မြေဂရန် မိတ္တူရှိသူထံမှ အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင်

မြေဂရန် မိတ္တူရှိသူထံမှ အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
31 Oct 2018 12:31 pm တွင် တင်ခဲ့သည်
7625 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

''ဂရန်မိတ္တူနဲ့ အရောင်းအဝယ် လုပ်လို့ရပါသလား''ဟု မိတ်ဆွေ တစ် ဦးက စာရေးသူထံ လာရောက်မေး မြန်းဆွေးနွေးပါသည်။

''ဂရန်မိတ္တူနဲ့ အရောင်းအဝယ် လုပ်လို့ မရပါဘူး။ ဂရန်မူရင်းက ပျောက်ဆုံးသွားလို့လား'' စာရေးသူက မေးခွန်းပြန်ထုတ်လိုက်မိသည်။

''မူရင်းဂရန်ကတော့ရှိပါတယ်။ ဒါပေမယ့် မြေကွက်တစ်ခြမ်း ဝယ် ထားသူက လက်ဝယ်ရယူထားလို့ ပါ''

''ရောင်းမယ်ဆိုတဲ့ မြေကွက်က အကျယ်အဝန်းဘယ်လောက်ရှိသလဲ''

''ပေ ၂ဝ x ပေ ၆ဝ မြေကွက် ပါ။ အိမ်ကတော့ ပျဉ်ထောင်အိမ် တစ်ထပ်''

''ဒါဆိုရင် မူလဂရန်မြေကွက်က ပေ ၄ဝ x ပေ ၆ဝ မြေကွက်မဟုတ် လား''

''ဟုတ်ပါတယ်။ ပေ ၂ဝ x ပေ ၆ဝ ခွဲပြီး ရောင်းထားတာပါ။ ဝယ် ထားသူတွေအနေနဲ့ တရားဝင်ခွဲစိတ် ရခြင်း မရှိသေးတော့ ဂရန်မူရင်း က ပေ ၄ဝ x ပေ ၆ဝ မြေကွက်ဂရန်ပဲ ဖြစ်နေလိမ့်မယ်ထင်တယ် ဆရာ''

''သိပ်တော့ မခဲယဉ်းပါဘူး။ မူရင်း ဂရန်ကို ငှားပြီး အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုလို့ရ ပါတယ်။ အိမ်ပွဲစားပါတယ် မဟုတ် လား''

''အိမ်ပွဲစားကတော့ ဆရာပြော သလို ဂရန်မူရင်းကို ငှားပြီးဆောင် ရွက်လို့ရတယ် ပြောပါတယ်''

''အချို့ ပုဂ္ဂိုလ်တွေက ဂရန်မူရင်း ငှားတာကို ငှားရမ်းခတောင်းတာတွေ ရှိတယ်လို့ ကြားတယ်''

''အိမ်ပွဲစားကပြောတော့ ဂရန် မူရင်းခသဘောမျိုး ငွေကြေးတော့ ပေးရမယ်ပြောပါတယ်''

''မူရင်း ဂရန်စာချုပ်ကို ရယူထားသူက မြေဂရန်အမည်ပေါက် လား''

''အဲဒါအခက်အခဲရှိနေတာ ဆရာ။ သူကလည်း နှစ်ဆင့်လောက် ပိုင်ရှင်ပြောင်းထားတယ်။ အဲဒီလိုပဲ ဂရန်မိတ္တူရထားတဲ့သူကလည်း နှစ် ဆက်လောက်ရောင်းထားတယ်။ ဒါ ကြောင့် ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာ သိချင်လို့ ဆရာ''

''အဓိကအချက်က မူလ အမည်ပေါက်ကို ရှာလို့ လွယ်ကူရင် တော့ ငွေကြေးအနည်းငယ်ကန်တော့ ပြီး လိုက်ပါ ဆောင်ရွက်ပေးဖို့ ပြောရ မယ်ထင်တယ်''

''မြေအမည်ပေါက်က လှိုင်သာ ယာမြို့နယ်ဘက်ပြောင်းသွားတယ်လို့ အကြမ်းဖျဉ်းသိရတယ်။ သေချာမသိ တော့ ဆက်သွယ်လို့မရဖြစ်နေတယ်''

