အရေးမပါသလိုရှိနေသည့် အိမ်၊ခြံ၊မြေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု

အရေးမပါသလိုရှိနေသည့် အိမ်၊ခြံ၊မြေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2018 12:59 pm တွင် တင်ခဲ့သည်
1427 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိမ်၊ခြံ၊မြေနှင့်ပတ်သက်၍ ရောင်း၊ ၀ယ်၊ ငှား ပြုလုပ် ကြရာတွင် သတိပြုသင့်သော အချက်တစ်ခုကို မိမိကိုယ်တိုင်ပင် တစ်ခါတစ်ရံ မေ့လျော့နေတတ်သည်။ ဤသည် မှာ အိမ်၊ခြံ၊မြေနှင့်ပတ်သက်သော “သန့်ရှင်းမှု” ဆိုသည့်အချက်ပင်ဖြစ်သည်။

ယခင်လွန်ခဲ့သည့်နှစ်များကဆိုလျှင် ဆင်ခြေဖုံးရပ်ကွက်များ၌ဆိုလျှင် အမှိုက်များကို ကြုံလျှင်ကြုံသလို အလွယ်တကူ စွန့်ပစ်ကြရာမှာ ယခု ၂၀၁၀ နောက်ပိုင်းများတွင် မြို့နယ်၊ ရပ်ကွက် အသီးသီးတို့၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ် ပေးထားသော အမှိုက်ပစ်ကန်များအတွင်းသို့ စည်းစနစ်ကျစွာ အမှိုက်များစွန့်ပစ်လာကြသည်ကို တွေ့ရှိရသည်။

အထပ်မြင့်အဆောက်အဦးများအပေါ်၌ နေထိုင်သူများကလည်း အပတ်စဉ် အလှည့်ကျလာရောက်သိမ်းဆည်း သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းခေါင်းလောင်းထိုးသံကြားလျှင်ပင် မိမိနေအိမ် မှအမှိုက်များကို အမှိုက်ပစ်လှည်းများအတွင်းသို့ သွားရောက်စွန့်ပစ်ကြသည့်အတွက် မြို့နေလူမှုအဆင့်အတန်း မြင့်တက်လာသည်ဟု ဆိုနိုင်ပါသည်။

စင်္ကာပူနိုင်ငံများ၌ဆိုလျှင် Condo တိုက်ခန်းများ၌ နေထိုင်သူများသည် မီးဖို ချောင်စွန့်ပစ် အမှိုက်များကို မိမိအိမ်၌ရှိသော အမှိုက်စွန့်ခေါင်းပြွန်ထဲသို့ အလွယ်တကူစွန့်ပစ်လိုက်နိုင်သဖြင့် လူနေမှုအဆင့်အတန်းကို များစွာအထောက်အကူပြုသည်ကိုတွေ့ရှိရသလို မလေးရှားနိုင်ငံများတွင်လည်း လုံးချင်း အိမ်ရာများတွင် နေထိုင်သူဖြစ်ပါက မိမိတို့ မီးဖိုချောင်၏ စွန့်ပစ်အမှိုက်များကို ခြံဝရှေ့တွင်ရှိသော အမှိုက်စွန့်အိမ် ကလေးထဲသို့ ထည့်ထားလိုက်ပါက အမှိုက်သိမ်းဆည်းရေးမှ အပတ်စဉ်အလှည့်ကျ လာရောက်သိမ်းဆည်းခြင်း ကြောင့် အိမ်နှင့်ပတ်ဝန်းကျင် လူနေထိုင်မှု အဆင့်အတန်းများကို ဖော်ပြသလိုဖြစ်သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် လုံးချင်းအိမ်ရာများ၌ နေထိုင်သည်ဖြစ်စေ၊ အထပ်မြင့်အဆောက်အဦးများပေါ်၌ နေထိုင်သည် ဖြစ်စေ အမှိုက်သိမ်းဆည်းရေးကိစ္စကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါသည်။ အမှိုက်သိမ်းဆည်းရေးကိစ္စသည် အိမ်၊ခြံ၊မြေ တစ်ခု၏ သန့်ရှင်းမှုနှင့်သာမက လူကြိုက်များ မများ နှင့် ဈေးနှုန်းတို့ကိုပါ သွယ်ဝိုက်သောနည်းအားဖြင့် ပတ်သက်နေသည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။

ထို့ကြောင့် အမှိုက်သိမ်းဆည်းခြင်းညံ့ဖျင်းပါက သန့်ရှင်းလှပသော မြို့တော်ကြီးကို ရုပ်ဆိုးစေသည့်အပြင် လူ ကြိုက်နှစ်သက်မှု နည်းပါးလာပါက ဈေးကွက်ကိုပါ ထိခိုက်လာနိုင်သဖြင့် မိမိတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာပါမက နေထိုင်မှု အဆင့်အတန်းကိုပါ မြင့်မားပျိုးထောင်ပြီး မိမိပတ်ဝန်းကျင်နှင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးကြ ပါဟု တိုက်တွန်းနှိုးဆော်ချင်ပါသည်။

Credit: Myanmar Property News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service