ဗဟုသုတ | Posted by ဇာနည်ကျော်
#Zawgyi#
(စီးပြားေရးလုပ္ငန္းမ်ဳိးစံုလုပ္ခဲ့ေသာ္လည္း မေအာင္ျမင္ဘဲ အရင္းျပဳတ္ခဲ့ျပီး ေဆာက္လုပ္ေရးလုပ္ငန္းနယ္သို႔ ဝင္ေရာက္ကာ ကင္ညာတြင္ အခ်မ္းသာဆံုးျဖစ္လာသူ)
ကင္ညာႏိုင္ငံ၊ ႏိုင္ရိုဘီျမိဳ႕ေတာ္၏ ေျမာက္ပိုင္းရွိ မူလတန္းေက်ာင္းကေလးတစ္ခုတြင္ ေက်ာင္းသို႔ ဖိနပ္စီးလာသည့္ ကေလးငယ္တစ္ဦးကို အျခားကေလးမ်ားက ဝိုင္းဝန္းေလွာင္ေျပာင္လ်က္ရွိ၏။ကင္ညာတြင္ ဖိနပ္စီးသူဟူ၍ မရွိ။ ေျခဗလာျဖင့္သာ သြားလာၾကသည္။
ထိုကေလးငယ္ကမူ ငယ္စဥ္က က်န္းမာေရးမေကာင္းလွေသာေၾကာင့္ ဖခင္က ဖိနပ္စီးေစခဲ့ျခင္းျဖစ္၏။
သို႔ရာတြင္ ေက်ာင္းဆရာတို႔၏ တားျမစ္ခ်က္အရ ေနာက္ေန႔တြင္ ဖိနပ္စီးကာ ေက်ာင္းတက္ခြင့္ မရေတာ့ေခ်။
အဆိုပါ ကေလးငယ္သည္ ေနာင္တစ္ခ်ိန္တြင္ ကင္ညာ၏ အခ်မ္းသာဆံုး ေဆာက္လုပ္ေရးကုမၸဏီပိုင္ရွင္ သူေဌးၾကီး ျဖစ္လာခဲ့ေလသည္။
ကင္ညာသည္ အေမရိကန္သမၼတ ဘားရက္အုိးဘားမား၏ မိဘ၊ ဘိုးဘြားမ်ား၏ ဇာတိေျမလည္း ျဖစ္၏။
ေအာင္ျမင္မႈသို႔ ခ်ီတက္ရာ သူ၏လမ္းခရီးသည္ အလြန္ရွည္လ်ားခက္ခဲလွသည့္ ခရီးၾကမ္းၾကီးတစ္ခုျဖစ္ခဲ့ျပီး ယင္းခရီးစဥ္၏ စတင္ရာမွာ ကင္ညာႏိုင္ငံ၊ မူရန္ဂါခရိုင္၊ ကာဟိုင္နီေဒသမွ စတင္ခဲ့သည္။
မူလတန္းေက်ာင္းသားဘဝ ေက်ာင္းပိတ္ရက္မ်ားတြင္ ေကာ္ဖီျခံ၌ အလုပ္လုပ္ရ၏။မူလတန္းေက်ာင္းသားဘဝတြင္ ဖခင္ၾကီးက မူရာယာကို ဖိနပ္တစ္ရံ ဝယ္ေပးခဲ့ရာ သူ၏ေက်ာင္းမွ ဆရာတို႔က ဖိနပ္မစီးရန္ တားျမစ္ေသာေၾကာင့္ ေျခဗလာျဖင့္ ေက်ာင္းသြားခဲ့ရသည္။ ကင္ညာႏိုင္ငံတြင္ လူအမ်ားစုမွာ ဖိနပ္မစီးၾကေခ်။
ေျခဗလာျဖင့္ ေက်ာင္းသြားရေသာေၾကာင့္ ကင္ညာတြင္ အလြန္ေပါမ်ားသည့္ ဂ်စ္ဂါအမည္ရွိ မွက္ေကာင္တစ္မ်ဳိး၏ ကိုက္ျခင္းကို ခံခဲ့ရဖူးသည္။
ဂ်စ္ဂါဟူေသာ မွက္ေကာင္မ်ဳိးသည္ ပူျပင္းေျခာက္ေသြ႔ေသာ ရာသီဥတုရွိသည့္ေဒသမ်ားတြင္ ေနထိုင္ေလ့ရွိျပီး သဲကႏၱာရမ်ား၊ ကမ္းစပ္မ်ား၊ ျမင္းေဇာင္းမ်ားႏွင့္ ယာေတာမ်ားတြင္ ရွင္သန္ေလ့ရွိသည္။
လူေနအိမ္မ်ားရွိ ၾကမ္းျပင္မ်ား၊ နံရံမ်ား၊ ပရိေဘာဂမ်ားၾကားတြင္လည္း ပုန္းေအာင္းေနထိုင္ေလ့ရွိၾကသည္။
ဂ်စ္ဂါအမေကာင္သည္ လူတို႔၏ လက္သည္းေျခသည္းမ်ားေအာက္၊ ေျခဖဝါးမ်ား အစရွိသည့္ေနရာမ်ားကို ကိုက္ကာ ဥဥေလ့ရွိသည္။
ဂ်စ္ဂါအကိုက္ခံရသူတို႔သည္ အသားအေရပ်က္စီးကာ ကိုယ္ခႏၶာခၽြတ္ယြင္းမႈမ်ားပင္ ျဖစ္ၾကရသည္။
ဂ်စ္ဂါအကိုက္ခံရမႈေၾကာင့္ ေရာဂါအေျခအေနဆိုးရြားသူသည္ လမ္းပင္မေလွ်ာက္ႏိုင္ေတာ့ဘဲ ေသဆံုးသည္အထိ ျဖစ္ၾကရသည္။
သို႔ရာတြင္ ေဒသတြင္း ေဆးပင္တစ္မ်ဳိးျဖစ္သည့္ ndongu (solanum) အရည္ျဖင့္ ကုသမႈေၾကာင့္ ေပ်ာက္ကင္းခဲ့သည္။
Lenana အထက္တန္းေက်ာင္းတြင္ O Level ႏွင့္ A Level မ်ားကို ၁၉၇၅ ခုႏွစ္မွ ၈၁ ခုႏွစ္အၾကား ဆည္းပူးခဲ့သည္။
အထက္တန္းေက်ာင္းသားဘဝတြင္ ထင္ရွားသည့္ ရပ္ဂ္ဘီေဘာလံုးသမားတစ္ဦးလည္း ျဖစ္ခဲ့၏။
ပီတာ မူရာကာသည္ ေယာက်ာ္းေလး ၃ ဦးႏွင့္ မိန္းကေလး ၄ ဦး ေမြးခ်င္းရွိသူျဖစ္ရာ ေက်ာင္းတက္ရင္းတစ္ဖက္တစ္လမ္းမွ ဝင္ေငြရွာခဲ့ရ၏။
ဖခင္၏ ကုန္ကားကို ငွားရမ္းကာ အျခားသူတို႔၏ ေကာ္ဖီေစ့မ်ားကို စက္ရံုသို႔ ေပးသြင္းရသည့္အလုပ္ ေက်ာင္းတက္ရင္းလုပ္ခဲ့ရ၏။
၁၉၈၂ ခုႏွစ္တြင္ အလုပ္လုပ္ရင္း ႏိုင္ရိုဘီတကၠသိုလ္သို႔ တက္ေရာက္ပညာဆည္းပူးခဲ့သည္။ဘဝဟူသည္ ပီတာ မူရာယာအတြက္ အျမဲတေစေခ်ာေမြ႔ေျဖာင့္ျဖဴးမေနခဲ့။
ပီတာ မူရာယာသည္ ကင္ညာႏိုင္ငံတြင္ ေအာင္ျမင္မႈအရဆံုး စြန္႔ဦးတီထြင္လုပ္ငန္းရွင္ၾကီးတစ္ဦး ျဖစ္၏။
မူရာကာသည္ စီးပြားေရးလုပ္ငန္းမ်ဳိးစံု လုပ္ကိုင္ခဲ့ဖူးျပီး ရံႈးနိမ့္မႈမ်ားစြာလည္း ၾကံဳခဲ့ရသည္။ဦးစြာအားျဖင့္ စုေငြမ်ားျဖင့္ ပရိေဘာဂဆိုင္တစ္ခုဖြင့္ခဲ့ေသာ္လည္း အရံႈးေပၚကာ ပိတ္သိမ္းခဲ့ရျပီးေနာက္ ကုန္ကားတစ္စင္းဝယ္ယူကာ ကုန္စည္ပို႔ေဆာင္သည့္လုပ္ငန္း လုပ္ကိုင္ျပန္သည္။
သို႔ရာတြင္ သူ၏ ကုန္တင္ကားမွာလည္း ကြန္ဂိုႏိုင္ငံအတြင္း သြားေရာက္ခဲ့ျပီး အစရွာမရေတာ့ဘဲ ေပ်ာက္ဆံုးသြားခဲ့သည္။
ZigZag Disco အမည္ျဖင့္ ေဖ်ာ္ေျဖေရးလုပ္ငန္းလုပ္ကိုင္ခဲ့ေသာ္လည္း စီမံခန္႔ခြဲမႈမေကာင္းေသာေၾကာင့္ ေငြေၾကးမ်ားစြာ ဆံုးရံႈးခဲ့ရျပန္သည္။
သူ၏စုေဆာင္းထားသမွ်ေငြမ်ားကို ေရရွည္ရပ္တည္ႏိုင္မည္မဟုတ္သည့္ လုပ္ငန္းအတြင္းသို႔သာ ေတာက္ေလွ်ာက္ထည့္ေနခဲ့ရသည္။
ေနာက္ဆံုးတြင္ အေၾကြးရွင္မ်ားကို အေၾကြးဆပ္ႏိုင္ရန္အတြက္ ေနအိမ္ ၂ လံုးကို ေလလံတင္ေရာင္းခ်လိုက္ရသည္။
“၁၉၉၈ ေလာက္မွာ ကၽြန္ေတာ္ ေတာ္ေတာ္ကို ဘဝပ်က္ေနတယ္။ တစ္ေန႔ကို ေငြ ၅၀၀ ေလာက္ေတာင္ မသံုးႏိုင္ေတာ့ဘူး” ဟု မူရာကာက ျပန္လည္ေျပာျပသည္။
၁၉၉၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားအတြင္း စီးပြားေရးအက်ပ္အတည္းၾကီးအတြင္း ဝန္ထမ္းမ်ားေလွ်ာ့ခ်ခဲ့ရရာ မူလက ရံုးဝန္ထမ္းေပါင္း ၂၀ ခန္႔ရွိခဲ့ရာမွ နည္းပညာရွင္တစ္ဦးႏွင့္ ဧည့္ၾကိဳေကာင္တာတစ္ဦးသာ ထားရွိႏုိင္ေတာ့သည္။ ၂၀၀၂ ခုႏွစ္တြင္ မူရာကာသည္ ဥာဏ္မရွိသည့္ အျခားေျခလွမ္းတစ္ခုကို လွမ္းခဲ့ျပန္သည္။
သူ၏ မိတ္ေဆတြ အူဟူရူ ကင္ယက္တာကို ကူညီရန္အတြက္ ကာႏူးပါတီမွ ဝင္ေရာက္ကာ လႊတ္ေတာ္အမတ္အျဖစ္ ဝင္ေရာက္ေရြးေကာက္ခံခဲ့သည္။
အူဟူရူကို ကင္ညာ၏ တတိယဆက္ေျမာက္သမၼတၾကီးျဖစ္လာမည္ဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ ျဖစ္သည္။
ထိုေျခလွမ္းမွာမူ မူရာကာ၏ စုေဆာင္းေငြမ်ားသာမက မိသားစု၏ စုေဆာင္းေငြမ်ားပါ ဆံုးရံႈးသြားခဲ့ရသည္။
“ဒီအေတြ႔အၾကံဳက ကၽြန္ေတာ့္ကို ဘာသင္ေပးလဲဆိုေတာ့ လူေတြရဲ႕ျပႆနာေတြကို ႏိုင္ငံေရးနဲ႔ ေျဖရွင္းမေပးႏိုင္ဘူးဆိုတာပါပဲ။ လူအမ်ားစုက ခ်က္ခ်င္းသံုးလို႔ရမယ့္ ေငြေတြေဝေပးတာမ်ဳိးပဲ လိုခ်င္တယ္။ အနာဂတ္ဖြံ႔ျဖိဳးေရးစီမံကိန္းေတြကို အလိုမရွိၾကဘူး။ အဲ့ေနာက္ပိုင္း ကိုယ့္ကိုယ္ကိုယ္ ရွာေဖြေတြ႔ရွိဖို႔အတြက္ အိမ္မွာ ၆ လေလာက္ ေအာင္းေနခဲ့ပါတယ္။ အစိုးရသစ္မွာ ပါဝင္လာတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြက အလုပ္ေတြနဲ႔ ကမ္းလွမ္းလာေပမယ့္ အဲဒါေတြကို ျငင္းခဲ့ပါတယ္”ပီတီ မူရာယာသည္ အိမ္ျခံေျမနယ္တြင္ ေအာင္ျမင္မႈမ်ားမရမီ စီးပြားေရးေလာကတြင္ အလြဲအေခ်ာ္၊ အမွားအယြင္းမ်ား မ်ားစြာျပဳလုပ္ခဲ့၏။
