ်ခန်း ၅ ခန်းပါ ကွန်ဒိုခန်းတစ်ခန်းကို ဝယ်ယူခဲ့ပြီး ကျန်သည့် ၄ ခန်းကို သူငယ်ချင်းများအား တစ်လလျှင် ဒေါ်လာ ၃၀၀ ဖြင့် ငှားရမ်းခဲ့၏။

ထိုသို့သော နည်းလမ်းဖြင့် နေစရာအခမဲ့ရလာသည့်အပြင် ဝင်ငွေပါ ရရှိလာခဲ့သည်။

တဖက်မှလည်း ဘဏ်စာရင်းငွေကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် အလုပ် ၃ ခု တပြိုင်တည်း လုပ်ကိုင်ခဲ့၏။

မနက်ပိုင်းတွင် အိမ်ခြံမြေအကျိုးဆောင်အဖြစ် လုပ်ကိုင်ပြီး မွန်းလွဲပိုင်းတွင် လူနေအိမ်ရာတစ်ခု၌ အခန်းပိုင်ရှင်တို့အတွက် အိမ်ငှားကောင်းများ ရှာဖွေပေးရသည့်အလုပ်ကို လုပ်ကိုင်သည်။ညပိုင်းတွင် ဂေါက်ကွင်းတစ်ခု၌ အလုပ်လုပ်၏။

၂၀၁၁ ခုနှစ် နွေဦးပေါက်တွင်ကား တက္ကသိုလ်နယ်မြေတွင် အိပ်ခန်း ၅ ခန်းပါ လူနေခန်း ၂ ခု ထပ်မံဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်လာခဲ့သည်။

 

“ကျွန်တော်စုထားတဲ့ငွေက အခန်းတွေအတွက် လက်ငင်းပေးချေရမယ့် ငွေပမာဏ မရှိခဲ့ဘူး။ ကျွန်တော့်မှာက ခရက်ဒစ်ကဒ် ၃ ခုရှိတာကြောင့် ကြိုတင်ထုတ်ငွေ ၃ ခု ယူခဲ့တယ်။ ပြီးတော့ ငွေချေးဌာနကို သွားပြီး ဒေါ်လာ ၈၀၀ ချေးငွေ ၅ ခု ရယူခဲ့ပါတယ်”

“အခန်းတွေ ဝယ်ပြီးသွားတဲ့နောက်ပိုင်း ကျွန်တော်ရလာတဲ့ ငွေအကြွေအားလုံးကို ဒီအသေးစားချေးငွေတွေ ပြန်ဆပ်ဖို့ အသုံးပြုခဲ့တယ်”အကြွေး ဒေါ်လာ ၆၀၀၀ ခန့်ကို ၂ လ၊ ၃ လခန့် ပြန်လည်ပေးဆပ်ခဲ့ရပြီး ထိုနှစ်ဆောင်းတွင်းတွင် လူနေခန်းတစ်ခု ထပ်မံဝယ်ယူနိုင်ခဲ့သည်။

ဟန်ကယ်လ်က သူ၏ အခန်းများကို ဒေသတွင်းရှိ ကောလိပ်ကျောင်းသားများအား အလွယ်တကူငှားရမ်းနိုင်ရန် အခန်းဖွဲ့ မွမ်းမံခြင်းများ ပြုလုပ်ခဲ့၏။

“အခန်းတွေက အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၂ ခန်းပါပြီး စတုရန်းပေ ၁၇၀၀ လောက်ကျယ်တဲ့ အခန်းတွေပါ။ ဒါပေမယ့် ကျွန်တော့်အခန်းတွေ ငှားမထွက်ခဲ့ဘူး”

“ဒါနဲ့ ကျွန်တော်လည်း အခန်းတွေဆီကို သွားကြည့်ပြီး ငါသာဒီမှာနေရင် ဘာတွေလိုအပ်တယ်ထင်မလဲလို့တွေးပြီး သွားနေကြည့်ခဲ့ပါတယ်”

