အမှန်ကို သင်ပေးပါ၊ အမှားမပြမိပါစေနဲ့ အိမ်ခြံမြေအကျိုးဆောင်တို့ရဲ့

အမှန်ကို သင်ပေးပါ၊ အမှားမပြမိပါစေနဲ့ အိမ်ခြံမြေအကျိုးဆောင်တို့ရဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
28 Jun 2018 1:10 pm တွင် တင်ခဲ့သည်
2655 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အိမ်နီးနားချင်းကောင်း မှ လင်ကောင်းရ၊ တစ်အိမ်ထောင်ဖြစ်မယ့်အရေး ဆယ်အိမ် ထောင်ဝိုင်းဖျက် ဆိုတဲ့ ဆိုရိုးစကားတွေ ဟာ မိန်းမပျိုတစ်ဦး အိမ်ထောင်ပြုမယ် လို့ ဆုံးဖြတ်တဲ့အခါ မလွဲမသွေတွေ့ကြုံ ရမယ့် အခက်အခဲတွေပါ။ မိမိနဲ့ ဘ၀ ကြင်ဖော်အဖြစ် လက်တွဲတော့မယ့် လူပျို ဖြစ်သူကလည်း မိမိနဲ့ လက်ထပ်မယ့် မိန်းမပျိုလေးရဲ့ ကိုယ်ကျင့်တရားကောင်း မကောင်း၊ ပြောဆိုနေထိုင်ရာမှာ လိမ်မာ ယဉ်ကျေးမှုရှိမရှိ၊ ပတ်ဝန်းကျင်နဲ့ သဟ ဇာတ ရှိမရှိ၊ အိမ်မှုတာဝန်ကျေပွန်မှုရှိ မရှိနဲ့ မိန်းမပျိုရဲ့ မိဘမျိုးရိုးကောင်းမကောင်း အစရှိသဖြင့် ရှေးဦးစွာ အကဲခတ် လေ့လာတတ်ကြပါတယ်။

+++ အိမ်ခြံမြေအကျိုးဆောင်ကောင်းနဲ့တွေ့ မှ ရောင်းသူဝယ်သူ အဆင်ပြေ +++

ဒီလို လေ့လာတဲ့အခါမှာ မိန်းမပျိုရဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်နီးနားချင်းတွေရဲ့ထံမှာ ရှေးဦးစွာ စုံစမ်းထောက်လှမ်းကြလေ့ရှိတယ်။ အဲဒီ လို ထောက်လှမ်းတဲ့အခါ သမာသမတ် မျှတတဲ့ အိမ်နီးနားချင်းကို ချဉ်းကပ်ပြီး မေးမိဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိန်းမ ပျိုရဲ့ဘ၀အခြေအနေမှန်ကို တိတိကျကျ သိနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ မိန်းမပျို ရဲ့ မိဘတွေနဲ့ မတည့်တဲ့ ခြေရင်းခေါင်း ရင်း အိမ်နီးနားချင်းများကို မေးမိပါက မိမိချစ်သူအပေါ်မှာ အထင်အမြင်လွှဲ မှားစေတဲ့ သွားပုပ်လေလွင့်စကားတွေ ကို သူတို့ထံက သိလိုက်ရရင်ပဲဖြစ်ဖြစ် ကြားလိုက်ရရင်ပဲဖြစ်ဖြစ်၊ ချစ်သူအပေါ် မှာ အထင်အမြင်သေးသွားတတ်ပါတယ်။ ဒါနဲ့ နောက်ဆုံးအခြေအနေမှန်ကို ထပ်မံ သိနိုင်ဖို့ လက်ထပ်မည့်ရက်ကို ရွှေ့ဆိုင်း လိုက်ရတာမျိုး မင်္ဂလာပွဲပျက်သွားတာ မျိုးတွေအထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်လည်း အထက်ပါ ဆိုရိုးလေး တွေကို ရှေးလူကြီးသူမများက နှောင်း လူငယ်တွေအတွက် ထားရစ်ခဲ့ကြတာ လို့ ထင်ပါတယ်