မူရာယာသည္ ဆူရာယာ Property Group ၏ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သည္။ ဆူရာယာ Property Group သည္ ကင္ညာတြင္ ေအာင္ျမင္မႈအရွိဆံုး အိမ္ျခံေျမလုပ္ငန္းမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္၏။
မူရာယာသည္ စီးပြားေရးလုပ္ငန္းမ်ား အမ်ဳိးမ်ဳိးလုပ္ကိုင္ခဲ့ရာ အၾကိမ္ၾကိမ္ ရံႈးနိမ့္မႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသူလည္း ျဖစ္သည္။
“ကၽြန္ေတာ့္မွာ စားေသာက္ဆိုင္တစ္ခုရွိခဲ့တယ္။ မေအာင္ျမင္ဘူး။ ဒစၥကိုကလပ္တစ္ခုဖြင့္ခဲ့တယ္။ မေအာင္ျမင္ဘူး။ ကုန္ကားတစ္စီးရွိခဲ့တယ္။ မေအာင္ျမင္ဘူး” ၁၉၉၀ ျပည့္လြန္ကာလမ်ားက ျဖစ္ရပ္တစ္ခုကို မူရာယာက ျပန္ေျပာင္းေျပာၾကားခဲ့ဖူးသည္။
ထိုစဥ္က မူရာယာသည္ ႏိုင္ရိုဘီျမိဳ႕ေတာ္တြင္ ဂီတေဖ်ာ္ေျဖပြဲၾကီးတစ္ခု စီစဥ္က်င္းပရန္ ဆံုးျဖတ္ခ်က္ခ်ခဲ့၏။
သို႔ႏွင့္ အေမရိကန္ျပည္သို႔ သြားေရာက္ကာ ဂီတပညာရွင္တစ္ဦးႏွင့္ ေတြ႔ဆံုေဆြးေႏြးခဲ့သည္။ အဆိုပါဂီတပြဲၾကီးမွ အျမတ္အစြန္းမ်ားစြာ ရရွိရန္ ေမွ်ာ္လင့္ထား၏။
“ခင္ဗ်ားသိရဲ႕လားမသိဘူး။ အဲဒီပြဲနဲ႔ ကၽြန္ေတာ့္မွာရွိသမွ် အကုန္ေျပာင္သြားတယ္။ ဂီတပြဲတစ္ခုပဲလုပ္မိတာ ပိုင္ဆိုင္သမွ် အကုန္ဆံုးရံႈးသြားခဲ့ရတယ္။ ဂီတပြဲက်င္းပဖို႔အတြက္ ကန္ေဒၚလာ ၂၃၅၀၀၀ ေလာက္ သံုးခဲ့ရတယ္။ လက္မွတ္ေရာင္းလို႔ ျပန္ရတာက ေဒၚလာ ၃၅၀၀၀ ေလာက္ပဲရတယ္။ကြင္းၾကီးတစ္ခုလံုးကေတာ့ လူေတြအျပည့္အလွ်ံပဲ။ ဒါေပမယ့္ လက္ထဲၾကည့္ေတာ့ ပိုက္ဆံက မရဘူး။ ကြင္းထဲကို ခိုးဝင္တဲ့သူက အမ်ားၾကီးျဖစ္ေနတယ္။ အဝင္ေပါက္ကို ေစာင့္ၾကည့္မယ့္သူတစ္ေယာက္မွ မရွိခဲ့ဘူး”ပြဲမက်င္းပမီတြင္ မူရာယာႏွင့္ ဇနီးျဖစ္သူတို႔တြင္ Range Rover တစ္စီးႏွင့္ BMW တစ္စီးအပါအဝင္ ေမာ္ေတာ္ကားေပါင္းမ်ားစြာ ပိုင္ဆိုင္ထားသည့္အျပင္ အိမ္ျခံေျမ ၃ ခုလည္း ပါဝင္သည္။
“ပြဲျပီးသြားတဲ့ေနာက္ ရွိသမွ်အကုန္လံုးကို ေလလံတင္ေရာင္းလိုက္ရတယ္။ ျပန္ျပီးနာလံထူႏိုင္ဖုိ႔အတြက္ ၆ ႏွစ္ေလာက္ အခ်ိန္ယူခဲ့ရပါတယ္”မူရာယာတြင္ ကာလၾကာရွည္ တည္ျမဲေနသည့္လုပ္ငန္းဟူ၍ ၁၉၈၇ ခုႏွစ္က စတင္ခဲ့သည့္ ဗိသုကာအတိုင္ပင္ခံလုပ္ငန္းတစ္ခုသာ ရွိသည္။
“အတိုင္ပင္ခံအလုပ္ရဲ႕ ျပႆနာက သိပ္ျပီးကိုယ္ေရးကိုယ္တာသေဘာေဆာင္တာပါ။ client က ကိုယ့္ကို သေဘာက်ရမယ္။ ႏွစ္ဦးၾကားက ေပါင္းသင္းဆက္ဆံေရးက သိပ္အေရးၾကီးတယ္။ လူေတြအမ်ားၾကီးေနာက္ကို အခ်ိန္အမ်ားၾကီးသံုးျပီးလိုက္ေနရမယ္။ မိတ္ေဆြျဖစ္ေအာင္ၾကိဳးစားရမယ္။ ဒါမွ သူတို႔က ခင္ဗ်ားဆီမွာ အလုပ္အပ္ဖို႔ အခြင့္အလမ္းရႏိုင္မွာ ျဖစ္ပါတယ္” ၁၉၉၇ ခုႏွစ္ ကင္ညာေရြးေကာက္ပြဲ ျပီးဆံုးျပီးေနာက္ ႏိုင္ငံပိုင္ ေကာ္ပိုေရးရွင္းမ်ားက အေကာင္အထည္ေဖာ္ေနသည့္ စီမံကိန္းအားလံုးကို ရပ္ဆိုင္းထားရန္ အစိုးရက ဆံုးျဖတ္လိုက္၏။
မူရာယာ၏ အဓိက client မ်ားမွာ အဆိုပါေကာ္ပိုေရးရွင္းမ်ားျဖစ္ရာ မူရာယာအတြက္ အၾကီးမားဆံုး ထိုးႏွက္ခ်က္ျဖစ္လာသည္။“ဒါက ယာယီေလာက္ပဲလို႔ ကၽြန္ေတာ္တို႔ ေတြးခဲ့တယ္။ ဒါေပမယ့္ ၅ ႏွစ္ေလာက္အထိ ျဖစ္လာတယ္။ အတိုင္ပင္ခံကုမၸဏီေတြ ေတာ္ေတာ္မ်ားမ်ား ပိတ္ကုန္တယ္။ ကၽြန္ေတာ့္မွာက ဝန္ထမ္း ၁၂ ဦးနဲ႔ ဖြင့္ထားတဲ့ ရံုးေလးရွိပါတယ္။ ေနာက္ဆံုးမွာ ဧည့္ၾကိိဳေကာင္တာက တစ္ဦးနဲ႔ ပညာရွင္တစ္ဦးကလြဲျပီး အကုန္လံုးကို အလုပ္ထုတ္လိုက္ရတယ္။ ကၽြန္ေတာ့္အတြက္ သိပ္ကိုခက္ခဲတဲ့ အခ်ိန္ကာလေတြပါပဲ” ထိုကာလတြင္ မူရာယာ၏ မိတ္ေဆြတစ္ဦးက ကမၻာေက်ာ္စာအုပ္တစ္အုပ္ျဖစ္ေသာ Rich Dad Poor Dad စာအုပ္ကို ဖတ္ရႈၾကည့္ရန္ႏွင့္ မိမိအမွန္တကယ္လုပ္ကိုင္လိုသည့္ လုပ္ငန္းကို စာအုပ္ဖတ္ျပီးလွ်င္ ရွာေဖြေတြ႔ရွိလာႏိုင္ေၾကာင္း အၾကံေပးခဲ့သည္။
(အဆိုပါစာအုပ္ကို ဆရာျမတ္ျငိမ္းက ဆင္းရဲေဖေဖ ခ်မ္းသာေဖေဖ အမည္ျဖင့္ ျမန္မာဘာသာသို႔ ျပန္ဆိုခဲ့ျပီးျဖစ္ပါသည္။ ျဗိတိန္တြင္ မူလတန္းေက်ာင္းမ်ား၌ ဖတ္စာအျဖစ္ ျပဌာန္းခံရေသာ စာအုပ္လည္း ျဖစ္သည္။)
ထိုေနာက္တြင္ Rich Dad Poor Dad စာအုပ္ကို ဖတ္ေနရင္း အိမ္ျခံေျမက႑တြင္ ျပင္းျပသည့္စိတ္ပါဝင္စာမႈရွိေၾကာင္း သိရွိလာကာ အိမ္ျခံေျမနယ္သို႔ ေျခခ်ရန္ ဆံုးျဖတ္ခဲ့သည္။
တစ္ခုတည္းေသာ ျပႆနာမွာ သူ႔တြင္ ေငြမရွိ၊ ပိုင္ဆိုင္မႈဟူ၍ နတၳိ၊ သို႔အတြက္ သူ႔အားေခ်းေငြထုတ္ေပးလိုသည့္ ဘဏ္လည္း မရွိ။
သို႔ရာတြင္ မူရာယာတြင္ အရင္းအႏွီးမရွိ၊ မိတ္ေဆြမ်ားကလည္း အိမ္ျခံေျမနယ္သို႔ဝင္လွ်င္ ရံႈးနိမ့္မႈမ်ားျဖင့္သာ ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း ဝိုင္းဝန္းေျပာၾကားၾကျပီး မူရာယာအေပၚ “ဆူး” တစ္ဦးတည္းသာ ယံုၾကည္သူရွိခဲ့သည္။ယံုၾကည္မႈ၏ စြမ္းပကားကိုလည္း မူရာယာက သိရွိသြားခဲ့၏။
“ယံုၾကည္မႈဟာ ေတာင္တန္းေတြကို ေရႊ႕ပစ္ႏိုင္တယ္ဆိုတဲ့စကားက တကယ္ေတာ့ ကၽြန္ေတာ္တို႔ေခါင္းထဲမွာရွိတဲ့ ဒိြဟသံသယစိတ္ေတြ ေတာင္တန္း၊ ေတာင္ကုန္းေတြလို႔ ထုထည္နဲ႔ ဖြဲ႔စည္းတည္ရွိေနမႈကို ဖယ္ရွားျပီး ယံုၾကည္ခ်က္ေတြ အျပည့္ထည့္ထားရမယ္ဆို႔ ဆိုလိုတာ ျဖစ္ပါတယ္”သူ႔တြင္ရွိေသာ အဆိုပါယံုၾကည္ခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ရန္ ေငြရင္းရွိသည့္ အျခားသူမ်ားႏွင့္ ပူးေပါင္းခဲ့သည္။
အိမ္ျခံေျမနယ္တြင္ စတင္ေျခခ်ေရးအတြက္ အရင္းအႏွီးရရန္ မူရာယာက သူ၏ေနအိမ္ကို အေပါင္ထားကာ ကင္ညာရွီလင္ေငြ ၁၅ သန္း (ကန္ေဒၚလာ ၁၄၀၀၀၀ ဝန္းက်င္) ေခ်းေငြရယူခဲ့သည္။
လူေနတိုက္ခန္းအခ်ဳိ႕ ပိုင္ဆိုင္ထားသည့္ မိတ္ေဆြတစ္ဦးကလည္း သူ၏တိုက္ခန္းမ်ားကို ေရာင္းခ်ကာ ရရွိလာသည့္ေငြ ရွီလင္ ၁၂ သန္း (ကန္ေဒၚလာ ၁၁၀၀၀၀ ေက်ာ္) ထည့္ဝင္ကာ ၎တို႔၏ ပထမဆံုးေဆာက္လုပ္ေရးစီမံကိန္းကို စတင္အေကာင္အထည္ေဖာ္ခဲ့သည္။
စီမံကိန္းတည္ေနရာမွာ ကင္ညာႏိုင္ငံ၏ျမိဳ႕ေတာ္၊ ႏိုင္ရိုဘီ၏ ကီလီမာနီျမိဳ႕နယ္တြင္ျဖစ္ျပီး Castle Rock Gardens ဟု အမည္ေပးခဲ့သည္။
ထိုေနာက္ပိုင္းတြင္ အျခားမဟာဗ်ဴဟာတစ္ခု ခ်မွတ္အေကာင္အထည္ေဖာ္ခဲ့ရာ မ်ားစြာအလုပ္ျဖစ္ခဲ့၏။
