ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ အိမ်ခြံမြေပေါင်း ၁၀၀ ကျော်ပိုင်ဆိုင်ကာ ဒေါ်လာ သန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး

ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ အိမ်ခြံမြေပေါင်း ၁၀၀ ကျော်ပိုင်ဆိုင်ကာ ဒေါ်လာ သန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး - Property Knowledge in Myanmar from iMyanmarHouse.com
28 Aug 2018 11:59 am တွင် တင်ခဲ့သည်
15383 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

၁၉၆၈ ခုနှစ်၊ မေလ ၁၆ ရက်တွင် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီးဖြစ်လာမည့် မာကို ရော်ဘင်ဆင်ဟု အမည်ရသော ကလေးငယ်တစ်ဦး မွေးဖွားလာသည်။

မာကိုရော်ဘင်ဆင်၏ ငယ်စဉ်ဘဝမှာ နာကျင်စရာများဖြင့် အတိပြီး၏။ဖခင်ဖြစ်သူမှာ ရသမျှ လစာငွေကို လောင်းကစားပြုလုပ်ကာ ကုန်ဆုံးလျက်ရှိသောကြောင့် မိခင်မှာ အိမ်၏ အထွေထွေစရိတ်နှင့် စားစရိတ်များကို ဖြည့်တင်းပေးနိုင်ရန် အလုပ် ၄ ခုခန့် လုပ်ကိုင်ခဲ့ရသည်။ဖခင်ဖြစ်သူမှာ လောင်းကစားနယ်မှ ရုန်းမထွက်နိုင်သောကြောင့် မိခင်က မာကိုနှင့်အတူ အိမ်မှ ထွက်လာခဲ့ကြသော်လည်း သွားစရာနေရာမရှိခဲ့။မိခင်ဘက်မှ မိသားစုမှာ လှည့်မကြည့်ကြ။ ဗြိတိန်နိုင်ငံတစ်ဝန်း လှည့်လည်သွားလာနေရကာ ပန်းခြံများထဲတွင် နေထိုင်ခဲ့ကြရပြီး ကျောင်းပေါင်း ၂၀ တွင် အမျိုးမျိုး တက်ရောက်ခဲ့ရသည်။

“အဖေက ကျွန်တော် ၂ နှစ်သားအရွယ်မှာ ဆုံးပါးသွားတယ်။ သူက လောင်းကစားသမား။ တစ်မြို့လုံးမှာ သူ့အကြွေးတွေတင်နေခဲ့တယ်” ပန်းခြံများအတွင်းမှ ခုံတန်းများသည် သူ၏လဲလျောင်းရာ၊ အိပ်စက်ရာ ဖြစ်ခဲ့သည်။

 

ယင်းကာလတွင် မိခင်က သားအမိ ၂ ဦး၏ ဘဝ တည်ငြိမ်မှုရရန် ရည်ရွယ်ကာ နောက်အိမ်ထောင်ပြုလိုက်၏။နောက်အိမ်ထောင်ပြုခဲ့သော်လည်း ကံမကောင်းခဲ့ချေ။ ညှင်းပန်းနှိပ်စက် အနိုင်ကျင့်မှုများဖြင့်သာ ရင်ဆိုင်ခဲ့ကြရပြီး သားအမိနှစ်ဦးမှာ လမ်းပေါ်သို့ ပြန်ရောက်ခဲ့ရပြန်သည်။ငယ်စဉ်ဘဝတွင် နေ့စဉ် အခြားသူများ အနိုင်ကျင့်ခြင်းကို ခံခဲ့ရပြီး ဆင်းရဲဒုက္ခမျိုးစုံရောက်ခဲ့ရကြောင်း သူဌေးကြီးမာကိုက ပြန်ပြောင်းပြောပြသည်။

ယနေ့တွင်ကား ကန်ဒေါ်လာ သန်း ၄၀ ကျော်တန်ကြေးရှိသည့် လုပ်ငန်းကြီးကို ပိုင်ဆိုင်ထားသော ဆောက်လုပ်ရေး developer အိမ်ခြံမြေလုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်နေပြီ ဖြစ်လေသည်။အသက် ၁၆ နှစ်အရွယ်သို့ ရောက်ချိန်တွင် မာကို ကျောင်းထွက်လိုက်ပြီး အလုပ် ၄ မျိုး လုပ်ကိုင်ခဲ့၏။ စူပါမားကက်များတွင် စင်များကို စီခြင်း၊ ကြမ်းပြင်များသန့်ရှင်းရေးလုပ်ခြင်း အစရှိသည့်အလုပ်များလုပ်ကိုင်ခဲ့ရသည်။မိခင်ကြီးကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်နိုင်ရန်အတွက် အလုပ်များစွာလုပ်လိုသည့် အပူမီးမှာ သူ၏ ခန္ဓာကိုယ်အတွင်း တောက်လောင်နေခဲ့သည်။ယင်းအချိန်ခန့်တွင်ပင် မာကို၏ မိခင်သည် လူကောင်းသူကောင်းတစ်ဦးနှင့် ထပ်မံဖူးစာဆုံခဲ့ပြန်သည်။သို့ရာတွင် မာကိုအနေဖြင့်မူ ကလေးဘဝတစ်လျှောက်ဖြတ်သန်းမှု ဘဝအတွေ့အကြုံများအရ မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်ကြောင်း ရိပ်စားမိနေပြီဖြစ်ရာ ကိုယ့်ထူးကိုယ်ချွန်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရန်သာ ရည်မှန်းတော့သည်။

 