ထိုနောက်တွင်ကား တစ်ခန်းလျှင် ဒေါ်လာ ၅၀၀၀ ခန့်သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ ကြမ်းခင်းကို laminate အခင်းများဖြင့် အစားထိုးခြင်း၊ ကော်ဇောသစ်ခင်းခြင်း၊ နံရံများကို ဆေးပြန်သုတ်ခြင်း၊ အသုံးအဆောင်ပစ္စည်းသစ်များ ထည့်သွင်းခြင်းတို့ အပါအဝင် ဖြစ်သည်။

ထိုနောက်ပိုင်း နှစ်အနည်းငယ်အတွင်း ဟန်ကယ်လ်သည် တက္ကသိုလ်အနီးတွင် လူနေခန်းများ ဆက်လက်ဝယ်ယူခြင်း ပြုလုပ်ခဲ့သည်။

 

၂၀၁၂ ခုနှစ်တွင် အခန်းပေါင်း ၆ ခန်းကို လက်ငင်းပေးချေငွေ ၅ ရာခိုင်နှုန်းမျှဖြင့် ဝယ်ယူခဲ့ရာ ဒေါ်လာ ၁၄၀၀၀ ခန့်သာ ကုန်ကျခဲ့သည်။ ထိုနှစ်က အခန်းပေါင်း ၈ ခန်း ဝယ်ယူဖြစ်ခဲ့၏။

“အမြဲလိုလို ကျွန်တော်ဟာ တစ်ခုခု ဝယ်နေခဲ့တယ်။ ကျွန်တော့်ရဲ့ဘဏ်စာရင်းဟာလည်း အကုန်ပြောင်သွားတာ (ဒါမှမဟုတ်) ကုန်လုနီးပါးဖြစ်သွားတာမျိုး ဖြစ်သွားလေ့ရှိပါတယ်။ အဲဒီနောက်မှာ ငွေပြန်စုပြီး ထပ်ဝယ်တာ ဆက်လုပ်ပါတယ်”

“ဒါက စွန့်စားလွန်းရာကျနေတယ်ဆိုတာ ကျွန်တော်သိပါတယ်”

စွန့်စားမှု များစွာယူခြင်းသည် မိမိအတွက် မလွယ်ကူခဲ့ကြောင်းလည်း ဟန်ကယ်က ဝန်ခံခဲ့၏။

“ကျွန်တော့်မှာ စိတ်ဖိစီးမှုတွေ တော်တော်ကြီးမားခဲ့တယ်။ ပထမဆုံး အခန်းတွေဝယ်တုန်းကဆို နောက်နေ့တွေရောက်လာမှာ ကြောက်နေခဲ့တယ်။ ညတွေမှာ အိပ်မပျော်ခဲ့ဘူး။ တကယ်တော့ စိုးရိမ်သောကဖြစ်နေရုံနဲ့ ဘာမှပြေလည်မသွားနိုင်ပါဘူး”

“ဒါနဲ့ ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ကို ကျွန်တော်ပြောပြဖူးပါတယ်။

လူတစ်ယောက်က ခင်ဗျားကို ဘောလုံးနဲ့ ပေါက်လိုက်တယ်ဆိုပါစို့။

ခင်ဗျားဟာ ဘောလုံးလာနေတာကို တွေးတောကြောက်ရွံ့၊ စိုးရိမ်ပူပန်နေရုံနဲ့ ဒီဘောလုံးက ခင်ဗျားဆီလာနေရာကနေ ရပ်တန့်သွားမှာ မဟုတ်ပါဘူး”