မူရာယာက တစ္အိမ္တက္ဆင္း သြားေရာက္ကာ ေျမပိုရွိသည့္ ေျမပိုင္ရွင္မ်ားအေနျဖင့္ ၎တို႔ကုမၸဏီႏွင့္ လက္တြဲကာ ေဆာက္လုပ္ေရး စီမံကိန္းမ်ားလုပ္ေဆာင္ရန္ ညွိႏႈိင္းေဆြးေႏြးခဲ့သည္။ေျမပိုင္ရွင္မ်ားက ေျမေပးအပ္ကာ မူရာယာတို႔က ေဆာက္လုပ္ေပးျပီး ေရာင္းခ်ရရွိလာသည့္ အျမတ္အစြန္းကို ခြဲေဝရယူၾကျခင္း ျဖစ္သည္။
“အဲ့ဒီအခ်ိန္တုန္းကဆို ကၽြန္ေတာ္တို႔ကို ငေပါေတြလို႔ လူအမ်ားစုက ထင္ခဲ့ၾကတယ္” ကံေကာင္းေထာက္မစြျဖင့္ပင္ ေျမပိုင္ရွင္တစ္ဦးျဖစ္ေသာ မြန္းယူရာ ဝီယာကီက ယံုၾကည္မႈေပးခဲ့ျပီး Roselyn Heights စီမံကိန္းၾကီးကို ရွီလင္ ၃၈၀ ျဖင့္ အေကာင္အထည္ေဖာ္ႏိုင္ရန္လည္း ကူညီခဲ့သည္။အဆိုပါလမ္းအတိုင္း ဆက္လက္ေလွ်ာက္လွမ္းခဲ့ရာ ျခံဳၾကားမွ ဘံုဖ်ားသို႔ ေရာက္ခဲ့သူတစ္ဦးအျဖစ္ သမိုင္းေရးထိုးႏိုင္ခဲ့ေတာ့သည္။မူရာယာသည္ တန္ဖိုးၾကီးေနအိမ္မ်ား၊ လူလတ္တန္းစာေနအိမ္မ်ား မ်ားစြာေဆာက္လုပ္ခဲ့သည္။
“အျမဲတမ္း မိမိကိုယ္မိမိ ယံုၾကည္ခ်က္ အျပည့္ထားပါ။ ဘယ္သူဘယ္အရာကမွ ကိုယ္သြားေနတဲ့ပန္းတိုင္အေပၚ စိတ္ပ်က္ေအာင္လုပ္တာမ်ဳိး ခြင့္မျပဳပါနဲ႔” ဟု မူရာယာက ဆိုသည္။မူရာယာက သူ၏အိမ္ျခံေျမေဆာက္လုပ္ေရးလုပ္ငန္း ေအာင္ျမင္ခဲ့ရသည့္ အေၾကာင္းရင္းမ်ားအနက္တစ္ခုကို ထုတ္ေဖာ္ေျပာၾကား ခဲ့ရာတြင္ ေျမပိုင္ရွင္မ်ား၊ developer မ်ားႏွင့္ ပူးေပါင္းႏိုင္ခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း ေျပာၾကားသည္။
“မွန္ပါတယ္။ ကၽြန္ေတာ္တို႔ ေငြေတြအမ်ားၾကီးရခဲ့တယ္။ လုပ္ငန္းကလည္း အလြန္ၾကီးမားလာတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ သြားတဲ့အဓိက ဦးတည္ခ်က္က ျဖစ္ႏိုင္သေလာက္ လူေတြအမ်ားၾကီး အက်ဳိးရွိေစဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မူဝါဒအသစ္ေတြ ခ်မွတ္ျပီး ေစ်းကြက္ထဲကို စြန္႔ဦးထုတ္ကုန္ေတြ ဦးေဆာင္ေပးပို႔ျပီး ေဆာက္လုပ္ေရးနယ္ပယ္ကို ေျပာင္းလဲပစ္ခဲ့ပါတယ္” ဟု မူရာယာက ဆက္လက္ေျပာၾကားသည္။
မူရာယာ၏ ဘဝတြင္ အလြန္မ်ားျပားလွေသာ ေငြေၾကးဥစၥာႏွင့္ လုပ္ငန္းမ်ား ထပ္ဖန္တလဲလဲ ရံႈးနိမ့္မႈမ်ားႏွင့္သာ ရင္ဆိုင္ခဲ့ရေသာ္လည္း ဇြဲမေလွ်ာ့ဘဲ အျမဲပင္ အျခားတစ္ခု ထပ္မံၾကိဳးစားရန္ အဘယ္ေၾကာင့္ ဆံုးျဖတ္ခဲ့ပါသနည္း။
“ေအာင္ျမင္ေအာင္လုပ္ႏိုင္မယ္လို႔ ကၽြန္ေတာ္အျမဲတမ္း ယံုၾကည္ခဲ့ပါတယ္။ ဒါေပမယ့္ လူတစ္ေယာက္က သူသြားခ်င္တဲ့လမ္းကို ရွင္းရွင္းလင္းလင္းသိဖို႔လိုတယ္ဆိုတဲ့စကားကို ကၽြန္ေတာ္နားမလည္ပါဘူး။ စီးပြားေရးလုပ္ငန္းေတြကို ကၽြန္ေတာ္လုပ္ခဲ့တာဟာ သိလို႔မဟုတ္ပါဘူး။ ဒီလုပ္ငန္းက ဝင္ေငြေကာင္းတယ္လို႔ ေျပာၾကတာေၾကာင့္ ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္”မူရာယာက ထုတ္ေဖာ္ဝန္ခံခဲ့သည္မွာ ဇနီးျဖစ္သူ၏ ကူညီေထာက္မေပးမႈမ်ား မ်ားစြာရရွိခဲ့ေၾကာင္း ဝန္ခံသည္။
မူရာယာ၏ ဇနီးမွာ Suraya Property Group တြင္ မန္ေနးဂ်င္း ဒါရိုက္တာလည္း ျဖစ္သည္။စီးပြားေရးလုပ္ငန္းမ်ားစြာ အရံႈးေပၚ ရပ္နားခဲ့ရေသာ္လည္း မူရာယာက မိမိကိုယ္မိမိ ယံုၾကည္ခ်က္ မည္သည့္အခါမွ် အဆံုးရံႈးမခံ။
“လွပတဲ့ေန႔သစ္ တစ္ေန႔မွာ ဆိုက္ေရာက္လာမယ္ဆိုတဲ့ ယံုၾကည္ခ်က္ ေပ်ာက္ဆံုးသြားျပီဆိုရင္ ဒါက ခင္ဗ်ားေသဆံုးသြားတာပါပဲ။ ကၽြန္ေတာ့္ရဲ႕ဇနီးနဲ႔ ကၽြန္ေတာ္ဟာ အေၾကာင္းရပ္တိုင္းမွာ အေကာင္းျမင္စိတ္ကေလးေတြ ရွိၾကတယ္”
(ဆူး၏ ဘဝ)
မူရာယာ၏ ဇနီးျဖစ္သူ ဆူး မူရာယာသည္ ၁၉၆၄ ခုႏွစ္တြင္ ေမြးဖြားခဲ့ကာ Suraya Property Group Limited ၏ ဒါရိုက္တာတစ္ဦးျဖစ္ျပီး ၎ကိုယ္တိုင္တည္ေထာင္ထားသည့္ Kenya Fashion Week ဖက္ရွင္ကုမၸဏီလည္းရွိသည္။ နယူးေယာက္ရွိ ဖက္ရွင္သိပၸံတြင္ ပညာဆည္းပူးကာ ၁၉၉၀ ျပည့္ႏွစ္တြင္ ဘြဲ႔ရခဲ့သည္။
ယင္းေနာက္ ကင္ညာသို႔ ျပန္လာကာ ဆိုင္ခန္းတစ္ခန္းငွားရမ္းျပီး စီးပြားေရးလုပ္ငန္း စတင္ခဲ့သည္။
ေနာက္ပိုင္းတြင္ ဗိသုကာေက်ာင္းဆင္းတစ္ဦးျဖစ္သူ မူရာယာႏွင့္ ဖူးစာဆံုခဲ့ျပီး Suraya Property Group ကို တည္ေထာင္ခဲ့သည္။
၎တို႔ ဇနီးေမာင္ႏံွတြင္ သားသမီး ၄ ဦးထြန္းကားထားသည္။
မူရာယာက ေျပာၾကားခဲ့သည့္အခ်က္တစ္ခုမွာ အျခားေသာ စြန္႔ဦးလုပ္ငန္းရွင္မ်ားအေနျဖင့္ မိမိျပဳလုပ္ခဲ့သည့္ အမွားမ်ဳိး မလုပ္မိၾကေစရန္ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားသည္။
မၾကာေသးမီႏွစ္ကာလမ်ားအတြင္း အိမ္ျခံေျမနယ္ပယ္သို႔ ရင္းႏွီးျမွဳပ္ႏွံသူမ်ားစြာ ဝင္ေရာက္လာလ်က္ရွိၾကသည္။ အဓိကအေၾကာင္းရင္းမွာ အျမတ္အစြန္းမ်ားျပားေသာေၾကာင့္ ျဖစ္၏။ သို႔ရာတြင္ မူရာယာကမူ သတိထားလုပ္ေဆာင္ၾကရန္ သတိေပးထားသည္။
“အိမ္ျခံေျမဟာ လုပ္ငန္းေကာင္းတစ္ခုပါ။ အျမတ္အစြန္းလည္း မ်ားတယ္။ ဒါေပမယ့္ ဂရုစိုက္ဖို႔ လိုပါတယ္။ ခင္ဗ်ားအေနနဲ႔ အိမ္ျခံေျမေလာကကို ေျခခ်မယ္ဆိုရင္ မူရာယာေတာ့ ေငြေတြေသာက္ေသာက္လဲဝင္ေနတယ္ဆိုတဲ့ သတင္းၾကားတာေလာက္နဲ႔ ဝင္မလာပါနဲ႔။ ဒါမွမဟုတ္ရင္ေတာ့ ခင္ဗ်ား အရူးတစ္ေယာက္လို႔ ေလာင္ကၽြမ္းျပာက်သြားႏိုင္တယ္။ လုပ္ရမွာက အခ်ိန္ယူျပီး သုေတသနလုပ္ပါ” ဟု မူရာယာက ဆိုသည္။
ထို႔အျပင္ အိမ္ျခံေျမနယ္သို႔ ဝင္ေရာက္မည့္သူမ်ားအေနျဖင့္ အိမ္ျခံေျမေလာကႏွင့္ ပတ္သက္သည့္စာအုပ္စာတမ္းမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ဖတ္ရႈထားရန္၊ အိမ္ျခံေျမေလာကအတြင္းရွိ ကၽြမး္က်င္ပုဂၢိဳလ္မ်ားႏွင့္ ေဆြးေႏြးၾကည့္ရန္၊ ေအာင္ျမင္မႈရေနေသာ DEVELOPER မ်ားထံမွ အၾကံဥာဏ္မ်ား ရယူရန္လည္း မူရာယာက တိုက္တြန္းထားသည္။
(မူရာကာ၏ ေန႔စဥ္ဘဝ)
မူရာယာႏွင့္ ဇနီးျဖစ္သူ ဆူးတို႔သည္ ၾကာသပေတးေန႔တိုင္း ႏိုင္ရိုဘီျမိဳ႕ေတာ္အတြင္း အေကာင္အထည္ေဖာ္ေနသည့္ ေဆာက္လုပ္ေရးစီမံကိန္းမ်ားစြာသို႔ လွည့္ပတ္ၾကည့္ရႈစစ္ေဆးေလ့ရွိ၏။အေပၚကုတ္အကၤ် ီ၊ ေဘာင္းဘီအနက္ေရာင္ႏွင့္ အားကစားဖိနပ္တို႔ကိုသာ ဝတ္ဆင္ေလ့ရွိသည္။
“ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြကို သြားရတာဟာ အေတာ္ၾကမ္းတမ္းတဲ့အလုပ္တစ္ခုပါ။ ဘိလပ္ေျမေတြ၊ ရႊံ႕ေတြ ၊ ဖုန္ေတြ တေသာေသာရွိတဲ့ေနရာပါ။ ဒါေၾကာင့္ ဆီေလ်ာ္ေအာင္ ဝတ္စားဖို႔လိုပါတယ္” ဟု မူရာယာက ဆိုသည္။ မူရာယာ၏ တစ္ေန႔တာမွာ နံနက္ေစာေစာအိပ္ယာထျခင္းျဖင့္ စတင္သည္။