သို့နှင့် အလုပ်တစ်ခုပြီးတစ်ခု ပြောင်းလုပ်၏။ နောက်ဆုံးတွင် အရောင်းသမားဘဝ၌ ကာလအတန်ကြာ ကျောက်ချနေခဲ့သည်။အရောင်းသမားဘဝတွင် ကာလအတန်ကြာလုပ်ကိုင်ခဲ့စေကာမူ စင်စစ်ကား မာကိုသည် အရောင်းသမားကောင်းတစ်ဦး မဟုတ်ခဲ့။သူ့တွင် မိမိကိုယ်မိမိယုံကြည်ချက်လုံးဝမရှိခဲ့။

တစ်နေ့တွင်ကား ကုမ္ပဏီ၏ ထိပ်တန်းအရောင်းသမားတစ်ဦးက မာကိုအား ဤသို့ ပြော၏။

“မင်းဆီမှာ ထူးခြားတဲ့ အစွမ်းအစတစ်ခုခုရှိနေတယ်။ တောက်မယ့်မီးခဲလိုမျိုးပဲ။ ဒါကို မင်းကိုယ်မင်းတော့ မမြင်နိုင်ဘူး။ ငါက မြင်နေရတယ်။ ဒီစာအုပ်ကို ဖတ်ကြည့်စေချင်တယ်။ ဒါက ငါ့ရဲ့အကြောက်တရားတွေကို ကျော်လွှားဖို့ နှစ်ပေါင်းများစွာ အကူအညီပေးခဲ့တယ်။ ဘယ်သူ့ကိုမှတော့ မပြောနဲ့။ စာအုပ်က ပြောချင်တဲ့ ဆိုလိုရင်းကို အသိဉာဏ်ပွင့်သွားတဲ့အထိ အကြိမ်ကြိမ်၊ အထပ်ထပ်ဖတ်ပါ”

သို့နှင့် မာကိုလည်း အဆိုပါစာအုပ်ကို ၈ ကြိမ်တိတိဖတ်ရှုခဲ့၏။ စာအုပ်ဖတ်ပြီးနောက်ပိုင်း မာကို့ထံတွင် ယုံကြည်ချက်အပြည့်ရှိလာသည်။အရောင်းသမားဘဝ စတင်ခဲ့စဉ်က ငြင်းပယ်ခံခဲ့ရသည့် ဖောက်သည်များထံ ယုံကြည်ချက်အပြည့်ဖြင့် တဖန်ပြန်သွား၏။၄ နာရီခန့်အကြာတွင်ကား ဖောက်သည်တို့က ဝယ်ယူလိုက်ကြပြီး သူ့ထံ ဒေါ်လာ ၁၀၀၀၀ ပေးလိုက်လေသည်။မာကိုလည်း များစွာတုန်လှုပ်သွားပြီး အဘယ်ကြောင့် ဝယ်ယူဖြစ်သနည်းဟု မေးမြန်းခဲ့ရာ မိမိရောင်းချသည့်အရာအပေါ် ယုံကြည်ချက် အပြည့်ရှိနေသည်ကို တွေ့မြင်ရသောကြောင့် ၎င်းတို့လည်း လိုချင်စိတ်ပေါ်လာသဖြင့် ဝယ်ယူခြင်းဖြစ်သည်ဟု ဖြေကြသည်။မာကို၏ ဘဝတွင် ယင်းဖြစ်ရပ်ကလေးကို ထာဝရစွဲမှတ်ထားခဲ့သည်။

ထိုနှစ်တွင် မာကိုသည် ကုမ္ပဏီ၏ တစ်နှစ်တာ ရောင်းအားအကောင်းဆုံး အရောင်းသမား -salesperson of the year ဖြစ်လာခဲ့သည်။ယင်းနောက်ပိုင်း အောင်မြင်မှုများ ကြီးမားစွာရရှိလာခဲ့သည်။သို့သော် ကြီးမားသည့်အခက်အခဲများ၊ ရုန်းကန်ရမှုများနှင့်ကား အမြဲရင်ဆိုင်ခဲ့ရသည်။အောင်မြင်မှုထိပ်ဆုံးသို့ ရောက်ပြီးမှပင် အလုပ်လက်မဲ့ဖြစ်ခဲ့ပြန်ရ၏။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်လာရန်အတွက် အရှုံးပြီး အရှုံးများဖြင့် ဖြတ်ကျော်ခဲ့ရသည်။

အသက် ၁၅ နှစ်အရွယ်က စတင်ခဲ့သော အိမ်ထောင်ရေးမှာလည်း ချစ်စဖွယ် ရင်သွေး ၂ ဦး ထွန်းကားပြီးနောက်တွင်ပင် မတည်ငြိမ်ခဲ့။အိမ်ထောင်မပြိုကွဲစေရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင်ကား ဇနီးဖြစ်သူကို ကျောခိုင်းလမ်းခွဲခဲ့တော့သည်။

 

 

အိမ်ထောင်ပြိုကွဲခဲ့သော ၂၀၀၈ ခုနှစ်၊ အသက် ၄၀ အရွယ်တွင် မာကိုတွင် ပိုင်ဆိုင်မှုဟူ၍ နှစ် ၂၀ သက်တမ်းရှိ ဗော်လ်ဗို ကားတစ်စင်းနှင့် လက်ပ်တော့အဟောင်းတစ်လုံးသာရှိသည်။မာကိုလည်း မိမိ၏ လက်ရှိအခြေအနေနှင့် ကျော်လွန်ဖြတ်သန်းခဲ့ပြီးသော ဘဝအခြေအနေများကို ပြန်လည်စဉ်းစားသုံးသပ်ရာ သင်ခန်းစာယူဖွယ်ရာ၊ မှတ်သားဖွယ်ရာများ များစွာရှိနေသည်ကို တွေ့ရသဖြင့် ထိုအကြောင်းများကို မှတ်တမ်းရေးသားခဲ့၏။

