အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ

အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ - Property Knowledge in Myanmar from iMyanmarHouse.com
19 Oct 2018 11:07 am တွင် တင်ခဲ့သည်
8160 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ်ခြံမြေတွေကို အကျိုးဆောင် မပါဘဲ စာချုပ်ချုပ်ဆိုရောင်းဝယ် ကြမယ်ဆိုရင် စာချုပ်ပါအကြောင်းအရာတွေကို သေသေချာချာ စစ်ဆေးသင့်တယ်လို့ သိရပါတယ်။

“သေချာမစစ်ဆေးဘဲ ဝယ်ယူတာတွေကြောင့် စလစ်အတု၊ ပါမစ်အတုတွေ ဝယ်မိတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေ ရတာပါ၊ သေချာစစ်ဆေးမယ်ဆိုရင်တော့ ဒီပြဿနာတွေ မဖြစ်နိုင်ဘူး”လို့ အိမ်ခြံမြေအကျိုးဆောင် ဦးမြင့်အေးက ဆိုပါတယ်။

အိမ်ခြံမြေဆိုင်ရာ စာချုပ်ချုပ်ဆိုတဲ့ အခါမှာ သတိထားရမယ့် အချက်တွေနဲ့ အရေးကြီးအချက်တွေကို ရောင်းဝယ်သူ တချို့အမှတ်တမဲ့ ထားရှိတတ်ပါတယ်။ မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုအထောက်အထားတွေကို နားလည်တတ်ကျွမ်းသူ တွေနဲ့ စစ်ဆေးသင့်ပါတယ်။ ဝယ်ရောင်း တချို့က စာရွက်စာတမ်းတွေကို အပေါ်ယံလောက်ပဲ ကြည့်ရှုစစ်ဆေးတတ်ကြတာ ကြောင့် သေချာစစ်ဆေးဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေတွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အတွက် သေချာစစ် ဆေးသင့်တာ ဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်စာတမ်းပါ အချက်အလက် တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါ တယ်။ ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊ စာချုပ်ပါစကားလုံးတွေကို တစ်လုံး ချင်းစီ သေသေချာချာစစ်ဆေးမှ သာ စာချုပ်ပါအချက်အလက်နဲ့ ကွဲပြားမှု တွေကို သိရှိနိုင်မှာပါ။ ဒါ့အပြင်မှတ်ပုံတင် ပါ အချက်အလက်တွေ၊ တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ်စာတမ်းနဲ့ ကိုက်ညီမှု ရှိ မရှိ တိုက်ဆိုင်စစ်ဆေးသင့်တယ်လို့ သိရပါတယ်။

နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါအချက်တချို့ကို အမှားပြင်ဆင် ချက်နဲ့ အမှားပြင်ဆင်တာတွေ ဖြစ်ပါ တယ်။ စာချုပ်ထဲမှာ အမှားတစ်စုံတစ်ရာ ရှိပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေး ရပါမယ်။ စာချုပ်တွေကို စစ်ဆေးတဲ့အခါ အမှားတွေ့ရင် correction pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ correction pen အသုံးပြုမိပြီး အမှား ပြင်ဆင်ချက်ကို initial sign (လက်မှတ်အတို ကောက်) ထိုးထားပေမဲ့ မသမာသူတွေက correction pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါ တယ်။

လက်မှတ်အတိုကောက်ထိုး

စာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရမယ့် အကောင်းဆုံးအချက် ကတော့ အမှားစကားလုံးပေါ်မှာ cross မျဉ်းတစ်ကြောင်းသာခြစ်ပြီး အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။

“ကိုယ်ဝယ်တဲ့ချိန်မှာ ဒီလိုအမှားမျိုး ကို ရပါတယ်လို့ သဘောထားလိုက်ပေမဲ့ ပြန်ရောင်းတဲ့အခါကျတော့ အခက်တွေ့ ရော အဲဒီလိုအမှားပြင်ဆင်ချက်က သို့လော သို့လော ဖြစ်စေပါတယ်”လို့ အထက်တန်း ရှေ့နေ မသိင်္ဂီအေးက ဆိုပါတယ်။

အခုလိုအမှားမျိုးတွေကို စာချုပ်မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ် ပိုင်းမှာ အခက်အခဲတချို့ရှိလာပြီး ပြဿနာတက်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူကြားမှာ နှစ်ဦးသဘောတူ စာချုပ်အသစ် တစ်ခု ထပ်မံချုပ်ဆိုလို့ရတယ်လို့ သိရပါတယ်။ ဝယ်ယူသူအနေနဲ့ သံသယရှိတယ် ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ ရသလို ချုပ်ဆိုခွင့်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် သက်သေထည့်သွင်းတဲ့ နေရာမှာလည်း နားလည်သူတွေကိုသာ သက်သေအဖြစ် ထည့်သွင်းသင့်တယ်လို့ သိရပါတယ်။

“ အသိမိတ်ဆွေမို့လို့၊ လမ်းကြုံလို့ စ တာတွေကို သက်သေထိုးခိုင်းတာကလဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် သူတို့ က စာချုပ်ပါအကြောင်းအရာကို မသိတော့ အခက်တွေ့ရတယ်၊ ဒါကြောင့် သူ တို့ကို သက်သေလုပ်ခိုင်းမယ်ဆိုရင် သေချာသိအောင်အရင်ပြောထားသင့်တယ် ”လို့ အထက်တန်းရှေ့နေ မသိင်္ဂီအေးက ဆက်ပြောပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service