သားသမီး ၄ ဦး၏ ဖခင္ ၊ အိမ္ေထာင္ရွင္ ခင္ပြန္းတစ္ဦးအျဖစ္ မူရာယာသည္ အာရံုတက္ခ်ိန္မတိုင္မီ မိသားစုအတြက္ လုပ္ေဆာင္ဖြယ္ရာမ်ား အသင့္ျပင္ဆင္ၾကရ၏။
အထူးသျဖင့္ နံနက္ ၆ နာရီ ၁၅ တြင္ ေက်ာင္းသြားၾကရသည့္ ကေလးမ်ားအတြက္ ျဖစ္သည္။
ယင္းေနာက္တြင္ကား ယာဥ္ေၾကာအလြန္ပိတ္ဆို႔လွေသာ ျမိဳ႕ေတာ္ၾကီးအတြင္း အေျပးအလႊားရံုးသြားရျပီး ရံုးတြင္ဝန္ထမ္းမ်ားကို ၾသဝါဒေပးျခင္းႏွင့္ စီးပြားေရးကိစၥေတြ႔ဆံုေဆြးေႏြးမႈမ်ားကို နံနက္ ၇ နာရီမွ ၉ နာရီအၾကား ျပဳလုပ္ရသည္။
အိမ္ျခံေျမ ေဆာက္လုပ္ေရးေလာကသို႔ ေျခခ်ေတာ့မည့္သူမ်ားအတြက္ ပီတာ မူရာယာ၏ လမ္းညႊန္ခ်က္ (၃) ပါး
၁။ ျပင္းျပသည့္စိတ္ဇြဲရွိပါေစ
ေအာင္ျမင္သည့္ စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ဦးျဖစ္လာရန္ သင္ရင္းႏွီးျမွဳပ္ႏွံရန္ စီစဥ္ေနသည့္ စီးပြားေရးလုပ္ငန္းႏွင့္ စပ္လ်ဥ္း၍ ျပင္းျပသည့္စိတ္ဇြဲရွိရန္ လိုအပ္သည္။
စိန္ေခၚမႈေပါင္းမ်ားစြာ ရင္ဆိုင္ခဲ့ရေသာ မူရာယာက ခက္ခဲၾကမ္းတမ္းသည့္ အခ်ိန္ကာလမ်ားတစ္ေလွ်ာက္ လဲျပိဳက်မသြားေစရန္ ေတာက္ေလွ်ာက္ထိန္းေပးေနသည္မွာ ျပင္းျပသည့္စိတ္ဇြဲျဖစ္ေၾကာင္း ေျပာၾကားသည္။
“ခင္ဗ်ားဟာ အလုပ္လုပ္ေနရတာကို မေပ်ာ္ေတာ့ဘူးဆိုရင္ အဲဒီရံုးကို သြားေတာ့မွာ မဟုတ္ပါဘူး။ ခင္ဗ်ားလုပ္ရတဲ့ အလုပ္မွာ ေပ်ာ္ရႊင္မႈေတြ ရွိမယ္ဆိုရင္ ေရွ႕ဆက္သြားဖို႔ ခြန္အားေတြရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္အေနနဲ႔ က်ိန္းေသေျပာရဲတာ တစ္ခုရွိပါတယ္။ ခင္ဗ်ားမွာ ျပင္းျပတဲ့စိတ္ဇြဲ မရွိဘူးဆိုရင္ ခင္ဗ်ာက်ဆံုးမွာ လံုးဝေသခ်ာပါတယ္”
၂။ သုေတသနလုပ္ပါ
ေအာင္ျမင္သည့္ စီမံကိန္းတစ္ခု၏ အေရးၾကီးသည့္ ေသာ့ခ်က္တစ္ခုမွာ ေစ့စပ္ေသခ်ာသည့္ သုေတသနျပဳလုပ္မႈျဖစ္ေၾကာင္း မူရာယာက ေျပာၾကားသည္။
ထို႔အျပင္ မူရာယာက အၾကံေပးသည္မွာ အိမ္ျခံေျမဆိုင္ရာ စာအုပ္စာတမ္းမ်ား၊ မဂၢဇင္းမ်ား ဖတ္ရႈရန္၊ အိမ္ျခံေျမေလာကတြင္ ရွိႏွင့္ျပီးျဖစ္ေသာ ကုမၸဏီမ်ားသို႔ သြားေရာက္လည္ပတ္ကာ ၎တို႔၏လုပ္ကိုင္ပံုမ်ားကို သိနားလည္ေအာင္ေလ့လာရန္၊ ရင္းႏွီးျမွဳပ္ႏွံမႈ မျပဳလုပ္မီ သက္ဆိုင္ရာ ကၽြမ္းက်င္ပုဂၢိဳလ္မ်ားထံမွ အၾကံဥာဏ္မ်ား ရယူရန္တို႔ အၾကံေပးထားသည္။
အိမ္ျခံေျမ developer တစ္ဦးျဖစ္လာရန္ ၾကိဳးပမ္းေနစဥ္ ကာလအတြင္း မူရာယာ ျပဳလုပ္ခဲ့ပံုမွာ အတုယူဖြယ္ေကာင္း၏။မူရာယာက ေစ်းကြက္အတြင္းမွ ကုမၸဏီမ်ား ေဆာက္လုပ္ေနေသာ လူေနအိမ္ရာစီမံကိန္းမ်ားသို႔ ေဖာက္သည္အသြင္ျဖင့္ သြားေရာက္ၾကည့္ရႈ၏။ ေနအိမ္ေစ်းႏႈန္းမ်ား ေမးျမန္းစံုစမ္းျခင္း၊ အခန္းမ်ားကို တိုင္းတာျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္။ ယင္းသို႔အားျဖင့္ developer သည္ ေငြမည္မွ်သံုးထားျပီး မည္မွ်ျမတ္စြန္းႏိုင္သည္ကို မူရာယာက သိရွိႏိုင္မည္ ျဖစ္ေလသည္။
“ဒီလိုအျမတ္အစြန္းတြက္ခ်က္ဖို႔အတြက္ ခင္ဗ်ားအေနနဲ႔ ကၽြမ္းက်င္ပညာရွင္ေတြ ငွားဖို႔ လိုေကာင္းလိုပါလိမ့္မယ္။ ဒါေပမယ့္ လုပ္ငန္းတစ္ခုလုပ္ေတာ့မယ္ဆိုရင္ သက္ဆိုင္ရာလုပ္ငန္းအေၾကာင္း ခင္ဗ်ားကိုယ္တိုင္လည္း ေကာင္းေကာင္းဗဟုသုတ ရွိဖို႔လိုပါတယ္” ဟု မူရာယာက ဆိုသည္။
၃။ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ပါ
စီးပြားေရးတြင္ စိန္ေခၚမႈဟူသည္မွာ ေရွာင္လႊဲ၍ မရႏိုင္ပါ။ စိန္ေခၚမႈမ်ားေတြ႔ၾကံဳရလွ်င္ ထြက္ေျပးရသည္မွာ ပိုမိုလြယ္ကူမည္ျဖစ္ေသာ္ လည္း မူရာယာအၾကံေပးသည္ကမူ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ေျဖရွင္းရန္ အၾကံျပဳထားသည္။
မူရာယာတြင္ ေၾကြးျမီမ်ား ေပးဆပ္ရန္ ၾကီးမားသည့္ဖိအားၾကံဳေတြ႔ေနရခ်ိန္၌ ဇနီးျဖစ္သူက အၾကံေပးသည္မွာ ျပန္လည္ေပးဆပ္ရန္ရွိ သည့္ အေၾကြးအားလံုးကို စာရင္းခ်ေရးရန္ႏွင့္ အနည္းဆံုးပမာဏမွ စတင္ေပးဆပ္ရန္ အၾကံျပဳခဲ့၏။ထိုအခ်ိန္က ဘဏ္တြင္ ကန္ေဒၚလာ ၁၂၀၀၀၀ ခန္႔ အေၾကြးတင္ေနခဲ့သည္။
အေၾကြးရွင္မ်ားကို စာရင္းခ်ေရးလိုက္ခ်ိန္တြင္ မူရာယာေတြ႔လိုက္ရသည္မွာ ၁၀ ေဒၚလာခန္႔ ေပးဆပ္ရန္ရွိသူမ်ားပင္ ပါဝင္ေနျပီး ျပန္လည္ေပးဆပ္ႏိုင္သည့္တိုင္ ေရွာင္ရွားေနခဲ့ျခင္းျဖစ္ေၾကာင္း ေတြ႔လိုက္ရ၏။“ဒီအစီအစဥ္က တကယ္အေထာက္အကူျဖစ္ပါတယ္။ ၁၀ ေဒၚလာ အေၾကြးဆပ္ဖို႔ရွိတဲ့သူကို ေပးဆပ္လိုက္ျပီးေနာက္မွာ ကၽြန္ေတာ္လုပ္ႏိုင္တယ္ဆိုတာ သံုးသပ္မိသြားတယ္။ ဒါက ကၽြန္ေတာ့္ရဲ႕ ရႈျမင္ပံုေတြကို ေျပာင္းလဲေစခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ဘယ္သူ႔ကိုမွ ေရွာင္မေျပးေတာ့ပါဘူး။ ဒါက ေရွ႕ဆက္သြားဖို႔ ခြန္အားေတြ ေပးခဲ့တယ္။ ဘယ္ေလာက္ပဲခက္ခဲပါေစ။ စိန္ေခၚမႈေတြကို ရင္ဆိုင္လိုက္ပါ။ ျပီးရင္ ေျဖရွင္းဖို႔ စီမံကိန္းဆြဲပါ”ေသးငယ္သည့္ ျပႆနာမ်ားကို စတင္ေျဖရွင္းရာမွတစ္ဆင့္ ပိုမိုၾကီးမားသည့္ စိန္ေခၚမႈမ်ားကို ကိုင္တြယ္ေျဖရွင္းႏိုင္ရန္ ခြန္အားေပးစြမ္းလာလိမ့္မည္ျဖစ္ေၾကာင္း မူရာယာက လမ္းညႊန္ထားသည္။
Suraya Property Group တည္ေထာင္သူ၊ အိမ္ျခံေျမလုပ္ငန္းရွင္ သူေဌးၾကီး ပီတာ မူရာယာက မေလွ်ာ့ေသာ ဇြဲလံု႔လရွိျခင္းတြင္ ၾကီးမားသည့္ အက်ဳိးေက်းဇူးမ်ားရွိေၾကာင္း ေကာင္းစြာနားလည္ထားသည္။
မွတ္ခ်က္။ ။ မိတ္ေဆြသည္အိမ္ျခံေျမေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀ ) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ လူဦးေရ ( ၁ ) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ သင္၏ ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
#Unicode#
(စီးပွားရေးလုပ်ငန်းမျိုးစုံလုပ်ခဲ့သော်လည်း မအောင်မြင်ဘဲ အရင်းပြုတ်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းနယ်သို့ ဝင်ရောက်ကာ ကင်ညာတွင် အချမ်းသာဆုံးဖြစ်လာသူ)
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်၏ မြောက်ပိုင်းရှိ မူလတန်းကျောင်းကလေးတစ်ခုတွင် ကျောင်းသို့ ဖိနပ်စီးလာသည့် ကလေးငယ်တစ်ဦးကို အခြားကလေးများက ဝိုင်းဝန်းလှောင်ပြောင်လျက်ရှိ၏။ကင်ညာတွင် ဖိနပ်စီးသူဟူ၍ မရှိ။ ခြေဗလာဖြင့်သာ သွားလာကြသည်။