ယင်းနောက် စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ရာ နံပါတ် ၁ အရောင်းရဆုံး စာအုပ်ဖြစ်လာရာ မာကိုမှာ များစွာအံ့သြတုန်လှုပ်သွား ခဲ့သည်။အဆိုပါ စာအုပ်တွင် ၁၀ နှစ်တာ ကာလအတွင်း အရောင်းသမားတစ်ဦးအဖြစ် ဘဝဖြတ်သန်းခဲ့ရာတွင် ကန်ဒေါ်လာ ၁ ဘီလီယံဖိုးခန့် ရောင်းထွက်အောင် ကြိုးပမ်းခဲ့ပုံများကို ဖော်ပြထားသည်။

ထိုသို့ အောင်မြင်သောစာရေးဆရာဖြစ်လာပြီးနောက် တစ်ရက်တွင် မိမိကိုယ်မိမိ မေးခွန်းတစ်ခု မေးမိ၏။

 

 

“ငါ..ကိုယ်တိုင်ကော သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲ” ဟု မေးမိ၏။ BMW နှင့် Citibank တို့ကဲ့သို့ အလွန်ကြီးမားသော ကုမ္ပဏီများ၏ ဝန်ထမ်းများကို ဆုအဖြစ် မက်လုံးပေးသည့် ခရီးစဉ်များ စီစဉ်လုပ်ကိုင်ပေးရန် အကြံရခဲ့၏။အကြံကောင်းတော့တစ်ချက်ဟု ဆိုရမည်။

၂၀၀၉ ခုနှစ်တွင် ထိုအကြံအတိုင်းအကောင်အထည်ဖော်ခဲ့ရာ ကန်ဒေါ်လာ ၁၂ သန်းခန့် ကြွယ်ဝလာခဲ့၏။ငွေရင်းရသွားပြီးနောက် အိမ်ခြံမြေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၄/၁၅ ခုနှစ်တွင် အကောင်းဆုံး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဆု ရရှိခဲ့သည်။

ထို့အပြင် အာရှတိုက်၏ သူရဲကောင်းဆုတစ်ခုဖြစ်သော မလေးရှားနိုင်ငံမှ ပေးအပ်သည့် Dato' Seri ဘွဲ့လည်း ရရှိခဲ့၏။အိမ်ခြံမြေကဏ္ဍအပြင် အပန်းဖြေလုပ်ငန်းနယ်သို့လည်း ဝင်ရောက်ခဲ့ပြီး Naked Group ကို တည်ထောင်ခဲ့ရာ ဆုရထားသည့် လုပ်ငန်းများဖြစ်သော Naked Restaurant & Bar နှင့် Naked beauty bars တို့လည်း အပါအဝင် ဖြစ်သည်။

ယခုအချိန်တွင် မာကိုရော်ဘင်ဆင်သည် အိမ်ခြံမြေပေါင်း ၁၀၀ ခန့် ပိုင်ဆိုင်ထားပြီး အိမ်ခြံမြေ developer ၊ ကိုယ့်ထူးကိုယ်ချွန် သန်းကြွယ်သူဌေးကြီးအဖြစ် ကမ္ဘာကျော်လျက်ရှိနေပြီဖြစ်သည်။

အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိသွားသော်လည်း မစ္စတာရော်ဘင်ဆင်က ကြမ်းတမ်းစွာဖြတ်သန်းရုန်းကန်ခဲ့ရသည်များကို မည်သည့်အခါမျှ မမေ့။ဗြိတိန်တွင် ပရိဘောဂ အပြည့်အစုံထည့်သွင်းပေးထားသည့် နေအိမ် ၃ လုံးကို မပြေလည်သည့် မိသားစုများအား အခမဲ့ပေးခဲ့ဖူးသည်။

 

 

အဆိုပါနေအိမ်များ၏ ရေ၊ မီး အစရှိသည့် အသုံးစရိတ်ကုန်ကျငွေများကိုလည်း မာကိုရော်ဘင်ဆင်ကပင် ဆက်လက်ကျခံပေးလျက် ရှိသည်ဟု ဆိုသည်။မစ္စတာ ရော်ဘင်ဆင်က နေအိမ်များပေးအပ်ခဲ့သူများမှာ ဆယ်ကျော်သက်အရွယ် ကလေးအမေတစ်ဦး၊ ဆီးရီးယားမိသားစုတစ်စုနှင့်၊ မျက်မမြင် အမျိုးသမီးတစ်ဦးတို့သို့ ဖြစ်သည်။ဆီးရီးယားမိသားစုမှာ အိမ်ရာမဲ့များဖြစ်ကာ ဘုရားကျောင်းကြမ်းပြင်၊ တံတားအောက် အစရှိသည့်နေရာများတွင် အိပ်စက်ကြရသူများ ဖြစ်ကြသည်။

မစ္စတာရော်ဘင်ဆင် မူလက ရည်ရွယ်သည်မှာ နေအိမ်တစ်လုံးသာ လှူဒါန်းရန် ရည်ရွယ်ခဲ့သော်လည်း လျှောက်ထားသူပေါင်း ၈၀၀၀ ခန့်ရှိနေကာ လိုအပ်ချက်များသူများရှိနေသည်ကို တွေ့ရသောကြောင့် တစ်ဦးတည်းရွေးချယ်ရန် မဖြစ်နိုင်တော့ချေ။

 

 

“ဒါကြောင့် ကျွန်တော်က နေအိမ်တစ်လုံးပဲ လှူဖို့ စီစဉ်ထားရာကနေ ၃ လုံးလှူဖြစ်သွားတာပါ။ နောက်ဆုံးရွေးလိုက်တဲ့ ၃ ဦးဆိုရင် ဘဝအခြေအနေ အတော်လေးဆိုးရွားနေကြရှာသူတွေပါ။ ဒီတော့ တစ်ယောက်တည်းကိုပဲ မရွေးတော့ဘဲ သူတို့ ၃ ဦးလုံးကို ကူညီလိုက်ရတာ ဖြစ်ပါတယ်။ ”

