နေအိမ်ဝယ်ယူခြင်းနှင့်ထိမ်းမြားမင်္ဂလာပြု ခြင်းတို့၏ တူညီချက်များ

နေအိမ်ဝယ်ယူခြင်းနှင့်ထိမ်းမြားမင်္ဂလာပြု ခြင်းတို့၏ တူညီချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
11 Oct 2018 10:38 am တွင် တင်ခဲ့သည်
1123 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမည်ရည်စုတ်ထိုး၊ ဤသုံးမျိုးမပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုးဟူသည့် မြန်မာစကားပုံရှိသည်။နေအိမ်ဝယ်ယူခြင်းသည် ထိမ်းမြားမင်္ဂလာပြုခြင်းနှင့် များစွာအလားတူ၏။ဘ၀လက်တွဲဖော်နည်းတူ သင်၏ နေအိမ်သည်လည်း ဘဝ၏ ကျန်ရှိနေသေးသည့် အချိန်ကာလများကို ဆက်လက်ပုံဖော်ပေးမည့်နေရာ ဖြစ်သည်။

ကျေးလက်ဒေသတွင် နေထိုင်လိုပါလား။ သို့မဟုတ် မြို့ ပြကို အပေါ်စီးမှ ရှုမြင်နိုင်မည့် အထပ်မြင့်ကွန်ဒိုခန်းတွင် နေထိုင်မည်လား။ အိမ်နောက်ဘက်(သို့မဟုတ်) အိမ်ရှေ့ မြေကွက်တွင် ပန်းမန်များစိုက်ပျိုးကာ နေထိုင်လိုပါလားနေအိမ်တစ်လုံးဝယ်ယူခြင်းသည် မင်္ဂလာဆောင်ခြင်းနှင့် တူညီ၏။ကစားမည့် ပလေယာအများအပြား ပါဝင်လေ့ရှိသည်။ ပါဝင်သူတိုင်း၏ အခန်းကဏ္ဍမှာလည်း အရေးပါသော အခန်းကဏ္ဍများဖြစ်ကြ၏။အရေးပါသော ပလေယာတို့မှာ..

သတို့သမီး = ဝယ်လက်

သူစိတ်ကျေနပ်နေလျှင် အရာခပ်သိမ်းငြိမ်းချမ်း၏။ ပုံမှန်အားဖြင့်ဆိုလျှင် အလွန်ငြိမ်းချမ်းသည့်၊ စိတ်သဘောကောင်းသည့်သူတစ်ဦးဖြစ်သော်လည်း မင်္ဂလာဆောင်အရေးတွင် ကမ္ဘာပေါ်ရှိလူသားအားလုံး သူ၏စိတ်အလိုကို အားလုံးဖြည့်ဆည်းပေးရမည်ဟူသည့် စိတ်သဘောမျိုးပြောင်းလဲသွားသည်။

သတို့သား = ရွှေ့ပြောင်းလာမည့်ကုမ္ပဏီရုံးခန်း

စာရွက်စာတမ်းကိစ္စများလက်မှတ်ရေးထိုးပြီးသည့်အချိန်အထိ အရေးပါသည့် ပလေယာတစ်ဦးမဟုတ်။

သတို့သမီး၏ မိခင်= အိမ်ခြံမြေစုံစမ်းစစ်ဆေးရေးအရာရှိ

ဟင့်အင်း။ ဒီအိမ်ကြီးက စုတ်ပြတ်နေတာပဲ။ ဖြိုပြီးပြန်ဆောက်မှရမယ်။ တခြားအိမ်ကောင်းလေးရှာစမ်းပါ။ ငါက ဟင့်အင်းလို့ ပြောနေတယ်နော်။ ဗူးဆိုဖရုံမသီးဘူး။

ခရစ်ယာန်ဘုန်းတော်ကြီး= အာမခံကိုယ်စားလှယ်သတို့သမီးအရံ (သို့မဟုတ်) သတို့သမီး၏ မိတ်ဆွေသူငယ်ချင်းများ = ဝယ်လက်၏ ကိုယ်စားလှယ် ဤသူများကား ဝတ်စုံ/နေအိမ်ပေါင်းများစွာကို သတို့သမီးနှင့်အတူလက်တွဲကာ ရှာဖွေကြမည့်သူများ ဖြစ်လေသည်။သူတို့သည် ကြည်နူးကြ၊ စိတ်ပျက်ကြဖြစ်ကြလိမ့်မည်ဖြစ်ပြီး သတို့သမီးနှင့်စပ်လျဉ်းသည့်အရာရာအပေါ် သောကဖိစီးနေကြလိမ့်မည် ဖြစ်သည်။

သတို့သမီး၏ဖခင်= ချေးငွေအရာရှိ

အရောင်းအဝယ်တစ်ခုဖြစ်မြောက်ရေးအတွက် ဂိတ်မှူးဟုလည်းဆိုနိုင်သည်။ ဤပုဂ္ဂိုလ်အပေါ် လိမ်ညာခြင်း မပြုပါနှင့်။ သင်၏ ကံကြမ္မာသည် သူ့လက်ထဲတွင် ရှိသည်မဟုတ်လော။

ဓာတ်ပုံဆရာများ

လက်ထပ်မင်္ဂလာနှင့် အိမ်ခြံမြေကဏ္ဍနှစ်ရပ်လုံးတွင် အရေးပါသူများ ဖြစ်သည်။ ပေးရသည့် အဖိုးအခကြီးမား၏။သို့ရာတွင် ပေးလိုက်ရသည့် ငွေတစ်ကျပ်ချင်းအတွက် ထိုက်တန်ပါသည်။အောက်ဖော်ပြပါ နောက်ဆုံးအချက်မှာမူ လူပုဂ္ဂိုလ်မဟုတ်ချေ။ ယင်းသည်လည်း လက်ထပ်မင်္ဂလာနှင့် အိမ်ခြံမြေကဏ္ဍနှစ်ရပ်လုံးအတွက် အရေးပါသည့်အချက်ဖြစ်၏။

စေ့စပ်ကြောင်းလမ်းခြင်း = နေအိမ်ကြည့်ရှုစစ်ဆေးခြင်း (သို့မဟုတ်) စည်းမျဉ်းများ

ယင်းကာလအတွင်းသင်သည် အောက်ပါအချက်များကို စစ်ဆေးသုံးသပ်ရလိမ့်မည် ဖြစ်၏ရေပိုက်ပေါက်နေခြင်းရှိ၊ မရှိ (ယောက္ခမနှင့် ပတ်သက်သည့် အတင်းအဖျင်းများကို လေ့လာပါ)

ခေါင်မိုးအခြေအနေ (ခင်ပွန်းလောင်းထိပ်ပြောင်နေတာ ဘယ်လောက်ကြာပြီလဲစုံစမ်းပါ)

နေအိမ်တိုးချဲ့ဆောက်လုပ်ခွင့် ရှိ၊ မရှိ (လက်ထပ်ပြီးနောက် ဝ,မလာအောင် ထိန်းပါမည်ဟု ကတိပြုရခြင်း)

နေအိမ်ဝန်းကျင်တွင် နောင်အခါ၌ ပြောင်းလဲလာနိုင်သည့်အရာများ (ကလေးရလာနိုင်ခြင်း)

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service