+++ အိမ်ခြံမြေ၀ယ်တော့မလား၊ သည်းခံခြင်း ကို အဓိကထား +++

အိမ်ထောင်ပြုတော့မယ့် မိန်းမ ပျိုတစ်ဦးအတွက် ပတ်ဝန်းကျင်ရဲ့ ရိုက် ခတ်မှုဒဏ်ကို ခံစားရသလို ကျွန်ုပ်တို့ အိမ်ခြံမြေအရောင်းအ၀ယ်လောကမှာ လည်း အဲဒီမိန်းမပျိုနဲ့အလားတူ အိမ်ခြံ မြေအကျိုးဆောင်တွေရဲ့ ရိုက်ခတ်မှုဒဏ် ကို ခံစားကြရပါတယ်။ ဒီလိုကြုံလာရင် ခနီ်္တ၊ ပရမံ၊ တပေါ (သည်းခံခြင်းသည် မြတ်သောအကျင့်တည်း)ဟူသော ဗုဒ္ဓရဲ့ အဆုံးအမကို နှလုံးသွင်းနိုင်မှ တန်ကာ ကျပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်း က တောင်ဒဂုံ “မင်းရဲကောင်းပုံ”လမ်းမ ကြီးပေါ်က (ပေ၄၀ x ပေ၆၀)မြေတစ် ကွက်ကို ကျွန်ုပ်ရဲ့ မိတ်ဆွေတစ်ဦးနဲ့ သွားပြီးဝယ်ပါတယ်။ မြေကွက်ရောင်းသူ ဟာ မိမိရောင်းမယ့်မြေကွက်ကို အိမ်ခြံ မြေအကျိုးဆောင်ထံမှာ အပ်နှံထားတယ် ဆိုလို့ အဲဒီအကျိုးဆောင်ရုံးခန်းမှာပဲ စရန်ပေးစာချုပ်ဖို့ ဆုံးဖြတ်ကြပါတယ်။ နှစ်ဖက်ဈေးညှိကြလို့ အဆင်ပြေတာနဲ့ စာရွက်စာတမ်းတွေ ပြခိုင်းပါတယ်။

မြေချပါမစ်စာရွက်က အပြည့်အစုံပါ၊ စာချုပ်အဆက်အစပ်ကို မပြပါဒီတော့မှ ရောင်းသူကလည်း မြေချပါမစ်မူရင်းကို ထုတ်ပြပါတယ်။ မြေချပါမစ်ကတော့ ၁၉၉၃ ခုနှစ်က ထုတ် ပေးထားတယ်။ ပါမစ်အဟောင်းလည်း ဖြစ်တယ်။ မိသားစုဓာတ်ပုံ၊ မြေကွက် ရသူရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းအိမ်ရာ ဆောက်လုပ်ခွင့် မှီခိုသူစာရင်းတွေပါ တယ်။ အိုးအိမ်ဦးစီးဌာနမှာ စာရင်းသွင်း ပြီးသားဖြစ်တယ်။ အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့ ဘဏ်ငွေချေးမြေပုံနဲ့ အ၀ီစိ တွင်းတူးရန် မြေပုံ/ မြေရာဇ၀င်တွေ လည်း အဆစ်ပါသေးတယ်။ အိုးအိမ် စည်းတံဆိပ်များ၊ ဒုတိယညွှန်ကြားရေးမှူး လက်မှတ်နဲ့ မြို့နယ်အိုးအိမ်ဦးစီးဌာနက ဦးစီးအရာရှိတို့ရဲ့လက်မှတ်နဲ့ မှတ်ပုံတင် သွင်ပြီးကြောင်း စာရေးလက်မှတ်တို့လည်း အပြည့်အစုံပါလို့ ပါမစ်တစ်စုံမှာပါရှိရ မယ့် အထောက်အထားတွေ ပြည့်စုံတာ ကို တွေ့ရပါတယ်။ ဒါကြောင့် ၀ယ်မယ် ဆိုရင် ၀ယ်လို့ရပြီပေါ့။