“ဒီလိုအခြေအနေတွေ ရင်ဆိုင်နေရတာဟာ သူတို့ရဲ့အမှားကြောင့် မဟုတ်ပါဘူး။ သူတို့တွေဟာ အလုပ်ကြိုးစားကြသူတွေပါ။ သူတို့မှာ ထူးချွန်တဲ့အချက်တွေ ကိုယ်စီရှိကြတယ်။ မြေတောင်သာမြှောက်ပေးလိုက်မယ်ဆိုရင် ပိုကောင်းတဲ့ဘဝမျိုး သူတို့ ပိုင်ဆိုင်ကြလိမ့်မယ် ဆိုတာ ကျွန်တော်သိပါတယ်” ဟု မစ္စတာ ရော်ဘင်ဆင်က ဆိုသည်။

နေအိမ်များရရှိပြီးနောက်ပိုင်း ကလေးအမေ ဟိုလီမှာ တက္ကသိုလ်တက်ခဲ့ပြီး စာနယ်ဇင်းလောကတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လျက် ရှိသည်။ဆီးရီးယားမိသားစုမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားရယူကာ ဖခင်မှာ ပီအိတ်ချ်ဒီဘွဲ့ရခဲ့ပြီး သားဖြစ်သူမှာလည်း စာရင်းကိုင်ဘွဲ့ ရရှိခဲ့သည်။

မစ္စတာ ရော်ဘင်ဆင်သည် ဘဝကို ကြမ်းတမ်းစွာရုန်းကန်နေကြရသည့် မိသားစုများအတွက် နေအိမ်များ ပေးနိုင်ရန် Home Giver အမည်ရှိ ဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်ပြီ ဖြစ်၏။မစ္စတာရော်ဘင်ဆင်က အခြားပြည်သူတို့၏ လှူဒါန်းမှုများလည်း လက်ခံသွားမည်ဖြစ်ကာ ဖောင်ဒေးရှင်းကို ကမ္ဘာ့အဆင့်အထိ မြှင့်တင်သွားနိုင်ရန် ရည်မှန်းထားသည်။

မစ္စတာ ရော်ဘင်ဆင်သည် မကြာသေးမီကပင် ပီရူးနိုင်ငံရှိ အိမ်ယာမဲ့များနေထိုင်ရန်အတွက်လည်း နေအိမ်ပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့ပုံကို သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဗွီဒီယိုဖိုင်ဖြင့် ဖော်ပြခဲ့သည်။

“ကျွန်တော်ကိုယ်တိုင် ကလေးဘဝက အိမ်ရာမဲ့ဖြစ်ခဲ့ရတော့ ဒီအလှူက ကျွန်တော့်အိပ်မက်တစ်ခုပါ။ လက်ရှိ ကျွန်တော့်ရဲ့ပန်းတိုင်က အိမ်ရာမဲ့ ပပျောက်သွားဖို့ပါပဲ” ဟု ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

(သူဌေးကြီး မာကိုရော်ဘင်ဆင်ရေးသားခဲ့သည့် အရောင်းရဆုံးစာအုပ်များ)

 

Close the Deal & Suddenly Grow Rich (ထုတ်ဝေသည့်ရက်စွဲ- Apr 03, 2018) (အပိုင်း ၄ ပိုင်းရှိ) The Financial Freedom Guarantee (ထုတ်ဝေသည့်ရက်စွဲ-Feb 29, 2016 )

 

 

သူဌေးကြီး မာကို ရော်ဘင်ဆင်၏ ဖေ့စ်ဘုတ်စာမျက်နှာ-

https://www.facebook.com/WealthRevolutionGroup/ personal account

https://www.facebook.com/MarcoRobinsonBestsellingAuthor ဝဘ်ဆိုက်- https://marcorobinson.com/

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ပန္းျခံခုံတန္းတြင္ အိပ္စက္ရသည့္ အိမ္ရာမဲ့ဘဝမွ အိမ္ျခံေျမေပါင္း ၁၀၀ ေက်ာ္ပိုင္ဆိုင္ကာ ေဒၚလာ သန္း ၄၀ ခန္႔ ခ်မ္းသာႂကြယ္ဝလာသည့္ အိမ္ျခံေျမလုပ္ငန္း႐ွင္ႀကီး

 

၁၉၆၈ ခုႏွစ္၊ ေမလ ၁၆ ရက္တြင္ အိမ္ျခံေျမလုပ္ငန္း႐ွင္ သူေဌးႀကီးျဖစ္လာမည့္ မာကို ေရာ္ဘင္ဆင္ဟု အမည္ရေသာ ကေလးငယ္တစ္ဦး ေမြးဖြားလာသည္။

မာကိုေရာ္ဘင္ဆင္၏ ငယ္စဥ္ဘဝမွာ နာက်င္စရာမ်ားျဖင့္ အတိၿပီး၏။ဖခင္ျဖစ္သူမွာ ရသမွ် လစာေငြကို ေလာင္းကစားျပဳလုပ္ကာ ကုန္ဆုံးလ်က္႐ွိေသာေၾကာင့္ မိခင္မွာ အိမ္၏ အေထြေထြစရိတ္ႏွင့္ စားစရိတ္မ်ားကို ျဖည့္တင္းေပးႏိုင္ရန္ အလုပ္ ၄ ခုခန္႔ လုပ္ကိုင္ခဲ့ရသည္။ဖခင္ျဖစ္သူမွာ ေလာင္းကစားနယ္မွ ႐ုန္းမထြက္ႏိုင္ေသာေၾကာင့္ မိခင္က မာကိုႏွင့္အတူ အိမ္မွ ထြက္လာခဲ့ၾကေသာ္လည္း သြားစရာေနရာမ႐ွိခဲ့။မိခင္ဘက္မွ မိသားစုမွာ လွည့္မၾကည့္ၾက။ ၿဗိတိန္ႏိုင္ငံတစ္ဝန္း လွည့္လည္သြားလာေနရကာ ပန္းျခံမ်ားထဲတြင္ ေနထိုင္ခဲ့ၾကရၿပီး ေက်ာင္းေပါင္း ၂၀ တြင္ အမ်ိဳးမ်ိဳး တက္ေရာက္ခဲ့ရသည္။