''ကုန်ကျစရိတ်ကများမှာဖြစ် လို့ စဉ်းစားတော့ ဝယ်သင့်တယ်''

''ဟုတ်ကဲ့ ဆောင်ရွက်ရမယ့် အဆင့်တွေ သိထားချင်လို့ပါ။ ဒါမှ လည်း ကုန်ကျစရိတ်ကို မှန်းဆနိုင်မှာ ဖြစ်တယ်''

''ပထမအချက်အနေနဲ့ အရောင်း အဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုဖို့ မြေပုံမြေရာဇဝင်ကူးယူရပါမယ်။ အဲဒီ မှာ မူရင်းဂရန်ကို တင်ပြရတယ်။ အမည်ပေါက် ဒါမှမဟုတ် အမည် ပေါက်ရဲ့ ကိုယ်စားလှယ်စာရသူက လျှောက်ထားနိုင်ပါတယ်''

''ဒါဆိုရင် မူရင်းဂရန်ရှိသူက မြေအမည်ပေါက်ထံက ကိုယ်စား လှယ်စာရှိမယ်ဆိုရင် သူက လျှောက် ထားနိုင်တာပေါ့''

''ဟုတ်ပါတယ်။ ဒါကြောင့် မြေ အမည်ပေါက်ထံက မူရင်းဂရန်ရှိသူ ကို ကိုယ်စားလှယ်လွှဲစာပေးထားခြင်း ရှိ မရှိ ဦးစွာမေးမြန်းစုံစမ်းရမှာဖြစ် တယ်။ ကိုယ်စားလှယ်လွှဲစာပေးထား တယ်ဆိုရင်တော့ မြေပုံမြေရာဇဝင် ကူးပေးဖို့ ညှိနှိုင်းတောင်းဆိုရမယ်''

''တကယ်လို့ မြေအမည်ပေါက် မြေရှင်ကို ရှာဖွေတွေ့လို့ ကျွန်တော်က သူ့ထံမှ ကိုယ်စားလှယ်လွှဲစာ တိုက် ရိုက်ယူထားရင် ဖြစ်ပါသလား''

''ဒါပေမယ့် မူရင်း ဂရန်တင်ပြမှ မြေပုံ မြေရာဇဝင်ကူးယူခွင့်နဲ့ စာချုပ် စာတမ်းမှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုနိုင်မှာဆိုတော့ မူရင်း ဂရန်ကိုတော့ ခေတ္တငှားရမှာဖြစ် တယ်''

''ဘယ်လိုပဲဖြစ်ဖြစ် မူရင်းဂရန် လက်ဝယ်ရှိသူနဲ့တော့ ညှိနှိုင်းဆောင် ရွက်ရမှာပေါ့နော်''

''ဟုတ်ပါတယ်။ ပိုင်ရှင်နှစ်ဆင့် လောက်ပြောင်းသွားပြီဆိုတော့ သူတို့ က အရပ်စာချုပ်နဲ့ ဝယ်ကြသလား။ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ပြုလုပ်ဝယ်ထားသလားဆိုတာ စုံစမ်း ဖို့ လိုပါတယ်''

''ပြောစကားအရတော့ ဂရန်မူ ရင်းရှိသူတွေကလည်း အရပ်စာချုပ် နဲ့ပဲ ဝယ်ကြတယ်ပြောတယ်''

''အခုရောင်းမယ်ဆိုတဲ့ ဂရန် မိတ္တူပိုင်ရှင်ကလည်း အရပ်စာချုပ်နဲ့ ပဲဝယ်ထားကြမှာပေါ့''

''မှန်ပါတယ်။ ဒါကြောင့် တရားဝင်အောင် ဆောင်ရွက်ချင်လို့ပါ''

''အစောက ပြောသလို မြေအမည်ပေါက် ပိုင်ဆိုင်သူရဲ့ ကိုယ်စား လှယ်လွှဲစာကို မူရင်းဂရန် လက်ဝယ် ရှိသူက ရရှိထားမယ်ဆိုရင် မြေပုံ မြေ ရာဇဝင်ကို သူ့အနေနဲ့ ကူးယူလျှောက် ထားရမယ်''