ထိုကလေးငယ်ကမူ ငယ်စဉ်က ကျန်းမာရေးမကောင်းလှသောကြောင့် ဖခင်က ဖိနပ်စီးစေခဲ့ခြင်းဖြစ်၏။
သို့ရာတွင် ကျောင်းဆရာတို့၏ တားမြစ်ချက်အရ နောက်နေ့တွင် ဖိနပ်စီးကာ ကျောင်းတက်ခွင့် မရတော့ချေ။
အဆိုပါ ကလေးငယ်သည် နောင်တစ်ချိန်တွင် ကင်ညာ၏ အချမ်းသာဆုံး ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် သူဌေးကြီး ဖြစ်လာခဲ့လေသည်။
ကင်ညာသည် အမေရိကန်သမ္မတ ဘားရက်အိုးဘားမား၏ မိဘ၊ ဘိုးဘွားများ၏ ဇာတိမြေလည်း ဖြစ်၏။
အောင်မြင်မှုသို့ ချီတက်ရာ သူ၏လမ်းခရီးသည် အလွန်ရှည်လျားခက်ခဲလှသည့် ခရီးကြမ်းကြီးတစ်ခုဖြစ်ခဲ့ပြီး ယင်းခရီးစဉ်၏ စတင်ရာမှာ ကင်ညာနိုင်ငံ၊ မူရန်ဂါခရိုင်၊ ကာဟိုင်နီဒေသမှ စတင်ခဲ့သည်။
မူလတန်းကျောင်းသားဘဝ ကျောင်းပိတ်ရက်များတွင် ကော်ဖီခြံ၌ အလုပ်လုပ်ရ၏။မူလတန်းကျောင်းသားဘဝတွင် ဖခင်ကြီးက မူရာယာကို ဖိနပ်တစ်ရံ ဝယ်ပေးခဲ့ရာ သူ၏ကျောင်းမှ ဆရာတို့က ဖိနပ်မစီးရန် တားမြစ်သောကြောင့် ခြေဗလာဖြင့် ကျောင်းသွားခဲ့ရသည်။ ကင်ညာနိုင်ငံတွင် လူအများစုမှာ ဖိနပ်မစီးကြချေ။
ခြေဗလာဖြင့် ကျောင်းသွားရသောကြောင့် ကင်ညာတွင် အလွန်ပေါများသည့် ဂျစ်ဂါအမည်ရှိ မှက်ကောင်တစ်မျိုး၏ ကိုက်ခြင်းကို ခံခဲ့ရဖူးသည်။
ဂျစ်ဂါဟူသော မှက်ကောင်မျိုးသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိသည့်ဒေသများတွင် နေထိုင်လေ့ရှိပြီး သဲကန္တာရများ၊ ကမ်းစပ်များ၊ မြင်းဇောင်းများနှင့် ယာတောများတွင် ရှင်သန်လေ့ရှိသည်။
လူနေအိမ်များရှိ ကြမ်းပြင်များ၊ နံရံများ၊ ပရိဘောဂများကြားတွင်လည်း ပုန်းအောင်းနေထိုင်လေ့ရှိကြသည်။
ဂျစ်ဂါအမကောင်သည် လူတို့၏ လက်သည်းခြေသည်းများအောက်၊ ခြေဖဝါးများ အစရှိသည့်နေရာများကို ကိုက်ကာ ဥဥလေ့ရှိသည်။
ဂျစ်ဂါအကိုက်ခံရသူတို့သည် အသားအရေပျက်စီးကာ ကိုယ်ခန္ဓာချွတ်ယွင်းမှုများပင် ဖြစ်ကြရသည်။
ဂျစ်ဂါအကိုက်ခံရမှုကြောင့် ရောဂါအခြေအနေဆိုးရွားသူသည် လမ်းပင်မလျှောက်နိုင်တော့ဘဲ သေဆုံးသည်အထိ ဖြစ်ကြရသည်။
သို့ရာတွင် ဒေသတွင်း ဆေးပင်တစ်မျိုးဖြစ်သည့် ndongu (solanum) အရည်ဖြင့် ကုသမှုကြောင့် ပျောက်ကင်းခဲ့သည်။
Lenana အထက်တန်းကျောင်းတွင် O Level နှင့် A Level များကို ၁၉၇၅ ခုနှစ်မှ ၈၁ ခုနှစ်အကြား ဆည်းပူးခဲ့သည်။
အထက်တန်းကျောင်းသားဘဝတွင် ထင်ရှားသည့် ရပ်ဂ်ဘီဘောလုံးသမားတစ်ဦးလည်း ဖြစ်ခဲ့၏။
ပီတာ မူရာကာသည် ယောကျာ်းလေး ၃ ဦးနှင့် မိန်းကလေး ၄ ဦး မွေးချင်းရှိသူဖြစ်ရာ ကျောင်းတက်ရင်းတစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာခဲ့ရ၏။
ဖခင်၏ ကုန်ကားကို ငှားရမ်းကာ အခြားသူတို့၏ ကော်ဖီစေ့များကို စက်ရုံသို့ ပေးသွင်းရသည့်အလုပ် ကျောင်းတက်ရင်းလုပ်ခဲ့ရ၏။
၁၉၈၂ ခုနှစ်တွင် အလုပ်လုပ်ရင်း နိုင်ရိုဘီတက္ကသိုလ်သို့ တက်ရောက်ပညာဆည်းပူးခဲ့သည်။ဘဝဟူသည် ပီတာ မူရာယာအတွက် အမြဲတစေချောမွေ့ဖြောင့်ဖြူးမနေခဲ့။
ပီတာ မူရာယာသည် ကင်ညာနိုင်ငံတွင် အောင်မြင်မှုအရဆုံး စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်၏။
မူရာကာသည် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ဖူးပြီး ရှုံးနိမ့်မှုများစွာလည်း ကြုံခဲ့ရသည်။ဦးစွာအားဖြင့် စုငွေများဖြင့် ပရိဘောဂဆိုင်တစ်ခုဖွင့်ခဲ့သော်လည်း အရှုံးပေါ်ကာ ပိတ်သိမ်းခဲ့ရပြီးနောက် ကုန်ကားတစ်စင်းဝယ်ယူကာ ကုန်စည်ပို့ဆောင်သည့်လုပ်ငန်း လုပ်ကိုင်ပြန်သည်။
သို့ရာတွင် သူ၏ ကုန်တင်ကားမှာလည်း ကွန်ဂိုနိုင်ငံအတွင်း သွားရောက်ခဲ့ပြီး အစရှာမရတော့ဘဲ ပျောက်ဆုံးသွားခဲ့သည်။
ZigZag Disco အမည်ဖြင့် ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ခဲ့သော်လည်း စီမံခန့်ခွဲမှုမကောင်းသောကြောင့် ငွေကြေးများစွာ ဆုံးရှုံးခဲ့ရပြန်သည်။
သူ၏စုဆောင်းထားသမျှငွေများကို ရေရှည်ရပ်တည်နိုင်မည်မဟုတ်သည့် လုပ်ငန်းအတွင်းသို့သာ တောက်လျှောက်ထည့်နေခဲ့ရသည်။
နောက်ဆုံးတွင် အကြွေးရှင်များကို အကြွေးဆပ်နိုင်ရန်အတွက် နေအိမ် ၂ လုံးကို လေလံတင်ရောင်းချလိုက်ရသည်။
“၁၉၉၈ လောက်မှာ ကျွန်တော် တော်တော်ကို ဘဝပျက်နေတယ်။ တစ်နေ့ကို ငွေ ၅၀၀ လောက်တောင် မသုံးနိုင်တော့ဘူး” ဟု မူရာကာက ပြန်လည်ပြောပြသည်။
၁၉၉၀ ပြည့်လွန်နှောင်းပိုင်းကာလများအတွင်း စီးပွားရေးအကျပ်အတည်းကြီးအတွင်း ဝန်ထမ်းများလျှော့ချခဲ့ရရာ မူလက ရုံးဝန်ထမ်းပေါင်း ၂၀ ခန့်ရှိခဲ့ရာမှ နည်းပညာရှင်တစ်ဦးနှင့် ဧည့်ကြိုကောင်တာတစ်ဦးသာ ထားရှိနိုင်တော့သည်။ ၂၀၀၂ ခုနှစ်တွင် မူရာကာသည် ဉာဏ်မရှိသည့် အခြားခြေလှမ်းတစ်ခုကို လှမ်းခဲ့ပြန်သည်။
သူ၏ မိတ်ဆေတွ အူဟူရူ ကင်ယက်တာကို ကူညီရန်အတွက် ကာနူးပါတီမှ ဝင်ရောက်ကာ လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ရွေးကောက်ခံခဲ့သည်။
အူဟူရူကို ကင်ညာ၏ တတိယဆက်မြောက်သမ္မတကြီးဖြစ်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် ဖြစ်သည်။
ထိုခြေလှမ်းမှာမူ မူရာကာ၏ စုဆောင်းငွေများသာမက မိသားစု၏ စုဆောင်းငွေများပါ ဆုံးရှုံးသွားခဲ့ရသည်။
“ဒီအတွေ့အကြုံက ကျွန်တော့်ကို ဘာသင်ပေးလဲဆိုတော့ လူတွေရဲ့ပြဿနာတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းမပေးနိုင်ဘူးဆိုတာပါပဲ။ လူအများစုက ချက်ချင်းသုံးလို့ရမယ့် ငွေတွေဝေပေးတာမျိုးပဲ လိုချင်တယ်။ အနာဂတ်ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အလိုမရှိကြဘူး။ အဲ့နောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိဖို့အတွက် အိမ်မှာ ၆ လလောက် အောင်းနေခဲ့ပါတယ်။ အစိုးရသစ်မှာ ပါဝင်လာတဲ့ မိတ်ဆွေသူငယ်ချင်းတွေက အလုပ်တွေနဲ့ ကမ်းလှမ်းလာပေမယ့် အဲဒါတွေကို ငြင်းခဲ့ပါတယ်”ပီတီ မူရာယာသည် အိမ်ခြံမြေနယ်တွင် အောင်မြင်မှုများမရမီ စီးပွားရေးလောကတွင် အလွဲအချော်၊ အမှားအယွင်းများ များစွာပြုလုပ်ခဲ့၏။