“အေဖက ကြၽန္ေတာ္ ၂ ႏွစ္သားအ႐ြယ္မွာ ဆုံးပါးသြားတယ္။ သူက ေလာင္းကစားသမား။ တစ္ၿမိဳ႕လုံးမွာ သူ႕အေႂကြးေတြတင္ေနခဲ့တယ္” ပန္းျခံမ်ားအတြင္းမွ ခုံတန္းမ်ားသည္ သူ၏လဲေလ်ာင္းရာ၊ အိပ္စက္ရာ ျဖစ္ခဲ့သည္။

 

ယင္းကာလတြင္ မိခင္က သားအမိ ၂ ဦး၏ ဘဝ တည္ၿငိမ္မႈရရန္ ရည္႐ြယ္ကာ ေနာက္အိမ္ေထာင္ျပဳလိုက္၏။ေနာက္အိမ္ေထာင္ျပဳခဲ့ေသာ္လည္း ကံမေကာင္းခဲ့ေခ်။ ညႇင္းပန္းႏွိပ္စက္ အႏိုင္က်င့္မႈမ်ားျဖင့္သာ ရင္ဆိုင္ခဲ့ၾကရၿပီး သားအမိႏွစ္ဦးမွာ လမ္းေပၚသို႔ ျပန္ေရာက္ခဲ့ရျပန္သည္။ငယ္စဥ္ဘဝတြင္ ေန႔စဥ္ အျခားသူမ်ား အႏိုင္က်င့္ျခင္းကို ခံခဲ့ရၿပီး ဆင္းရဲဒုကၡမ်ိဳးစုံေရာက္ခဲ့ရေၾကာင္း သူေဌးႀကီးမာကိုက ျပန္ေျပာင္းေျပာျပသည္။

ယေန႔တြင္ကား ကန္ေဒၚလာ သန္း ၄၀ ေက်ာ္တန္ေၾကး႐ွိသည့္ လုပ္ငန္းႀကီးကို ပိုင္ဆိုင္ထားေသာ ေဆာက္လုပ္ေရး developer အိမ္ျခံေျမလုပ္ငန္း႐ွင္ႀကီးတစ္ဦး ျဖစ္ေနၿပီ ျဖစ္ေလသည္။အသက္ ၁၆ ႏွစ္အ႐ြယ္သို႔ ေရာက္ခ်ိန္တြင္ မာကို ေက်ာင္းထြက္လိုက္ၿပီး အလုပ္ ၄ မ်ိဳး လုပ္ကိုင္ခဲ့၏။ စူပါမားကက္မ်ားတြင္ စင္မ်ားကို စီျခင္း၊ ၾကမ္းျပင္မ်ားသန္႔႐ွင္းေရးလုပ္ျခင္း အစ႐ွိသည့္အလုပ္မ်ားလုပ္ကိုင္ခဲ့ရသည္။မိခင္ႀကီးကို ေကာင္းစြာ ေကြၽးေမြးေစာင့္ေ႐ွာက္ႏိုင္ရန္အတြက္ အလုပ္မ်ားစြာလုပ္လိုသည့္ အပူမီးမွာ သူ၏ ခႏၶာကိုယ္အတြင္း ေတာက္ေလာင္ေနခဲ့သည္။ယင္းအခ်ိန္ခန္႔တြင္ပင္ မာကို၏ မိခင္သည္ လူေကာင္းသူေကာင္းတစ္ဦးႏွင့္ ထပ္မံဖူးစာဆုံခဲ့ျပန္သည္။သို႔ရာတြင္ မာကိုအေနျဖင့္မူ ကေလးဘဝတစ္ေလွ်ာက္ျဖတ္သန္းမႈ ဘဝအေတြ႕အၾကဳံမ်ားအရ မိမိကိုယ္သာ ကိုးကြယ္ရာျဖစ္ေၾကာင္း ရိပ္စားမိေနၿပီျဖစ္ရာ ကိုယ့္ထူးကိုယ္ခြၽန္၊ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ႏိုင္ရန္သာ ရည္မွန္းေတာ့သည္။

သို႔ႏွင့္ အလုပ္တစ္ခုၿပီးတစ္ခု ေျပာင္းလုပ္၏။ ေနာက္ဆုံးတြင္ အေရာင္းသမားဘဝ၌ ကာလအတန္ၾကာ ေက်ာက္ခ်ေနခဲ့သည္။အေရာင္းသမားဘဝတြင္ ကာလအတန္ၾကာလုပ္ကိုင္ခဲ့ေစကာမူ စင္စစ္ကား မာကိုသည္ အေရာင္းသမားေကာင္းတစ္ဦး မဟုတ္ခဲ့။သူ႕တြင္ မိမိကိုယ္မိမိယုံၾကည္ခ်က္လုံးဝမ႐ွိခဲ့။