''မြေပုံမှာတော့ ပေ ၄ဝ x ပေ ၆ဝ မြေကွက်အနေနဲ့ပဲ ထွက်မှာပေါ့ နော်''

''မှန်ပါတယ်။ အဲဒီ ပေ ၄ဝ x ပေ ၆ဝ မြေကွက်ထဲက အခုရောင်း မယ့် ပေ ၂ဝ x ပေ ၆ဝ မြေကွက် အပေါ် အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုရပါမယ်''

''ဒါဆိုရင် ဂရန်မူရင်းရှိသူက လိုက်ပါဆောင်ရွက်ပေးရမယ့် သဘော ပေါ့''

''မှန်ပါတယ်။ ပြီးမှမြေကွက်ခွဲ စိတ်ပေးဖို့ လျှောက်ထားရမှာဖြစ် တယ်''

''မြေကွက်က တစ်ဖက်သတ်ခွဲ စိတ်လို့ရပါသလား''

''ဥပဒေအရတော့ တစ်ဖက် သတ်ခွဲစိတ်ပေးဖို့ မြေယာဌာနမှာ လျှောက်ထားရပါတယ်။ မြေတိုင်း ဌာနက လာရောက်ကြည့်ရှုစစ်ဆေး ပြီး မြေကွက်ခွဲပေးမှာဖြစ်ပါတယ်''

''မြေကွက် ခွဲလိုက်ရင် ဂရန်သီး ခြားစီ ရပါသလား''

''အကောင်းဆုံးကတော့ ဂရန်မူ ရင်းရှိသူကလည်း မြေကွက်ခွဲပေးဖို့ ပြိုင်တူလျှောက်ထားမယ်ဆိုရင်တော့ ဂရန်သီးခြားစီခွဲထွက်လာမှာဖြစ်တယ်''

''ဂရန်မူရင်းရထားသူက မြေ ကွက်ခွဲစိတ်ဖို့ အတူမလျှောက်ရင် ဘယ်လိုဖြစ်နိုင်သလဲ''

''မူရင်းဂရန်အမည်ပေါက်နဲ့ ဂရန်သီးခြားထုတ်ပေးထားတော့ရှိ တယ်''

''ဆိုလိုတာက ကျွန်တော်တို့က မြေကွက်ခွဲစိတ်ဖို့ လျှောက်ခဲ့ရင် ပေ ၂ဝ x ပေ ၆ဝ မြေကွက်ကို ကျွန်တော် တို့ အမည်နဲ့ ဂရန်သစ်ခွဲပေးမယ်။ ကျန် ပေ ၂ဝ x ပေ ၆ဝ မြေကွက်က တော့ မူလအမည်ပေါက်နဲ့ပဲ ခွဲစိတ် ပေးမယ့် သဘောပေါ့''

''ဟုတ်ပါတယ်။ ဒါကြောင့် မူရင်း ဂရန်လက်ဝယ်ရှိသူနဲ့ ဦးစွာ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပြီး မူရင်း ဂရန်လက်ဝယ်ရှိသူက ဂရန်အမည် ပေါက်ထံမှ ကိုယ်စားလှယ်လွှဲစာရယူ ထားခြင်းရှိ မရှိ စုံစမ်းရမှာဖြစ်တယ်''

''မူရင်း ဂရန်ရှိသူထံမှာ အမည်ပေါက်ရဲ့ ကိုယ်စားလှယ်လွှဲစာမရှိခဲ့ ရင် ဘယ်လိုဆောင်ရွက်မလဲ''

''တရားရုံးမှာ မှတ်ပုံတင် အရောင်းအဝယ်ချုပ်ဆိုပေးစေလိုမှုအ ဖြစ် တရားစွဲဆို တောင်းခံရမှာဖြစ် တယ်''လို့ ရှင်းပြလိုက်ပါသည်။

Credit:  ထီယု (ဥပဒေ အတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service