အဆောက်အအုံ၏ရှေ့၊ နောက်၊ ဘေး ဘယ်ညာ မြေချန်ထားရှိမှုများ

အဆောက်အအုံ၏ရှေ့၊ နောက်၊ ဘေး ဘယ်ညာ မြေချန်ထားရှိမှုများ - Property Knowledge in Myanmar from iMyanmarHouse.com
22 Jun 2018 12:42 pm တွင် တင်ခဲ့သည်
27278 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အဆောက်အအုံများ ဆောက်လုပ်ရာတွင် မြေချန်ထားရှိမှု ပုံစံများ အား စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ပြောင်းလဲသတ်မှတ်ပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။

ပေ ၄ဝ - ၆ဝ အထက် မြေကွက် များ၌ အဆောက်အအုံ တည်ဆောက် မည်ဆိုပါက ဘေးတစ်ဖက်တစ်ချက် သုံးပေစီချန်ကာ တည်ဆောက်ရမ ည် ဖြစ်ပြီးပေ ၄ဝ – ၆ဝ အောက် မြေကွက် များတွင် အဆောက်အအုံ တည် ဆောက်ပါက အခန်းတွဲ နှစ်ခန်းအထိ သာ ခွင့်ပြုပေးသွားမ ည်ဖြ စ်ကြောင်း၊ ပေ ၃၉ – ၆ဝ နှင့် ပေ ၂၆ – ၅ဝ ကြား ရှိသည့် မြေကွက်များတွင် အဆောက် အအုံ တည်ဆောက်မည်ဆိုပါက ဘေးတစ်ဖက်တစ်ချ က်စီ၌ တစ်ပေခွဲ ခန့် ချန်ကာ တည်ဆောက်ရမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီ ယာ(အဆောက် အ အုံ) ဌာနမှ ဌာနမှူး မှ ပြောသည်။

ပေ ၂၅ – ၅ဝ အောက် ရှိတဲ့ မြေကွက်တွေဆို ဘေးတစ်ဖက်စီကို တစ်ပေစီချန်ပြီး တည်ဆောက်ရမှာ ဖြစ်သည်။

ဒါကလည်း မြို့လယ်ကောင် က မြို့နယ် ခြောက်ခုကလွဲရင် ကျန် မြို့နယ်တွေအားလုံး ပါသည်ဟု ၎င်းက ပြောသည်။

အဆိုပါစနစ်အား ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အီးစီအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် စက် တင်ဘာလ ၁ ရက်မှ စတင် ကျင့်သုံး သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီသို့ လေးထပ်မှ ရှစ်ထပ်အထိ အဆောက်အအုံများ ဆောက်လုပ်ခွင့် တင်ပြရာတွင် မြို့လ ယ်ေ ကာင်မြို့နယ်များ၌ ရှေ့နှင့် ဘေးနှစ်ဖက်အား မြေပြန့်ထားရှိကာ နောက်ဘက် နောက်ဖေးလမ်းကြားရှိ ပါက တစ်ပေစီချန်ရမည်ဖြစ်သည်။

မြို့ လယ်ကောင်မြို့နယ်ပြင်ပ မြို့နယ် များတွင်- ရှေ့ဘက် မြေညီထပ်အား ငါးပေ၊ကျန်အထပ်များအား Cantilever လေးပေ ပြန်ထုတ်ပြီး တစ်ေ ပ ချန်ကာ ဘေးနှစ်ဖက် အမိုးစွန်းမှ အနည်းဆုံး တစ်ပေ ချန်ရမည်ဖြစ် သကဲ့သို့ နောက်ဘက်တွင် နောက်ဖေး လမ်းကြား ရှိပါက တစ်ပေ စီ ချန်၍နောက်ဖေးလမ်းကြား မရှိပါက မြေညီ ထပ်အား ခြောက်ပေချန်ကာ ကျန် အထပ်များ သုံးပေချန်ရမည် ဖြစ် သည်။

အထပ်နိမ့် အဆောက်အအုံများ ဆောက်လုပ်ခွင့် တင်ပြရာတွင် လိုက် နာရမည့် မြေကျန်များမှာ - အနည်း ဆုံး ပေ ၄ဝ – ၆ဝ ကျယ်ဝန်းသည့် မြေကွက်အတွက် သုံးထပ်နှင့် အောက် အဆောက်အအုံ ဆောက် လုပ်ခွင့် တင်ပြရာတွင်-

- အရှေ့ဘက်၌ ၁၂ ပေ၊

- လက်ဝဲဘက် အမိုးစွန်း၌ သုံးပေ၊

- နောက်ဘက်၌ နောက်ဖေး လမ်းကြားရှိပါက တစ်ပေ၊

- နောက်ဖေး လမ်းကြား မရှိပါက မြေညီထပ်အား ခြောက်ပေနှင့်

- ကျန်အထပ်များ သုံးပေ စီ မြေချန်လှပ် တည်ဆောက်ရမည် ဖြစ်ပြီး

- မိမိခြံနှင့် ကပ်လျက် အိမ်၏ ထောက်ခံချက်ဖြင့်

တင်ပြရမည်ဖြစ် ကြောင်းရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီ ယာ (အဆောက်အအုံ) ဌာန၏ သတ်မှတ်ချက်များအရ သိရသည်။

ရန်ကုန်နယ်နိမိတ်အတွင်း ဆိတ်ငြိမ်ရပ်ကွက်များ ဖြစ်သော ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်းတို့၌ မည်သည့် အဆောက်အအုံ မဆို ဆောက်လုပ် မည်ဆိုပါက-
ပင်မအဆောက်အအုံ၏ ရှေ့ဘက်တွင် မိမိပိုင် နယ်နိမိတ် အတွင်းမှ ပေ ၂ဝ ချန်၍ တင်ပြရမည် ဖြစ်ကြောင်း၊

ထိုမြေပေါ်တွင် မိမိခြံကို ဖောက်၍ ဆိုင်ခန်းဆောက်လုပ်လိုပါ က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ သဘောထားမှတ်ချက်ဖြင့် ပိုင်ရှ င်များက ပူးတွဲတင်ပြနိုင်ကြောင်း၊ ထိုသို့ တင်ပြလာမှုအပေါ် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော် မတီက စိစစ်ခွင့်ပြုသွားမည် ဖြစ် ကြောင်းသိရသည်။

Credit : Myanmar Builder Guide

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service