တစ္ေန႔တြင္ကား ကုမၸဏီ၏ ထိပ္တန္းအေရာင္းသမားတစ္ဦးက မာကိုအား ဤသို႔ ေျပာ၏။

“မင္းဆီမွာ ထူးျခားတဲ့ အစြမ္းအစတစ္ခုခု႐ွိေနတယ္။ ေတာက္မယ့္မီးခဲလိုမ်ိဳးပဲ။ ဒါကို မင္းကိုယ္မင္းေတာ့ မျမင္ႏိုင္ဘူး။ ငါက ျမင္ေနရတယ္။ ဒီစာအုပ္ကို ဖတ္ၾကည့္ေစခ်င္တယ္။ ဒါက ငါ့ရဲ႕အေၾကာက္တရားေတြကို ေက်ာ္လႊားဖို႔ ႏွစ္ေပါင္းမ်ားစြာ အကူအညီေပးခဲ့တယ္။ ဘယ္သူ႕ကိုမွေတာ့ မေျပာနဲ႔။ စာအုပ္က ေျပာခ်င္တဲ့ ဆိုလိုရင္းကို အသိဉာဏ္ပြင့္သြားတဲ့အထိ အႀကိမ္ႀကိမ္၊ အထပ္ထပ္ဖတ္ပါ”

သို႔ႏွင့္ မာကိုလည္း အဆိုပါစာအုပ္ကို ၈ ႀကိမ္တိတိဖတ္႐ႈခဲ့၏။ စာအုပ္ဖတ္ၿပီးေနာက္ပိုင္း မာကို႔ထံတြင္ ယုံၾကည္ခ်က္အျပည့္႐ွိလာသည္။အေရာင္းသမားဘဝ စတင္ခဲ့စဥ္က ျငင္းပယ္ခံခဲ့ရသည့္ ေဖာက္သည္မ်ားထံ ယုံၾကည္ခ်က္အျပည့္ျဖင့္ တဖန္ျပန္သြား၏။၄ နာရီခန္႔အၾကာတြင္ကား ေဖာက္သည္တို႔က ဝယ္ယူလိုက္ၾကၿပီး သူ႕ထံ ေဒၚလာ ၁၀၀၀၀ ေပးလိုက္ေလသည္။မာကိုလည္း မ်ားစြာတုန္လႈပ္သြားၿပီး အဘယ္ေၾကာင့္ ဝယ္ယူျဖစ္သနည္းဟု ေမးျမန္းခဲ့ရာ မိမိေရာင္းခ်သည့္အရာအေပၚ ယုံၾကည္ခ်က္ အျပည့္႐ွိေနသည္ကို ေတြ႕ျမင္ရေသာေၾကာင့္ ၎တို႔လည္း လိုခ်င္စိတ္ေပၚလာသျဖင့္ ဝယ္ယူျခင္းျဖစ္သည္ဟု ေျဖၾကသည္။မာကို၏ ဘဝတြင္ ယင္းျဖစ္ရပ္ကေလးကို ထာဝရစြဲမွတ္ထားခဲ့သည္။

ထိုႏွစ္တြင္ မာကိုသည္ ကုမၸဏီ၏ တစ္ႏွစ္တာ ေရာင္းအားအေကာင္းဆုံး အေရာင္းသမား -salesperson of the year ျဖစ္လာခဲ့သည္။ယင္းေနာက္ပိုင္း ေအာင္ျမင္မႈမ်ား ႀကီးမားစြာရ႐ွိလာခဲ့သည္။သို႔ေသာ္ ႀကီးမားသည့္အခက္အခဲမ်ား၊ ႐ုန္းကန္ရမႈမ်ားႏွင့္ကား အၿမဲရင္ဆိုင္ခဲ့ရသည္။ေအာင္ျမင္မႈထိပ္ဆုံးသို႔ ေရာက္ၿပီးမွပင္ အလုပ္လက္မဲ့ျဖစ္ခဲ့ျပန္ရ၏။ စြန္႔ဦးတီထြင္လုပ္ငန္း႐ွင္တစ္ဦးျဖစ္လာရန္အတြက္ အ႐ႈံးၿပီး အ႐ႈံးမ်ားျဖင့္ ျဖတ္ေက်ာ္ခဲ့ရသည္။

အသက္ ၁၅ ႏွစ္အ႐ြယ္က စတင္ခဲ့ေသာ အိမ္ေထာင္ေရးမွာလည္း ခ်စ္စဖြယ္ ရင္ေသြး ၂ ဦး ထြန္းကားၿပီးေနာက္တြင္ပင္ မတည္ၿငိမ္ခဲ့။အိမ္ေထာင္မၿပိဳကြဲေစရန္ အႀကိမ္ႀကိမ္ႀကိဳးပမ္းခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ကား ဇနီးျဖစ္သူကို ေက်ာခိုင္းလမ္းခြဲခဲ့ေတာ့သည္။

အိမ္ေထာင္ၿပိဳကြဲခဲ့ေသာ ၂၀၀၈ ခုႏွစ္၊ အသက္ ၄၀ အ႐ြယ္တြင္ မာကိုတြင္ ပိုင္ဆိုင္မႈဟူ၍ ႏွစ္ ၂၀ သက္တမ္း႐ွိ ေဗာ္လ္ဗို ကားတစ္စင္းႏွင့္ လက္ပ္ေတာ့အေဟာင္းတစ္လုံးသာ႐ွိသည္။မာကိုလည္း မိမိ၏ လက္႐ွိအေျခအေနႏွင့္ ေက်ာ္လြန္ျဖတ္သန္းခဲ့ၿပီးေသာ ဘဝအေျခအေနမ်ားကို ျပန္လည္စဥ္းစားသုံးသပ္ရာ သင္ခန္းစာယူဖြယ္ရာ၊ မွတ္သားဖြယ္ရာမ်ား မ်ားစြာ႐ွိေနသည္ကို ေတြ႕ရသျဖင့္ ထိုအေၾကာင္းမ်ားကို မွတ္တမ္းေရးသားခဲ့၏။