ဒါပေမယ့် ရောင်းသူအမည်ပေါက် ပါမစ်မဟုတ်လို့ စာချုပ်အဆက် အစပ်တွေပြပါဆိုတော့ “မလိုပါဘူး၊ ပါမစ် မူရင်းပြပြီးပြီပဲ၊ အရောင်းအ၀ယ်လုပ် လို့ရပါပြီ”လို့ ရောင်းသူက ခပ်တည်တည် ပြောနေပါတယ်။ “ဒါဆိုရင် ငါတို့မ၀ယ် တော့ဘူး ပြန်တော့မယ်”လို့ ကျွန်ုပ်က ပြောလိုက်တော့မှ “ဟင်...ဘာဖြစ်လို့ လဲ။ ပါမစ်က အစစ်အမှန်ပါလို့ ရှေ့နေ ကြီးပဲပြောပြီးတော့၊ ဘာကြောင့် မ၀ယ် ချင်ရတာလဲ”လို့ ရောင်းသူက အလန့် တကြားမေးပါတယ်။ “မြေချပါမစ် စာရွက် စာတမ်းတွေ ပြည့်စုံရုံနဲ့ ဘယ်ဝယ်လို့ ဖြစ်မှာလဲ။ ငါ့ညီက ပါမစ်အမည်ပေါက် မဟုတ်ခဲ့ရင် စာချုပ်အဆက်အစပ်ခိုင်မာ ဖို့ လိုတယ်လေ။

ဥပမာကွာ...“မင်းရဲ့မြေချ ပါမစ်ကြီးဟာ ကောက်ရတာတို့ ဒါမှ မဟုတ် နောက်မှအခြားပိုင်ရှင်တစ် ယောက်ယောက်က ပေါ်လာပြီး သူ့မြေ ကွက်ပါလို့ ကန့်ကွက်လာခဲ့ရင် ငါတို့ ၀ယ်သူဘက်က ဘာနဲ့သက်သေအထောက်အထားပြမလဲ”လို့ ပြောတော့မှ ရောင်းသူ က အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်က တစ်ဆင့်ဝယ်ထားတဲ့ ပိုင်ရှင်အစစ်ပါလို့ ပြောပြီး စာချုပ်အဆက်အစပ် စာရွက် (၉)ရွက်လောက်ကို ထုတ်ပြပါတယ်။

+++ စာချုပ်အဆက်အစပ်များတာ အရေးမကြီး ပါ။ ကွင်းဆက်မပြတ်ဖို့ အရေးကြီးတာ +++

“အေး ...အဲဒီလိုအစောကြီး က ထုတ်ပြရမှာပေါ့ ငါ့ညီရာ။ အိမ်ခြံ မြေအရောင်းအ၀ယ်လုပ်တယ်ဆိုတာ အရောင်းအ၀ယ်စာချုပ် အဆက်အစပ် များတာ အရေးမကြီးပါဘူး။ စာချုပ် ဘယ်လောက်များများ စာချုပ်အဆက်အစပ်မိဖို့ ခိုင်မာဖို့ အရေးကြီးဆုံးပါ။ ဥပဒေစကားနဲ့ပြောရရင် စာချုပ်ကွင်း ဆက်မိဖို့ အရေးကြီးတယ်။ ဟော အခု ကြည့်လိုက်တော့ ညီလေးပေးတဲ့ အရောင်းအ၀ယ်စာချုပ်တွေ အားရပြည့်စုံပြီး အဆက်အစပ်မိပါတယ်။ ဘာလို့စိတ်ပူ ပြီးမပြချင်ရတာလဲ။ ဒါဆိုရင် အရောင်းအ၀ယ်စာချုပ် ချုပ်လို့ရပြီပေါ့ကွာဟု ဆို လိုက်သဖြင့် နှစ်ဘက်စလုံး ပျော်သွား ကြပါတယ်။ ဒါကြောင့် ကျွန်ုပ်က စရန် ပေးစာချုပ် ချုပ်ဆိုပေးလိုက်ပါတယ်။

