အိမ်ခန်းကျဉ်းကျဉ်းလေးမှာ ပစ္စည်းတွေကို မျက်စိရှင်းအောင် ဘယ်လိုထားမလဲ

အိမ်ခန်းကျဉ်းကျဉ်းလေးမှာ ပစ္စည်းတွေကို မျက်စိရှင်းအောင် ဘယ်လိုထားမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
22 May 2018 11:54 am တွင် တင်ခဲ့သည်
3716 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အိမ်ခန်းကျဉ်းကျဉ်းလေးမှာ ပစ္စည်းတွေ ရှုပ်ပွနေလို့ စိတ်ညစ်နေလား၊ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ပစ္စည်းတွေကို မျက်စိရှင်းရှင်းနဲ့ လုံလုံလောက်လောက်ထားနိုင်အောင် ဘယ်လိုလုပ်မလဲ၊ သင့်ရဲ့ရှိနေတဲ့ အခန်းကျဉ်းရဲ့နံရံတွေကို အသုံးပြုပြီး နေချင်စရာကောင်းအောင် ဘယ်လိုဖန်တီးမလဲဆိုတာ
အောက်ဖော်ပြပါ အချက်အလက်တွေကနေတစ်ဆင့် သိနိုင်ပါတယ်။

(၁) သင်နေထိုင်တဲ့ အိမ်ခန်းဟာ ကျဉ်းမယ်ဆိုရင် အခန်းတွေကို လင်းနေအောင်ထားပါ။ အိမ်ခန်းအတွင်းပိုင်း ဒီဇိုင်းကုမ္ပဏီဖြစ်တဲ့ Stylerider မှ Stephanie Tan က သင့်အိမ်ရဲ့ အလင်းကို နို့နှစ်ခရင်မ်လို အဖြူရောင်မျိုး၊ ဒါမှမဟုတ် ကော့ပါးအညိုရောင်လိုမျိုး သဘာဝမြေကြီးအရောင်နဲ့လည်း အလှဆင်နိုင်တယ်လို့ အကြံပေးပါတယ်။ ပြီးရင် သဘာဝအလင်းရောင်များများနဲ့ အခန်းကို တိုက်ရိုက်ထိတွေ့စေပြီး အခန်းကို အလှဆင်တာာမျိုး ပြုလုပ်နိုင်ပါတယ်။

(၂) Lighting နဲ့ အခန်းလှပအောင် ဖန်တီးမှုပြုလုပ်ရာမှာ Cool Lighting ဆိုတဲ့ အဖြူနဲ့အပြာရောင် အလင်းတွေအစား အဝါနဲ့အညိုဘက်အရောင်တွေကို
ပြောင်းသုံးလိုက်တာ သင့်ရဲ့ အိမ်ကို ပိုပြီး လှပစေပါတယ်။ Warm Lighting ဟာ ထမင်းစားခန်း အလှဆင်ခြင်းအတွက်လည်း အကောင်းဆုံးဖြစ်ပြီး အထူးခြားဆုံးအသွင်နဲ့ သင့်ရဲ့စိတ်ကို လန်းဆန်းစေမှာပါ။ Warm Lighting နဲ့ အလှဆင်ထားတာကို ပိုပြီးပေါ်လွင်စေဖို့အတွက် Cove Lighting လို့ခေါ်တဲ့ နံရံထောင့်ပတ်လည်မှာ မြှုပ်ပြီး တပ်ဆင်ထားတဲ့ အလင်းရောင်တွေကို Barcode Mirror အသုံးပြုခြင်းဟာ ပိုပြီး ထိရောက်စေပါတယ်။

(၃) ပရိဘောဂပစ္စည်းကြီးကြီးတွေနဲ့ အိမ်တွင်းမှာ အလှဆင်ထားခြင်းဟာ အိမ်ကို ကျဉ်းစေပါတယ်။ အိမ်ကျဉ်းလေးထဲမှာ ထည့်သွင်းအသုံးပြုမယ့် ပရိဘောဂပစ္စည်းတွေကို သေချာသုံးသပ်ပြီးမှ ကိုယ့်ရဲ့အခန်းကို နေရာမပုပ်သွားအောင်
စဉ်းစားပြီးမှ ရွေးချယ်ရမယ်။

(၄) တကယ်လို့ သင့်အိမ်ဟာ ရိုးရှင်းပြီး အလှအပဘာမှမရှိဘူးလို့ ခံစားရရင် Popclolour နဲ့အလှဆင်လိုက်တာဟာ ခမ်းနားထည်ဝါတဲ့ အလန်းစားပရိဘောဂပစ္စည်းတွေ မရှိဘူးဆိုရင်တောင် စိတ်ဝင်စားစရာ ကောင်းနေမှာပါ။
သင့်အိမ်တွင်းမှာ အသေတပ်ဆင်ထားမယ့်ပစ္စည်းတွေဖြစ်တဲ့ အနီရောင်ရဲရဲနဲ့ နံရံကပ်ပန်ကာ တပ်ဆင်တာမျိုး၊ ဒါမှမဟုတ်ရင် ခရမ်းပြာနုအရောင်ရှိတဲ့ မီးအိမ်မျိုး တပ်ဆင်ထားသင့်ပါတယ်။ တစ်ခုသတိထားရမှာက ဒီပစ္စည်းတွေဟာ ထုထည်ကြီးတဲ့ ပစ္စည်းမျိုးမဖြစ်ဖို့၊ လူသွားလမ်းမှာ ပိတ်ပြီး မထားဖို့နဲ့
ချွေချွေတာတာသုံးစွဲဖို့က အရေးကြီးပါတယ်။

(၅) ဓာတ်ပုံတွေနဲ့ အလှဆင်ခြင်းကို အထင်မသေးပါနဲ့၊ သင့်တင့်လှပတဲ့ ဓာတ်ပုံဘောင်နဲ့ နံရံတွေမှာ တွဲလောင်းချိတ်ထားဖို့ လိုပါတယ်။ ဓာတ်ပုံဘောင်ကိုလည်း သင့်အခန်းနဲ့လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်ပြီး ဖန်တီးထားရပါမယ်။ အိမ်အများစုအတွက်ဆိုရင်တော့ ပုံတူပန်းချီ ဒါမှမဟုတ် လူပုံ ချိတ်ဆွဲထားတာဟာ သင့်တော်ပါတယ်။

(၆) တစ်ခါတစ်ရံမှာ မှန်နံရံနဲ့အလှဆင်တာဟာ တကယ်ကို ထိရောက်တဲ့ အလှဆင် ဖန်တီးမှုတစ်ခုဖြစ်ပြီး နေရာတစ်ခုနဲ့တစ်ခုကြား မှန်ကနေတစ်ဆင့် မြင်နိုင်ခြင်းနဲ့ ပိုပြီး စတိုင်ကျတဲ့ နေထိုင်မှုမျိုးကို ပေးပါတယ်။ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို မှန်နဲ့နံရံကန့်ထားခြင်းဟာလည်း တကယ်ကို အဓိက ကျပါတယ်။
အလင်းရောင်ရဖို့လည်း အခွင့်အရေးပိုရသလို အိမ်တစ်အိမ်လုံး မှန်ဖြစ်နေတာကို မကြိုက်ဘူးဆိုရင်တော့ နံရံတွေရဲ့ အပေါ်ပိုင်းကိုပဲ အလှဆင်လို့ ရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service