ယင္းေနာက္ စာအုပ္တစ္အုပ္ ေရးသားထုတ္ေဝခဲ့ရာ နံပါတ္ ၁ အေရာင္းရဆုံး စာအုပ္ျဖစ္လာရာ မာကိုမွာ မ်ားစြာအံ့ၾသတုန္လႈပ္သြား ခဲ့သည္။အဆိုပါ စာအုပ္တြင္ ၁၀ ႏွစ္တာ ကာလအတြင္း အေရာင္းသမားတစ္ဦးအျဖစ္ ဘဝျဖတ္သန္းခဲ့ရာတြင္ ကန္ေဒၚလာ ၁ ဘီလီယံဖိုးခန္႔ ေရာင္းထြက္ေအာင္ ႀကိဳးပမ္းခဲ့ပုံမ်ားကို ေဖာ္ျပထားသည္။

ထိုသို႔ ေအာင္ျမင္ေသာစာေရးဆရာျဖစ္လာၿပီးေနာက္ တစ္ရက္တြင္ မိမိကိုယ္မိမိ ေမးခြန္းတစ္ခု ေမးမိ၏။

“ငါ..ကိုယ္တိုင္ေကာ သန္းႂကြယ္သူေဌးျဖစ္ေအာင္ ဘယ္လိုလုပ္ႏိုင္မလဲ” ဟု ေမးမိ၏။ BMW ႏွင့္ Citibank တို႔ကဲ့သို႔ အလြန္ႀကီးမားေသာ ကုမၸဏီမ်ား၏ ဝန္ထမ္းမ်ားကို ဆုအျဖစ္ မက္လုံးေပးသည့္ ခရီးစဥ္မ်ား စီစဥ္လုပ္ကိုင္ေပးရန္ အၾကံရခဲ့၏။အၾကံေကာင္းေတာ့တစ္ခ်က္ဟု ဆိုရမည္။

၂၀၀၉ ခုႏွစ္တြင္ ထိုအၾကံအတိုင္းအေကာင္အထည္ေဖာ္ခဲ့ရာ ကန္ေဒၚလာ ၁၂ သန္းခန္႔ ႂကြယ္ဝလာခဲ့၏။ေငြရင္းရသြားၿပီးေနာက္ အိမ္ျခံေျမလုပ္ငန္းက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့ရာ ၂၀၁၄/၁၅ ခုႏွစ္တြင္ အေကာင္းဆုံး အိမ္ျခံေျမရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီဆု ရ႐ွိခဲ့သည္။

ထို႔အျပင္ အာ႐ွတိုက္၏ သူရဲေကာင္းဆုတစ္ခုျဖစ္ေသာ မေလး႐ွားႏိုင္ငံမွ ေပးအပ္သည့္ Dato' Seri ဘြဲ႕လည္း ရ႐ွိခဲ့၏။အိမ္ျခံေျမက႑အျပင္ အပန္းေျဖလုပ္ငန္းနယ္သို႔လည္း ဝင္ေရာက္ခဲ့ၿပီး Naked Group ကို တည္ေထာင္ခဲ့ရာ ဆုရထားသည့္ လုပ္ငန္းမ်ားျဖစ္ေသာ Naked Restaurant & Bar ႏွင့္ Naked beauty bars တို႔လည္း အပါအဝင္ ျဖစ္သည္။

ယခုအခ်ိန္တြင္ မာကိုေရာ္ဘင္ဆင္သည္ အိမ္ျခံေျမေပါင္း ၁၀၀ ခန္႔ ပိုင္ဆိုင္ထားၿပီး အိမ္ျခံေျမ developer ၊ ကိုယ့္ထူးကိုယ္ခြၽန္ သန္းႂကြယ္သူေဌးႀကီးအျဖစ္ ကမ႓ာေက်ာ္လ်က္႐ွိေနၿပီျဖစ္သည္။

ေအာင္ျမင္မႈအထြတ္အထိပ္သို႔ ေရာက္႐ွိသြားေသာ္လည္း မစၥတာေရာ္ဘင္ဆင္က ၾကမ္းတမ္းစြာျဖတ္သန္း႐ုန္းကန္ခဲ့ရသည္မ်ားကို မည္သည့္အခါမွ် မေမ့။ၿဗိတိန္တြင္ ပရိေဘာဂ အျပည့္အစုံထည့္သြင္းေပးထားသည့္ ေနအိမ္ ၃ လုံးကို မေျပလည္သည့္ မိသားစုမ်ားအား အခမဲ့ေပးခဲ့ဖူးသည္။

အဆိုပါေနအိမ္မ်ား၏ ေရ၊ မီး အစ႐ွိသည့္ အသုံးစရိတ္ကုန္က်ေငြမ်ားကိုလည္း မာကိုေရာ္ဘင္ဆင္ကပင္ ဆက္လက္က်ခံေပးလ်က္ ႐ွိသည္ဟု ဆိုသည္။မစၥတာ ေရာ္ဘင္ဆင္က ေနအိမ္မ်ားေပးအပ္ခဲ့သူမ်ားမွာ ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးအေမတစ္ဦး၊ ဆီးရီးယားမိသားစုတစ္စုႏွင့္၊ မ်က္မျမင္ အမ်ိဳးသမီးတစ္ဦးတို႔သို႔ ျဖစ္သည္။ဆီးရီးယားမိသားစုမွာ အိမ္ရာမဲ့မ်ားျဖစ္ကာ ဘုရားေက်ာင္းၾကမ္းျပင္၊ တံတားေအာက္ အစ႐ွိသည့္ေနရာမ်ားတြင္ အိပ္စက္ၾကရသူမ်ား ျဖစ္ၾကသည္။