မူရာယာသည် ဆူရာယာ Property Group ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ဆူရာယာ Property Group သည် ကင်ညာတွင် အောင်မြင်မှုအရှိဆုံး အိမ်ခြံမြေလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်၏။
မူရာယာသည် စီးပွားရေးလုပ်ငန်းများ အမျိုးမျိုးလုပ်ကိုင်ခဲ့ရာ အကြိမ်ကြိမ် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်သည်။
“ကျွန်တော့်မှာ စားသောက်ဆိုင်တစ်ခုရှိခဲ့တယ်။ မအောင်မြင်ဘူး။ ဒစ္စကိုကလပ်တစ်ခုဖွင့်ခဲ့တယ်။ မအောင်မြင်ဘူး။ ကုန်ကားတစ်စီးရှိခဲ့တယ်။ မအောင်မြင်ဘူး” ၁၉၉၀ ပြည့်လွန်ကာလများက ဖြစ်ရပ်တစ်ခုကို မူရာယာက ပြန်ပြောင်းပြောကြားခဲ့ဖူးသည်။
ထိုစဉ်က မူရာယာသည် နိုင်ရိုဘီမြို့တော်တွင် ဂီတဖျော်ဖြေပွဲကြီးတစ်ခု စီစဉ်ကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့၏။
သို့နှင့် အမေရိကန်ပြည်သို့ သွားရောက်ကာ ဂီတပညာရှင်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါဂီတပွဲကြီးမှ အမြတ်အစွန်းများစွာ ရရှိရန် မျှော်လင့်ထား၏။
“ခင်ဗျားသိရဲ့လားမသိဘူး။ အဲဒီပွဲနဲ့ ကျွန်တော့်မှာရှိသမျှ အကုန်ပြောင်သွားတယ်။ ဂီတပွဲတစ်ခုပဲလုပ်မိတာ ပိုင်ဆိုင်သမျှ အကုန်ဆုံးရှုံးသွားခဲ့ရတယ်။ ဂီတပွဲကျင်းပဖို့အတွက် ကန်ဒေါ်လာ ၂၃၅၀၀၀ လောက် သုံးခဲ့ရတယ်။ လက်မှတ်ရောင်းလို့ ပြန်ရတာက ဒေါ်လာ ၃၅၀၀၀ လောက်ပဲရတယ်။ကွင်းကြီးတစ်ခုလုံးကတော့ လူတွေအပြည့်အလျှံပဲ။ ဒါပေမယ့် လက်ထဲကြည့်တော့ ပိုက်ဆံက မရဘူး။ ကွင်းထဲကို ခိုးဝင်တဲ့သူက အများကြီးဖြစ်နေတယ်။ အဝင်ပေါက်ကို စောင့်ကြည့်မယ့်သူတစ်ယောက်မှ မရှိခဲ့ဘူး”ပွဲမကျင်းပမီတွင် မူရာယာနှင့် ဇနီးဖြစ်သူတို့တွင် Range Rover တစ်စီးနှင့် BMW တစ်စီးအပါအဝင် မော်တော်ကားပေါင်းများစွာ ပိုင်ဆိုင်ထားသည့်အပြင် အိမ်ခြံမြေ ၃ ခုလည်း ပါဝင်သည်။
“ပွဲပြီးသွားတဲ့နောက် ရှိသမျှအကုန်လုံးကို လေလံတင်ရောင်းလိုက်ရတယ်။ ပြန်ပြီးနာလံထူနိုင်ဖို့အတွက် ၆ နှစ်လောက် အချိန်ယူခဲ့ရပါတယ်”မူရာယာတွင် ကာလကြာရှည် တည်မြဲနေသည့်လုပ်ငန်းဟူ၍ ၁၉၈၇ ခုနှစ်က စတင်ခဲ့သည့် ဗိသုကာအတိုင်ပင်ခံလုပ်ငန်းတစ်ခုသာ ရှိသည်။
“အတိုင်ပင်ခံအလုပ်ရဲ့ ပြဿနာက သိပ်ပြီးကိုယ်ရေးကိုယ်တာသဘောဆောင်တာပါ။ client က ကိုယ့်ကို သဘောကျရမယ်။ နှစ်ဦးကြားက ပေါင်းသင်းဆက်ဆံရေးက သိပ်အရေးကြီးတယ်။ လူတွေအများကြီးနောက်ကို အချိန်အများကြီးသုံးပြီးလိုက်နေရမယ်။ မိတ်ဆွေဖြစ်အောင်ကြိုးစားရမယ်။ ဒါမှ သူတို့က ခင်ဗျားဆီမှာ အလုပ်အပ်ဖို့ အခွင့်အလမ်းရနိုင်မှာ ဖြစ်ပါတယ်” ၁၉၉၇ ခုနှစ် ကင်ညာရွေးကောက်ပွဲ ပြီးဆုံးပြီးနောက် နိုင်ငံပိုင် ကော်ပိုရေးရှင်းများက အကောင်အထည်ဖော်နေသည့် စီမံကိန်းအားလုံးကို ရပ်ဆိုင်းထားရန် အစိုးရက ဆုံးဖြတ်လိုက်၏။
မူရာယာ၏ အဓိက client များမှာ အဆိုပါကော်ပိုရေးရှင်းများဖြစ်ရာ မူရာယာအတွက် အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်လာသည်။“ဒါက ယာယီလောက်ပဲလို့ ကျွန်တော်တို့ တွေးခဲ့တယ်။ ဒါပေမယ့် ၅ နှစ်လောက်အထိ ဖြစ်လာတယ်။ အတိုင်ပင်ခံကုမ္ပဏီတွေ တော်တော်များများ ပိတ်ကုန်တယ်။ ကျွန်တော့်မှာက ဝန်ထမ်း ၁၂ ဦးနဲ့ ဖွင့်ထားတဲ့ ရုံးလေးရှိပါတယ်။ နောက်ဆုံးမှာ ဧည့်ကြိုကောင်တာက တစ်ဦးနဲ့ ပညာရှင်တစ်ဦးကလွဲပြီး အကုန်လုံးကို အလုပ်ထုတ်လိုက်ရတယ်။ ကျွန်တော့်အတွက် သိပ်ကိုခက်ခဲတဲ့ အချိန်ကာလတွေပါပဲ” ထိုကာလတွင် မူရာယာ၏ မိတ်ဆွေတစ်ဦးက ကမ္ဘာကျော်စာအုပ်တစ်အုပ်ဖြစ်သော Rich Dad Poor Dad စာအုပ်ကို ဖတ်ရှုကြည့်ရန်နှင့် မိမိအမှန်တကယ်လုပ်ကိုင်လိုသည့် လုပ်ငန်းကို စာအုပ်ဖတ်ပြီးလျှင် ရှာဖွေတွေ့ရှိလာနိုင်ကြောင်း အကြံပေးခဲ့သည်။
(အဆိုပါစာအုပ်ကို ဆရာမြတ်ငြိမ်းက ဆင်းရဲဖေဖေ ချမ်းသာဖေဖေ အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီးဖြစ်ပါသည်။ ဗြိတိန်တွင် မူလတန်းကျောင်းများ၌ ဖတ်စာအဖြစ် ပြဌာန်းခံရသော စာအုပ်လည်း ဖြစ်သည်။)
ထိုနောက်တွင် Rich Dad Poor Dad စာအုပ်ကို ဖတ်နေရင်း အိမ်ခြံမြေကဏ္ဍတွင် ပြင်းပြသည့်စိတ်ပါဝင်စာမှုရှိကြောင်း သိရှိလာကာ အိမ်ခြံမြေနယ်သို့ ခြေချရန် ဆုံးဖြတ်ခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ သူ့တွင် ငွေမရှိ၊ ပိုင်ဆိုင်မှုဟူ၍ နတ္ထိ၊ သို့အတွက် သူ့အားချေးငွေထုတ်ပေးလိုသည့် ဘဏ်လည်း မရှိ။
သို့ရာတွင် မူရာယာတွင် အရင်းအနှီးမရှိ၊ မိတ်ဆွေများကလည်း အိမ်ခြံမြေနယ်သို့ဝင်လျှင် ရှုံးနိမ့်မှုများဖြင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဝိုင်းဝန်းပြောကြားကြပြီး မူရာယာအပေါ် “ဆူး” တစ်ဦးတည်းသာ ယုံကြည်သူရှိခဲ့သည်။ယုံကြည်မှု၏ စွမ်းပကားကိုလည်း မူရာယာက သိရှိသွားခဲ့၏။
“ယုံကြည်မှုဟာ တောင်တန်းတွေကို ရွှေ့ပစ်နိုင်တယ်ဆိုတဲ့စကားက တကယ်တော့ ကျွန်တော်တို့ခေါင်းထဲမှာရှိတဲ့ ဒွိဟသံသယစိတ်တွေ တောင်တန်း၊ တောင်ကုန်းတွေလို့ ထုထည်နဲ့ ဖွဲ့စည်းတည်ရှိနေမှုကို ဖယ်ရှားပြီး ယုံကြည်ချက်တွေ အပြည့်ထည့်ထားရမယ်ဆို့ ဆိုလိုတာ ဖြစ်ပါတယ်”သူ့တွင်ရှိသော အဆိုပါယုံကြည်ချက်ကို အကောင်အထည်ဖော်နိုင်ရန် ငွေရင်းရှိသည့် အခြားသူများနှင့် ပူးပေါင်းခဲ့သည်။
အိမ်ခြံမြေနယ်တွင် စတင်ခြေချရေးအတွက် အရင်းအနှီးရရန် မူရာယာက သူ၏နေအိမ်ကို အပေါင်ထားကာ ကင်ညာရှီလင်ငွေ ၁၅ သန်း (ကန်ဒေါ်လာ ၁၄၀၀၀၀ ဝန်းကျင်) ချေးငွေရယူခဲ့သည်။
လူနေတိုက်ခန်းအချို့ ပိုင်ဆိုင်ထားသည့် မိတ်ဆွေတစ်ဦးကလည်း သူ၏တိုက်ခန်းများကို ရောင်းချကာ ရရှိလာသည့်ငွေ ရှီလင် ၁၂ သန်း (ကန်ဒေါ်လာ ၁၁၀၀၀၀ ကျော်) ထည့်ဝင်ကာ ၎င်းတို့၏ ပထမဆုံးဆောက်လုပ်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။
စီမံကိန်းတည်နေရာမှာ ကင်ညာနိုင်ငံ၏မြို့တော်၊ နိုင်ရိုဘီ၏ ကီလီမာနီမြို့နယ်တွင်ဖြစ်ပြီး Castle Rock Gardens ဟု အမည်ပေးခဲ့သည်။
ထိုနောက်ပိုင်းတွင် အခြားမဟာဗျူဟာတစ်ခု ချမှတ်အကောင်အထည်ဖော်ခဲ့ရာ များစွာအလုပ်ဖြစ်ခဲ့၏။
