တန်ဖိုးနည်းအိမ်ရာ ပိုင်ဆိုင်နိုင်ဖို့ အချက်(၇)ချက်

တန်ဖိုးနည်းအိမ်ရာ ပိုင်ဆိုင်နိုင်ဖို့ အချက်(၇)ချက် - Property Knowledge in Myanmar from iMyanmarHouse.com
27 Nov 2018 12:53 pm တွင် တင်ခဲ့သည်
4959 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

တန်ဖိုးနည်းအိမ်ရာ လျှောက်မယ့်သူတွေအတွက် အဓိကအားဖြင့် အချက်(၇)ချက် ရှိတယ်လို့ သိရပါတယ်။

(၁) အရင်ဆုံး ဘာလုပ်ရမလဲ၊

(၂) ငွေဘယ်လိုစုရမလဲ၊

(၃) ငွေဘယ်လောက် စုရမလဲ၊

(၄) ဝယ်ဖို့ ဘယ်လို အထောက်အထားတွေ လိုသလဲ၊

(၅) ဘယ်နေရာကို ဝယ်မလဲ၊

(၆) အိမ်ရဲ့ အကျယ်အဝန်းနဲ့ ပုံစံ၊

(၇) ဖောင်ဘယ်လိုတင်ရမယ်၊ဆိုတဲ့ အချက်(၇)ချက် ရှိပါတယ်။

၁။ အရင်ဆုံး ဘာလုပ်ရမလဲ

အိမ်ရာလျှောက်မယ့်သူတွေ အရင်ဆုံးလုပ်ရမှာက CHD ဘဏ်မှာ စာရင်းဖွင့်ပြီး ငွေစုရမှာပါ။ ဗိုလ်ချုပ်လမ်းထောင့် ၄၆ လမ်းမှတ်တိုင်နားက CHD ဘဏ်နဲ့ ရွှေတိဂုံ ဘုရားလမ်း CHD ဘဏ်တွေမှာ မှတ်ပုံတင်ကတ်၊ ငွေကျပ် ၁၀ဝ၀ နဲ့အတူ စာရင်းဖွင့်နိုင်ပြီး အကောင့်ထဲမှာ ငွေကျပ် ၁၀,ဝ၀ဝ ကစပြီး စုဆောင်းနိုင်ပါတယ်။

၂။ ငွေ ဘယ်လိုစုရမလဲ

အတိုးက အခြားဘဏ်တွေအတိုင်း ၈.၅ ရာခိုင်နှုန်း ပေးပါတယ်။ အဲသည်ငွေကို ထုတ်မသုံးမချင်း အတိုးရနေမှာပါ။ ဒါပေမယ့်​ သည်ငွေက အိမ်အတွက် ရည်စူးထားတဲ့ငွေ ဖြစ်တာကြောင့် ပုံမှန်ငွေထည့်သွင်းထားတာ ပိုကောင်းပြီး ထည့်ပြီးရင် ပြန်မထုတ်တာက အကောင်းဆုံး ဖြစ်ပါတယ်။

၃။ ငွေ ဘယ်လောက်စုရမလဲ

တန်ဖိုးနည်းအိမ်ခန်းတစ်ခန်းဟာ ပျမ်းမျှတန်ဖိုးအားဖြင့် သိန်း ၁၀ဝ ပတ်ဝန်းကျင်ရှိတဲ့အတွက် ၃၀ ရာခိုင်နှုန်းပြည့်အောင် စုဆောင်းရပါမယ်။ ဒါကြောင့် ဘဏ်အကောင့်ထဲမှာ သိန်း ၃၀ ကျော်ရှိတာနဲ့ အိမ်ဝယ်လို့ ရပါပြီ။ ၃၀ ရာခိုင်နှုန်းပြည့်သူတွေကို အိုးအိမ်က စာရင်းကပ်ပေးပါတယ်။ ကိုယ့်နာမည် ပါ/မပါ အိုးအိမ်ရုံးမှာ သွားကြည့်ရပါတယ်။ နာမည်ပါပြီဆိုရင် အိုးအိမ်က လျှောက်လွှာ ရောင်းချပေးသလို စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း ပြည့်ကြောင်း အထောက်အထားတွေပေးပြီး အိမ်လျှောက်လို့ ရပါတယ်။ ကျန် ၇၀ ရာခိုင်နှုန်းကိုတော့ အတိုးတစ်နှစ်ကို ၁၂ ရာခိုင်နှုန်းနဲ့ ဘဏ်က ချေးပေးမှာပါ။ ဒါကြောင့် ၃၀ ရာခိုင်နှုန်း ပြည့်သူတွေဟာ အိမ်ပေါ်တက်နေလို့ရပြီး တစ်လကို ၁ သိန်းကျော်နဲ့ ၁၀ နှစ်သွင်းရင် တိုက်ခန်းပိုင်ဆိုင်နိုင်ပါတယ်။