မစၥတာေရာ္ဘင္ဆင္ မူလက ရည္႐ြယ္သည္မွာ ေနအိမ္တစ္လုံးသာ လႉဒါန္းရန္ ရည္႐ြယ္ခဲ့ေသာ္လည္း ေလွ်ာက္ထားသူေပါင္း ၈၀၀၀ ခန္႔႐ွိေနကာ လိုအပ္ခ်က္မ်ားသူမ်ား႐ွိေနသည္ကို ေတြ႕ရေသာေၾကာင့္ တစ္ဦးတည္းေ႐ြးခ်ယ္ရန္ မျဖစ္ႏိုင္ေတာ့ေခ်။

“ဒါေၾကာင့္ ကြၽန္ေတာ္က ေနအိမ္တစ္လုံးပဲ လႉဖို႔ စီစဥ္ထားရာကေန ၃ လုံးလႉျဖစ္သြားတာပါ။ ေနာက္ဆုံးေ႐ြးလိုက္တဲ့ ၃ ဦးဆိုရင္ ဘဝအေျခအေန အေတာ္ေလးဆိုး႐ြားေနၾက႐ွာသူေတြပါ။ ဒီေတာ့ တစ္ေယာက္တည္းကိုပဲ မေ႐ြးေတာ့ဘဲ သူတို႔ ၃ ဦးလုံးကို ကူညီလိုက္ရတာ ျဖစ္ပါတယ္။ ”

“ဒီလိုအေျခအေနေတြ ရင္ဆိုင္ေနရတာဟာ သူတို႔ရဲ႕အမွားေၾကာင့္ မဟုတ္ပါဘူး။ သူတို႔ေတြဟာ အလုပ္ႀကိဳးစားၾကသူေတြပါ။ သူတို႔မွာ ထူးခြၽန္တဲ့အခ်က္ေတြ ကိုယ္စီ႐ွိၾကတယ္။ ေျမေတာင္သာေျမႇာက္ေပးလိုက္မယ္ဆိုရင္ ပိုေကာင္းတဲ့ဘဝမ်ိဳး သူတို႔ ပိုင္ဆိုင္ၾကလိမ့္မယ္ ဆိုတာ ကြၽန္ေတာ္သိပါတယ္” ဟု မစၥတာ ေရာ္ဘင္ဆင္က ဆိုသည္။

ေနအိမ္မ်ားရ႐ွိၿပီးေနာက္ပိုင္း ကေလးအေမ ဟိုလီမွာ တကၠသိုလ္တက္ခဲ့ၿပီး စာနယ္ဇင္းေလာကတြင္ ဝင္ေရာက္အလုပ္လုပ္ကိုင္လ်က္ ႐ွိသည္။ဆီးရီးယားမိသားစုမွာ ႏိုင္ငံေရးခိုလႈံခြင့္ေလွ်ာက္ထားရယူကာ ဖခင္မွာ ပီအိတ္ခ်္ဒီဘြဲ႕ရခဲ့ၿပီး သားျဖစ္သူမွာလည္း စာရင္းကိုင္ဘြဲ႕ ရ႐ွိခဲ့သည္။

မစၥတာ ေရာ္ဘင္ဆင္သည္ ဘဝကို ၾကမ္းတမ္းစြာ႐ုန္းကန္ေနၾကရသည့္ မိသားစုမ်ားအတြက္ ေနအိမ္မ်ား ေပးႏိုင္ရန္ Home Giver အမည္႐ွိ ေဖာင္ေဒး႐ွင္းတစ္ခု တည္ေထာင္လိုက္ၿပီ ျဖစ္၏။မစၥတာေရာ္ဘင္ဆင္က အျခားျပည္သူတို႔၏ လႉဒါန္းမႈမ်ားလည္း လက္ခံသြားမည္ျဖစ္ကာ ေဖာင္ေဒး႐ွင္းကို ကမ႓ာ့အဆင့္အထိ ျမႇင့္တင္သြားႏိုင္ရန္ ရည္မွန္းထားသည္။

မစၥတာ ေရာ္ဘင္ဆင္သည္ မၾကာေသးမီကပင္ ပီ႐ူးႏိုင္ငံ႐ွိ အိမ္ယာမဲ့မ်ားေနထိုင္ရန္အတြက္လည္း ေနအိမ္ေပါင္းမ်ားစြာ ေဆာက္လုပ္လႉဒါန္းခဲ့ပုံကို သူ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ ဗြီဒီယိုဖိုင္ျဖင့္ ေဖာ္ျပခဲ့သည္။

“ကြၽန္ေတာ္ကိုယ္တိုင္ ကေလးဘဝက အိမ္ရာမဲ့ျဖစ္ခဲ့ရေတာ့ ဒီအလႉက ကြၽန္ေတာ့္အိပ္မက္တစ္ခုပါ။ လက္႐ွိ ကြၽန္ေတာ့္ရဲ႕ပန္းတိုင္က အိမ္ရာမဲ့ ပေပ်ာက္သြားဖို႔ပါပဲ” ဟု ေဖ့စ္ဘုတ္တြင္ ေရးသားထားသည္။

(သူေဌးႀကီး မာကိုေရာ္ဘင္ဆင္ေရးသားခဲ့သည့္ အေရာင္းရဆုံးစာအုပ္မ်ား)

Close the Deal & Suddenly Grow Rich (ထုတ္ေဝသည့္ရက္စြဲ- Apr 03, 2018) (အပိုင္း ၄ ပိုင္း႐ွိ) The Financial Freedom Guarantee (ထုတ္ေဝသည့္ရက္စြဲ-Feb 29, 2016 )

သူေဌးႀကီး မာကို ေရာ္ဘင္ဆင္၏ ေဖ့စ္ဘုတ္စာမ်က္ႏွာ- https://www.facebook.com/WealthRevolutionGroup/ personal account

https://www.facebook.com/MarcoRobinsonBestsellingAuthor ဝဘ္ဆိုက္- https://marcorobinson.com/

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service