မခွဲစိတ်ရသေးသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်

မခွဲစိတ်ရသေးသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
13 Jun 2018 12:32 pm တွင် တင်ခဲ့သည်
2686 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

''မခွဲစိတ်ရသေးတဲ့ မြေကွက်ကို ဝယ်ရင် အဆင်ပြေပါ့မလား၊ ဘယ်လိုေ ဆာင်ရွက်ရတယ်ဆိုတာ သိချင်လို့ သူငယ်ချင်းဆီ လာခဲ့တာ'' မိတ်ဆွေ တစ် ဦးက စာရေးသူ၏ ရုံးခန်းသို့ ရောက်လာပြီး ဆွေး နွေးခြင်းဖြစ်သည်။

''ခွဲစိတ်ယူမယ့် မြေကွက်ပေါ်မှာ အဆောက်အအုံရှိမယ်ဆိုရင်တော့ ခွဲစိတ်ဖို့ ခက်ခဲမယ် သူငယ်ချင်း။ အဆောက်အအုံ မရှိဘဲ မြေကွက်လပ် ဆိုရင် ပိုအဆင်ပြေတာပေါ့''

''မြေကွက်ခွဲမယ်ဆိုရင် မြေကွက်နှစ်ကွက်လုံးအတွက် ဝင်ထွက်သွားလာဖို့ လမ်းရှိရမယ် မဟုတ်လား''

''မှန်ပါတယ်။ မူလစည်ပင် သာယာပိုင် လမ်းမရှိဘူးဆိုရင် ပုဂ္ဂလိက လမ်းအြ ဖစ် မြေတိုင်းပြီး လမ်းဖောက်ပေးရတယ်။ အခုဝယ်ဖို့ စဉ်းစားထားတဲ့ မြေက ဘယ်မှာဖြစ်နေလို့လဲ''

''ဘိုးဘွားပိုင်ခြံထဲက မြေနဲ့အိမ်ကို ဝယ်ချင်တာ''

''သူငယ်ချင်းကို ရှင်းအောင် ပြောပြရမယ်ဆိုရင် လက်ရှိ အရောင်းအဝယ် အများဆုံးဖြစ်နေတဲ့ မြေကွက်တွေကတော့၊ ဂရန်မြေ အမျိုးအစားနဲ့ ဘိုးဘွား ပိုင်မြေ (မြေပိုင်မြေ) အမျိုးအစားပဲ ဖြစ်တယ်''

''ဂရန်မြေက အတိုင်းအတာ ပါပြီးဖြစ်တော့ ခွဲစိတ်ရတာ ပိုလွယ်မှာ ပေါ့နော်''

''ဟုတ်ပါတယ်။ အဆောက်အအုံပါရင်လည်း အလယ်ကခွဲပြီး ကာရံလို့ ခွဲ စိတ်ဖို့ လွယ်တာပေါ့''

''အနည်းဆုံး ဘယ်အတိုင်းအတာအထိ ခွဲစိတ်ပေးပါသလဲ''

''ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရဲ့ လုပ်ထုံး လုပ်နည်းအရ ကျင့်သုံးဆောင်ရွက် နေတာကတော့ ခွဲစိတ်ပြီးတဲ့ မြေကွက် အတိုင်းအတာ ဟာ
- မျက်နှာစာဘက်မှာ အနည်းဆုံး ပေ ၂ဝ ရှိရမှာဖြစ်ပြီး ၊အနည်းဆုံး စတုရန်း ပေ ၁၂ဝဝ ရှိရမှာဖြစ်တယ်။
- ခွဲစိတ်ပြီး ကျန်ရှိတဲ့ မြေကွက် အတိုင်းအတာကလည်း အနည်းဆုံး ခွဲစိတ် ထားတဲ့ မြေအတိုင်းအတာ အတိုင်း ကျန်ခဲ့ရမှာဖြစ်တယ်။ ပြီးတော့ သူငယ် ချင်းပြောသလို
- ခွဲစိတ်ပြီး မြေကွက်အားလုံးမှာ ဝင်ထွက်သွားလာဖို့ လမ်းရှိရမယ်။
- လမ်းမရှိသေးရင် မိမိခွဲစိတ်မယ့် မြေကွက်ထဲကပဲ ကိုယ်ပိုင်လမ်းအဖြစ် ထားရှိရမှာ ဖြစ်တယ်''

''ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ) ဆိုရင် ခွဲစိတ်ဖို့ ခက်နိုင်တာပေါ့''

''မှန်တာပေါ့၊ ခွဲစိတ်လိုက်မယ်ဆိုရင် အဆောက်အအုံတွေ က ရှိနေလို့ အ ခက်အခဲတွေ ရှိကြတယ်။ ဥပမာပြောရရင် ရန်ကုန်မြို့ အင်းလျားလမ်းမှာ ရှိတဲ့ ခြံကြီးတွေက အိမ်မျိုးဆိုရင် မူလက မိသားစု နေဖို့ ဆိုပြီး ပူးကပ်ဆော က်လိုက် ကြတာပဲ။ နောက်ပိုင်း တစ်ဦးဦးက ခွဲစိတ်ရောင်းမယ်ဆိုတော့
အဝင်အထွက်လမ်း အတွက် အဆောက်အအုံတွေ ရှိနေလို့ အခက်အခဲတွေ
ဖြစ်ကြရတယ်''

''အခုကိစ္စလည်း အဲဒီလိုဖြစ်နေလို့''''ဒါကတော့ တချို့ကနေရာကို ကြိုက်တာနဲ့အမြင်အတိုင်း ဝယ်လိုက်ကြတာ ရှိတယ်။ တချို့ကလည်း နားလည်တတ်ကျွမ်းသူတွေ နဲ့ မြေအတိုင်းအတာကို ကြည့်ပြီး ခွဲစိတ်မရနိုင်ရင် မဝယ်ဖြစ်တော့ တာလည်း ရှိတယ်''

''အခုကိစ္စက အရောင်းအဝယ် စာချုပ်ချုပ်ပြီးပြီလား''

''ဒီလိုသူငယ်ချင်း၊ အစက အဲဒီ အရောင်းအဝယ်လုပ်တဲ့အိမ်မှာ ဝယ်မယ့် သူ က အိမ်ငှားအဖြစ် နေတာ၊ အခုဝယ်ချင်တာပေါ့ နော်''

''မြေပိုင်ရှင်ကကော ရောင်းမှာလား''

''မြေပိုင်ရှင်ကလည်း ရောင်းမယ်။ ဒါပေမယ့် မြေခွဲစိတ်ဖို့ အမည်ပေါက်ရဖို့ ခက်နေသလားလို့''

''အိမ်နဲ့မြေကို သိပ်ကြိုက်နေရင်လည်း 'မခွဲစိတ်ရသေးသော မြေကွက်ဆိုပြီး
အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ ရပါတယ်' လက်ရောက်ရပြီး မှတော့ ပူစရာ မလိုပါဘူး''

''အခုနေတော့ ကိစ္စမရှိဘူးပေါ့ သူငယ်ချင်း၊ အခြားအိမ်တွေ ကလည်း အခု လို ရောင်းသွားမယ် ဆိုရင် ပိုင်ရှင်အသစ်နဲ့က တရားစွဲနှင်တာတွေ ဖြစ်လာ မှာ စိုးလို့''

''ဒါတော့ မစိုးရိမ်နဲ့ သူငယ်ချင်း၊ အမည်ပြောင်းမရတာဘဲရှိမယ်။ ပိုင်ဆိုင်ခွင့် ကိုတော့ အနှောင့်အယှက်ပေးလို့ မရဘူး။ ဒါနဲ့ပတ်သက်လို့ ဥပဒေကြောင်း အရ ဗဟုသုတအဖြစ် ပြောပြရမယ်ဆိုရင်''

''ပြောပါဦး သူငယ်ချင်း၊ ဒါမှ လည်း ဗဟုသုတရပြီး ဆောင်နိုင် ရှောင်နို င်မှာပေါ့''

''တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ထုနဲ့ ရှာရှောက်ယုံ ခေါ် ဦးဇော်ဝင်း ပါ နှစ်ဦး၊ ၂ဝဝဝ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၃၆ အမှုမှာ
- ဦးဇော် ဝင်းက မြေကွက်ပိုင်ရှင်ဒေါ်ထုထံ ကနေ မခွဲစိတ်ရသေးသော မြေ နဲ့၊ အဆောက်အအုံ ၇၆ ပေ +၂၈ပေ ကို စာချုပ်စာတမ်း မှတ်ပုံတင် စာချုပ် ချုပ်ဆိုပြီး လက်ရောက်ရ ယူနေထိုင်ခဲ့တယ်။
- မြေစာရင်းဌာနမှာ ဝယ်သူဦးဇော်ဝင်းအမည်ပေါက်လျှင် ကျန်ငွေ တစ်ေ သာင်းကျပ်ပေးမယ်လို့ ခံဝန်ချက်နဲ့ ရောင်းဖိုးငွေကို ချန်ထားတယ်။
- ဒေါ်ထုက မြေကွက်ခွဲဖို့ လျှောက် တော့ မြို့တော်စည်ပင်သာယာေ ရး ကော်မတီက အချင်းဖြစ် မြေကွက်၏ မျက်နှာစာကို ပေ ၄ဝ ထားပြီး ခွဲစိတ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ (အဲဒီကာလဖြစ်တဲ့ ၁၉၉၂ ခုနှစ်ကေ တာ့ ပေ ၄ဝ ထားပြီး ခွဲစိတ်ပေးတာဖြစ်တယ်။)
- ဒေါ်ထုက မြေကွက်ကို ပေ ၄ဝ မျက်နှာစာထားပြီး ခွဲစိတ်ရင် အဆောက် အအုံရှိပြီး မြေပိုမရှိလို့ ခွဲစိတ်မပေးနိုင်တာကြောင့် အရောင်းအဝယ်စာချုပ် ပျက်ပြယ်ပြီး ရောင်းချထားတဲ့ မြေ ပြန်လည် ပေးအပ်ဖို့ တရားရုံးမှာ လျှော က်ထား တယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတာကတော့
- အရောင်းအဝယ်မှတ်ပုံတင် စာချုပ်မှာ နှစ်ဦးနှစ်ဖက်စလုံးက အချင်းဖြစ် ဥပစာကို ခွဲစိတ်ခွင့် မရရင် ပဋိညာဉ်ကို ဖျက်သိမ်းမယ် ဆိုတဲ့ သဘောတူ စည်းကမ်းချက် မပါရှိတဲ့ အတွက် အရောင်းအဝယ် မပျက်ပြယ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။
- ဒါကြောင့် မြေကွက်ကို ခွဲစိတ်မရမှန်းသိလျက်နဲ့ နှစ်ဖက်သဘောတူ အေ ရာင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုမှုက တရားဝင်တယ် လို့ ပြောရမြှာ ဖစ်တယ်။
- ဝယ်သူရဲ့ ပိုင်ဆိုင်မှုကို အနှောင့်အယှက်ပေးလို့ မရဘူး သူငယ်ချင်း''

''မြေပိုင်ရှင်ကတော့ ပြော တယ်။ အခုရောင်းမယ့် အိမ်ရဲ့ နောက်ဘက်က အိမ်က အခုလည်း အခြားဘက်ကနေ ဝင်ထွက်နေတာမို့ ပြဿနာ မရှိဘူး " လို့ ပြောပါ တယ်

''အေး-တစ်ခုတော့ ရှိတယ်။ မခွဲစိတ်ရသေးတဲ့ မြေဆိုရင် မှတ်ပုံတင် အေ ရာင်းအဝယ် စာချုပ် ချုပ်ဆိုဖို့ လိုတယ်။ အရပ်စာချုပ်နဲ့ ဆိုရင်တော့ ပိုင်ဆိုင်မှု ရမှာ မဟုတ်တဲ့အတွက် ဒီအချက်ကတော့ အထူးသတိပြုချုပ်ဆိုပါ သူငယ် ချင်း'' ဟု အကြံပြုဆွေးနွေးပေးခဲ့ပါသည်။

Credit : ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service