ဖုန်းရွှေနည်းအရ ဘယ်လိုမြေကွက်ပုံစံကို ဘယ်လိုပြုပြင်တည်ဆောက်မလဲ

ဖုန်းရွှေနည်းအရ ဘယ်လိုမြေကွက်ပုံစံကို ဘယ်လိုပြုပြင်တည်ဆောက်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
29 Jun 2018 12:06 pm တွင် တင်ခဲ့သည်
2835 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဖုန်းရွှေနည်းအရပြောရင် တြိဂံမြေကွက်ပေါ်မှာ ဘယ်လိုအိမ်ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် အိမ်ဆောက်နေမယ်ဆိုရင် အိမ်သူအိမ်သားတွေဟာ စိတ်ဖိစီးမှုကို ခံရမယ်။ အိမ်သူအိမ်သားတွေ စည်းလုံးမှုမရှိဘဲ မသင့်မြတ်မှုတွေသာ ဖြစ်မယ်။

စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ရင် ဆုံးရှုံးမယ်။ အိမ်ထောင်ရှင်တွေရှိရင်လည်း အိမ်ထောင်ဘက် တစ်ဦးဦး သစ္စာဖောက်လိမ့်မယ်။ တြိဂံမြေကွက်ပေါ်မှာ အိမ်ဆောက်ရင် အိမ်ရှေ့ဘက်ကျတဲ့ထောင့်စွန်းမှာ ဓာတ်မီးတိုင်ထားရမယ်။ ဒါမှမဟုတ်ရင် အလံတိုင်တစ်ခု ထားရမယ်။ အလံတိုင်ကို အလံလွှင့်ထားရင် ပိုကောင်းမယ်။ တြိဂံမြေကွက်ထဲမှာပဲ ကြက်လျှားစွန်းလို မြေကွက်မျိုးမှာ ချွန်မြတဲ့ထောင့်စွန်းတစ်ခုပါစမြဲပဲ။ အဲသည်ထောင့်စွန်းကို စည်းရိုးပင်တွေ ထူထူစိုက်ပြီး ဖြတ်ပစ်လိုက်ပါ။

မြန်မာပြည်မှာ အများဆုံး အစိုက်များတာက ပုဏ္ဏရိပ်ပင်တွေများတယ်။ ပုဏ္ဏရိပ်ပင်ဟာ အကောင်းဆုံး ခြံစည်းရိုးပင်ပါ။ ထောင့်ချိုးမညီတဲ့ မြေကွက်တွေ၊ တြာပီဇီယံပုံ မြေကွက်တွေ၊ ဇလားပုံမြေကွက်တွေကို အထူးရှောင်ရမယ်။ ဖုန်းရွှေကောင်းလာအောင် ယင်၊ ယန်ညှိ ပေးဖို့ သိပ်ခက်ပါတယ်။ ထောင့်မှန်မကျတဲ့ဘက်မှာ ပုဏ္ဏရိပ်ပင်တွေစိုက်ပြီး ယင်၊ ယန်ကို ညှိပေးရတယ်။ အုတ်တံတိုင်းကာထားရင်လည်း အုတ်တံတိုင်းတစ်လျှောက်မှာ ပန်းအိုးလေးတွေစီပြီး အလှစိုက်ထားပါ။ အနားမညီ၊ ပုံစံမမှန်တဲ့ မြေကွက်တွေကတော့ မြို့ပြအိမ်ရာကွက်တွေမှာ တွေ့ခဲ့ပါတယ်။

အနားမညီ၊ ထောင့်မညီ၊ ပုံစံမမှန်တဲ့ မြေကွက်တွေထဲမှာဆိုရင် ရှေ့ကားပြီး နောက်ရှူးသွားတဲ့ မြေကွက်ရယ်၊ ရှေ့ရှူးပြီး နောက်ကို ကားသွားတဲ့ ဇလားပုံလို့ခေါ်တဲ့ တြာပီဇီယံပုံစံမြေကွက်တွေ အတွေ့များတတ်ပါတယ်။ အထူးသဖြင့် အဲသည်မြေကွက်မျိုးတွေက လမ်းထောင့်တွေမှာ ရှိတာများတယ်။

အဲသည်လို ဇလားပုံ အမှောက်မြေကွက်၊ ဇလားပုံအလှန်မြေကွက်တွေမှာ လမ်းကျဉ်ထောင့်လို့ခေါ်တဲ့ အနံသေးသွားတဲ့ဘက်မှာ မီးတိုင်စိုက်ပေးရတယ်။ လျှပ်စစ်ဓာတ်တိုင်တွေ စိုက်ပေးရတယ်။ အုန်းပင်၊ ကွမ်းသီးပင်တွေ စိုက်ရင်လည်း ရပါတယ်။ အလံတိုင်စိုက်ရင်လည်း ရပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးတိုင်ကတော့ အကောင်းဆုံးပါပဲ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service