၎။ ဝယ်ဖို့ ဘယ်လို အထောက်အထားတွေ လိုအပ်လဲ

အထောက်အထား လိုအပ်ချက်က ၄ မျိုးရှိပါတယ်။ ၄ မျိုးစလုံးက ဘဏ်စာအုပ်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ ယူသွားရပါတယ်။ ဝင်ငွေနည်းပြည်သူဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်က တစ်လကို ၃ သိန်း၊ ၅ သိန်းကြားရှိကြောင်း လုပ်ငန်းဝင်ငွေအထောက်အထား ယူသွားရပါတယ်။ ကုမ္ပဏီဝန်ထမ်းနဲ့ အစိုးရဝန်ထမ်းဆိုရင် တစ်လကို ၃ သိန်းနဲ့ ၅ သိန်းကြားရှိကြောင်း အထက်လူကြီးရဲ့ ထောက်ခံချက်ယူရမယ်။ အငြိမ်းစားဝန်ထမ်းဆိုရင် ပင်စင်ထောက်ခံချက် ယူရမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေက ဝန်ထမ်းကတ်ကို မိတ္တူဆွဲရပါမယ်။ ကိုယ်တစ်ဦးတည်း ဝင်ငွေက ၃ သိန်းနဲ့ ၅ သိန်းကြား မပြည့်ရင် မိသားစုဝင်တွေရဲ့ဝင်ငွေကိုပါ ထည့်ဖော်ပြနိုင်တယ်လို့ သိရပါတယ်။

၅။ ဘယ်နေရာကို ဝယ်မလဲ

အစိုးရက လှိုင်သာယာ ရွှေလင်ပန်း၊ ယုဇနနဲ့ ကနောင်အိမ်ရာတွေကို လက်ရှိမှာ ရောင်းနေပါတယ်။ မန္တလေးမှာ မြရည်နန္ဒာ ရှိပါတယ်။ ကိုယ်နဲ့နီးစပ်တဲ့နေရာကို ဝယ်ယူနိုင်ပါတယ်။ အခုနောက်ပိုင်း တည်ဆောက်နေတဲ့ လှိုင်သာယာ ကျန်စစ်မင်းအိမ်ရာက ကားလမ်းနဲ့နီးလို့ လူစိတ်ဝင်စားမှု များပါတယ်။

၆။ အိမ်ရဲ့ အကျယ်အဝန်းပုံစံ

အိမ်တွေက ၈ ခန်းတွဲ ၄ ထပ်နဲ့ ၆ ခန်းတွဲ ၄ ထပ်ဆိုပြီး ၂ မျိုးရှိတယ်။ အိမ်ရာအားလုံးက ပုံစံတူပါပဲ။ အကျယ်အဝန်းကတော့ ၅၂၂ စတုရန်းပေနဲ့ ၄၈၄ စတုရန်းပေဝန်းကျင်ဆိုပြီး ၂ မျိုးရှိပါတယ်။ ၆ ခန်းတွဲ၊ ၈ ခန်းတွဲ၊ လှေကားပါတဲ့အခန်းနဲ့ လှေကားမပါတဲ့ အခြမ်းပေါ်မူတည်ပြီး အကျယ်အဝန်း ကွာခြားမှုရှိပါတယ်။ အိမ်တွေရဲ့တန်ဖိုးက မြေညီထပ်ဆိုရင် ၁၃၅ သိန်းပတ်ဝန်းကျင်ကနေ တတိယထပ် ၉၈ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။

၇။ ဖောင် ဘယ်လိုတင်မလဲ

အိုးအိမ်ဦးစီးဌာနမှ ဝင်ငွေနည်း ပြည်သူတွေ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်းနဲ့ အငြိမ်းစား ဝန်ထမ်းအတွက် လျှောက်လွှာတွေ သီးခြားရောင်းပါတယ်။ လျှောက်ထဲမှာ ဖြည့်စရာရှိတာတွေ ဖြည့်ပြီး ၃၀ ရာခိုင်နှုန်းပြည့်ကြောင်း၊ အထောက်အထား မှန်ကန်ကြောင်း သွားစစ်ခိုင်းရပါမယ်။ ဘဏ်ကအချက်အလက် အားလုံးမှန်ကန်ကြောင်း စစ်ဆေးပြီးရင် တံဆိပ်တုံးထုပေးတယ်လို့ အတွေ့အကြုံရှိသူတစ်ဦးဆီက သိရပါတယ်။

Credit : The Kumudra 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service