မူရာယာက တစ်အိမ်တက်ဆင်း သွားရောက်ကာ မြေပိုရှိသည့် မြေပိုင်ရှင်များအနေဖြင့် ၎င်းတို့ကုမ္ပဏီနှင့် လက်တွဲကာ ဆောက်လုပ်ရေး စီမံကိန်းများလုပ်ဆောင်ရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။မြေပိုင်ရှင်များက မြေပေးအပ်ကာ မူရာယာတို့က ဆောက်လုပ်ပေးပြီး ရောင်းချရရှိလာသည့် အမြတ်အစွန်းကို ခွဲဝေရယူကြခြင်း ဖြစ်သည်။
“အဲ့ဒီအချိန်တုန်းကဆို ကျွန်တော်တို့ကို ငပေါတွေလို့ လူအများစုက ထင်ခဲ့ကြတယ်” ကံကောင်းထောက်မစွဖြင့်ပင် မြေပိုင်ရှင်တစ်ဦးဖြစ်သော မွန်းယူရာ ဝီယာကီက ယုံကြည်မှုပေးခဲ့ပြီး Roselyn Heights စီမံကိန်းကြီးကို ရှီလင် ၃၈၀ ဖြင့် အကောင်အထည်ဖော်နိုင်ရန်လည်း ကူညီခဲ့သည်။အဆိုပါလမ်းအတိုင်း ဆက်လက်လျှောက်လှမ်းခဲ့ရာ ခြုံကြားမှ ဘုံဖျားသို့ ရောက်ခဲ့သူတစ်ဦးအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့တော့သည်။မူရာယာသည် တန်ဖိုးကြီးနေအိမ်များ၊ လူလတ်တန်းစာနေအိမ်များ များစွာဆောက်လုပ်ခဲ့သည်။
“အမြဲတမ်း မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ထားပါ။ ဘယ်သူဘယ်အရာကမှ ကိုယ်သွားနေတဲ့ပန်းတိုင်အပေါ် စိတ်ပျက်အောင်လုပ်တာမျိုး ခွင့်မပြုပါနဲ့” ဟု မူရာယာက ဆိုသည်။မူရာယာက သူ၏အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်း အောင်မြင်ခဲ့ရသည့် အကြောင်းရင်းများအနက်တစ်ခုကို ထုတ်ဖော်ပြောကြား ခဲ့ရာတွင် မြေပိုင်ရှင်များ၊ developer များနှင့် ပူးပေါင်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။
“မှန်ပါတယ်။ ကျွန်တော်တို့ ငွေတွေအများကြီးရခဲ့တယ်။ လုပ်ငန်းကလည်း အလွန်ကြီးမားလာတယ်။ ဒါပေမယ့် ကျွန်တော်တို့ သွားတဲ့အဓိက ဦးတည်ချက်က ဖြစ်နိုင်သလောက် လူတွေအများကြီး အကျိုးရှိစေဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မူဝါဒအသစ်တွေ ချမှတ်ပြီး ဈေးကွက်ထဲကို စွန့်ဦးထုတ်ကုန်တွေ ဦးဆောင်ပေးပို့ပြီး ဆောက်လုပ်ရေးနယ်ပယ်ကို ပြောင်းလဲပစ်ခဲ့ပါတယ်” ဟု မူရာယာက ဆက်လက်ပြောကြားသည်။
မူရာယာ၏ ဘဝတွင် အလွန်များပြားလှသော ငွေကြေးဥစ္စာနှင့် လုပ်ငန်းများ ထပ်ဖန်တလဲလဲ ရှုံးနိမ့်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရသော်လည်း ဇွဲမလျှော့ဘဲ အမြဲပင် အခြားတစ်ခု ထပ်မံကြိုးစားရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ပါသနည်း။
“အောင်မြင်အောင်လုပ်နိုင်မယ်လို့ ကျွန်တော်အမြဲတမ်း ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် လူတစ်ယောက်က သူသွားချင်တဲ့လမ်းကို ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်ဆိုတဲ့စကားကို ကျွန်တော်နားမလည်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေကို ကျွန်တော်လုပ်ခဲ့တာဟာ သိလို့မဟုတ်ပါဘူး။ ဒီလုပ်ငန်းက ဝင်ငွေကောင်းတယ်လို့ ပြောကြတာကြောင့် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်”မူရာယာက ထုတ်ဖော်ဝန်ခံခဲ့သည်မှာ ဇနီးဖြစ်သူ၏ ကူညီထောက်မပေးမှုများ များစွာရရှိခဲ့ကြောင်း ဝန်ခံသည်။
မူရာယာ၏ ဇနီးမှာ Suraya Property Group တွင် မန်နေးဂျင်း ဒါရိုက်တာလည်း ဖြစ်သည်။စီးပွားရေးလုပ်ငန်းများစွာ အရှုံးပေါ် ရပ်နားခဲ့ရသော်လည်း မူရာယာက မိမိကိုယ်မိမိ ယုံကြည်ချက် မည်သည့်အခါမျှ အဆုံးရှုံးမခံ။
“လှပတဲ့နေ့သစ် တစ်နေ့မှာ ဆိုက်ရောက်လာမယ်ဆိုတဲ့ ယုံကြည်ချက် ပျောက်ဆုံးသွားပြီဆိုရင် ဒါက ခင်ဗျားသေဆုံးသွားတာပါပဲ။ ကျွန်တော့်ရဲ့ဇနီးနဲ့ ကျွန်တော်ဟာ အကြောင်းရပ်တိုင်းမှာ အကောင်းမြင်စိတ်ကလေးတွေ ရှိကြတယ်”
(ဆူး၏ ဘဝ)
မူရာယာ၏ ဇနီးဖြစ်သူ ဆူး မူရာယာသည် ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ကာ Suraya Property Group Limited ၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင်တည်ထောင်ထားသည့် Kenya Fashion Week ဖက်ရှင်ကုမ္ပဏီလည်းရှိသည်။ နယူးယောက်ရှိ ဖက်ရှင်သိပ္ပံတွင် ပညာဆည်းပူးကာ ၁၉၉၀ ပြည့်နှစ်တွင် ဘွဲ့ရခဲ့သည်။
ယင်းနောက် ကင်ညာသို့ ပြန်လာကာ ဆိုင်ခန်းတစ်ခန်းငှားရမ်းပြီး စီးပွားရေးလုပ်ငန်း စတင်ခဲ့သည်။
နောက်ပိုင်းတွင် ဗိသုကာကျောင်းဆင်းတစ်ဦးဖြစ်သူ မူရာယာနှင့် ဖူးစာဆုံခဲ့ပြီး Suraya Property Group ကို တည်ထောင်ခဲ့သည်။
၎င်းတို့ ဇနီးမောင်နံှတွင် သားသမီး ၄ ဦးထွန်းကားထားသည်။
မူရာယာက ပြောကြားခဲ့သည့်အချက်တစ်ခုမှာ အခြားသော စွန့်ဦးလုပ်ငန်းရှင်များအနေဖြင့် မိမိပြုလုပ်ခဲ့သည့် အမှားမျိုး မလုပ်မိကြစေရန် မျှော်လင့်ကြောင်း ပြောကြားသည်။
မကြာသေးမီနှစ်ကာလများအတွင်း အိမ်ခြံမြေနယ်ပယ်သို့ ရင်းနှီးမြှုပ်နှံသူများစွာ ဝင်ရောက်လာလျက်ရှိကြသည်။ အဓိကအကြောင်းရင်းမှာ အမြတ်အစွန်းများပြားသောကြောင့် ဖြစ်၏။ သို့ရာတွင် မူရာယာကမူ သတိထားလုပ်ဆောင်ကြရန် သတိပေးထားသည်။
“အိမ်ခြံမြေဟာ လုပ်ငန်းကောင်းတစ်ခုပါ။ အမြတ်အစွန်းလည်း များတယ်။ ဒါပေမယ့် ဂရုစိုက်ဖို့ လိုပါတယ်။ ခင်ဗျားအနေနဲ့ အိမ်ခြံမြေလောကကို ခြေချမယ်ဆိုရင် မူရာယာတော့ ငွေတွေသောက်သောက်လဲဝင်နေတယ်ဆိုတဲ့ သတင်းကြားတာလောက်နဲ့ ဝင်မလာပါနဲ့။ ဒါမှမဟုတ်ရင်တော့ ခင်ဗျား အရူးတစ်ယောက်လို့ လောင်ကျွမ်းပြာကျသွားနိုင်တယ်။ လုပ်ရမှာက အချိန်ယူပြီး သုတေသနလုပ်ပါ” ဟု မူရာယာက ဆိုသည်။
ထို့အပြင် အိမ်ခြံမြေနယ်သို့ ဝင်ရောက်မည့်သူများအနေဖြင့် အိမ်ခြံမြေလောကနှင့် ပတ်သက်သည့်စာအုပ်စာတမ်းများ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုထားရန်၊ အိမ်ခြံမြေလောကအတွင်းရှိ ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် ဆွေးနွေးကြည့်ရန်၊ အောင်မြင်မှုရနေသော DEVELOPER များထံမှ အကြံဉာဏ်များ ရယူရန်လည်း မူရာယာက တိုက်တွန်းထားသည်။
(မူရာကာ၏ နေ့စဉ်ဘဝ)
မူရာယာနှင့် ဇနီးဖြစ်သူ ဆူးတို့သည် ကြာသပတေးနေ့တိုင်း နိုင်ရိုဘီမြို့တော်အတွင်း အကောင်အထည်ဖော်နေသည့် ဆောက်လုပ်ရေးစီမံကိန်းများစွာသို့ လှည့်ပတ်ကြည့်ရှုစစ်ဆေးလေ့ရှိ၏။အပေါ်ကုတ်အင်္ကျ ီ၊ ဘောင်းဘီအနက်ရောင်နှင့် အားကစားဖိနပ်တို့ကိုသာ ဝတ်ဆင်လေ့ရှိသည်။
“ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို သွားရတာဟာ အတော်ကြမ်းတမ်းတဲ့အလုပ်တစ်ခုပါ။ ဘိလပ်မြေတွေ၊ ရွှံ့တွေ ၊ ဖုန်တွေ တသောသောရှိတဲ့နေရာပါ။ ဒါကြောင့် ဆီလျော်အောင် ဝတ်စားဖို့လိုပါတယ်” ဟု မူရာယာက ဆိုသည်။ မူရာယာ၏ တစ်နေ့တာမှာ နံနက်စောစောအိပ်ယာထခြင်းဖြင့် စတင်သည်။
သားသမီး ၄ ဦး၏ ဖခင် ၊ အိမ်ထောင်ရှင် ခင်ပွန်းတစ်ဦးအဖြစ် မူရာယာသည် အာရုံတက်ချိန်မတိုင်မီ မိသားစုအတွက် လုပ်ဆောင်ဖွယ်ရာများ အသင့်ပြင်ဆင်ကြရ၏။
အထူးသဖြင့် နံနက် ၆ နာရီ ၁၅ တွင် ကျောင်းသွားကြရသည့် ကလေးများအတွက် ဖြစ်သည်။
ယင်းနောက်တွင်ကား ယာဉ်ကြောအလွန်ပိတ်ဆို့လှသော မြို့တော်ကြီးအတွင်း အပြေးအလွှားရုံးသွားရပြီး ရုံးတွင်ဝန်ထမ်းများကို သြဝါဒပေးခြင်းနှင့် စီးပွားရေးကိစ္စတွေ့ဆုံဆွေးနွေးမှုများကို နံနက် ၇ နာရီမှ ၉ နာရီအကြား ပြုလုပ်ရသည်။
အိမ်ခြံမြေ ဆောက်လုပ်ရေးလောကသို့ ခြေချတော့မည့်သူများအတွက် ပီတာ မူရာယာ၏ လမ်းညွှန်ချက် (၃) ပါး
၁။ ပြင်းပြသည့်စိတ်ဇွဲရှိပါစေ
အောင်မြင်သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်လာရန် သင်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည့် စီးပွားရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ပြင်းပြသည့်စိတ်ဇွဲရှိရန် လိုအပ်သည်။
စိန်ခေါ်မှုပေါင်းများစွာ ရင်ဆိုင်ခဲ့ရသော မူရာယာက ခက်ခဲကြမ်းတမ်းသည့် အချိန်ကာလများတစ်လျှောက် လဲပြိုကျမသွားစေရန် တောက်လျှောက်ထိန်းပေးနေသည်မှာ ပြင်းပြသည့်စိတ်ဇွဲဖြစ်ကြောင်း ပြောကြားသည်။
“ခင်ဗျားဟာ အလုပ်လုပ်နေရတာကို မပျော်တော့ဘူးဆိုရင် အဲဒီရုံးကို သွားတော့မှာ မဟုတ်ပါဘူး။ ခင်ဗျားလုပ်ရတဲ့ အလုပ်မှာ ပျော်ရွှင်မှုတွေ ရှိမယ်ဆိုရင် ရှေ့ဆက်သွားဖို့ ခွန်အားတွေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကျိန်းသေပြောရဲတာ တစ်ခုရှိပါတယ်။ ခင်ဗျားမှာ ပြင်းပြတဲ့စိတ်ဇွဲ မရှိဘူးဆိုရင် ခင်ဗျာကျဆုံးမှာ လုံးဝသေချာပါတယ်”
၂။ သုတေသနလုပ်ပါ
အောင်မြင်သည့် စီမံကိန်းတစ်ခု၏ အရေးကြီးသည့် သော့ချက်တစ်ခုမှာ စေ့စပ်သေချာသည့် သုတေသနပြုလုပ်မှုဖြစ်ကြောင်း မူရာယာက ပြောကြားသည်။
ထို့အပြင် မူရာယာက အကြံပေးသည်မှာ အိမ်ခြံမြေဆိုင်ရာ စာအုပ်စာတမ်းများ၊ မဂ္ဂဇင်းများ ဖတ်ရှုရန်၊ အိမ်ခြံမြေလောကတွင် ရှိနှင့်ပြီးဖြစ်သော ကုမ္ပဏီများသို့ သွားရောက်လည်ပတ်ကာ ၎င်းတို့၏လုပ်ကိုင်ပုံများကို သိနားလည်အောင်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီ သက်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်များထံမှ အကြံဉာဏ်များ ရယူရန်တို့ အကြံပေးထားသည်။
အိမ်ခြံမြေ developer တစ်ဦးဖြစ်လာရန် ကြိုးပမ်းနေစဉ် ကာလအတွင်း မူရာယာ ပြုလုပ်ခဲ့ပုံမှာ အတုယူဖွယ်ကောင်း၏။မူရာယာက ဈေးကွက်အတွင်းမှ ကုမ္ပဏီများ ဆောက်လုပ်နေသော လူနေအိမ်ရာစီမံကိန်းများသို့ ဖောက်သည်အသွင်ဖြင့် သွားရောက်ကြည့်ရှု၏။ နေအိမ်ဈေးနှုန်းများ မေးမြန်းစုံစမ်းခြင်း၊ အခန်းများကို တိုင်းတာခြင်းများ ပြုလုပ်လေ့ရှိသည်။ ယင်းသို့အားဖြင့် developer သည် ငွေမည်မျှသုံးထားပြီး မည်မျှမြတ်စွန်းနိုင်သည်ကို မူရာယာက သိရှိနိုင်မည် ဖြစ်လေသည်။
“ဒီလိုအမြတ်အစွန်းတွက်ချက်ဖို့အတွက် ခင်ဗျားအနေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ငှားဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဒါပေမယ့် လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာလုပ်ငန်းအကြောင်း ခင်ဗျားကိုယ်တိုင်လည်း ကောင်းကောင်းဗဟုသုတ ရှိဖို့လိုပါတယ်” ဟု မူရာယာက ဆိုသည်။
၃။ စိန်ခေါ်မှုများကို ရင်ဆိုင်ပါ
စီးပွားရေးတွင် စိန်ခေါ်မှုဟူသည်မှာ ရှောင်လွှဲ၍ မရနိုင်ပါ။ စိန်ခေါ်မှုများတွေ့ကြုံရလျှင် ထွက်ပြေးရသည်မှာ ပိုမိုလွယ်ကူမည်ဖြစ်သော် လည်း မူရာယာအကြံပေးသည်ကမူ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အကြံပြုထားသည်။
မူရာယာတွင် ကြွေးမြီများ ပေးဆပ်ရန် ကြီးမားသည့်ဖိအားကြုံတွေ့နေရချိန်၌ ဇနီးဖြစ်သူက အကြံပေးသည်မှာ ပြန်လည်ပေးဆပ်ရန်ရှိ သည့် အကြွေးအားလုံးကို စာရင်းချရေးရန်နှင့် အနည်းဆုံးပမာဏမှ စတင်ပေးဆပ်ရန် အကြံပြုခဲ့၏။ထိုအချိန်က ဘဏ်တွင် ကန်ဒေါ်လာ ၁၂၀၀၀၀ ခန့် အကြွေးတင်နေခဲ့သည်။
အကြွေးရှင်များကို စာရင်းချရေးလိုက်ချိန်တွင် မူရာယာတွေ့လိုက်ရသည်မှာ ၁၀ ဒေါ်လာခန့် ပေးဆပ်ရန်ရှိသူများပင် ပါဝင်နေပြီး ပြန်လည်ပေးဆပ်နိုင်သည့်တိုင် ရှောင်ရှားနေခဲ့ခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။“ဒီအစီအစဉ်က တကယ်အထောက်အကူဖြစ်ပါတယ်။ ၁၀ ဒေါ်လာ အကြွေးဆပ်ဖို့ရှိတဲ့သူကို ပေးဆပ်လိုက်ပြီးနောက်မှာ ကျွန်တော်လုပ်နိုင်တယ်ဆိုတာ သုံးသပ်မိသွားတယ်။ ဒါက ကျွန်တော့်ရဲ့ ရှုမြင်ပုံတွေကို ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘယ်သူ့ကိုမှ ရှောင်မပြေးတော့ပါဘူး။ ဒါက ရှေ့ဆက်သွားဖို့ ခွန်အားတွေ ပေးခဲ့တယ်။ ဘယ်လောက်ပဲခက်ခဲပါစေ။ စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုက်ပါ။ ပြီးရင် ဖြေရှင်းဖို့ စီမံကိန်းဆွဲပါ”သေးငယ်သည့် ပြဿနာများကို စတင်ဖြေရှင်းရာမှတစ်ဆင့် ပိုမိုကြီးမားသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ခွန်အားပေးစွမ်းလာလိမ့်မည်ဖြစ်ကြောင်း မူရာယာက လမ်းညွှန်ထားသည်။
Suraya Property Group တည်ထောင်သူ၊ အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး ပီတာ မူရာယာက မလျှော့သော ဇွဲလုံ့လရှိခြင်းတွင် ကြီးမားသည့် အကျိုးကျေးဇူးများရှိကြောင်း ကောင်းစွာနားလည်ထားသည်။
မှတ်ချက်။ ။ မိတ်ဆွေသည်အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀ ) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ ( ၁ ) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)