ပါမစ်မြေဆိုတာ မြေပိုင်ဆိုင်မှုအပေါ် အခြေမတည်၊ နေထိုင်ခွင့်အတွက်သာဖြစ်

ပါမစ်မြေဆိုတာ မြေပိုင်ဆိုင်မှုအပေါ် အခြေမတည်၊ နေထိုင်ခွင့်အတွက်သာဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
15 May 2018 1:10 pm တွင် တင်ခဲ့သည်
4171 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ပါမစ်မြေအကြောင်း မတင်ပြမီ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ သတ်မှတ်ထားတဲ့ မြေအမျိုးအစားတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဥပဒေနှင့်အညီ သတ်မှတ်ထားတဲ့ မြေအမျိုးအစားတွေကတော့ (၁) ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)၊ (၂) မြေငှားဂရန်မြေ၊ (၃) စကွာတာမြေ၊ (၄) လိုင်စင်မြေ၊
(၅) ပါမစ်မြေ၊ (၆) ဂရန်ရှိမြေပိုင်မြေ၊ (၇) အခွန်လွတ်သာသနာ့ဂရန်မြေ၊ (၈) သိမ်ဂရန်မြေ၊ (၉) ကျူးကျော်မြေ၊ (၁၀) စနစ်တကျ ကျူးလွန်ခြင်းမြေဟု ခွဲခြားထားပါတယ်။ ပါမစ်မြေဆိုတာ စည်ပင်ပြန့်ပြောမှု မရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့် အိမ်ရာဆောက်လုပ်နေထိုင်ခွင့်
ချပေးထားသော မြေအမျိုးအစားဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် ဘိုးဘွားပိုင်မြေ၊ မြေငှားဂရန်မြေတို့လို မြေပိုင်ဆိုင်မှုကို အခြေမတည်ဘဲ အိမ်ရာဆောက်လုပ်နေထိုင်ခွင့်အတွက် ချပေးထားတဲ့မြေ အမျိုးအစား ဖြစ်ပါတယ်။

+++ လွှဲပြောင်းရောင်းချခြင်း +++

မြေချပါမစ် (အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)မှာ အိမ်ရာမြေကွက်ရသူဟာ မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့်လွှဲပြောင်းရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်း လုံးဝမပြုရလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ငွေအရင်းအနှီးမြှုပ်နှံလိုသူတွေက ဂရန်မြေအဖြစ် အမည်ပေါက်သွားပါက ဂရန်မြေအဖြစ်
အမည်ပေါက်သွားပါက မြေတန်ဖိုး အဆမတန် ကွာခြားသွားတာကြောင့် ပါမစ်မြေကိုသာ သင့်တင့်ဈေးပေးပြီး အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ လွှဲပြောင်းရယူထားကြပါတယ်။ ပြီးတော့မှ မြေငှားဂရန် လျှောက်ထား ရယူလေ့ရှိကြပါတယ်။

+++ မြေငှားဂရန် အသစ်ထုတ်ပေးခြင်း +++

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြေငှားစာချုပ်အသစ် (မြေငှားဂရန်) ထုတ်ပေးတာနဲ့ ပက်သက်ပြီး အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။ မြေငှားဂရန်ထုတ်ပေးတာနဲ့ မြေအမျိုးအစားတွေက လိုင်စင်မြေ၊ စကွာတာမြေနဲ့ ပါမစ်မြေတို့ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ဂရန်မြေထုတ်ပေးဖို့
အောက်ပါအချက်ကို ပူးတွဲတင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ (၁) လျှောက်ထားသူက နိုင်ငံသားဖြစ်ရပါမယ်(နိုင်ငံသားကတ်ပြား မိတ္တူ တင်ပြရပါမည်)။ (၂) ပါမစ်မြေ (အိမ်ရာဆောက်လုပ်နေထိုင်ခွင့် လက်မှတ်)။ (၃) ပါမစ်မြေအမည်ပေါက် ဒါမှမဟုတ် ဥပဒေနဲ့အညီ ဆက်ခံသူမှ တရားရုံးတွင် ပြုလုပ်ခဲ့တဲ့
ကျမ်းကျိန်လွှာ။ (၄) လွှဲပြောင်းထားခြင်းဖြစ်ပါက ကတိစာချုပ်များ (ဥပမာ - အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းစသော လွှဲပြောင်းခြင်းများ)။ (၅) အမှုအခင်းဖြစ်ခဲ့ပါက ပိုင်ဆိုင်ခွင့်နဲ့ ပက်သက်တဲ့ တရားရုံးရဲ့ အမိန့်ဒီကရီ။ (၆) အဆောက်အအုံရှိကြောင်း အထောက်အထားများ ပါရှိရမှာပါ။ ဒါကြောင့် ပါမစ်မြေများကိုကတိစာချုပ်နဲ့ အရောင်းအဝယ် လွှဲပြောင်းခြင်း ပြုနိုင်ပါတယ်။

+++ ကတိစာချုပ်သာချုပ်ဆို +++

စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ (၁၇)တွင် တန်ဖိုးငွေ (၁၀၀)အထက်ရှိတဲ့ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းအရောင်းစာချုပ်ကို မှတ်ပုံမတင်က တရားမဝင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ပါမစ်မြေကွက် (အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်မြေကွက်)က လွှဲပြောင်းရောင်းချပိုင်ခွင့်မရှိတာကြောင့်
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက မှတ်ပုံတင် အရောင်းစာချုပ်ကို ချုပ်ဆိုပေးခြင်း မရှိပါဘူး။ ဒါကြောင့် နှစ်ဖက်သဘောတူ အရောင်းအဝယ် ကတိစာချုပ်အဖြစ်သာ ချုပ်ဆိုကြပြီး မြေဂရန်သစ်တွေ လျှောက်ထားလေ့ရှိပါတယ်။ မြေဂရန်လျှောက်ထားရာတွင် အဆိုပါမြေကွက်ပေါ်မှာ အဆောက်အအုံဆောက်လုပ်ထားပြီးဖြစ်ဖို့လိုအပ်သာကြောင့် အဆောက်အအုံ ဆောက်လုပ်ထားလေ့ရှိပါတယ်။ ဒါကြောင့် အရောင်းအဝယ်ပြုရာမှာ ပါမစ်မြေနဲ့ အဆောက်အအုံတွဲဖက် ရောင်းကြပါတယ်။ အဆောက်အအုံပိုင်ဆိုင်မှုအတွက်သာ ပါမြစ်မြေ အမည်ပေါက်သူနဲ့ ဝယ်သူတို့ အဆောက်အအုံ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုနိုင်ပါတယ်။

ဒါကြောင့် အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့် လက်မှတ်ပါမြစ်မြေကို ဝယ်လျှင် ဥပဒေနှင့်အညီပိုင်ဆိုင်ခွင့် မရပါဘူး။ အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုပြီးတော့ ဂရန်သစ် လျှောက်ထားခွင့် ရှိပါတယ်။ ဒါ့အပြင် ပါမစ်မြေပေါ်ရှိ အဆောက်အအုံအတွက်လည်း ပိုင်ဆိုင်မှုကို ဥပဒေနှင့်အညီ စာချုပ် စာတမ်းရုံးမှာ မှတ်ပုံတင် အရောင်းစာချုပ် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service