ယင်းနောက် ၂၀၁၃ ခုနှစ်တွင် အခန်းပေါင်း ၁၅ ခန်း ( ၁၄ ခန်းမှာ မိတ်ဆွေတစ်ဦးနှင့် ပူးပေါင်းဝယ်ယူခြင်းဖြစ်)၊ ၂၀၁၄ ခုနှစ်တွင် ၁၅ ခန်း ဆက်လက် ဝယ်ယူခဲ့လေသည်။

သူ၏ အခန်းများမှာ ယခုအချိန်တွင် ရောင်းချမည်ဆိုပါက တန်ဖိုးအားဖြင့် ပျှမ်းမျှ ဒေါ်လာ ၈၀၀၀၀ ခန့်စီ တန်ကြေးရှိနေပြီဖြစ်သည်။

ဟန်ကယ်က လူနေခန်းများ ဝယ်ယူပြီးနောက် ကျောင်းသားများကို ငှားရမ်းခြင်းမပြုမီတွင် ဒေါ်လာ ၈၀၀၀ ခန့်သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်လေ့ရှိ၏။ ထို့နောက်မှ အိပ်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၃၀၀ ခန့်ဖြင့် ငှားရမ်းလေ့ရှိသည်။

ဟန်ကယ်က သူ၏ အလုပ် ၃ ခုကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းလိုက်ပြီးနောက် ယခုအခါတွင်ကား သူ၏အခန်းများကိုသာ အချိန်ပြည့်စီမံ ခန့်ခွဲမှုများ ပြုလုပ်လျက်ရှိတော့သည်။

ဟန်ကယ်က အိပ်ခန်း ၃ ခန်းပါ သူ၏အခန်းတွေ နေထိုင်ရင်း စီမံခန့်ခွဲလျက်ရှိခြင်းဖြစ်ပြီး မွန်းလွဲပိုင်းအချိန်များတွင် အငှားစီမံခန့်ခွဲရေး ရုံးအဖြစ် ပြောင်းလဲလိုက်လေ့ရှိသည်။

ကောလိပ်ကျောင်းသားများကို အခန်းများ ငှားရမ်းရခြင်းလုပ်ငန်းမှာလည်း စိတ်ပျက်ဖွယ်ရာ အချို့ရှိသည်။

နေအိမ်ခန်းနှင့် ပရိဘောဂများ ပျက်စီးခြင်းများ ရင်ဆိုင်ရလေ့ရှိရာ နောက်ပိုင်းတွင် ဟန်ကယ်လ်က ပူးတွဲငှားရမ်းခြင်းအသွင် ပြောင်းလဲငှားရမ်းခဲ့ပြီး အခန်းအတွင်းပျက်စီးမှု တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက အခန်းတွင် နေထိုင်သူတိုင်း တာဝန်ယူရမည့် ပုံစံ ပြောင်းလဲငှားရမ်းခဲ့သည်။

ကျောင်းသား အုပ်စု ၁၀ ခုလျှင် တစ်ခုခန့်မှာ အိမ်ငှားရမပေးသည့် ပြဿနာမျိုးနှင့် ရင်ဆိုင်ရကြောင်းလည်း ဟန်ကယ်က ဆိုသည်။

“ကျွန်တော်က အလုပ်တစ်ခုတည်းနဲ့ ချည်နှောင်ခံထားရတာမျိုးမလိုလားဘူး။ ဘဝမှာ ဒါထက်ပိုပြီး လိုချင်ခဲ့တယ်”

“ကျွန်တော့်အခန်းတွေ ပြည့်နေပြီဆိုရင် တခြားလူတွေကို ငှားဖို့နေရာ ဘယ်မှာရမလဲလို့ အမြဲရှာဖွေခဲ့ပါတယ်”

“နောင်တချိန် ကျွန်တော့်မှာ သားသမီးတွေ ရှိလာခဲ့မယ်ဆိုရင် အလုပ်အတွက် ပူပန်စရာမလိုဘဲ သူတို့နဲ့ သွားချင်တဲ့နေရာကို သွားလို့ရပြီ ဖြစ်ပါတယ်”