ဒီတော့မှ ရောင်းသူညီလေး ရဲ့မျက်နှာမှာလည်း ၀င်းပသွားပြီး ပြုံး ပြုံးရွှင်ရွှင်နဲ့ စာချုပ်ချုပ်ဖြစ်ကြပါတော့ တယ်။ ဒီနောက် ကျန်ငွေပေးချေတဲ့နေ့ မှာတော့ အကျိုးဆောင်များပါမလာတာ ကို တွေ့ရပါတယ်။ ဘဏ်တစ်ခုမှာပဲ ငွေလွှဲငွေပြောင်းပြုလုပ်ပြီးနောက် အပြီး အပိုင်အရောင်းအ၀ယ်စာချုပ်ချုပ်ဆို ဖြစ်ကြပါတယ်။ ကျွန်ုပ်လည်း စိတ်ထဲ မှာ မရှင်းမလင်းဘဲ ခိုးလိုးခုလုဖြစ်နေ လို့ ရောင်းသူနှစ်ညီလေးကို မေးကြည့် မိပါတယ်။

+++ အမှန်ကို သင်ပေးပါ။ အမှားမပြောကြပါ နဲ့၊ အကျိုးဆောင်တို့ရဲ့+++

ညီလေးက စရန်ငွေပေးစာချုပ် မယ့်နေ့က ဘာဖြစ်လို့ စာချုပ်အဆက် အစပ်တွေ မပြချင်တာလဲလို့ မေးကြည့် တဲ့အခါ သူကလည်း ရိုးရိုးသားသားပဲ ပြန်ပြောပါတယ်။ ပွဲစားတွေမပြခိုင်းလို့ ပါတဲ့။ ဘာဖြစ်လို့ မပြခိုင်းတာလဲလို့ ထပ် မေးတော့ စာချုပ်အဆက်အစပ်များတာ ကို ၀ယ်သူတွေမြင်သွားရင် မ၀ယ်တော့ ဘဲ အရောင်းအ၀ယ်ပွဲပျက်မှာစိုးလို့ပါ တဲ့။ တကယ်တော့ စာချုပ်အဆက်အစပ် များတာ နည်းတာကိစ်္စက ၀ယ်သူဘက် က စိစစ်ဝယ်ယူရမယ့်ကိစ်္စပါ။ စာချုပ် အဆက်အစပ်များတာကြောင့် ပွဲမပျက် ပါဘူး။ ၀ယ်သူဘက်ကလည်း ဒီအတိုင်း လက်လွတ်စပယ် မ၀ယ်ပါဘူး။ သက် ဆိုင်ရာ အိုးအိမ်စည်ပင်ဌာနတို့မှာ သွား ရောက် စုံစမ်းတိုက်ဆိုင်စစ်ဆေးပြီးမှ ၀ယ်မှာပေါ့လို့ ရှင်းပြလိုက်ပါတယ်။ ဒီ တော့မှ ရောင်းသူလူငယ်က ကျွန်တော် လည်းမသိဘူး။ ပွဲစားတွေ သင်ပေးထား တဲ့အတိုင်း ပြောတာပါတဲ့”လေ။

ဒါကြောင့် ပါမစ်မြေကွက် အရောင်းအ၀ယ်လောကမှာ ပွဲစား တချို့ ပြောသလို စာချုပ်အဆက်အစပ်ပြဖို့ မလိုဘူးဆိုတာ မှားပါတယ်။ ပါမစ် မြေကွက်ရောင်းဝယ်တဲ့အခါ စာချုပ် အဆက်အစပ်အားလုံးပြဖို့ လိုအပ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အမှန်ကို သင်ပေးပါ၊ အမှားမပြမိပါစေနဲ့ အိမ်ခြံမြေအကျိုးဆောင်တို့ရဲ့ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service