လိုင်စင်မြေ ဆိုသည်မှာ..

လိုင်စင်မြေ ဆိုသည်မှာ.. - Property Knowledge in Myanmar from iMyanmarHouse.com
27 Aug 2018 12:52 pm တွင် တင်ခဲ့သည်
1517 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာများ အက်ဥပဒေ ပုဒ်မ ၄(၇) အရ သတ်မှတ်ထားပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးဆွဲခွင့် ပြုထားသောမြေဖြစ်သည်။ လိုင်စဟူသော မြေအမျိုးအစားမှာ မြို့ပြရပ်ကွက် အတည်တကျမရှိသော ရပ်ကွက်များတွင် ယာယီအသုံးပြုသော တစ်နှစ်မှ သုံးနှစ်အထိ ချထားပေးသောမြေမျိုးဖြစ်သည်။ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြို့နှင့် ရွာမြေ အက်ဥပဒေ ပုဒ်မ (၁၆) အရ အစိုးရလက်ဝယ်ရှိမြေများကို မြေငှားချထားရာတွင် နှစ်တိုနှစ်ရှည် မြေငှားစာချုပ်များ ချုပ်ဆို၍ ငှားရမ်းခြင်းရှိသကဲ့သို့ တစ်နှစ်မှ သုံးနှစ်အထိ လိုင်စင်များထုတ်ပေး၍ ငှားရမ်းခြင်းများလည်း ရှိခဲ့သည်။

ရန်ကုန်ဆင်ခြေဖုံးအရာရှိ RSDO ( RANGOON SUBURBAN DEVELOPEMENT OFFICE ) သည် ရန်ကုန်စည်ပင်သာယာရေးအဖွဲ့ (R.D.T) စီမံခန့်ခွဲသော နယ်မြေအပြင်ဘက်တွင်ရှိသော ရန်ကုန်ဆင်ခြေဖုံးဒေသဟု ခေါ်တွင်သည့် သင်္ဃန်းကျွန်း၊ ကံဘဲ့၊ သမိုင်းနှင့် ကမာရွတ် နယ်မြေများတွင်လည်းကောင်း၊ အစိုးရသီးခြားကြေငြာ၍ အာဏာအပ်နှင်းသည့် အင်းစိန်မြို့နယ်အတွင်းရှိ မြေများတွင်လည်းကောင်း ၁၉၆၃ ခုနှစ်မတိုင်မီက အဆောက်အအုံ ဆောက်လုပ်နေထိုင်ရန်အတွက် လိုင်စင်များထုတ်ပေးခဲ့ ဖူးသည်။

တစ်ချိန်က အစိုးရသည် အကြောင်းကြောင်းကြောင့် နှစ်ရှည်မြေငှားစာချုပ်ထုတ်ပေးရန် မသင့်လျော်သေးသည့် မြေများကို လိုင်စင်ရှိသကဲ့သို့ မြေငှားစာချုပ်ဖြင့် နှစ်ရှည်အငှား ချထားနိုင်သည့် မြေများကိုလည်း လိုင်စင်ထုတ်ပေးခဲ့သည်။ နှစ်ရှည်မြေငှားစာချုပ်ထုတ်ပေးနိုင်သော မြေများကိုလည်း ဦးစွာပထမ လိုင်စင်ထုတ်ပေးသည့် ရည်ရွယ်ချက်များ အမှတ်တကယ် အိမ်မဆောက်လုပ်ပဲ မြေကိုရောင်းစား အမြတ်ထုတ်မှုကို ကာကွယ်ရန်ဖြစ်သည်။ တစ်နည်းအားဖြင့် လိုင်စင်ရထားသူက မလွဲမသွေ အိမ်ဆောက်လုပ်နေထိုင်ရန်နှင့် နှစ်ရှည်မြေငှားစာချုပ်ကို ဆက်လက် လျှောက်ထားတောင်းဆိုစေရန် ရည်ရွယ်ထားရှိခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံ ဆောက်လုပ်နေထိုင်ရန်အတွက်လည်းကောင်း၊ သီးပင်နှံပင်များ စိုက်ပျိုးလုပ်ကိုင်ရန်အတွက် လည်းကောင်း၊ တစ်နှစ်သို့မဟုတ် သုံးနှစ်အထိ ထုတ်ပေးခဲ့သော သက်တမ်းကုန်ဆုံးပြီးဖြစ်သည့် လိုင်စင်မြေများကို အစိုးရမြေအဖြစ် သတ်မှတ်ပြီးလျှင် မြေကွက်ပေါ်တွင်ရှိသူအား ကျူးလွန်သူအဖြစ် ၁၉၆၅-၆၆ ခုနှစ်မှစ၍ ကျူးကျော်ခွန်စည်းကျပ်ကောက်ခံရန် အိုးအိမ်ကော်ပိုရေးရှင်းက ၁၉၆၆ ခုနှစ်၊ မေ၊ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြေငှားစာချုပ်နှင့် လိုင်စင်၏ အဓိက ခြားနားချက်မှာ မြေငှားစာချုပ်မြေကို အထူးကန့်သတ်ချက်များ မပါရှိပါက ထပ်ဆင့်လွှဲပြောင်း၊ ပေးကမ်း၊ ပေါင်နှံ၊ ရောင်းချပိုင်ခွင့်ရှိသည့်အပြင် အမွေဆက်ခံခွင့်လည်း ရှိ၍ လိုင်စင်မြေမှာ ပုဂ္ဂိုလ်စွဲအနေဖြင့် ပေးထားသော အခွင့်အရေးတစ်ရပ် (PERSONAL RIGHT) သာဖြစ်၍ မြေကို တစ်ဆင့်လွှဲပြောင်း၊ ပေးကမ်း၊ ပေါင်နှံ၊ ရောင်းချပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့် မရှိချေ။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် အဆောက်အအုံဆောက်လုပ်၍ လူနေထိုင်ရန် လိုင်စင်ပေးထားသော မြေများကို မူလအမည်ဖြင့်ပင် လိုင်စင်မြေအဖြစ် ဆက်လက် အသိအမှတ်ပြုခဲ့ပြီး ဂရန်ထုတ်ပေးရန် စီစဉ်ဆောင်ရွတ်ခဲ့သည်။

အိမ်ဆောက်လုပ်နေထိုင်ခွင့်ပြုခဲ့သော သက်တမ်းကုန်၍ အစိုးရမြေအဖြစ် ပြန်လည်သတ်မှတ်ခြင်းခံရသော မြေများနှင့်ပတ်သက်၍ ပိုင်ဆိုင်မှု မှန်ကန်ပြီး အိမ်ဆောက်လုပ်နေထိုင်သူများကို မြေငှားစာချုပ် အသစ်ထုတ်ပေးခဲ့သည်။

အိမ်စောင့်အစိုးရလက်ထက် မြို့သစ်များပေါ်ပေါက်ခဲ့ရာတွင် မြေကွက်များကိုချထားပေးရာ၌ လိုင်စင်မြေနှင့် ပါမစ်မြေ (ချထားမြေ) အဖြစ်သတ်မှတ်ပေးခဲ့သည်။

Credit: ဦးဇော်မြင့်ဦး

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service