 

ဟန်ကယ်သည် ယခုအခါ နေအိမ်ခန်းပေါင်း ၄၂ ခန်း (အငှားချထားနိုင်သည့် အိပ်ခန်းပေါင်း ၁၇၇ ခန်း) ပိုင်ဆိုင်ထားပြီး တန်ကြေးမှာ ကန်ဒေါ်လာ ၄ သန်းခန့် ဖြစ်သည်။

(အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ဦးနှင့် အခန်းပေါင်း ၁၈၇ ခန်းပါဝင်သည့် တိုက်ခန်းပေါင်း ၄၄ ခန်း)

(အိမ်ခြံမြေအကျိုးဆောင်များ စုစည်းတွေ့ဆုံကြရာ Bigger Pockets ဝက်ဘ်ဆိုက် လူမှုကွန်ရက်တွင် မိုက်ခ် ဟန်ကဲလ် ရေးသားခဲ့သော ပို့စ်တစ်ခု ဖြစ်ပါသည်)

ကျွန်တော်ဟာ Bigger Pockets အိမ်ခြံမြေအကျိုးဆောင်ဝက်ဘ်ဆိုက်မှာ လူသစ်တစ်ယောက်ပါ။

ဒါပေမယ့် ကျွန်တော့်မှာ အတွေ့အကြုံ ၄ နှစ်ခွဲလောက်ရှိပါတယ်။

အသက် ၂၀ အရွယ်မှာ ကောလိပ်က ထွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ လူနေခန်းတစ်ခန်းကို ၂၀ ရာခိုင်နှုန်း လက်ငင်းပေးချေပြီး ဝယ်ယူခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ “ဆီးနှင်းခဲနိယာမ” (ဆီးနှင်းခဲတို့သည် တောင်စောင်းမှ လိမ့်ဆင်းကျရောက်ရာတွင် တဖြေးဖြေးချင်း အခြားနှင်းခဲများနှင့် ပူးကပ်ကာ နှင်းခဲလုံး ပိုကြီးလာသည်။ ပိုမိုကြီးမားလာသည်နှင့်အမျှ လိမ့်ဆင်းနှုန်းလည်း ပိုမိုမြန်ဆန်လာပြီး နောက်ဆုံးတွင် ပျက်စီးသွားရသည့်သဘောတရားဖြစ်သည်) အတိုင်းကြုံရပြီး ရှေ့ကဦးဆောင်သူမျိုး ဖြစ်လာခဲ့တယ်။

 

လက်ရှိမှာ အိမ်ခန်းပေါင်း ၄၄ ခန်း ပိုင်ဆိုင်ထားပါတယ် ( ၁၄ ခန်းက မိတ်ဆွေတစ်ဦးနဲ့ ၅၀း၅၀ ပိုင်ဆိုင်ထားတာဖြစ်ပြီး အခန်း ၃၀ ကတော့ ကျွန်တော်တစ်ဦးတည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်)

Business insider မှာ ကျွန်တော့်အကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ခုတွေ့ခဲ့ပါတယ်။

အဲဒီဆောင်းပါးထဲမှာ ရေးထားတုန်းက ကျွန်တော့်အသက်ဟာ ၂၄ နှစ်ဖြစ်ပြီး တိုက်ခန်းပေါင်း ၄၂ ခန်းပိုင်ဆိုင်တယ်လို့ ရေးထားတယ် အခု ကျွန်တော် ၂၇ နှစ်ရှိပါပြီ။ တိုက်ခန်းပေါင်း ၆၀၊ အိပ်ခန်းပေါင်း ၂၄၄ ခန်း ပိုင်ဆိုင်ထားပါတယ်။

 

မှတ်ချက်။ ။ မိတ်ဆွေသည်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၀၀၀ ) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀ ) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ ( ၁.၇ )သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ အကျိုးဆောင်လုပ်ငန်း(သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service